← Chapters

အရှက်မဲ့ခြင်း

Vol. 138 Ch. 1919

အရှက်မဲ့ခြင်း

Vol. 138 Ch. 1919

ငါတို့ သွားကြည့်ကြမှာလားတဲ့။ သေချာပေါက် သွားကြည့်မှာပေါ့။ သူတို့ တွေ ဒီအထိရောက်လာပြီးမှတော့ သေချာပေါက် ကြည့်ရမှာပေါ့။

ဒါပေမဲ့ သူတို့ ဘယ်လိုလုပ်ရမလဲ။ တစ်ဖက်ကနေပဲ စောင့်ကြည့်ရမလား ဝင်ပါမလား။

“ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မတို့တွေ အငွေ့အသက်ကို ဖုံးထားပြီး အနီးကပ် ကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

သူတို့တွေသည် သန်မာသူများထဲမှ သန်မာသူများဖြစ်ကြသည်။ ထို့ကြောင့် အငွေ့အသက်ကို ဖုံးကွယ်ရန်မှာ အရေးကြီးလှသောကိစ္စတော့ မဟုတ်ပေ။ သူမ ထိုသို့ပြောသဖြင့် အားလုံးသည် အငွေ့အသက်များကို ဖုံးကွယ် လိုက်ပြီး တိုက်ပွဲနေရာသို့ ချဉ်းကပ်သွားကြလေသည်။

သူတို့ကို အံ့ဩစေသည်မှာ လမ်းတစ်လျှောက်တွင် ကျောက်ဆောင်များ ရှိနေပြီး နောက်ဆုံးတွင် မြေကြီးမှထွက်နိုင်ကာ တောင်ထူသော စိမ့်မြေသို့ ရောက်လသည်။

တောင်ထိပ်တစ်ခုတွင် လူနှစ်ယောက်သည် ပြင်းထန်သော တိုက်ပွဲနွှဲနေ ကြသည်။ တောင်ခြေရှိ စိမ့်မြေတွင်တော့ အဖွဲ့နှစ်ဖွဲ့သည် တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်နေကြသည်။ ရွှံကျောက်ဆောင်အလယ်တွင်တော့ ဖြူစွတ်နေ သည့် ပန်းတစ်ပွင့်သည် ပွင့်လန်းနေသည်။

ပန်းပွင့်အရွယ်အစားမှာ ပန်းကန်လုံးကြီးတစ်လုံး အရွယ်အစားဖြစ်ပြီး ပွင့်ဖတ်များမှာလည်း ထူထဲပြီး လတ်ဆတ်လှကာ လင်ဇီးနှင့်ပင် ဆင်တူလေ သည်။ သို့သော် အထဲနှင့်အပြင်တွင် ပွင့်လွှာသုံးလွှာရှိရာ ကြာပန်းနှင့်လည်းတူ သည်။ တိုက်ခတ်လာသော လေညှင်းသည် ပန်းရနံ့ကိုသယ်ဆောင်လာသည်။

“နှစ်တစ်သောင်း နှင်းမှိုပွင့်ပဲ” ရှီမာယူယူသည် ထိုပန်းကိုမှတ်မိရာ တအံ့ တဩ အော်လေသည် “ဒီမှာ ဒီလိုရတနာရှိလိမ့်မယ်လို့ ထင်မထားဘူး”

“ဒါက တန်ဖိုးကြီးလား” အရိပ်မည်း မေးလိုက်သည်။

“ရောဂါပျောက်ဖို့အတွက် သူတော်စင်ဆေးပဲ” ဟွမ်သည် ထိုအရာများနှင့် ပတ်သက်လျှင် အရိပ်မည်းထက်ပိုသိသည်။ ပြီးနောက် ဤနှင်းမှိုပွင့်သည် သူ သိထားသည့်အရာဖြစ်သည်။

အရိပ်မည်းသည် ထိုမှိုပွင့်၏ အထူးသက်ရောက်မှုများကို မသိသော်လည်း ကုသရန်အတွက် အသုံးဝင်သည်ဟုဆိုသဖြင့် တန်ဖိုးကြီးသည်ဟုမှတ်ယူလိုက် သည်။

“နှင်းမှိုပွင့်က ဝိညာဉ်သားရဲတွေကို ဆွဲငင်တတ်တယ်ဆိုတော့ ရှင်သန်ဖို့ မလွယ်ဘူး.. မှိုပွင့်ကြီးမလာခင်ကို ဝိညာဉ်သားရဲတွေက စားပစ်တတ်ကြတာ.. အဲတော့ နှစ် နှစ်ထောင်သက်တမ်းကျော်တဲ့ နှင်းမှိုပွင့်တွေ့ရတာ တော်တော်ရှား တယ်.. ဒီမှာ နှစ်တစ်သောင်းသက်တမ်းရိတဲ့ မှိုပွင့်တွေ့ရမယ်လို့ ထင်မထားဘူး” ရှီမာယူယူသည်လည်း ထိုနှင်းမှိုပွင့်ကို သဘောကျသည့်အနေနှင့် အူမြူးစွာ ပြောလေသည်။

“ဒီမှာ သဘာဝအတားအဆီးရှိနေတယ်” ဝူလင်းယူသည် ကြည့်ပြီးနောက် ဆက်ပြောလေသည် “ဒါက ဒီနှင်းမှိုပွင့် ရှင်သန်ဖို့အတွက် ပတ်ဝန်းကျင် ကောင်း ကောင်းရှိအောင်လို့ လုပ်ထားတာပဲ”

အဲဒါကြောင့် အဲလူတွေက မြေအောက်ကနေ လာကြတာပဲ။ ဘာလို့လဲ ဆိုတော့ အပေါ်ကနေဆို ဒါကိုမရနိုင်ဘူးလေ။

“ဘုန်း…”

အားကောင်းလှသော စွမ်းအားသည် တောင်ကိုပိပြားသွားစေပြီး မြေကြီး ကိုပါ လှုပ်ခါစေသည်။ ထိုတိုက်ကွက်ပြီးနောက် တိုက်ခိုက်နေသော နှစ်ယောက် သည် တောင်ပေါ်မှကျလာသည်။ အဖြူဝတ်ထားသော လူငယ်သည် ပို၍ ဒဏ်ရာပြင်းထန်ကာ အနက်ဝတ်ထားသော တခြားတစ်ယောက်မှာ ပို၍ အေးအေးဆေးဆေး ဖြစ်နေပုံပင်။

“ဝေ့ရှင်း ခင်ဗျား ကတိမတည်ဘူး” အဖြူဝတ်ထားသောလူသည် ရင်ဘတ်ကို ဆုပ်ကိုင်ထားကာ ဖြူစွတ်နေသော အဝတ်တွင် နီရဲနေသည့် သွေး များစွန်းထင်းနေသည်ကို အလွန်ရှက်ရွံ့နေသည့်ပုံပင်။

ဝေ့ရှင်းသည် ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည် “ငါက ကတိပေးထားတာရှိ လို့လား”

“ဝေ့ရှင်း ရှင် တကယ်ပဲ နှင်းမှိုပွင့်ကို ကျွန်မတို့နဲ့ လုချင်တာလား.. အခု ဘာတွေလုပ်နေတာလဲ” အနီဝတ်ထားသော မိန်းကလေးသည် အောက်မှအော် လေသည် “ရှင်က ကျွန်မတို့ မိသားစုက ပေးတဲ့ငွေကိုယူပြီး အခု နှင်းမှိုပွင့်ကို လာလုချင်သေးတယ်.. ကောင်းကင်က မိုးကြိုးပစ်မှာကို မကြောက်ဘူးလား”

“ငါတို့ သဘောတူထားတာက လမ်းပေါ်က အတားအဆီးတွေကို ရှင်းပေး ဖို့ပဲလေ… မင်းတို့က အဲအတွက် ပိုက်ဆံပေးထားတာလေ မဟုတ်ဘူးလား.. လမ်းတစ်လျှောက်မှာ ငါ မရဏာဝိညာဉ်သားရဲတွေကို သတ်ပေးခဲ့တယ်မဟုတ် ဘူးလား” ဝေ့ရှင်းသည် အေးစက်စွာ နှာမှုတ်လေသည် “ငါက ငါတို့သဘောတူ ထားတဲ့အတိုင်း လုပ်နေတာပဲမဟုတ်ဘူးလား.. အခု  နှင်းမှိုပွင့်ကိုရှာတွေ့ပြီ ငါတို့ သဘောတူထားတာလည်း ပြီးသွားပြီ.. နိုင်တဲ့သူက ဒီနှင်းမှိုပွင့်ကိုရမှာပဲ”

“ဝေ့ရှင်း ရှင်က တကယ်ကောက်ကျစ်တာပဲ.. အစကတည်းက နှင်းမှိုပွင့် ကိုလိုချင်နေတာမလား” အနီဝတ်ထားသော မိန်းကလေး‌ အော်လေသည် “အဲဒါကြောင့် ရှင် ဒီလိုမျိုးကတိပေးလိုက်တာ.. ကျွန်မတို့ ခေါင်းဆောင်ကို ကယ်ဖို့အတွက် ဒီနှင်းမှိုပွင့်ကို လိုနေတာသိရဲ့သားနဲ့ ဘယ်လိုလုပ် ဒီလိုလုပ်နိုင် ရတာလဲ”

“ဟားဟား ဘာလို့မလုပ်နိုင်ရမှာလဲ” ဝေ့ရှင်းသည် သူတို့ကို စိတ်မဝင်စား သလိုကြည့်လေသည် “ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့က ဒီနေ့ဒီနေရာမှာ သေမှာပဲ.. ငါတို့ရဲ့ ပြီးခဲ့တဲ့ခင်မင်မှုကို ထောက်ထားပြီး ဘယ်လိုသေခွင့်ပေးမလဲဆိုတာကို ပြောပေးမယ်.. မင်းတို့ မလာခင်ကို ကျန်းမျိုးနွယ်က ငါ့ကိုလာရှာပြီးပြီ”

“ဘာပြောလိုက်တယ်”

“ဟားဟား မင်းတို့ တောင်းဆိုတာကို သဘောတူဖို့ သူတို့က ပိုက်ဆံပေး ခဲ့တယ်.. အဲဒါတွေပြီးတာနဲ့ နှင်းမှိုပွင့်က ငါ့ဟာဖြစ်သွားပြီ ဒီလိုဆိုရင် ငါက ရတနာရတဲ့အပြင် နှစ်ဖက်လုံးက ပိုက်ဆံလည်းရတယ်”

“အရှက်မဲ့လိုက်တာ”

“ဘာကို အရှက်မဲ့တာလား.. မင်းမှာ ဒီလိုအားရှိရင် ငါ့ကိုလာရှာစရာလိုပါ ဦးမလား.. ဒီကမ္ဘာမှာ သန်မာတဲ့လူကပဲ လွှမ်းမိုးနိုင်မယ်.. ဟားဟား တစ်လက် စတည်း မင်းကို တစ်ခုထပ်ပြောလိုက်ဦးမယ်… မင်းတို့ကို နောက်ဆုံးရှင်းပေးဖို့ ကျန်းမျိုးနွယ်က အပြင်မှာ လူတွေနဲ့ဝိုင်းထားပြီးပြီ… နောက်ရက်ပိုင်းအတွင်း ဆို ဒီအနောက်ဖျားဒေသမှာ ဟွားမျိုးနွယ်ဆိုတာမရှိတော့ဘူး”

“ဘာ” ဟွားမျိုးနွယ်သည် မှင်တက်ကုန်ကြသည်။ ကျန်းမျိုးနွယ်က အခု တလော အလှုပ်အရှားမရှိပါဘူး။ ဘယ်လိုလုပ် သူတို့ နားတွေ မျက်လုံးတွေကို ရှောင်ပြီး အပြင်မှာလူစုနိုင်ရတာလဲ။

“ရှင် လိမ်နေတာ မဖြစ်နိုင် ရှင် ကျွန်မတို့ကို လိမ်နေတာပဲ” အနီဝတ်ထား သော မိန်းကလေးသည် အော်ပြီး အပြေးသွားရန်ပြင်လိုက်သော်လည်း အနားမှ လူများ၏ ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။

“ငါ မင်းကိုလိမ်လိုက်လို့ ဘာကောင်းသွားမှာမို့လို့လဲ မင်းတို့ ဟွားမျိုးနွယ် ကို ရှင်းထုတ်နိုင်တာနဲ့ ပိုင်ဆိုင်မှုရဲ့သုံးပုံတစ်ပုံကို ငါတို့ကိုပေးမယ်လို့ ကျန်းမျိုး နွယ်က ပြောပြီးပြီ.. ငါတို့ဝေ့မျိုးနွယ်က ဘာမှလုပ်စရာကိုမလိုဘူး မင်းတို့ကို မကူညီတာနဲ့ အကျိုးအမြတ်တွေတောင်ရဦးမယ်”

“ဝေ့ရှင်း.. ဝေ့မျိုးနွယ်နဲ့ ဟွားမျိုးနွယ်တို့က အမြဲတမ်း တစ်ယောက်နဲ့ တစ် ယောက် ကူညီပြီးကာကွယ်ခဲ့ကြတာ.. မင်းက မင်းတို့ဘိုးဘေးကြီးထားခဲ့တဲ့ ကတိကိုဖျက်ပြီး ငါတို့ကိသစ္စာဖောက်ခဲ့တယ်.. ကျန်းမျိုးနွယ်က အခု မင်းတို့ကို အကျိုးအမြတ်ပေးမယ်လို့ ကတိပေးရင် နောက်ဆိုရင် မင်းတို့ကိုချေမှုန်းဖို့ တခြားသူကိုလည်း အကျိုးအမြတ်ပေးမယ်လို့ ကတိပေးနိုင်တယ်” အဖြူရောင် ဝတ်ထားသော အမျိုးသားသည် ဝေ့ရှင်းကိုမြင်သောအခါ အလွန်နာကြည်းမိ သည်။

“အဲအချိန်ကျရင် သူတို့နဲ့ ရှင်းရမှာက ငါတို့တွေပါ နောက်တစ်ပွဲအတွက် ကိုတော့ မင်းတို့ ဟွားမျိုးနွယ်က စိတ်ပူနေဖို့မလိုဘူး.. အခု ဒါတွေအကုန်လုံးကို အဆုံးသတ်ဖို့ အချိန်ရောက်ပြီ မင်းတို့က ငါ့တူမနဲ့ မြေးတွေလိုဖြစ်နေတော့ အသေလွယ်အောင်လုပ်ပေးမယ်” ဝေ့ရှင်း လက်ဝေ့ယမ်းလိုက်သည်နှင့် မျိုးနွယ် ဝင်များစွာသည် ချက်ချင်းပင် အနီဝတ်ထားသော မိန်းကလေးနှင့် တခြားသူများ ကို တိုက်ခိုက်လေသည်။

အဖြူဝတ်ထားသော အမျိုးသားသည် သူ့မျိုးနွယ်ဝင်များ တိုက်ခိုက်ခံရ သည်ကို မြင်သောအခါ ငြိမ်ခံမနေဘဲ သူတို့ကိုကယ်လေသည်။ သူသည် စိုးရိမ် နေကာ ခန္ဓာကိုယ်မှာလည်း သွေးများဖြင့် ပေကျံနေကာ ပါးစပ်မှာ နောက်တစ် ကြိမ် သွေးအန်ပြန်သည်။ သူသည် နှုတ်ခမ်းမှသွေးများကို သုတ်လိုက်ပြီး ပြော လိုက်သည် “အဲဒါကြောင့် မင်း ငါတို့ကိုလာရှာတုန်းက လူနည်းနည်းပဲ ခေါ်လာ သင့်တယ်ဆိုပြီးပြောတာကိုး.. ငါတို့နဲ့အတူ လူတွေအများကြီး ဆွဲသွင်းမိမှာစိုး လို့ပြောတယထင်နေတာ.. မင်းက ငါတို့ အင်အားကိုမေးပြီး ငါတို့ထက် အားကြီးတဲ့လူတွေကို ခေါ်လာတာပဲ”

“ဟွားယွိ မင်းက ဉာဏ်ကောင်းပြီး အရည်အချင်းရှိတယ် ဒါပေမဲ့ မင်း အသက်မရှင်သင့်ဘူး.. မင်းသာ အနာဂတ်မှာ ကြီးထားလာရင် အနောက်ဖျား ဒေသက  မင်းတို့ဟွားမျိုးနွယ် လွှမ်းမိုးတာခံရတော့မှာ.. မင်းလိုမျိုး ပါရမီရှင်ကို အရှင်မထားနိုင်ဘူး”

ဝေ့ရှင်းသည် ပြောပြီးသည်နှင့် ဝိညာဉ်စွမ်းအင်ကို စုစည်းလိုက်ပြီး သူ့ကို နောက်ဆုံးတိုက်ကွက်ဖြင့် တိုက်လိုက်ပြီး ဤပြဿနာကို တစ်သက်တာ အတွက် ဖြေရှင်းလိုက်သည်။

ဟွားယွိသည် သူ၏ လှုပ်ရှားမှုများကို ကြည့်ပြီး အစီအစဉ်ကိုသိလိုက်ရာ သူ့ဆီမရောက်နိုင်သည်ကိုလည်း သိသည်။ သို့သော် သူသည် သေရန်ထိုင် မစောင့်နိုင်ပေ။ သူသည် ဝိညာဉ်စွမ်းအားကို စုစည်းပြီး ပြန်တိုက်ခိုက်ရန်ပြင် လေသည်။

“ငရဲကိုသွားလိုက်တော့”

ဝေ့ရှင်း၏ တိုက်ချက်သည် သူ၏ကာကွယ်မှုကို ချိုးဖျက်သွားပြီး ထို စွမ်းအင်နှစ်ခုမှ ထွက်လာသောအလင်းသည် အားလုံးကို မျက်လုံးပင် မဖွင့်နိုင် လောက်အောင် ဖြစ်သွားသည်။

“ဟွားယွိ”

“ဟွားယွိ”

အောက်မှ တိုက်ခိုက်နေသောလူများသည် ထိုမြင်ကွင်းကိုမြင်သောအခါ ရပ်လိုက်ကြသည်။ ဟွားမျိုးနွယ်မှလူများသည် သူ့ကို မျှော်လင့်ချက်မဲ့စွာ ခေါ် လိုက်ကြသည်။ ဝေ့ရှင်းသာ ဤအတိုင်းဆက်သွားလျှင် အသက်မရှင်နိုင်သည် ကို အားလုံးသိကြသည်။

သူတို့သည် မျက်လုံးပိတ်ထားကြပြီး ထိုမြင်ကွင်းကိုမမြင်ချင်ကြပေ။ သို့သော် သူတို့၏မျက်လုံးများမှာ မနာခံကြပေ။ အလင်းများပျောက်ကွယ်သွား သည်နှင့် မျက်လုံးများ ပွင့်လာကြသည်။

“အဟွတ်” ချောင်းဟန့်သံသည် အားလုံး၏ စိတ်လှုပ်ရှားမှုကို ပေါက်ကွဲ စေသည်။ အလင်းပျောက်သွားပြီး အဖြူရောင်ဝတ်ရုံသည် တောင်ထိပ်တွင် လွှင့်နေတုန်းပင်။

“အသက်ရှင်တယ် အသက်ရှင်နေတုန်းပဲ…”

***

All Chapters