တိုင်ကွန်း အန်
Vol. 17 Ch. 241
ကောင်းကင်တွင် မီးပုံးများ အစီအရိ ချိတ်ဆွဲထားသည်မှာ ပန်းပွင့်များနှင့် တူလေသည်။ ထိုမီးပုံများသည် ကောင်းကင်အား ဖုံးအုပ်ထားလေသည်။
ပုရွက်ဆိတ်တပ်မအား သုတ်သင်ခဲ့သည်ဆိုသော သတင်းနှင့် မြူခိုးနက်တံတား ပျောက်ကွယ်သွားပြီဟူသော သတင်းတို့မှာ လျင်မြန်စွာ ပျံ့နှံ့သွားလေသည်။ ကောင်းကင်မြစ်ပြည်နယ်တွင် နေထိုင်ကြသူများမှာ ထိုသတင်းကြောင့် အလွန်အမင်း ပျော်ရွှင်လျက်ရှိကြပြီး မြို့တိုင်းတွင် ပျော်ပွဲရွှင်ပွဲများ ကျင်းပကြလေသည်။
အန်လင်းနှင့် စုရှောင်လန်တို့သည် လူစည်ကားရာ လမ်းများသို့ လှည့်လည်သွားလာကြပြီး အရာသာရှိသည့် ဒေသစာများအား စားသောက်ကြလေသည်။ ထိုအစားအစားများအား အများအပြား ဝယ်ယဓကာ သိုလှောင်လက်စွမ်များအတွင်းသို့ ထည့်သွင်းယူဆောင်သွားကြသေးသည်။
များမကြာမီတွင် သူတို့နှစ်ဦးသည် ဘုံကျောင်းတစ်ခု၏ အခြေသို့ ရောက်ရှိလာကြသည်။
ယင်းမှာ အဖြူရောင်အုတ်များဖြင့် ဆောက်လုပ်ထားသည့် ဘုံကျောင်းတစ်ခုဖြစ်ပြီး ရွှေရောင်အမိုးများဖြင့် တလက်လက် တောက်ပနေလေသည်။ တောက်ပသည့် တိမ်တိုက်များ ရစ်ဝဲနေပြီး စီရင်စုအား ရစ်ပတ်ထားသည့် ကျားတစ်ကောင်နှင့်ပင် တူလှသည်။ တံခါးဝတွင် ကျောက်ချပ်ပြားတစ်ခု ချိတ်ဆွဲထားပြီး ရွှေဘုံစံကျောင်း ဟူ၍ ရေးထိုးထားလေသည်။
အန်လင်း၏မျက်လုံးများ အရောင်လက်လာသည်။ “ရွှေဘုံစံကျောင်းက ကောင်းကင်မြစ်ပြည်နယ်မှာရှိတဲ့ ရတနာကျောင်းတော်တွေထဲမှာ အကောင်းဆုံးထဲက တစ်ကျောင်းတဲ့။ အရမ်းရှားပါးတဲ့ ရတနာတွေနဲ့ အံ့ဖွယ်လက်နက်တွေ ရှိတယ်ဆိုပဲ။”
“နင့်မှာ မိစ္ဆာရှင်းဓားနဲ့ လောကထွင်းအပ် ရှိပြီးသားလေ။ အဲဒါတောင်မှပဲ ရတနာပစ္စည်းတွေ ထပ်လိုချင်နေသေးတုန်းပဲလေား။ တကယ်ကော စိတ်ဝင်စားလို့လား။” စုရှောင်လန်သည် ရယ်မောကာဖြင့် ပြောလေသည်။
“အာ တကယ်တော့ ငါဝယ်ချင်တာ ဘာမှမရှိပါဘူး။ ငါ့မှာ တော်တော်များများ ရှိနေပြီးသားဆိုတော့ ပြန်ရောင်းမလို့ပါ။”
“ဥပမာဆိုရင်ဟာ ရှားပါးတဲ့ သန့်စင်ပြီးသား သတ္တုတွေ။ အဲဒါတွေကို ဘယ်လိုသုံးရမယ်ဆိုတာ ငါမသိဘူးလေ။ အဲဒီတော့ ငါ့အတွက် အသုံးမဝင်ဘူး။ ရှားပါးတဲ့ ဆေးမြစ်တွေလည်း ရှိသေးတယ်။ အဲဒါတွေကို ငါက ဆေးးမဖော်တတ်ဘူးလေ။ အဲဒီတော့ ငါ့အတွက် အသုံးမလိုဘူးပေါ့။ အဆင့်မြင့်စိတ်ဝိညာဉ်ပစ္စည်းတစ်ခုလည်း ရှိနေသေးတယ်။ အလယ်အလတ်အဆင့် စိတ်ဝိညာဉ်ပစ္စည်း ၂ ခု ကောပဲ။ အခြေခံအဆင့်က ၉ ခု ရှိတယ်။ ကောင်းကင်တိမ်တိုက်နန်းတော်က အကြီးအကဲတွေ ပိုင်ဆိုင်ထားတဲ့ ပစ္စည်းတွေလည်း ရှိနေသေးတယ္. အဲဒါတွေကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလို့ရရင် ကောင်းမယ်။”
အန်လင်းမှာ စိတ်ရှုပ်ထွေးဟန်ဖြင့်ပြောလေသည်။ သူ့အတွက် အသုံးမလိုသည့် ပစ္စည်းများအား စစ်ဆေးကြည့်လိုက်သည်။ စုရှောင်လန်မှာ ရှုံ့မဲ့နေပြီ ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးနှင့် စကားပြောရသည်မှာ စိတ်ပင်ပန်းစရာပင်။ သူမမှာ သူတောင်းစားတစ်ဦးကဲ့သို့ ခံစားနေရသည်။
သူတို့နှစ်ဦးသည် တပိုင်ပေါ်မှ ခုန်ဆင်းလိုက်ပြီးနောက် ရွှေဘုံစံကျောင်းအတွင်းသို့ ဝင်ရာက်သွားခဲ့ကြသည်။
ဝင်ကြေးမှာ စိတ်ဝိညာဉ်ကျောက်တုံး ၂၀၀ ဖြစ်သည်။ ဝင်ကြေးကန့်သတ်ထားရခြင်းမှာ လူအများအပြားသည် ဤနေရာသို့ စိတ်တိုင်းကျ ဝင်ထွက်သွားလာခြင်း မပြုနိုင်ရန်ဖြစ်သည်။ ထို့ကြောင့် အဆင့်မြင့်ပုဂ္ဂိုလ်များသာ ဝင်ရောက်နိုင်လေသည်။
“ကြိုဆိုပါတယ် သခင်လေးနဲ့ မမလေး။ ကျွန်တော်က ဟွမ်ရှစ်ပါ။ ဒီမှာရှိတဲ့ အကူတွေထဲက တစ်ယောက်ပါ။ ဘာပစ္စည်းတွေ ဝယ်ယူချင်ပါသလဲ။” အပြောအဆို ချိုသာသည့် အမျိုးသားတစ်ဦး လျှောက်လှမ်းလာပြီးနာက် မိတ်ဆက်လာသည်။ စုရှောင်လန်အား မြင်လိုက်ရသည့်အခါတွင် သူ၏မျက်လုံးများမှာ အံ့ဩမှုများ ပေါ်ထွက်လာသည်။ သို့သော်လည်း ချက်ချင်းပင် အမူအရာအား ထိန်းလိုက်နိုင်ပြီး လက်နှစ်ဖက်အား ယှက်သန်းကာဖြင့် အရိုအသေပေးလေသည်။
အန်လင်းသည် လက်များအားဝှေ့ယမ်းကာဖြင် “အာ ကျွန်တော်က ပစ္စည်းဝယ်ချင်လို့ မဟုတ်ပါဘူး။ ပစ္စည်းရောင်းချင်လို့ပါ။”
ဟွမ်ရှစ်သည် အန်လင်းအား ခိုးကြည့်လိုက်ပြီးနောက် တွက်ဆလိုက်သည်။ ထိုလူ၏ အော်ရာမှာ သာမန်သာလျှင်ဖြစ်သည်။ ကျင့်ကြံခြင်းမှာလည်း သေချာပေါက် မြင့်မားလိမ့်မည် မဟုတ်ချေ။ အဝတ်အစားမှဦလည်း ရိုးရိုးရှင်းရှင်း အဖြူရောင်ကိုသာ ဝတ်ဆင်ထားပြီး အဖိုးတန်တစ်ခုမျှ မရှိချေ။ သေသေချာချာ စစ်ဆေးပြီးသည့်နောက်တွင် သူ၏လက်များကို ယှက်သမ်းကာဖြင့် “ရွှေဘုံစံကျောင်းက ရတနာပစ္စည်းတွေကို ဝယ်ယူတဲ့အခါမှာ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ပဲ ကမ်းလှမ်းပါတယ်။ ဒါပေမဲ့လည်း အလယ်အလတ်အဆင့်ရှိတဲ့ မှော်ပစ္စည်းများနှင့် အထက်ကိုသာ ကျွန်တော်တို့ ဝယ်ယဓပါတယ်။ ဆေးလုံး၊ ဆေးရည်နဲ့ ရှားပါးသတ္တုတွေအတွက်ကတော့ စိတ်ဝိညာဉ်အဆင့်နဲ့ အထက်ကိုသာ လက်ခံပါတယ်။ အဆင့်နိမ့်ပစ္စည်းတွေကို လက်မခံပါဘူး။”
“အိုး ကျွန်တော့်မှာ မှော်ပစ္စည်းတွေ မရှိဘူး။”
ဟွမ်ရှစ် မျက်မှောင်ကြုတ်လိုက်သည်။ “အဲဒါဆိုရင်လည်း အရမ်း....”
“ဒီ စိတ်ဝိညာဉ်ပစ္စည်းတွေကို အရင်ဆုံး ရောင်းချင်ပါတယ်။”
ဟွမ်ရှစ် : “…”
စိတ်ဝိညာဉ်ပစ္စည်း အများအပြားတဲ့လား။ အလယ်အလတ်အဆင့်ရှိတဲ့ ကျင့်ကြံခြင်းဂိုဏ်းတွေမှာတောင် ဒီလောက်များများ မရှိဘူး။
ဟွမ်ရှစ်သည် ရှုံ့မဲ့ကာဖြင့် သူ၏အပြုအမူအား ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။ “ကောင်းပါပြီ သခင်လေး။ ကျွန်တော့်နောက်က လိုက်လာခဲ့ပါ။”
အန်လင်းမှာ လူချမ်းသာတစ်ဦးနှင့် မတူသော်လည်း ဟွမ်ရှစ်သည် တာဝန်ကျေပွန်စွာ ထမ်းဆောင်လေသည်။ သူ၏ခံစားချက်များအား မျိုသိပ်ဖိနှိပ်ထားပြီးနောက် လမ်းပြခေါ်ဆောင်သွားလေသည်။
သူ၏အတွေးထဲတွင် တွေးနေမိသည်မှာ အန်လင်းသည် သူ့အား လှည့်စားရဲမည်ဆိုလျှင် အသိစိတ်ပျောက်သွားသည့်အထိ ရိုက်နှက်ပစ်လိုက်မည် ဟူ၍ ဖြစ်သည်။
“သခင်လေး ဒါတွေက ကျွန်တော်တို့ ရွှေဘုံစံကျောင်းရဲ့ ရာဖြတ်တွေဖြစတဲ့ ဟေးမူနဲ့ လျှိုဟော် ပါ။” ဟွမ်ရှစ်သည် အန်လင်းနှင့် စုရှောင်လန်တို့အား အခန်းတစ်ခုအတွင် းခေါ်ဆောင်သွဦးပြီးနောက် အကြီးအကဲနှစ်ဦးနှင့် မိတ်ဆက်ပေးလိုက်လေသည်။
ထိုအကြီးအကဲ နှစ်ဦးစလုံးမှာ ဆံပင်ဖြူများနှင့် စူးရှသည့်မျက်လုံးများ ရှိလေသည်။ သူတို့၏ သွင်ပြင်များမှ လောကဓံအား ရင်ဆိုင်ကြုံတွေ့ထားရသည့်အတွက် အသိပညာနှင့် ပြည့်စုံနေကြဟန်ပင်။
အင်း.. သူတို့ရဲ့ သွင်ပြင်နဲ့ အမူအရာတွေကတော့ မဆိုးပါဘူး။
အန်လင်းသည် ထိုလူနှစ်ဦးအား စိတ်ထဲတွင် လက်မထောင်ပြလိုက်သည်။
“လူငယ်လေးက စိတ်ဝိညာဉ်ပစ္စည်းတွေ ရောင်းချချင်လို့လား။” အန်လင်းအားကြည့်ကာဖြင့် ဟေးမူသည် ထိုလူငယ်၏ သွင်ပြင်အား အကဲခတ်လိုက်သည်။ ဤသို့သော ရှားပါးသည့် ပစ္စည်များအား ပိုင်ဆိုင်ထားသူထံတွင် ရှားပါးသည့်ရတနာများ ရှိပေလိ့မည်။ ထို့ကြောင့် သူ၏ လေသံတွင် မယုံကြည်သည့် အရိပ်အယောင်များ ပါဝ၍နေလေသည်။
***