← Chapters

ပုရွက်ဆိတ်မျိုးနွယ်စု၏ ကျဆုံးခန်း

Vol. 17 Ch. 239

ပုရွက်ဆိတ်မျိုးနွယ်စု၏ ကျဆုံးခန်း

Vol. 17 Ch. 239

ပုရွက်ဆိတ်မျိုးနွယ်စုသည် ဖရိုဖရဲဖြစ်ကာ ကျဆုံးသွားပြီး ဦးတည်ရာမဲ့ သွားလာနေကြလေသည်။

အသိစိတ်မရှိတော့သည့်အတွက် ပုရွက်ဆိတ်တပ်မသည် ဘေးအန္တရာယ်တစ်ခု မဟုတ်တော့ချေ။ သူတို့ထံတွင် ပြန်လည်တိုက်ခိုက်နိုင်သည့် အသိစိတ် မရှိတော့သည့်အပြင် သူတို့၏ ပင်ကိုအသိစိတ်အတိုင်း ရိုးရှင်းစွာ သွားလာနေကြလေသည်။

ဤအခိုက်အတံ့တွင် ကျင့်ကြံသူများမှ လက်စားချေတိုက်ခိုက်ကြလေသည်။ အစွမ်းထက် အင်မော်တယ်မန္တန်အများအပြား မိုးပေါက်များကဲ့သို့ ဦးတည်ရာမဲ့ ကျဆင်းလာပြီး ပုရွက်ဆိတ်များအား သတ်ဖြတ်ပစ်လိုက်သည်ကြောင့် အသွေးအသားပင်လယ်ကြီး ဖြစ်တည်လာလေသည်။ များမကြာမီမှာပင် အသူရာချောက်နက် နယ်နိမိတ်တစ်လျှောက် ပုရွက်ဆိတ်သေများဖြင့် ဖုံးလွှမ်းသွားတာ့သည်။

ခံစစ်ကြေင်းသည် ရှေ့သို့ဆက်သွားလျက်ရှိပြီး သဲဖြူနယ်မြေအနီးသို့ တဖြည်းဖြည်းချင်း ချဉ်းကပ်လာလေသည်။ ခေတ္တမျှကြာပြီးသည့်နောက်တွင် ပုရွက်ဆိတ်ကြီးများသည် ကျင့်ကြံသူများ၏ ပြန်လည်တိုက်ခိုက်မှုကြောင့် အလုံးစုံသေကျေသွားကြရလေသည်။

အသူရာချောက်နက်တွင် မီးတောက်များ တောက်လောင်လျက်ရှိပြီး မီးနဂါးများသည် အသူရာချောက်နက်အတွင်းဤ ဟိန်းဟောက်ကာ သူတို့၏ တည်ရှိမှုအား ကမ္ဘာကြီးသို့ ပြသလိုဟန် ရှိသည်။

မရေမတွက်နိုင်အောင် များပြားလှသည့် ပုရွက်ဆိတ်တပ်မသည် ကောင်းကင်ဘုံပိုင်နက်နှင့် ကောင်းကင်မြစ်ပြည်နယ်မှ ကျင့်ကြံသူများ၏ သုတ်သင်ခြင်းခံလိုက်ရပြီ ဖြစ်သည်။ ဤတိုက်ပွဲတွင် ကျင့်ကြံသူများ အောင်နိုင်ခဲ့ခြင်း ဖြစ်သော်လည်း ထွက်ခွာသွားခြင်း မရှိကြသေးချေ။ ထို့အစား ခံစစ်ကြောင်းတွင်သာ နေထိုင်ရင် ထပ်မံဖြစ်ပွားမည့် တိုက်ပွဲအတွက် ပြင်ဆင်နေကြလေသည်။

မြူခိုးနက်တံတားများ ပျောက်ကွယ်သွားခြင်း မရှိသေးချေ။ ထို့ကြောင့် သူတို့ထွက်ခွာရန် အကြောင်းမရှိချေ။

အန်လင်းသည် တပိုင်အား စီးနင်းကာဖြင့် ကောင်းကင်ဘုံပိုင်နက်၏ အင်အားစုရှိရာသို့ ပြန်လည်ရောက်ရှိလာသည်။

ကျင့်ကြံသူများသည် ဝမ်းမြောက်ဝမ်းသာစွာ ဩဘာပေးကြလေသည်။ ရန်သူ့နယ်မြေ အနက်ရှိုင်းဆုံးထိအောင် သွားရောက်ကာဖြင့် တာဝန်ကျေပန်စွာ ထမ်းဆောင်ခဲ့ကြသော သူတို့၏ သူရဲကောင်းများအတွက် ဝမ်းမြောက်ခြင်း ဖြစ်သည်

အန်လင်သည် ရွှေရောင်မြို့ရိုးပေါ်ရှိ ကျောင်းသားများအား လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ပြီးနောက် လူအုပ်အတင်း ဆင်းသက်လိုက်သည်။

“အစ်ကိုကြီး အန် အစ်ကိုကြီး အန် နင်တို့က ပုရွက်ဆိတ်ဘုရင်မကို သတ်ပစ်လိုက်ကြတာ မဟုတ်လား။ သူက ဘာနဲ့တူလဲ။” မုန့်ထျန်းပြေးလွှားကာ ရောက်ရှိလာပြီးနောက် အန်လင်းလက်မောင်းအား ဆွဲယူကာ စိတ်မရှည်နိုင်စွာဖြင့် မေးလေသည်.

သူမသည် ပန်းရောင်ဝတ်စုံအား ဝတ်ဆင်ထားပြီး တိုက်ပွဲပြီးဆုံးပြီးနောက်တွင် ရေချိုးသန့်စင်ထားဟန်ပင်။ သူမ၏ အနက်ရောင်ဆံပင်တိုတိုတွင် ရေစက်ကလေးများ တင်ကျန်နေဆဲဖြစ်သည်ကြောင့် လန်းဆန်းသည့်အသွင်အား ပေးစွမ်းလေသည်။

လောင်ကျိပင်၊ စွန်းရှန့်လျန်နှင့် ကျုံးရုံယန်တို့သည်လည်း သိလိုစိတ်အပြည့်နှင့် ရောက်ရှိလာကြသည်။

“ပုရွက်ဆိတ်ဘုရင်မက ပုရွက်ဆိတ်နဲ့ပဲ တူမှာပေါ့။ တခြားဘာနဲ့ တူရဦးမှာလဲ။” အန်လင်း ခေါင်းယမ်းလိုက်သည်။ “တိုက်ပွဲက အရမ်းပြင်းတော့ ဓာတ်ပုံရိုက်ဖို့ အခွင့်အရေး မရလိုက်ဘူး။”

“ပုရွက်ဆိတ်ဘုရင်မကို ဘယ်လိုမျိုး သတ်ပစ်ခဲ့ကြတာလဲ။ ပုရွက်ဆိတ်ဘုရင်မကို သူမရဲ့ အိမ်မှာ သတ်ဖြတ်ပစ်ဖို့ဆိုတာ လုံးဝ လွယ်ကူမှာ မဟုတ်ဘူး။” ကျုံးရုံယန်သည် သူ၏ ယပ်တောင်အား ယမ်းကာဖြင့် ပြောလေသည်။

“အင်း တကယ်ကို မရိုးရှင်းဘူး။ နျူကလိယဗုံး နှစ်လုံးတောင် သုံးခဲ့ရတယ်။” အန်လင်းသည် မည်သည့်အရာကိုမျှ ဖုံးကွယ်ထားခြင်း မရှိပေ။

ဂေါင်

ကျုံးရုံယန်၏လက်များ တုန်ယင်လာကာ သူ၏ယပ်တောင်ပင်လျှင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

မုန့်ထျန်း : “…”

လောင်ကျိပင် : “…”

စွန်းရှန့်လျန်သည် ခေတ္တမျှ ဆွံ့အနေပြီးနောက် “.. ပုရွက်ဆိတ် တစ်ကောင်ကို သတ်ဖို့အတွက် နျူကလိယဗုံးတွေကို သုံးခဲ့တယ်တဲ့လား..”

အန်လင်း ခေါင်းညိတ်လိုက်သည်။ “အဲဒီ ပုရွက်ဆိတ် ဘုရင်မက ရိုးရိုးတန်းတန်း ပုရွက်ဆိတ် မဟုတ်ဘူး။ တောင်တစ်လုံးလောက်နီးနီး ကြီးပြီး တစ်ခါတစ်ခါ ဥ ဥရင် ဥအကြီးကြီးတွေ ရာနဲ့ချီပြီး မွေးတာဗျာ။”

သူတို့သည် ကြုံတွေ့ခဲ့ရသည့် တာဝန်နှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ မသိကြချေ။ ထိုကြောင့် အံ့ဩတုန်လှုပ်ခြင်းမရှိကြခြင်းဖြစ်သည်။

ယခုအခါတွင် တာဝန်ကြီးတစ်ရပ် ပြီးဆုံးသွားပြီ ဖြစ်သည်ကြောင့် အန်လင်းသည် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများအား အသေးစိတ်ပြန်လည်ပြောပြနေခြင်းဖြစ်သည်။ ထိုထဲတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ရှိ ပုရွက်ဆိတ် သုံးကောင်အား သတ်ဖြတ်ခဲ့ခြင်းလည်း ပါဝင်လေသည်။

သဲဖြူနယ်မြေ၏ တောင်ဘက်စွန်းပိုင်း။

ထိုနေရာတွင် တောင်တန်းများ၊ ရနံ့မွှေးပျံ့သည့် ပန်းပေါင်းစုံများ၊ ကြည်လင်အေးမြသည့် ချောင်းကလေးများ ဝန်းရံကာဆီးထားသည့် နေရာတစ်ခု ရှိလေသည်။

ထိုတောင်တန်းများ၏ အလယ်တွင် တလက်လက်တောက်ပနေသော အဖြူရောင်မြို့တစ်မြို့ ရှိကာ ချီစွမ်းအင်များ ပေါကြွယ်ဝလေသည်။ ထိုနေရာမှာ ပုရွက်ဆိတ်မျိုးနွယ်စု၏ မြင့်မြတ်နယ်မြေ ဖြစ်လေသည်။

ပုရွက်ဆိတ်ကြီးများသည် အလွန်အားကောင်းသည့် အော်ရာများ ထုတ်လွှတ်ကာဖြင့် နောက်ခြေထောက်များဖြင့် လမ်းလျှောက်လည်ရှိကြကာ မြို့၏ဗဟိုချက်တွင် စုဝေးရောက်ရှိနေကြလေသည်။ ဒူးထောက်ကာဖြင့် အနက်ရောင်ဥတစ်လုံးအား အရိုအသေပေးလျက်ရှိသည်။

မြေပြင်တွင် ရှုပ်ထွေးလှသည့် ရွှေရောင်သွေးကြောပုံစံများ ယှက်သန်းနေလေသည်။

ကောင်းကင်မှ ကြည့်မည်ဆိုပါက ထိုရွှေရောင်သွေးကြောပုံစံများသည် မြေပြင်တစ်ခုလုံးအား ဖိနှိပ်ထားသည့် အလွန်အမင်း ကြီးမားလှသော ဝင်္ကပါကြီးတစ်ခု ဖြစ်နေသည်ကို မြင်တွေ့ရမည် ဖြစ်သည်။

အနက်ရောင်ဥကြီးသည် ဝင်္ကပါ၏ အလယ်ဗဟိုတွင် တည်ရှိသည်။

ဝင်္ကပါကြောများအတိုင်း စီးဆင်းလာသည့် စိတ်စွမ်းအင်များသည် ဥပေါ်တွင် စုဆုံကြလေသည်။ အဝေးတစ်နေရာရှိ တိုက်ပွဲပြင်တွင် ပုရွက်ဆိတ်ကြီး အများအပြား သေဆုံးလျက်ရှိပြီး အနက်ရောင်စိတ်စွမ်းအင်များသည် ဝင်္ကပါမှတဆင့် ဥထံတွင် စုဆုံလာကြလေသည်။ ပုရွက်ဆိတ်များ၏ စားသောက်ခြင်းခံလိုက်ရသည့် ကျင့်ကြံသူများမှာမူ အဖြူရောင်စိတ်စွမ်းအင်များကိုသာလျှင် ထုတ်လွှတ်ပေးပြီး ယင်းတို့သည်လည်း ဥထဲသို့ လာရောက်စုဆုံကြလေသည်။

ဥအတွင်း၌ မည်သည့်အရာ ရှိသည်ကို မည်သူကမျှ မသိကြချေ။ သို့သော်လည်း ပုရွက်ဆိတ်မျိုးနွယ်စုသည် ထိုအရာအား အကြီးအကဲဟု ခေါ်ဆိုကြသည်။

“မျိုးနွယ်စုခေါင်းဆောင်ခင်ဗျား အသူရာချောက်နက်ကို ပုရွက်ဆိတ်ဘုရင်မ နှစ်ကောင် ပို့ဆောင်တော့မှာဖြစ်ပြီး ပုရွက်ဆိတ်တပ်သား တစ်သန်း လိုက်ပါသွားမှာ ဖြစ်ပါတယ်။”

အဖြူရောင်ပုရွက်ဆိတ်ကြီးသည် ဒူးတစ်ဖက်ထောက်ကာဖြင့် ရိုသေစွာ ပြောဆိုလေသည်။

ထိုပုရွက်ဆိတ်ကြီး ခေါ်ဆိုသည့် မျိုးနွယ်စုခေါင်းဆောင် ဆိုသည်မှာ ပိန်ပါးပါးရှိပြီး အနီရောင်နှင်တံတစ်ချောင်းအား ကိုင်ဆောင်ထားလေသည်။ ယင်း၏ အော်ရာမှာ ပင်လယ်တမျှ အလွန်များပြားကြီးမားလေသည်။ သူ၏ အဆင့်အတန်းကြောင့် လူအများအပြား၏ အရိုအသေပေးခြင်းအား ခံယူနေလေသည်။

အဖြူရောင်ပုရွက်ဆိတ်ကြီး၏ တင်ပြချက်အား ခေါင်းအသာညိတ်ပြလိုက်ပြီး ထို့ထက်ပို အာရုံမစိုက်လိုတော့ချေ။ “ဆက်လုပ်ပါ။ လူသားတွေနဲ့ တိုက်ပွဲအတွက် မင်းအဆင်ပြေသလို တပ်သားတွေ ရွှေ့ပြောင်းနိုင်တယ်။”

မျိုးနွယ်စုခေါင်းဆောင်သည် ကြီးမားသည့် အနက်ရောင်ဥကြီးအား လေးနက်စွာဖြင့် စိုက်ကြည့်နေလေသည်။

“ငါတို့ရဲ့ ဘုရင်မင်းမြတ်ကို ကြိုဆိုဖို့ ယစ်ပူဇော်ရမယ်။”

သို့သော်လည်း မျိုးနွယ်စုခေါင်းဆောင်၏ စကားအဆုံးမှာပင် ကောင်းကင်နှင့် မြေပြင်သည် ရုတ်တရက်ဆိုသလို တိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ကောင်းကင်ထက်မှ အကန့်အသတ်မဲ့သည့် နတ်ဘုရားစွမ်းအား ဆင်းသက်လာသည်။

“မင်းဆန္ဒရှိသလို လူသားတွေကို ယစ်ပူဇော်ပစ္စည်းအဖြစ် အသုံးပြုခွင့် မရှိဘူး။”

ထိုအသံသည် မိုးခြိမ်းသံတမျှ ကျယ်လောင်ပြီး ကောင်ကင်နှင့်မြေပြင်အကြားမှ ထွက်ပေါ်လာခြင်းဖြစ်ကာ တုနှိုင်းမရသည့် စွမ်းအားများ ပါဝင်နေသည်။

အစွမ်းထက် ပုရွက်ဆိတ်အများအပြားသည် ထိုအသံနှင့်ပင် အညံ့ခံချင်လာပြီး ဒူးများ ညွှတ်ခွေကျဆင်းကာ ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ယင်နေလေသည်။

ယင်းမှာ ကောင်းကင်နှင့် မြေပြင်မှ အကြီးအကဲတစ်ဦး၏ အစွမ်းသတ္တိဖြစ်သည်။ ယင်းသည် အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်သည်။

“အင်ပါယာ ကျိဝေက ဒီကိုဘာလာလုပ်တာလဲ။” ကောင်းကင်ထက်တွင် ဝံ့ကြွားစွာရပ်နေသည့် အမျိုးသားအား မော့ကြည့်လိုက်ပြီးနောက် ပုရွက်ဆိတ် မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာများ ပြောင်းလဲသွားလေသည်။

အင်ပါယာကျိဝေသည် သူ၏လက်များဖြင့် အစီအရင်အနည်းငယ် ပြုလုပ်လိုက်သည်။ သူ၏မျက်လုံးများသည် ကြယ်စင်များကဲ့သို့ ပြိုးပျက်လက်ကာ တောက်ပလာသည်။

သူ၏လက်ချောင်းများမှ ကြယ်တစ်လုံး ပျံသန်းထွက်ပေါ်လာပြီး အနက်ရောင်ဥထံသို့ ဆင်းသက်သွားလေသည်။ “မင်းကို သင်ခန်းစာပေးမလို့ ရောက်လာတာ။”

“ခင်ဗျား လုပ်ရဲလား။” ပုရွက်ဆိတ် မျိုးနွယ်စုခေါင်းဆောင်၏ အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီးနောက် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုကြယ်ပွင့်သည် ဝင်္ကပါ၏  အလယ်ဗဟိုသို့ ကျဆင်းသွားပြီး ကောင်းကင်နှင့်မြေပြင် မှေးမှိန်သွားသည်။ ခရမ်းရောင်ကြယ်ပွင့်၏ အလင်းသည်သာလျှင် ကမ္ဘာမြေပေါ်တွင် ထွန်းလင်းတောက်ပလျက်ရှိသည်။

မြေပြင်တုန်ခါလာပြီး ခရမ်းရောင်ကြယ်ပွင့်ကြောင့် ရွှေရောင်သွေးကြောပုံစံများ တစ်လွှာပြီးတစ်လွှာ ပျက်ပြယ်စပြုလာသည်။

ထိုအခိုက်အတံ့မှာပင် သဲဖြူနယ်မြေတစ်ခုလုံးအား ဖိနှိပ်ထားသည့် ဝင်္ကပါကြီး ပြိုလဲသွားပြီ ဖြစ်သည်။

ပုရွက်ဆိတ်မျိုးနွယ်စုခေါင်းဆောင်သည် မျက်လုံးများပြူးကျယ်လာပြီးနောက် ခန္ဓာကိုယ်များ တုန်ယင်ကာဖြင့် အင်ပါယာကျိဝေအား စိုက်ကြည့်နေမိသည်။ “အင်ပါယာကျိဝေ ခင်ဗျား ရူးသွားတာလား။ ခင်ဗျားရဲ့ အပြုအမူတွေက အကြီးအကဲ မွေးဖွားလာမှာကို တားဆီးနေတာနဲ့ အတူတူပဲ။ ဒီလိုဆိုရင် နောင်အနာဂတ်ကျ လူသားတွေ ပိုပြီးတော့ သေဆုံးရလိမ့်မယ်။”

“ကိုးပြည်ထောင်နိုင်ငံတော်က ပြည်သူတွေအတွက် ထူးဆန်းတဲ့ကပ်ဘေးမှာ သေဆုံးရမှာထက်စာရင် တိုက်ပွဲအတွင်းမှာ သေဆုံးရတာ ပိုကောင်းတယ်။”

အင်ပါယာကျိဝေသည် ထိုသို့ပြောပြီးနောက် လက်နောက်ပစ်ကာဖြင့် ထွက်ခွာသွားလေသည်။

ဤနေရာတွင် အစွမ်းထက်ပုရွက်ဆိတ်အများအပြား စုဝေးရောက်ရှိနေကြခြင်း ဖြစ်သော်လည်း မည်သူကမျှ ထိုလူအား တားဆီးနိုင်ခဲ့ခြင်း မရှိချေ။

အသူရာချောက်နက်အတွင်းရှိ အမှောင်ထုအတွင်း။

သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင် စိတ်ပျက်အားလျော့ခြင်းတို့ဖြင့်

“ထားလိုက်ပါတော့လေ။”

အသူရာချောက်နက်အတွင်း။

မြူခိုးနက်တံတားများ စတင်ပျောက်ကွယ်လာသည်။

အင်မော်တယ်ဂိုဏ်းများမှ ကျင့်ကြံသူများသည် သူတို့အရှေ့ရှိ မြင်ကွင်းအား ကြည့်ကာဖြင့် နားမလည်နိုင်ဘဲ ရှိနေလေသည်။

ကောင်းကင်ဘုံပိုင်နက်အင်အားစု စခန်းချရာနေရာတွင် ကျောင်းသားများနှင့် ဆရာများသည် သူတို့အရှေ့ရှိ မြင်ကွင်းအား ကြည့်နေမိကြသည်။ သူတို့အားလုံးတို့၏ မျက်နှာတွင် မတူညီသည့် အမူအရာများဖြင့် ရှိနေကြသည်။

အချို့မှာ တုန်လှုပ်နေမိသည်။ အချို့မှာ ရှုပ်ထွေးနေမိသည်။ အချို့မှာ ဝမ်းမြောက်နေမိသည်။

ဓားအင်မော်တယ်လင်းရှောင် ပေးပို့လာသည့် သတင်းစကားအရ လူတိုင်း၏ နှလုံးသားထဲတွင် ပျော်ရွှင်မှုတို့ ဖြစ်တည်လာလေသည်။

မြူခိုးနက်တံတားများ ပျောက်ကွယ်သွားပြီ ဖြစ်သည့်အတွက် ပုရွက်ဆိတ်မျိုးနွယ်စု၏ အစီအစဉ်အား တားဆီးလိုက်နိုင်သည်။ သူတို့ အောင်မြင်သွားလေပြီ။

ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြသူများအားလုံး အနားယူနိုင်ကြပြီ ဖြစ်သည်။

ကျောင်းသားများစွာသည် ပင်ပန်းကြီးစွာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းလျက်ရှိကြပြီး သူတို့၏ မျက်လုံးများထဲတွင် မျက်ရည်များ ရစ်ဝဲနေလေသည်။ အချို့မှာမူ အော်ဟစ်ရယ်မောနေကြလေသည်။

ဤတိုက်ပွဲအား အောင်နိုင်ခဲ့လေပြီ။ သူတို့၏ အတန်းဖော်များနှင့် ရဲဘော်ရဲဘက်အချို့အား ခွဲခွာခဲ့ရသော်လည်း ရှင်သန်ကျန်ရစ်ခဲ့သူများ အားလုံးတို့သည် ဤအခြေအနေမှ အတွေ့အကြုံကြီးစွာ ရရှိလိုက်ကြသည်။

ထိုအထူးတိုက်ပွဲအား စုစည်းညီညွတ်ကျင့်ကြံခြင်းကျောင်းတော်၏ သမိုင်းမှတ်တမ်း တစ်ခုအဖြစ် ရေးထိုးလိုက်ပြီ ဖြစ်သည်။

ကျောင်းသား အယောက် ၁၀၀၀၀ နှင့် ဆရာ အယောက် ၁၀၀ တို့သည် ဤတိုက်ပွဲအတွင် ပါဝင်တိုက်ခိုက်ခဲ့ကြပြီး ကျောင်းသားပေါင်း ၃၇၆ ဦးနှင့် ဆရာ ၂ ဦးတို့ ကျဆုံးခဲ့ကြရသည်။ ဤအရေအတွက်မှာ ကျောင်းတော်၏ သမိုင်းဝင်ဖြစ်ရပ်များထဲတွင် ပြောပလောက်သည့် ပမာဏတစ်ခု မဟုတ်သော်လည်း ထူးခြားဆန်းကြယ်သည့် ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်လေသည်။

***

All Chapters