← Chapters

အကာအကွယ်ကို မချိုးဖောက်နိုင်သေးပြန်ဘူး

Vol. 17 Ch. 237

အကာအကွယ်ကို မချိုးဖောက်နိုင်သေးပြန်ဘူး

Vol. 17 Ch. 237

“အန်လင်းးး”

အန်လင်းအား နဂါးနက်များ ဝိုင်းရံထားခြင်းကို မြင်လိုက်ရသည့် အခါတွင် စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြသည်။

အန်လင်းသည် ဝါယောဓားအား အသုံးပြုကာဖြင့် တပိုင်ကျောပေါ်သို့တက်ကာ ထွက်ခွာလာခဲ့သည်။ သခင်ဖြစ်သူ၏ ခိုင်ကျည်သည့် စိတ်ဆန္ဒအား မြင်တွေ့ရသည်ကြောင့် တပိုင်သည် ချက်ချင်းဆိုသလို နဂါးနက်များထံ ပြေးဝင်သွားလေသည်။ အဝေးတွင်ရှိနေသည့် ဆရာသည် ဓားခုတ်ချက်တစ်ခုအား ထုတ်ဖော်လိုက်ပြီးနောက် နောက်ထပ်ခုတ်ချက်အား မထုတ်ဖော်မီတွင် အနားယူရန် လိုအပ်သည်။

စုရှောင်လန်နှင့် အခြားသူများသည်လည်း အဝေးတွင် ရှိနေဆဲဖြစ်သည်ကြောင့် သူ့ထံသို့ အချိန်မီ မရောက်ရှိနိုင်ကြချေ။ ထိုသို့ဖြင့် အန်လင်းသည် မည်သည့်အကူအညီမျှ မပါဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပုရွက်ဆိတ်နှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

ဤဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပုရွက်ဆိတ်သည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော်လည်း တိုက်ခိုက်နိုင်စွမ်း အများအပြား ကျန်ရှိနေသေးပုံရသည်။ သူ၏ထိန်းချုပ်မှုအောက်မှာပင် နဂါးနက်များသည် အန်လင်းအား ထွက်ပြေးလွတ်မြောက်ခြင်း မရှိစေရန် ကြောက်မက်ဖွယ်စွမ်းအားများဖြင့် ဖိနှိပ်ထားလေသည်။

“ဖာခ့်”

အန်လင်း၏မျက်နှာတွင် ကြောက်ရွံ့ဖွယ်ရာ အမူအရာများ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီးနောက်တွင် အန်လင်း၏ အော်ရာမှာ ရုတ်တရက်ဆိုသလို အလွန်အမင်း စွမ်းအားကြီးလာလေသည်။

ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်။

ဒုတိယနည်းစနစ်_ ကျားအရိပ်။

စုရှောင်လန်၊ ရွှမ်ယွမ်ချန်၊ တပိုင်နှင့် အနက်ရောင်သံချပ်ကာဝတ် ပုရွက်ဆိတ်ကြီးတို့သည် အန်လင်းနှင့် အလွန်နီးကပ်စွာ ရှိနေကြသည်။ ရုတ်တရက်ဆိုသလို မိုးကောင်းကင် မည်းမှောင်လာသည်ကို ခံစားမိလိုက်ကြပြီး အရာအားလုံး ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားလေသည်။

အမှောင်ထုနှင့် တိတ်ဆိတ်မှုအတွင်း၌ အန်လင်းသည် အနက်ရောင်သံချပ်ကာဝတ် ပုရွက်ဆိတ်၏နောက်တွင် အရိပ်တစ်ခုအဖြစ် ထွက်ပေါ်လာပြီးနာက် သူ၏ မိစ္ဆာရှင်းဓားဖြင့် တိတ်တဆိတ် ခုတ်ပိုင်းလိုက်လေသည်။

အနက်ရောင်ဓားခုတ်ချက်သည် ပေတစ်ထောင်ခန့်ရှည်သည့် လက်မောင်းအား ဖြတ်တောက်ပစ်လိုက်ပြီးနောက် သံချပ်ကာဝတ် ပုရွက်ဆိတ်အား အတိအကျ နှစ်ပိုင်း ပိုင်းဖြတ်လိုက်လေသည်။

အလင်းရောင် ပြန်လည်ထွက်ပေါ်လာလေပြီ။

အန်လင်း၏ တိတ်တဆိတ်တိုက်ခိုက်မှု ပြီးမြောက်သွားပြီ ဖြစ်သည်။

နဂါးနက် လေးကောင်သည် စိတ်အားငယ်စွာဖြင့် အော်ဟစ်နေကြပြီး အနက်ရောင်သံချပ်ကာနှင့် ပုရွက်ဆိတ်သည်လည်း အဝေးတစ်နေရာတွင် နီရဲနေသည့် မျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ယင်း၏အမူအရာမှာ ကြောက်ရွံ့အေးခဲလျက်ရှိပြီး သူ၏၏ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ တဖြည်းဖြည်းချင်း လဲကျသွားပြီးနောက် သွေးများစီးကျလာလေသည်။

ကမ္ဘာအောက်ခြေ၏ မူလစွမ်းအင်မှာလည်း တဖြည်းဖြည်းချင်း ပျောက်ကွယ်လာကာ ပင်ပန်းနွမ်းနယ်မှုတို့အား ခံစားနေရသည်။ မောပန်းနွမ်းနယ်မှုကြောင့် မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားတော့သည်။

“အစ်ကိုကြီးအန်.. ဝုတ်”

တပိုင်သည် အန်လင်း၏ခန္ဓာကိုယ်အား သူ၏ခန္ဓာကိုယ်ဖြင့် ဖမ်းဆီးလိုက်လေသည်။

စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်ကြသည်။

“အတန်းဖော်အန်လင်းမှာ အခုလိုမျိုး ကြောက်ဖို့ကောင်းတဲ့ လျှို့ဝှက်နည်းစနစ်နဲ့ ဓားကျင့်စဉ် ရှိနေလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။” ရွှမ်ယွမ်ချန်သည် လေးစားအားကျစွာဖြင့် ဆိုလေသည်။

စုရှောင်လန်မှာမူ ပြောင်းလဲသွားခြင်း မရှိချေ။ ဤတိုက်ကွက်အား အသူရာချောက်နက်အတွင်း၌ တစ်ကြိမ်မြင်တွေ့ဖူးထားပြီး ဖြစ်သည်ကြောင့် အန်လင်း၏ အခြေအနေကိုသာလျှင ပိုသိချင်မိသည်။

တပိုင်၏ဘေးသို့ ပျံသန်းသွားပြီးနောက်တွင် စိုးရိမ်သည့်အသံဖြင့် “နင်အဆင်ပြေရဲ့လား။”

“အဆင်ပြေပါတယ်။ ငါတို့ပြေးမှရတော့မယ်။ မဟုတ်ရင် တခြားပုရွက်ဆိတ်တွေ ငါတို့ကို ဖမ်းမီသွားလိမ့်မယ်။” အန်လင်းသည် သူဩလက်အား ဝှေ့ယမ်းကာဖြင့် သွေးဝိညာဉ်ဆေးတစ်လုံးအား ထပ်မံသုံးစွဲလိုက်ပြန်သည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူ၏ စိတ်ဝိညာဉ်ဆေးလုံးများအား ဤကဲ့သို့ အသုံးပြုလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ သူအသက်မှာ ဆေးလုံးများထက် ပိုမိုအရေးပါသည် မဟုတ်ပါလား။

စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် အလေးအနက်ထားကာ ခေါင်းညိတ်လိုက်ပြီးနောက် အန်လင်းအား အကာအကွယ်ပြုရင်းဖြင့် ဆုတ်ခွာလာခဲ့ကြသည်။

“တင်းတောင် ဂုဏ်ယူပါတယ်။ လက်ခံသူက တာဝန်ပြီးမြောက်အောင်မြင်သွားသည့်အတွက် လေစိတ်ဝိညာဉ်နည်းစနစ်အား ယခုအခါတွင် အဆင့် ၂ သို့ မြှင့်တင်နိုင်ပြီ ဖြစ်ပါသည်။”

ချက်ချင်းဆိုသလို အချက်အလက်အများအပြား၊ လေ့လာမှုများ၊ စမ်းသပ်ချက်များနှင့် အစစ်အမှန် စိတ်ဆန္ဒများ အားလုံးသည် သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။

လေစိတ်ဝိညာဉ်၏ ဒုတိယအဆင့်တွင် လေတောင်ပံများ ရရှိကာ ပျံသန်းနိုင်စွမ်း ရှိလာပြီ ဖြစ်သည်။ အချိန်တိုလေး အတွင်းမှာပင် အလွန်မြန်ဆန်စွာ သွားလာနိုင်မည် ဖြစ်သည်။ လက်တွေ့တွင် လွန်စွာအသုံးဝင်လှပြီး အဆင့် ၁ မှ လေကွင်းဝိုင်းများထက် ပိုမိုကောင်းမွန်လှသည်။

အန်လင်းမျက်လုံးများ အရောင်လက်လာပြီးနောက်တွင် လက်သီးလက်မောင်းတန်းကာဖြင့် ဟစ်ကြွေးလိုက်သည်။ “ဟားဟားဟားဟား ငါက အတောင်ပံနဲ့လူသား ဖြစ်လာပြီကွ။”

စုရှောင်လန်နှင့် ရွှမ်ယွမ်ချန်တို့သည် အန်လင်းအား ထူးထူးဆန်းဆန်းပုံစံဖြင့် ကြည့်လာကြသည်။ သို့သော်လည်း အန်လင်းမှာ အမြဲလိုလို ထူးဆန်းနေတတ်သည်ကြောင့် များစွာစဉ်းစားမနေတော့ဘဲနှင့် အကြည့်လွှဲလိုက်ကြသည်။

ပုရွက်ဆိတ်ကြီးများနှင့် ကျင့်ကြံသူများအကြားမှ တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ သို့သော်လည်း ပုရွက်ဆိတ်မျိုးနွယ်စုမှာ တဖြည်းဖြည်း အရေးနိမ့်လာခဲ့သည်။

ထိုအချိန်အတွင်းမှာပင် ပုရွက်ဆိတ်နောက်တစ်ကောင်သည် အကာအကွယ်စဉ်းအား ဖြတ်ကျော်ကာဖြင့် ရွှမ်ယွမ်ချန်ထံ ရောက်ရှိလာပြန်သော်လည်း ဓားအင်မော်တယ်ဆရာ၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရသည်။

“အစွန်းလေးဘက်ဓား” ဓားအင်မော်တယ်လင်းရှောင်သည် သူ၏ဓားဖြင့် ခုတ်လွှဲလိုက်ပြီးနောက်တွင် လေထုထဲ၍ အံ့ဖွယ်ဓားလေးလက် ပေါ်လာပြီး တစ်ခုချင်းစီသည် လေစွမ်းအား၊ လျှပ်စီးစွမ်းအား၊ ရေစွမ်းအား နှင့် မီးစွမ်းအားတို့ ပါဝင်နေပြီး အပြာရောင် ပုရွက်ဆိတ်ကြီးထံသို့ ကျရောက်သွားလေသည်။

မြေကမ္ဘာအင်မော်တယ် ယွဲ့ရင်နှင့် ဓားအင်မော်တယ် မင်းယွမ်တို့သည် ကန့်သတ်ချုပ်နှောင်အစီအရင်များအား အသုံးပြုကာဖြင့် ထိုစွမ်းအားကြီး အပြာရောင် ပုရွက်ဆိတ်အား ထောင်ချောက်ဆင် ဖမ်းဆီးလိုက်ကြပြီး ကောင်းကင်ပေါ်မှ အံ့ဖွယ်ဓားများသည် အပြာရေင်ပုရွက်ဆိတ်၏ ခန္ဓာကိုယ်အား ထိုးဖောက်ဝင်ရောက်သွားလေသည်။

ထိုဒြပ်စင်လေးမျိုး၏ စွမ်းအားများ စီးဝင်လာမှုကြောင့် သူ၏ခန္ဓာကိုယ် ပြင်းထန်စွာ တုန်ယင်လာပြီး ခန္ဓာကိုယ်အတွင်းရှိ ဆဲလ်များအားလုံး ခြေမွခံလိုက်ရသလိုပင်။

“မင်းတို့က ငါတို့ရဲ့အမေကို သတ်ပစ်ခဲ့တယ်။ ငါတို့ရဲ့ မျိုးနွယ်စုခေါင်းဆောင်က မင်းတို့ကို သေချာပေါက် လက်စားပြန်ချေလိမ့်မယ်။ မင်းတို့အားလုံး ဘယ်တော့မှ ပြန်မွေးဖွားလာခြင်း မရှိဖို့ကိုသာ ဆုတောင်းထား။”

အပြာရာင်ပုရွက်ဆိတ်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်သည် အံ့ဖွယ်ဓားလေး၏ စွမ်းအင်များကြောင့် ပျက်သုန်းသွားရလေသည်။

ပုရွက်ဆိတ် တစ်ကောင်ပြီးတစ်ကောင် ရောက်ရှိလာပြီး မည်သူကမျှ ထွက်ပြေးဖို့ရရန် မရွေးချယ်ခဲ့ကြချေ။ သူတို့အားလုံးတို့သည် ခါးသီးလှသည့် အဆုံးထိတိုင်အောင် တိုက်ခိုက်ဖို့ရန်သာ ရွေးချယ်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့အားလုံး သေဆုံးသွားကြရလေသည်။

ဂမ်ဒမ် တစ်နှင့် ဂမ်ဒမ် နှစ်တို့သည် အနက်ရောင်မြူခိုးပုရွက်ဆိတ်၏ ဦးခေါင်းအား အစိတ်စိတ် အပိုင်းပိုင်း ခြေမွပစ်လိုက်ကြပြီး ယင်း၏ခန္ဓာကိုယ်အား နဂါးမီးတောက်များဖြင့် လောင်ကျွမ်းပစ်လိုက်သည့်အတွက် အကြွင်းအကျန် အစအနပင် မရှိတော့ချေ။

ပုရွက်ဆိတ်မျိုးနွယ်စု မျိုးသုန်းသွားပြီဆိုသည့်အကြာင်းကို အသံလွှင့်အစီအရင်မှတဆင့် သိလိုက်ရသည်။ ထို့ကြောင့် ဓားအင်မော်တယ်လင်းရှောင်၊ အန်လင်း၊ စုချန်းရန်တို့နှင့်အတူ ဓားအင်မော်တယ်ဆရာတစ်ဦးနှင့်ပါ ပူးပေါင်းလိုက်လေသည်။

တိုက်ပွဲမှာ လွန်စွာကြီးမားလှသည်။ ကျင့်ကြံသူ တစ်ဝက်ကျော်ခန့် သေဆုံးကာ ဒဏ်ရာရခဲ့ကြသည်။

ဆရာများသည် အရေးပေါ်ကုသရေးအစီအရင်များ ခင်းကျင်းကာဖြင့် ဒဏ်ရာရရှိသူများအား ပြန်လည်သက်သာလာစေရန် ကုသပေးနေလေသည်။

ဤတာဝန်ထဲတွင် ပါဝင်လာကြသည့် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ဆရာများထဲတွင် ၆ ဦးမှာ ဒဏ်ရာရရှိခဲ့ကြပြီး တစ်ဦး သေဆုံးသွားခဲ့သည်။ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူ တစ်ရာကျော်မှာမူ အယောက် ၅၀ ကျော် ဒဏ်ရာရခဲ့ပြီး တိုက်ပွဲအတွင်း၌ ၈ ဦး ကျဆုံးသွားခဲ့ရသည်။

အန်လင်းအတွက် သူ၏ရဲဘော်များ သေဆုံးသွားခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သည်။ ခန္ဓာကိုယ်အလောင်းများအား မြင်တွေ့လိုက်ရသည့်အခါတွင် ဝမ်းနည်းမှုနှင့် မသက်မသာဖြစ်မှုတို့အား ခံစားလာမိသည်။

ကျင့်ကြံသူတစ်ဦး၏ ခန္ဓာကိုယ်မှာမူ ပြာမှုန်များအဖြစ်သို့ ရောက်ရှိသွားသည့်အတွက် ပြန်လည်ယူဆောင်သွားရန် မဖြစ်နိုင်တော့ချေ။

အချို့အလောင်းများမှာမူ ဦးခေါင်းမရှိကြတော့ချေ။

ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ဆရာသည် အပြာရောင်ပုရွက်ဆိတ်၏ တိုက်ခိုက်မှုကြောင့် နှလုံးတစ်ခုလုံး အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသွားရခြင်း ဖြစ်သည်။

နျူကလိယဗုံးများအား အသုံးပြုခဲ့သော်လည်း မည်သည်ကြောင့် ဤမျှလောက်အထိ အဆုံးအရှုံး များပြားနေရဆဲဖြစ်သည်ကို အန်လင်းနားမလည်နိုင်ချေ။ ထို့အပြင် ပုရွက်ဆိတ်များသည် တိုက်ပွဲအား တစ်ချိန်လုံးနီးပါး ထိန်းချုပ်ထားခဲ့လေသည်။

သူတို့ထံတွင် နျူကလိယဗုံးများ မရှိခဲ့လျှင် တိုက်ပွဲမှာ ဤကဲ့သို့ရလဒ် ထွက်ပေါ်လာနိုင်မည်လား။ အန်လင်းမှာ မစဉ်းစားရဲတော့ချေ။

ဓားအင်မော်တယ် လင်းရှောင်သည် နျူကလိယတိုက်ခိုက်မှု ကျဆုံးသွားလျှင် ဖြစ်ပေါ်လာမည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည်။ ဤအခြေအနေတွင် ပုရွက်ဆိတ်ဘုရင်မအား အစွမ်းကုန် သတ်ဖြတ်ပစ်လိုက်ခြင်းသည်သာ အရိုးရှင်းဆုံးဖြစ်ပြီး ထို့နောက်တွင်မှ ပြန်လည်ဆုတ်ခွာရပေမည်။ သို့သော်လည်း ဆုံးရှုံးမှု ကြီးမားခဲ့သည်။

ဓားအင်မော်တယ်လင်းရှောင်သည် ကျင့်ကြံသူများ၏ ရုပ်အလောင်းများအား သူ၏ သိုလှောင်လက်စွပ်အတွင်း ထည့်လိုက်ပြီး နျူကလိယပေါက်ကွဲမှု၏ ဗဟိုချက်သို့ ဆရာအနည်းငယ်နှင့်အတူ ထွက်ခွာသွားလေသည်။

လေထုထဲ၌ မီးခိုးလုံးကြီးများ ရှိနေဆဲဖြစ်သည်။ သူတို့သည် လှိုင်းများအား ကြောက်ရွံ့ခြင်းမရှိချေ။ သို့သော်လည်း နတ်ဘုရားအာရုံများ ဖြန့်ကျက်ကာဖြင့် အဝေးရှိ အခြေအနေအား စစ်ဆေးလျက်ရှိလေသည်။

“အပူရှိန်တွေကြောင့် သူမရဲ့ ဦးခေါင်းအပြင် ခန္ဓာကိုယ်တစ်ခုလုံး အတော်များများ ပျက်စီးသွားခဲ့တာပဲ။” ဓားအင်မော်တယ်လင်းရှောင် ရုတ်တရက်ဆိုလို မှတ်ချက်ပြုလေသည်။

အခြားဆရာများ၏ မျက်နှာတွင်လည်း အံ့ဩမှုတို့ ပေါ်လွင်နေသည်။ ပုရွက်ဆိတ်ဘုရင်မ၏ ဦးခေါင်းမာကြောမှုကြောင့် တုန်လှုပ်နေမိကြသည်။ ထိုမာကြောမှုသည့် ဤလောကရှိ စိတ်ဝိညာဉ်လက်နက်အားလက်ထက် များစွာသာလွန်ပေသည်။

အင်မော်တယ်မန္တန် အသုံးပြုကာဖြင့် ပုရွက်ဆိတ်ဘုရင်မ၏ ဦးခေါင်းအား အပျက်အစီးများအလယ်မှ ဆွဲထုတ်ယူလိုက်သည်။ ပုရွက်ဆိတ်ဘုရင်မ၏ မည်းနက်လောင်ကျွမ်းနေသည့် ဦးခေါင်းသာလျှင် ကျန်ရှိခဲ့သော်လည်း ယင်းသည်ကပင်လျှင် ကျင့်ကြံသူများအတွက် တောင်ပူစာတစ်လုံးမျှ အရွယ်အစားရှိလေသည်။

ဤတာဝန်တွင်ပါဝင်ခဲ့ကြသူများ အားလုံးတို့သည် ပုရွက်ဆိတ်ဘုရင်မ၏ အသက်မဲ့ဦးခေါင်းအား ကြည့်ကာဖြင့် သက်ပြင်းချမိလိုက်ကြသည်။

တိုက်ပွဲကြီး ပြီးဆုံးသွားလေပြီ။

***

All Chapters