← Chapters

အခန်း (၅၅၁)

Vol. 56 Ch. 551

အခန်း (၅၅၁)

Vol. 56 Ch. 551

တုပိုင်က လေးနက်သော လေသံဖြင့် ပြောလိုက်၏။

"ဒါပေမဲ့ တကယ်တမ်းကျတော့... သန့်စင်ခြင်းရေရဲ့ စွမ်းအင်နဲ့ မိစ္ဆာယူရေနီယမ်ကျောက်တုံးရဲ့ စွမ်းအင်က လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေတာ... ဒါကြောင့် သူတို့ အတူတူရှိနေတဲ့အခါ တွန်းကန်နေမယ့်အစား တစ်ခုနဲ့တစ်ခု ပေါင်းစပ်သွားကြတာ... ဆန့်ကျင်ဘက်လိင်တွေက ဆွဲငင်ပြီး တူညီတဲ့လိင်တွေက တွန်းကန်ကြတယ် ဆိုသလိုပေါ့..."

စစ်ခုန်းယဲ့သည် သဘောပေါက်သည့်ဟန်ဖြင့် ခေါင်းကို အသည်းအသန် ငြိမ့်လိုက်၏။

တုပိုင်က ဆက်ပြောသည်။ "ဆုံးရှုံးမှုတွေ ရှိပေမဲ့လည်း ၊ ပြန်ရလိုက်တာလည်း ရှိပါတယ်... ကျွန်တော်တို့က ထိတွေ့လိုက်တာနဲ့ ပေါက်ကွဲထွက်သွားမယ့် စွမ်းအင်မျိုး မရလိုက်ပေမဲ့ တခြားစွမ်းအင်တစ်ခု ရလိုက်တယ်... အတိအကျပြောရရင် စွမ်းအင်ချဲ့ထွင်ပေးတဲ့ ပစ္စည်း နဲ့ စွမ်းအင်ဓာတ်ကူပစ္စည်း တစ်မျိုးပေါ့..."

စစ်ခုန်းယဲ့၏ မျက်လုံးများ ရုတ်တရက် တောက်ပလာသည်။ သူလည်း ထိုအချက်ကို စဉ်းစားမိပြီးဖြစ်၍ တုပိုင် မည်သည်ကို ဆက်ပြောမည်နည်းကို ကြိုတင်သိနေပြီ ဖြစ်၏။

တုပိုင်က ဆက်ပြောသည်။ "ဆရာသခင် စမ်းသပ်ခဲ့သမျှတွေမှာ တူညီတဲ့ အချက်တစ်ခု ရှိတယ်... အဲဒါကတော့ ပထမဦးဆုံး ဝါးမြိုလိုက်တယ် ၊ စွမ်းအင်တွေ ထိန်းမရတော့ပဲ ပွားလာတယ် ၊ နောက်ဆုံးမှာ ပေါက်ကွဲထွက်သွားတယ် ဆိုတာပဲ..."

စစ်ခုန်းယဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ပေါင်ကို ရိုက်လိုက်လေ၏။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း အဖြေကို ရှာတွေ့သွားပြီဖြစ်သောကြောင့်ပင်။

တုပိုင်က ဆက်ပြောလေသည်။ "ဆရာသခင်က ဒီအမှောင်ဒြပ်ထုကို မီးနဲ့ရှို့တဲ့အခါ မီးတောက်က လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ပျောက်ကွယ်သွားတယ်... သေဒဏ်ကျအကျဉ်းသားနဲ့ စမ်းသပ်တုန်းကလည်း သူတို့ရဲ့ အသက်စွမ်းအင်တွေ လျင်မြန်စွာ ဝါးမြိုခံရပြီး ရုတ်တရက် သေဆုံးသွားကြတယ်... အကြောင်းရင်းကတော့ အဲဒီစွမ်းအင်တွေက အားနည်းလွန်းနေလို့ပဲ... ဝါးမြိုခံလိုက်ရပြီးတာနဲ့ ပျောက်ကွယ်သွားပြီး ပေါက်ကွဲထွက်လာဖို့အထိ စွမ်းအားမရှိဘူး..."

"ဟုတ်တယ်... ဟုတ်တယ်... ဟုတ်တယ်..."

စစ်ခုန်းယဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ထောက်ခံလိုက်သည်။

တုပိုင်က ဆက်ပြောသည်။ "ဒါပေမဲ့ သားရဲဆန်းကတော့ မတူဘူး... သူမာ အခြားကမ္ဘာက သွေးနဲ့ စွမ်းအင်တွေရှိတယ်လေ... ဒါကြောင့် အမှောင်ဒြပ်ထုက သူ့သွေးကို ဝါးမြိုပြီးတဲ့အခါ အဆပေါင်းများစွာ ပွားပေးလိုက်တယ်... ဒါကြောင့် သားရဲဆန်းရဲ့ ခန္ဓာကိုယ်က ဆယ်ဆလောက် ကြီးထွားလာပြီး ခွန်အားတွေ ထိန်းမနိုင်အောင် တိုးပွားလာတာ... ဒါပေမဲ့ နောက်ဆုံးမှာ သူ့ခန္ဓာကိုယ်က အဲဒီစွမ်းအင်ကို မခံနိုင်ဘဲ ပေါက်ကွဲထွက်သွားပြီး တစ်စစီ ဖြစ်သွားရတာပဲ..."

"သခင်လေးက တကယ်ကို ဉာဏ်ပညာ ကြီးမားတာပဲ..."

စစ်ခုန်းယဲ့သည် ထိုင်မနေနိုင်တော့ဘဲ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ပြင်းထန်စွာ အသက်ရှူရင်း မေးလိုက်သည်။

"သခင်လေး... ဒါဆို ကျီယင်ယင် ကိစ္စက ဘယ်လိုလဲ..."

တုပိုင် ခေတ္တမျှ တိတ်ဆိတ်ငြိမ်သက်နေပြီးနောက် ပြောလိုက်သည်။

"ကျီယင်ယင် ဘာဖြစ်သွားလဲ ဆိုတာကိုတော့ လောလောဆယ် အပြည့်အဝ ရှင်းပြဖို့ ခက်တယ်... ဖြစ်နိုင်ချေ နှစ်ခုရှိတယ်... ပထမတစ်ခုက ဒီထူးဆန်းတဲ့ အမှောင်ဒြပ်ထုက သူရဲ့ အရင်က အတွင်းအားကျင့်ကြံမှုကို ပြန်ပြီးတော့ ယူလိုက်တာပဲ... ဒုတိယ ဖြစ်နိုင်ချေကတော့ သူရဲ့ အရင်က ပြိုင်ဘက်ကင်း ကျင့်ကြံမှုအဆင့်ကို ပြန်ရတာ မဟုတ်ဘဲ ၊ ခန္ဓာကိုယ်ထဲမှာ ကျန်ရှိနေသေးတဲ့ အတွင်းအားအနည်းငယ်လေးက ပွားလာတာမျိုး ဖြစ်နိုင်တယ်..."

ကျီယင်ယင်သည် သိုင်းပညာနှင့် အတွင်းအားအားလုံးနီးပါး ဆုံးရှုံးသွားခဲ့သော်လည်း အနည်းငယ်တော့ ကျန်ရှိနေသေးသည်။ သူမ လုံးဝ သေဆုံးသွားမှသာလျှင် အတွင်းအားကျင့်ကြံမှုက လုံးဝ ပျောက်ကွယ်သွားမည် ဖြစ်သည်။

တုပိုင်က ဆက်ပြောသည်။ "သာမန်လူတစ်ယောက်ဆိုရင်တော့ ခံနိုင်မှာ မဟုတ်ဘဲ တစ်စစီ ပေါက်ကွဲထွက်သွားမှာ သေချာတယ်..."

"ဒါပေမဲ့ ယင်ယင်က နုပျိုခြင်းကို ပြန်လည်ရရှိထားသူ ဖြစ်တဲ့သူ။ သူ့ရဲ့ အတွင်းအားတွေ ပျောက်ကွယ်သွားတယ် ဆိုပေမဲ့ ၊ ကြွက်သားတွေနဲ့ ဒန်တျန်ကတော့ ရှိနေသေးတယ်... ပြီးတော့ ခံနိုင်ရည်ကလည်း ရှိတယ်... ဒါကြောင့် ယင်ယင်ရဲ့ခန္ဓာကိုယ် ပေါက်ကွဲထွက်မသွားတာ... ဒါ့အပြင် ယင်ယင်က အဲဒီစွမ်းအင်ကို ချက်ချင်း ထုတ်လွှတ်လိုက်ပြီး ပေမင်ဓားဂိုဏ်းက မဟာဆရာသခင် နှစ်ယောက်ကို မျက်တောင်တစ်ခတ်အတွင်း သတ်ပစ်လိုက်သေးတယ်လေ... စွမ်းအင်ကို ခန္ဓာကိုယ်ထဲမှာ ပေါက်ကွဲသွားစေမဲ့အစား အပြင်ပစ်ထည့်လိုက်တာပဲ"

သို့သော် ထို့နောက်တွင် ကျီယင်ယင်သည် ပြန်လည် အိပ်မောကျသွားခဲ့ရသည်။ အတိုချုပ်ပြောရလျှင် ကျီယင်ယင်အပေါ် မည်သည့်အရာ ဖြစ်ပျက်ခဲ့သည်ကို တုပိုင် အပြည့်အဝ နားမလည်သေးပေ။

စစ်ခုန်းယဲ့က ပြောလိုက်သည်။ "ဒုတိယ ဖြစ်နိုင်ချေက ပိုများပါတယ်... ကျွန်တော် သားရဲဆန်းနဲ့ စမ်းသပ်တုန်းက သူစားလိုက်တဲ့ အမှောင်ဒြပ်ထု ပမာဏက အရမ်း အရမ်း နည်းပါတယ်... ကျီယင်ယင် သောက်လိုက်တဲ့ ပမာဏရဲ့ အပုံတစ်ထောင်ပုံမှ တစ်ပုံလောက်ပဲ ရှိတာ..."

တုပိုင်က ပြောလေ၏။ "ယင်ယင် ဘာဖြစ်သွားလဲ ဆိုတာကို ကျွန်တော်တို့ သေချာ မသိရသေးပေမဲ့ ၊ ညစ်ညမ်းနေတဲ့ သန့်စင်ခြင်းရေတွင်းကနေ ထုတ်ယူထားတဲ့ အမှောင်ဒြပ်ထုရဲ့ အထူးဂုဏ်သတ္တိကိုတော့ အနည်းဆုံး ကျွန်တော်တို့ သိလိုက်ရပြီ... အဲဒါက စွမ်းအင်ကိုပွားပေးတဲ့အရာ တစ်မျိုးပဲ... ပထမဆုံး စွမ်းအင်ကို ဝါးမြိုတယ် ၊ ပြီးရင် ပေါင်းစပ်လိုက်တယ် ၊ ပြီးရင် မရေမတွက်နိုင်အောင် ပွားပေးလိုက်တယ် ၊ အရမ်းပွားပေးလိုက်တော့ အကျိုးဆက်အနေနဲ့ နောက်ဆုံးမှာတော့ လက်ခံကိုယ်က မခံနိုင်တော့ဘဲ ပေါက်ကွဲသွားရတယ်..."

"ဟုတ်တယ်..." စစ်ခုန်းယဲ့က ခေါင်းညိတ်၍ ထောက်ခံ၏။

"ကျွန်တော် တစ်လလောက် ခေါင်းပေါက်မတတ် စဉ်းစားတာတောင် အဖြေမတွေ့ခဲ့ဘူး... သခင်လေးက တစ်နာရီလောက် စဉ်းစားပြီးတာနဲ့ အဖြေထုတ်နိုင်ခဲ့တယ်... တကယ်ကို ကျွန်တော့်ရဲ့ လမ်းပြမီးအိမ်ပါပဲ..."

စစ်ခုန်းယဲ့သည် တုပိုင်ကို ဖားနေခြင်း မဟုတ်ဘဲ ၊ နှလုံးသားထဲမှ လှိုက်လှိုက်လှဲလှဲ ပြောဆိုနေခြင်း ဖြစ်သည်။

စစ်ခုန်းယဲ့က ဆက်ပြောသည်။ "ဒါပေမဲ့ ဒီနည်းလမ်းမှာ နောက်ထပ် ကြီးမားတဲ့ ပြဿနာတစ်ခု ရှိနေတယ်... ဒီအမှောင်ဒြပ်ထုကို ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်တဲ့ လက်နက်တစ်ခု ဖြစ်လာအောင် ကျွန်တော်တို့ ဘယ်လို လုပ်မလဲ..."

ဟုတ်ပေသည်။ ဤသည်မှာ ကြီးမားသော အခက်အခဲတစ်ခု ဖြစ်၏။

စစ်ခုန်းယဲ့က ဆက်ပြောလေ၏။ "မီးတောက်တွေ ၊ ဒါမှမဟုတ် ကြောက်စရာကောင်းတဲ့ လောင်စာကျောက်တုံးတွေတောင် ဒီအမှောင်ဒြပ်ထုကို လှုံ့ဆော်နိုင်စွမ်း မရှိဘူး... ဝါးမြိုခံလိုက်ရတိုင်း အစအနမကျန် ပျောက်ကွယ်သွားတာချည်းပဲ... ဖြစ်နိုင်တာက အဲဒီအရာတွေရဲ့ စွမ်းအင်အဆင့်က အရမ်းအားနည်းနေလို့ပဲ"

မှန်ပေသည်။ သာမန်မီးတောက်၏ စွမ်းအင်အဆင့်သည် နိမ့်လွန်းလှသည်။ ဤကမ္ဘာ၏ မြေအောက်လိုဏ်ဂူအနက်ကြီးထဲတွင် သံမဏိကိုပင် အရည်ပျော်သွားစေနိုင်သည့် အပူချိန်ကို ထုတ်လွှတ်နိုင်သော အထူးကျောက်တုံးအချို့ ရှိကြသည်။ ယင်းတို့သည် အလွန် ရှားပါးသော်လည်း ၊ ပြိုင်ဘက်ကင်းမြို့တော်၌ ထိုပစ္စည်းများ မရှားပါးပေ။ သို့သော် စစ်ခုန်းယဲ့သည် ထိုကျောက်တုံးများကို အသုံးပြု၍ စမ်းသပ်ခဲ့သော်လည်း အမှောင်ဒြပ်ထု၏ ပေါက်ကွဲမှုကို ဖြစ်ပေါ်စေရန် မစွမ်းဆောင်နိုင်ခဲ့ပေ။

ထိုအချိန်၌ တုပိုင်သည် အလွန် အံ့သြသွားရသည်။ အိပ်မက်စနစ်က မည်သည်ကို ဆိုလိုသည်နည်းကို သူ နားလည်သွားပြီ ဖြစ်၏။

ငရဲမီးတောက်သည် ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်စွမ်း ရှိပြီး ၊ ပိုင်ဆယ်မြို့သို့ ပြန်ရောက်ပြီးနောက် ဤငရဲမီးတောက်သည် တုပိုင်အား ကြီးမားသော အံ့အားသင့်ဖွယ်ရာ တစ်ခုကို ယူဆောင်လာပေးလိမ့်မည်ဟု စနစ်က ပြောခဲ့၏။

သာမန်မီးတောက်များသည် အမှောင်ဒြပ်ထုကို လှုံ့ဆော်နိုင်သည့် စွမ်းအင်အဆင့်သို့ မရောက်ရှိနိုင်သော်လည်း ၊ ငရဲမီးတောက်ကမူ ကျိန်းသေပေါက် လုပ်ဆောင်နိုင်ပေလိမ့်မည်။

တုပိုင်က မေးလိုက်သည်။ "အမှောင်ဒြပ်ထု ရှိသေးလား..."

စစ်ခုန်းယဲ့က ဖြေသည်။ "ရှိပါတယ်..."

တုပိုင် ခဏမျှ စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "နည်းနည်းလောက် ယူခဲ့ပါ..."

အမှောင်ဒြပ်ထုကို အတိအကျ တိုင်းတာရန် ခက်ခဲသော်လည်း စစ်ခုန်းယဲ့သည် တုပိုင်၏ ဆိုလိုရင်းကို နားလည်သည်။ သူသည် အမှောင်ဒြပ်ထု အနည်းငယ်စီပါဝင်သော စွမ်းအင်ကျောက်တုံးပြွန် နှစ်ခုကို ယူဆောင်လာလိုက်၏။

ထို့နောက် ကျီပြောင်ပြောင်၏ အကာအကွယ်ဖြင့် သူတို့နှစ်ဦးသည် ပိုင်ဆယ်မြို့မှ မိုင်ပေါင်းများစွာ ဝေးကွာသော၊

၊ လူသူလုံးဝ ကင်းမဲ့သည့် နေရာတစ်ခုသို့ ထွက်ခွာလာခဲ့ကြသည်။

တုပိုင်သည် စမ်းသပ်မှုတစ်ခကို ပြုလုပ်လိုနေခြင်း ဖြစ်၏။

မည်မျှ ကြောက်မက်ဖွယ်ကောင်းသော စမ်းသပ်မှု ဖြစ်လာမည်ကို သူ မသိပေ။ သို့သော် အောင်မြင်ခဲ့ပါက ၊ ထိုစွမ်းအားသည် နျူးကလီးယားဗုံးကြီးလိုဖြစ်လာမည်မာ သေချာသလောက်ပင်။

**--**--**--**--**--**--**--**

တုပိုင် ဆီစိမ်ထားသော ဝါဂွမ်းကြိုးကို မီးစာအဖြစ် အသုံးပြုပြီး ၊ ထူးဆန်းသော အမှောင်ဒြပ်ထု အနည်းငယ် ပါဝင်သည့် ကျောက်တုံးပြွန်ထဲသို့ ထည့်လိုက်၏။

ဤမီးစာသည် ပေ ၃၀ ခန့် ရှည်လျားလေ၏။ ထို့အပြင် ဤစမ်းသပ်မှုကို ဘောလုံးကွင်း ဆယ်ကွင်းခန့် ကျယ်ဝန်းသော ရေကန်တစ်ခု၌ ပြုလုပ်ခြင်းဖြစ်ပြီး ၊ ဝါးဖောင် ဆယ်စင်းကျော်ကိုလည်း ရှာဖွေထားလေသည်။

အမှောင်ဒြပ်ထု ထည့်ထားသော ကျောက်တုံးပြွန်ကို ရေကန်အလယ်ရှိ ဝါးဖောင်ပေါ်တွင် တင်ထားလိုက်ပြီး ၊ ပေပေါင်းများစွာ ရှည်လျားသော မီးစာကို ဝါးဖောင်ပေါ်တွင် သွယ်တန်းထားလိုက်သည်။

"ဆုတ်... နောက်ဆုတ်ကြ... နောက်ဆုတ်..."

တုပိုင်သည် စစ်ခုန်းယဲ့နှင့် ကျီပြောင်ပြောင်ကို ပေပေါင်း ရာချီသော အကွာသို့ ဆုတ်ခွာခိုင်းလိုက်သည်။ စွမ်းအားကို သက်သေပြရန်အတွက် တုပိုင်သည် ဝါးဖောင်ပေါ်တွင် ကျောက်တုံးများ ၊ သံတုံးများ ၊ သစ်တုံးများ အပါအဝင် ပစ္စည်းများစွာကို ထပ်တင်ထားလိုက်သည်။

ထို့နောက် တုပိုင် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး ဒန်တျန်ထဲမှ ငရဲမီးတောက်ကို ဆွဲထုတ်ရန် မိနစ်အနည်းငယ်ခန့် အချိန်ယူလိုက်ရ၏။ ရုတ်တရက် တုပိုင်၏ လက်ဝါးပြင်ပေါ်တွင် အဖြူရောင် မီးတောက်ငယ်လေးတစ်ခု ပေါ်ထွက်လာလေ၏။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၁ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters