← Chapters

အခန်း (၅၅၆)

Vol. 56 Ch. 556

အခန်း (၅၅၆)

Vol. 56 Ch. 556

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ ခန္ဓာကိုယ် တုန်လှုပ်သွားသည်။ ဟုတ်ပေသည်။ ယခုအချိန်သည် ဖန်းမိသားစုက တိုင်းပြည်အာဏာကို အပြည့်အဝ ချုပ်ကိုင်တော့မည့် ခေတ်ကာလ ၊ ဧကရာဇ်ကို ဓားစာခံလုပ်ပြီး နယ်စားမင်းများကို အမိန့်ပေးတော့မည့် ခေတ်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည်။

တုကျန့်က ပြောလိုက်သည်။

“ကျွန်တော်တို့ ဖန်းမိသားစုနဲ့ လီမိသားစုဟာ မဟာမိတ်တွေပါ။ ဒါပေမဲ့ ဧကရာဇ် နတ်ရွာစံပြီးတာနဲ့ ဒီဆက်ဆံရေးက အတိုင်းအတာ တစ်ခုအထိ ပြောင်းလဲသွားလိမ့်မယ်။ ကျွန်တော်တို့က လီမိသားစုကို လိုအပ်တယ် ၊ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော်တို့နဲ့ ကမ္ဘာ့အရှင်သခင် မီးနတ်ဘုရားဘာသာကြားက အကောင်းဆုံး ကြားခံနယ်မြေ ဖြစ်နေလို့ပဲ။ ဒါပေမဲ့ ကျွန်တော်တို့က လီမိသားစုရဲ့ တာ့ယန်တိုင်းပြည်ကို အရမ်းကြီး အားကောင်းစေချင်တာတော့ မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်တို့က လီမိသားစုကို ပိတ်ဆို့ထားဖို့ လိုတယ်။ ယွမ်ထျန်ကျောက် ၊ ကျန့်ကော်နယ်စားမင်း ကျန်းဝမ်ကျောက် ၊ ရွှမ်ချန်နယ်စားမင်း... ခင်ဗျားတို့ သုံးယောက်က အရမ်း အရေးပါတယ်။”

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ အသက်ရှူသံများ မြန်ဆန်လာသည်။

တုကျန့်က ဆက်ပြောသည်။ “ကျွန်တော့်သခင်လေးက ကိုယ်တိုင် ကတိပေးလိုက်တယ်။ ခင်ဗျားသာ ပိုင်ဆယ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ရင် ၊ နန်နင်းစီရင်စုရဲ့ အနောက်ဘက် ၊ ယုံကျိုးစီရင်စုရဲ့ တောင်ဘက် ဒေသအားလုံးဟာ ရွှမ်ချန်နယ်စားမင်း ခင်ဗျားရဲ့ နယ်မြေအသစ် ဖြစ်လာလိမ့်မယ်။”

ရွှမ်ချန်နယ်စားမင်း၏ နှလုံးခုန်သံများ ရူးသွပ်စွာ မြန်ဆန်လာသည်။

တုကျန့်က ဆက်ပြောသည်။ “ဧကရာဇ်အသစ် နန်းတက်ပြီးရင် ရာထူးတိုးမြှင့်တာတွေ ရှိလာလိမ့်မယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင် ရွှမ်ချန်နယ်စားမင်း ဆိုတဲ့ ဘွဲ့ကနေ ရွှမ်ချန်မြို့စားမင်းအဖြစ် တိုးမြှင့်ခံရလိမ့်မယ်။ နှစ်ရာချီ ကြာမြင့်ခဲ့တဲ့ နယ်စားဘွဲ့ကနေ နောက်တစ်ဆင့် တိုးမြှင့်ခံရဖို့ အချိန်တန်ပြီလေ။ တကယ်တမ်းပြောရရင် ကျန့်ကော်နယ်စားမင်းက ဒီအချိန်မှာ ဒေါသထွက်နေလောက်ပြီ ၊ ဘာလို့လဲဆိုတော့ သူက အရမ်း ဝေးကွာနေလို့လေ။ မဟုတ်ရင် ပိုင်ဆယ်မြို့ကို ဖျက်ဆီးပြီး ကုသိုလ်ယူမယ့် အခွင့်အရေးက ရွှမ်ချန်နယ်စားမင်း ခင်ဗျားလက်ထဲ ရောက်လာမှာ မဟုတ်ဘူး။ ကျန့်ကော်နယ်စားမင်းကလည်း မြို့စားဖြစ်ချင်နေတာ။”

ရွှမ်ချန်နယ်စားမင်း လုကျန့်က ပြောလိုက်သည်။ “သံတမန်တု။ ကျေးဇူးပြုပြီး တစ်ရက်လောက် စောင့်ပေးပါ။ မနက်ဖြန်ကျရင် ကျွန်တော် အဖြေပေးပါ့မယ်။”

ထိုနေ့ညတွင် ဖုန်မှုန့်များ ပေကျံနေသော မင်းသမီးနင်းရွှဲ့သည် ယုံကျိုးစီရင်စုသို့ ရောက်ရှိလာပြီး ရွှမ်ချန်နယ်စားမင်း လုကျန့်ကို တွေ့ခွင့်တောင်းလေသည်။

လုကျန့်သည် မင်းသမီးနင်းရွှဲ့ကို အပြုံးဖြင့် ကြည့်လိုက်ပြီး ၊ ဂါရဝပြုမည့် အရိပ်အယောင် လုံးဝ မပြပေ။

“မင်းသမီးက တစ်စုံတစ်ယောက် တကယ် နေမကောင်းဘူးလား ဆိုတာ လာကြည့်တာလား။”

ရွှမ်ချန်နယ်စားမင်း လုကျန့်က လှောင်ပြောင်လိုက်သည်။ ဟန်ဆောင်၍ နေမကောင်းချင်ယောင် ဆောင်ရန်ပင် စိတ်မပါတော့ပေ။

“ဒါမှမဟုတ် မင်းသမီးက ကျွန်တော့် မိသားစုဝင် ဘယ်နှယောက်လောက် ကျန်သေးလဲ ဆိုတာ လာပြောပြတာလား။”

မင်းသမီးနင်းရွှဲ့သည် အငယ်တစ်ယောက်အနေဖြင့် ရိုသေစွာ ဂါရဝပြုလိုက်ပြီး ပြောလိုက်သည်။ “နင်းရွှဲ့က ရွှမ်ချန်နယ်စားမင်းကို ဂါရဝပြုပါတယ်။”

“ပြောစရာရှိရင် ပြောပါ။” ရွှမ်ချန်နယ်စားမင်းက ပြောလိုက်သည်။ “ဒါပေမဲ့ စကားကို ဆင်ခြင်ပြီး ပြောပါ။”

မင်းသမီးနင်းရွှဲ့က ပြောလိုက်သည်။ “ကျွန်မ ရင်ထဲက စကားအနည်းငယ်ကို ရွှမ်ချန်နယ်စားမင်းကို ပြောပြချင်ပါတယ်။ ပထမအချက် ၊ ရွှမ်ချန်နယ်စားမင်းအနေနဲ့ တောင်ဘက်ကို ဆင်းပြီး တုပိုင်ကို ကူညီဖို့ မဖြစ်နိုင်ဘူး ဆိုတာ ကျွန်မ သိပါတယ်။ ဒုတိယအချက် ၊ ရှင်က နေမကောင်းချင်ယောင် ဆောင်ထားပြီးပြီဆိုတော့ ၊ အဆုံးထိ ဆက်ဟန်ဆောင်လိုက်ပါ။ တခြားသူတွေရဲ့ သွေးဆောင်ဖျားယောင်းမှုကို နားမယောင်ပါနဲ့။ တခြားသူတွေအတွက် မီးထဲက သစ်အယ်သီးကို ကောက်ပေးသလို အသုံးချမခံပါနဲ့။ ကောင်းကင်ကနေ မုန့် ကျလာမှာ မဟုတ်ပါဘူး။”

ရွှမ်ချန်နယ်စားမင်း လုကျန့်၏ မျက်လုံးများ အေးစက်သွားပြီး ပြောလိုက်သည်။ “မင်းသမီး။ ကောင်းကင်ကနေ မုန့် ကျလာချင်မှ ကျလာမှာပါ။ ဒါပေမဲ့ ကျွန်တော် အရင်က ကောင်းကင်က ကျလာတဲ့ မုန့်တစ်ပွဲ စားလိုက်ရတယ် မဟုတ်လား။ ငွေတုံး သုံးသိန်းတိတိလေ။”

မည်မျှ ယုတ်မာလိုက်သနည်း။ ဤငွေတုံး သုံးသိန်းသည် ဧကရာဇ်မင်းမြတ် ကိုယ်တိုင် အိတ်ကပ်ကို မှောက်၍ ၊ မင်းသမီးနင်းရွှဲ့၏ တပ်မတော်သစ်အတွက် ရိက္ခာငွေများကိုပင် အလွဲသုံးစားလုပ်ပြီး ရွှမ်ချန်နယ်စားမင်းကို ပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် ငွေကို ယူလိုက်ကာ ဘာမျှ မလုပ်ပေးသည့်အပြင် ၊ ဧကရာဇ်ကိုပင် ပြန်လည် လှောင်ပြောင်နေသေးသည်။

အမှန်တကယ် မိုက်မဲလွန်းလှသည်။ ရွှမ်ချန်နယ်စားမင်းက စိတ်ထဲတွင် လှောင်ပြောင်လိုက်သည်။ “ငါ့မိသားစုကို ဖမ်းချုပ်ထားရုံနဲ့ ငါက အလျှော့ပေးမယ်လို့ တကယ် ထင်နေတာလား။ မိန်းမ မရှိမှာ ၊ သားသမီး မရှိမှာကို ငါက ဘာကိစ္စ ပူနေရမှာလဲ။”

လောဘစိတ်သည် ဉာဏ်ကို မှောင်သွားစေတတ်သည်။

မင်းသမီးနင်းရွှဲ့က အေးစက်စွာ ပြောလိုက်သည်။ “ကျွန်မ ရွှမ်ချန်နယ်စားမင်းကို သတိပေးလိုက်ပါရစေ။ အကယ်၍ ရှင်က တကယ်ပဲ သူများအတွက် မီးထဲက သစ်အယ်သီး ကောက်ပေးပြီး ပိုင်ဆယ်မြို့ကို တိုက်ခိုက်မယ်ဆိုရင် ၊ ရှင် လုံးဝ ပျက်စီးသွားလိမ့်မယ်။”

“ဧည့်သည်ကို ပြန်ပို့လိုက်ကြ။” ရွှမ်ချန်နယ်စားမင်းက အေးစက်စွာ ပြောလိုက်ပြီး ၊ မင်းသမီးနင်းရွှဲ့ကို တိုက်ရိုက် မောင်းထုတ်လိုက်သည်။

ထို့နောက် သူသည် မင်းသမီးနင်းရွှဲ့၏ ကျောပြင်ကို လောဘတကြီး စိုက်ကြည့်ရင်း စိတ်ထဲတွင် ရေရွတ်လိုက်သည်။ “မင်းရဲ့ သိုင်းပညာသာ အရမ်း မမြင့်ရင် ၊ ဒါမှမဟုတ် ဖန်းကျန်ကျစ်က မင်းကို မထိခိုင်းလို့မဟုတ်ရင် ၊ ငါ ဒီနေ့ မင်းကို အတင်းအကျပ် ဆွဲထားပြီး နေဝင်တဲ့အထိ ပျော်ပါးလိုက်မိမှာ။ ပြိုင်ဘက်ကင်း အလှမယ်လို့ သတ်မှတ်ခံထားရတဲ့ ဧကရာဇ်ရဲ့ သမီးတော်ကို ဘယ်ယောက်ျားက မအိပ်ချင်ဘဲ နေမှာလဲ။”

နောက်တစ်နေ့တွင် ရွှမ်ချန်နယ်စားမင်း လုကျန့်သည် တုကျန့်ကို သွားတွေ့ပြီး ပြောလိုက်သည်။ “ရေတပ်မတော်ချုပ် ယွမ်ထျန်ကျောက်ရဲ့ တပ်မတော်က ဘာလို့ ပိုင်ဆယ်မြို့ကို မတိုက်တာလဲ။”

တုကျန့်သည် ရွှမ်ချန်နယ်စားမင်း လုကျန့်ကို ကြည့်ပြီး အေးစက်စွာ ပြန်မေးလိုက်သည်။ “ခင်ဗျား ဘယ်လို ထင်လို့လဲ။”

ရွှမ်ချန်နယ်စားမင်း လုကျန့် ကြောင်သွားသည်။

တုကျန့်က ပြောလိုက်သည်။ “ယွမ်ထျန်ကျောက်က အတော်လေး ဝဖြိုးနေပြီလေ။ ကျွန်တော်တို့ တုမိသားစုက သူ့ကို ထပ်ပြီး မဝစေချင်တော့ဘူး။ ရွှမ်ချန်နယ်စားမင်း မှတ်ထားပါ။ ကျွန်တော်တို့ တုမိသားစုမှာ စစ်တပ် မရှိဘူး ၊ ဒါကြောင့် ခင်ဗျားကို ရွေးချယ်လိုက်တာ။ ခင်ဗျား လုပ်ချင်ရင် လုပ် ၊ မလုပ်ချင်ရင် ကျွန်တော့်ရှေ့မှာ ဘာမှ လာမပြောနဲ့။”

ရွှမ်ချန်နယ်စားမင်း၏ မျက်လုံးများ ရုတ်တရက် တောက်ပလာပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သဘောပေါက်ပါပြီ။”

နေ့ဝက်ခန့် ကြာပြီးနောက် စိတ်မမှန်သော ရွှမ်ချန်နယ်စားမင်း၏ တပ်မတော်သည် တောင်ဘက်သို့ ချီတက်လာပြီး ၊ ယုံကျိုးစီရင်စုမှတစ်ဆင့် ကွမ်ရှီးပြည်နယ်ထဲသို့ ဝင်ရောက်ကာ ပိုင်ဆယ်မြို့သို့ ဦးတည် ချီတက်လာတော့သည်။

**--**--**--**--**--**--**--**

ဖူကျိုးမြို့။

ပိုင်ဆယ်မြို့နှင့် မိုင် သုံးရာကျော် ၊ တာ့ယန်နေပြည်တော်နှင့် မိုင် လေးရာအကွာ ၊ မြို့နှစ်မြို့၏ အလယ်တည့်တည့်တွင် တည်ရှိသည်။

လွန်ခဲ့သော လအနည်းငယ်က လီရူလုံသည် စစ်သည် တစ်သိန်းကို ဦးဆောင်ပြီး ပိုင်ဆယ်မြို့ကို တိုက်ခိုက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။ သူ၏ စစ်သည် သုံးသောင်းနီးပါး သေဆုံးပျက်စီးခဲ့ပြီး ၊ နောက်ဆုံးတွင် လူ ငါးထောင် ခြောက်ထောင်ခန့်သာ ပြန်လည် စုစည်းနိုင်ခဲ့သည်။

သို့သော် သူသည် လီရူဟိုင်၏ ညီတော် ၊ တာ့ယန်တိုင်းပြည်၏ တော်ဝင်မျိူးနွယ် ဖြစ်နေသည်။

လီရူဟိုင်သည် သူ့ကို ကြိမ်ဒဏ် တစ်ရာ ပေးပြီး ၊ တိုင်းပြည်အရှင်ဘွဲ့မှ စီရင်စုအရှင်ဘွဲ့သို့ ရာထူးလျှော့ချကာ ၊ စစ်သည် သုံးသောင်းကို ဦးဆောင်၍ ဖူကျိုးမြို့ကို စောင့်ကြပ်စေခဲ့သည်။

ဖူကျိုးမြို့သည် ပိုင်ဆယ်နှင့် တာ့ယန်နေပြည်တော်ကြားတွင် တည်ရှိပြီး မဟာဗျူဟာကျသော နေရာတစ်ခု ဖြစ်သော်လည်း ၊ စစ်သည် သုံးသောင်းဖြင့်သာ စောင့်ကြပ်ထားသည်။ အဘယ်ကြောင့်ဆိုသော် တုပိုင်တွင် တာ့ယန်တိုင်းပြည်၏ နယ်မြေကို တိုက်ခိုက်ရန် အင်အားအပို မရှိနိုင်ဟု လူတိုင်းက ယုံကြည်ထားသောကြောင့် ဖြစ်သည်။ စစ်သည် သုံးသောင်းဖြင့် ပိုင်ဆယ်မြို့ကို ကာကွယ်ရုံဖြင့် လုံလောက်သည်ဟု ယူဆထားကြသည်။

တုပိုင်၏ တပ်မတော် ရောက်လာလျှင်ပင် ဖူကျိုးမြို့ရှိ စစ်သည် သုံးသောင်းသည် စစ်ကူရောက်လာသည်အထိ ရက်အနည်းငယ်ကြာ တောင့်ခံထားနိုင်ပေလိမ့်မည်။

ဖူကျိုးမြို့သို့ ရောက်ရှိပြီးနောက် လီရူလုံသည် နေ့တိုင်း အရက်သောက်ပြီး ၊ လှုပ်ရှားလိုက်တိုင်း ဆဲဆိုကြိမ်းမောင်းနေတတ်သည်။

“တုပိုင်... ခွေးမသားလေး... မင်း စောင့်နေ... မင်း စောင့်နေ။”

“ဘုရင်မင်းမြတ်က ဘယ်တော့ စစ်တပ် လွှတ်မှာလဲ။ ငါ ဒီခွေးနေရာမှာ မနေချင်တော့ဘူး။ ငါ စစ်တိုက်ချင်တယ်။ ငါ တုပိုင်ကို သတ်ချင်တယ်။”

“ဘုရင်မင်းမြတ်က ဘာကို စောင့်နေတာလဲ။ စစ်သည် လေးသိန်းကျော် စုစည်းထားပြီးပြီလေ။ ဘာလို့ တုပိုင် ခွေးမသားလေးကို သွားမသတ်သေးတာလဲ။”

“နာကျည်းတယ်။ ငါ ဘယ်တော့မှ စစ်သည် ထောင်ချီကို ဦးဆောင်ပြီး တုပိုင်ဆိုတဲ့ ခွေးမသားလေးကို တစ်စစီ ခုတ်ပိုင်းပစ်ရမှာလဲ။”

အော်ဟစ်နေရင်း လီရူလုံသည် အရက်ကို ရူးသွပ်စွာ သောက်သုံးလိုက်သည်။ ထိုအချိန်၌ အပြင်ဘက်မှ စူးရှသော ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။ လီရူလုံ ကြောင်သွားသည်။ ရန်သူလာမှသာ ဤခေါင်းလောင်းကို တီးခတ်လေ့ ရှိသည်။ ယခု မည်သည့်အရပ်မှ ရန်သူ လာမည်နည်း။ တုပိုင်ဆိုသည့် ခွေးမသားလေးမှာ အိပ်ရာထဲ၌ တုန်နေလောက်ပြီ ဖြစ်သည်။

“ဘယ်ကောင်က ခေါင်းလောင်းကို လျှောက်တီးနေတာလဲ။ သွားသတ်လိုက်စမ်း။”

လီရူလုံ ဟိန်းဟောက်လိုက်သည်။ ထိုအချိန်၌ စစ်သည်တစ်ဦး အပြေးဝင်လာပြီး အော်ဟစ်လိုက်သည်။

“စစ်သေနာပတိချုပ်... စစ်သေနာပတိချုပ်... တုပိုင်က တပ်ကို ဦးဆောင်ပြီး ဖူကျိုးမြို့ကို တိုက်ခိုက်နေပါတယ်။”

လီရူလုံ ချက်ချင်း ထိတ်လန့်သွားသည်။ တုပိုင် ရူးသွားပြီလော။ သူ့ထံ၌ စစ်သည်အင်အား မည်မျှများ ရှိလို့နည်း။

ပိုင်ဆယ်မြို့ကို မကာကွယ်ဘဲ ၊ စတင် တိုက်စစ်ဆင်လာသည် ဟုတ်လေလော။ သူ သေချင်နေခြင်းလော။ ဦးနှောက်ထဲ ရေဝင်နေခြင်းလော။

ထို့နောက် ချက်ချင်းပင် လီရူလုံသည် ဝမ်းသာအားရ ပြောလိုက်သည်။ “ဗုံတီးပြီး စစ်သည်တွေကို စုစည်းလိုက်။ ဒီနေ့ ငါ မြို့ကို ခုခံကာကွယ်မယ်။ တုပိုင် ခွေးမသားလေးနဲ့ အသေအလဲ တိုက်ခိုက်ပြီး ၊ အရင်အရှက်ကို ပြန်ဆေးမယ်။”

“ဘုန်းးး ဘုန်းးး ဘုန်းးး ဘုန်းးး”

ရုတ်တရက် ဖူကျိုးမြို့အတွင်း စစ်ဗုံသံများ ထွက်ပေါ်လာသည်။ စစ်သည် သုံးသောင်း စတင် စုဝေးပြီး ၊ မြို့ရိုးပေါ်သို့ တက်ရောက်ကာ ၊ ကျောက်တုံးများ ၊ သစ်တုံးများ ၊ ရေနံဆီများ အစရှိသဖြင့် မြို့ကာကွယ်ရေး ပစ္စည်းများကို ပြင်ဆင်လိုက်ကြသည်။

**--**--**--**--**--**--**--**

တစ်နာရီခန့် ကြာပြီးနောက် တုပိုင်၏ စစ်သည် ငါးသောင်းသည် မြို့ရှေ့သို့ အမှန်တကယ် ရောက်ရှိလာကြသည်။

အလွန် အစွမ်းထက်သော လက်ရွေးစင်တပ်ဖွဲ့ကြီးသည် ဖူကျိုးမြို့ကို ပတ်ပတ်လည် ဝိုင်းရံလိုက်သည်။ ထိုသည်ကို လီရူလုံ မြင်လိုက်ရသည့်အခါ ရူးသွပ်စွာ ရယ်မောလိုက်လေသည်။

“ဟားဟားဟားဟား”

“တုပိုင်။ မင်းက အရူးပဲ။ မင်းက စစ်ရေးအမြင် မရှိတဲ့ ခွေးမသားလေး။ မင်းဆီမှာ စစ်သည် ငါးသောင်းပဲ ရှိတာ ၊ နှစ်သိန်း ၊ သုံးသိန်း မဟုတ်ဘူး။ အဲဒီတုန်းက ငါတို့ လီမိသားစုတောင် စစ်သည် တစ်သိန်းလောက်နဲ့ ပိုင်ဆယ်မြို့ကို မဝိုင်းရဲခဲ့ဘူး ၊ အင်အားပြန့်သွားမှာ စိုးလို့လေ။ မင်းရဲ့ စစ်သည် ငါးသောင်းက ငါ့ရဲ့ ဖူကျိုးမြို့ကို ပတ်ပတ်လည် ဝိုင်းထားတယ်ပေါ့။”

“မင်းရဲ့ ဝိုင်းထားတဲ့ တပ်က ပါးလွှာလွန်းလို့ ခြင်တောင် ဝင်လို့ရတယ်။”

“အရူးကောင် တုပိုင်။ မင်းက ဒီလို စစ်တိုက်တာလား။”

လီရူလုံ ပြောသည်မှာ မှန်ကန်သည်။ ဖူကျိုးမြို့သည် မကြီးမားသော်လည်း ၊ မြို့ပတ်လည်သည် ဆယ်မိုင်ကျော် ရှိသေး၏။ တုပိုင်၏ စစ်သည် ငါးသောင်းက ဝိုင်းရံထားခြင်းမှာ အမှန်တကယ်ပင် ပါးလွှာလွန်းပြီး ၊ စစ်သည်တစ်ဦးနှင့် တစ်ဦးကြား အလွန် ကျဲပါးနေသည်။

ဦးနှောက်မရှိသော စစ်သူကြီးသာလျှင် ဤကဲ့သို့ ဝိုင်းရံသည့် နည်းဗျူဟာကို အသုံးပြုလိမ့်မည်။

အမှန်တကယ် ထက်မြက်သူဆိုလျှင် သာနေသည့်အင်အားကို စုစည်းပြီး မြို့ရိုးတစ်ဖက် သို့မဟုတ် နှစ်ဖက်ကိုသာ တိုက်ခိုက်မည် ဖြစ်သည်။

လီရူလုံသည် ယခုအချိန်ထိ မူးနေဆဲ ဖြစ်သည်။ တုပိုင်၏ ကျဲပါးသော ဝိုင်းရံမှုကို မြင်လိုက်ရသည့်အခါ ဗိုက်နာသည်အထိ ရယ်မောလိုက်မိသည်။ ဗိုက်ကယ်နေသကဲ့သို့ ခံစားရသဖြင့် ဘောင်းဘီကို ဆွဲချပြီး ၊ တုပိုင် ရှိရာဘက်သို့ ချိန်ရွယ်ကာ ဆီးသွားလိုက်ရင်း ရယ်မောလိုက်သည်။

“တုပိုင်။ မင်းရဲ့ စစ်တပ်ဝိုင်းရံမှုကို ငါ့ရဲ့ ဆီးနဲ့တင် ဖြိုခွင်းလိုက်လို့ ရတယ်ကွ။”

“ငါ မင်းနဲ့ လောင်းရဲတယ်။ ငါးရက်အတွင်း ငါ့ရဲ့ ဖူကျိုးမြို့ရိုး တစ်ဖက်ကို မင်း သိမ်းနိုင်ရင် ၊ ငါ မင်းရဲ့ မြေး လုပ်ပေးမယ်။”

“ဒါပေမဲ့ မင်း ငါးရက်တောင် စောင့်နိုင်မှာ မဟုတ်ပါဘူး။ အများဆုံး သုံးရက်ပဲ ၊ ဘုရင်မင်းမြတ်ရဲ့ မြင်းစီးတပ်တွေ ရောက်လာရင် မင်းတို့ တပ်မတော်တစ်ခုလုံး သေပြီသာ မှတ်။”

“တုပိုင်။ မင်း ဘာတွေ တွေးနေတာလဲ။ စစ်သည် သောင်းဂဏန်းလောက်နဲ့ ငါတို့ လီမိသားစုရဲ့ စစ်သည် လေးငါးသိန်းကို လာတိုက်ရဲတယ်။ ပိုင်ဆယ်မြို့ထဲမှာ ပုန်းမနေဘဲ ၊ တိုက်စစ်လာဆင်တယ် ဟုတ်လား။ ရယ်စရာကြီးကွာ။ မင်းက သင်းကွပ်ခံထားရလို့ ဦးနှောက်ပါ သင်းကွပ်ခံလိုက်ရပြီလား။”

လီရူလုံ ရယ်မောလိုက်သကဲ့သို့ ၊ မြို့ရိုးပေါ်ရှိ လီမိသားစု စစ်သည် သောင်းချီကလည်း လိုက်လံ ရယ်မောကြသည်။

သူတို့အမြင်တွင် တုပိုင်သည် အမှန်တကယ် ရယ်စရာကောင်းနေသည်။ လူအင်အား သောင်းဂဏန်းခန့်ဖြင့် စစ်သည် လေးငါးသိန်းရှိသော လီမိသားစု၏ တာ့ယန်တိုင်းပြည်ကို စတင်တိုက်ခိုက်သည်မှာ ရယ်စရာ ဖြစ်သည်။

ထို့အပြင် စစ်သည် ငါးသောင်းဖြင့် ဝိုင်းရံသည့် နည်းဗျူဟာကို သုံးထားသေးသည်။

“ရဲဘော်တို့။ အားလုံး ပစ္စည်း ထုတ်လိုက်ကြ။ ငါတို့ ဆီးနဲ့ပဲ တုပိုင်ရဲ့ ဝိုင်းရံမှုကို ဖြိုခွင်းကြမယ်။”

မူးနေသော လီရူလုံက ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။

ရုတ်တရက် မြို့ရိုးပေါ်ရှိ လီမိသားစု စစ်သည် သုံးသောင်းသည် ခါးပတ်များကို ဖြေပြီး ၊ ပစ္စည်းများကို ထုတ်ကာ မြို့ရိုးအောက်သို့ ဆီးသွားလိုက်ကြသည်။

မြင်ကွင်းမူ အမှန်တကယ်ပင် ခမ်းနားသည်။

သောင်းနှင့်ချီသော ရေပန်းများသည် တုပိုင်၏ ပါးလွှာသော ဝိုင်းရံမှုကို အမှန်တကယ်ပင် ချေမှုန်းပစ်တော့မည့်အလား ထင်ရသည်။

အဓိကအချက်မှာ တုပိုင်သည် မြို့ကို လာရောက်တိုက်ခိုက်ရာ၌ ကျောက်ခဲပစ်စက်ပင် တစ်လုံးမျှ ပါမလာခဲ့ပေ။

မြို့ကို လာရောက် တိုက်ခိုက်ခြင်းလော ၊ ဟာသ လာရောက် လုပ်ဆောင်ခြင်းလော။

လီရူလုံက တုပိုင်ကို ကြည့်ပြီး ရယ်မောလိုက်သည်။

“တုပိုင်။ မင်း မြို့တိုက်ဖို့ အချိန်ကျပြီလေ။ လာလေ။ အဘိုးက စောင့်နေတယ်။”

လီရူလုံသည် ဆီးသွားပြီးနောက် ၊ သူ၏ အသက်သွေးကြောကို ကိုင်လျက် အားရပါးရ ခါလိုက်သည်။

တုပိုင်သည်တော့ တည်ငြိမ်စွာဖြင့် ဖျက်ဆီးခြင်းမြှား တစ်စင်းကို ထုတ်ယူလိုက်၏။ မြှားတွင် အမှောင်ဒြပ်ထု တစ်စက် ပါဝင်ပြီး ၊ ပေသုံးရာ အချင်းဝက်ကို ဖျက်ဆီးနိုင်စွမ်း ရှိသည်။ ပေသုံးရာ အချင်းဝက်ဆိုသည်မှာ ဘောလုံးကွင်းလေးကွင်းစာရှိ၏။

တုပိုင်သည် ဆက်လက်ပြီး တည်ငြိမ်စွာဖြင့် မီးစာကြိးြအား ငရဲမီးတောက်ဖြင့် မီးညှိလိုက်၏။ စက္ကန့်အနည်းငယ် ကြာပြီးနောက် အမှောင်ဒြပ်ထုသည် အရောင်ပြောင်းသွားပြီး ၊ အနီရောင် ၊ ထို့နောက် အဖြူရောင် ဖြစ်​သွားလေသည်။

“ရွှီးးးးးးးး”

ထက်မြက်သော မြှားတစ်စင်းသည် လေထဲတွင် လှပသော မျဉ်းကွေးတစ်ခု ရေးဆွဲလျက် ၊ မြို့ရိုးပေါ်ရှိ လီရူလုံနှင့် သူ့ဘေးပတ်လည်ရှိ လီမိသားစု စစ်သည်များထံသို့ ပျံသန်းသွားလေ၏။

ပေတစ်ထောင်ကျော် အကွာအဝေးသို့ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ တုပိုင်ကဲ့သို့ မဟာသိုင်းပညာရှင်တစ်ဦးကသာ လျှို့ဝှက်ရွှေလေးကို အသုံးပြုပြီး ဤမျှ အံ့မခန်း အကွာအဝေးကို ပစ်ခတ်နိုင်ခြင်း ဖြစ်သည်။

လီရူလုံသည် ကောင်းကင်မှ ကျလာသော မြှားတစ်စင်းကို ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

“မင်းက မြို့ကို လေးနဲ့မြှား သုံးပြီး တိုက်မလို့လား။ ငါ့ကို ရယ်လို့သေအောင် လုပ်ပြီး ငါ့ရဲ့ ကိုယ်လုပ်တော်ကို သိမ်းပိုက်မလို့လား။”

“ဒေါက်”

တုပိုင်၏ မြှားသည် လီရူလုံ၏ ရှေ့ ဆယ်ပေခန့်အကွာ မြို့ရိုးအုတ်ချပ်ပေါ်တွင် စိုက်ဝင်သွားလေသည်။

လီရူလုံ ရှေ့သို့ တိုးလာပြီး ၊ ဘောင်းဘီထဲမှ ပစ္စည်းကို ထုတ်ကာ ၊ အောင့်ထားသော ဆီးအနည်းငယ်ကို တုပိုင် ပစ်လိုက်သော ဖျက်ဆီးခြင်းမြှားပေါ်သို့ ညှစ်ချလိုက်သည်။

သို့သော် ထိုအခိုက်သည် ရုတ်တရက် လီရူလုံသည် အန္တရာယ်ကို အလိုအလျောက် ခံစားလိုက်ရပြီး ၊ နောက်သို့ လျင်မြန်စွာ ဆုတ်ခွာလိုက်သည်။

သို့သော် နောက်ကျသွားပြီဖြစ်၏။ သူ့ရှေ့ရှိ ကမ္ဘာကြီးတစ်ခုလုံး ချက်ချင်း အစိမ်းရောင် မီးတောက်များဖြင့် လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရသည်။

“ဝုန်းးး” ကမ္ဘာမြေကြီး တုန်ခါသွားစေသော အစိမ်းရောင် ငရဲမီးတောက်ကြီး ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

ထို့နောက် အရာအားလုံး ပျောက်ကွယ်သွားလေတော့သည်။

ကုန်းကုန်းဧကရာဇ်။ အပိုင်း ၅၅၆ ပြီး။

မူရင်းစာရေးဆရာ - Silent Cake And Pastries

ဘာသာပြန် - Author Chang’e 🌕

True Immortal Team

All Chapters