← Chapters

သရုပ်မှန်

Vol. 138 Ch. 1921

သရုပ်မှန်

Vol. 138 Ch. 1921

သူ၏ တောင်းဆိုချက်မှာ အနည်းငယ်လွန်သည်ကို ဟွားယွိသိသည်။ သူ တို့သည် သူမဆီမှ နှင်းမှိုပွင့်ယူလိုက်သူများဖြစ်ပြီး သူတို့ကို တစ်စိတ်တစ်ပိုင်း ပေးသည်ကပင် ကြင်နာလွန်းနေပြီဖြစ်သည်။ သူတို့ လိုသလောက် အရင်ယူပြီး တော့ ကျန်တာကို ဘာလို့သူမကို ပေးရမှာလဲ။

သို့သော် ခေါင်းဆောင်ကို ကုသရန် နှင်းမှိုပွင့် မည်မျှလိုအပ်သည်ကို သူတို့ အမှန်တကယ်ပင်မသိပေ။ သူတို့သည် သေချာအောင် တစ်ခုလုံးယူသွားရန် လို သည်။

သူတို့သည် သူမ၏ အဖြေကို အတန်ကြာသည်အထိ စောင့်နေပြီး ရှီမာယူယူ သဘောမတူနိုင်ဟု ထင်လိုက်သည့်အချိန်တွင် သူမ ခေါင်းညိတ်ပြီး ပြောလေသည် “အခုတော့ ကျွန်မလည်း လုပ်စရာမရှိဘူးဖြစ်နေတာ ရှင်တို့နဲ့ လိုက်ပြီး ကြည့်တာပေါ့”

ဟွားမျိုးနွယ်မှလူများသည် ယနေ့သေရတော့မည်အထင်နှင့် မျှော်လင့် ချက်ကို စွန့်လွှတ်ပြီးသားဖြစ်သည်။ သူတို့ကို ကယ်မည့်လူပေါ်လာပြီး သူမ သည် နှင်းမှိုပွင့်ကိုပင် ပေးလာလိမ့်မည်ဟု ဘယ်သောအခါမှ ထင်မထားပေ။

ဟွားယွိသည် ဒဏ်ရာအပြင်းအထန်ရထားကာ ကိစ္စတစ်ခုလုံးကို သူ တစ်ယောက်တည်းနှင့် တောင့်ခံခဲ့သည်။ သူမဆီမှ တိကျသော အဖြေရသော အခါ စိတ်လှုပ်ရှားမှုများနှင့် တင်းမာမှုများမှာ ချက်ချင်းပင်ပြေလျော့သွားသဖြင့် ချက်ချင်းပင် မေ့လဲသွားလေသည်။

“ဦးလေး”

ဟွားယွင်သည် သူ့ကို တွဲလိုက်သည်နှင့် တခြားသူများလည်း သူ့အနားကို အမြန်ဝိုင်းလာကာ ချက်ချင်းပင် ဆေးများတိုက်ကြသည်။

ရှီမာယူယူသည် ဘေးတွင်သာ ရပ်နေကာ ကူညီရန် ရည်ရွယ်ချက်ရှိမနေ ပေ။ ဟွားမျိုးနွယ်သည် မိသားစုကြီးတစ်ခုဖြစ်ရာ ဆေးများမှာလည်း သက် ရောက်မှုကောင်းသည်။ ခဏအကြာတွင် ဟွားယွိ သတိပြန်လည်လာသည်။“”

“ဦးလေး ဘယ်လိုနေလဲ” သူမျက်လုံးပွင့်လာသည်ကို မြင်သောအခါ ဟွားယွင်သည် ပူပန်စွာမေးလေသည်။

“အဆင်ပြေတယ် မြန်မြန် နှင်းမှိုပွင့်ကိုယူလိုက် အဲဒါမှ ခေါင်းဆောင်ကို ဖြစ်နိုင်သလောက် မြန်မြန်ကယ်နိုင်မှာ” ဟွားယွိ၏ အသံမှာ အားနည်းနေ၏။ သို့သော် သူ၏အသက်ရှုပုံမှာ တည်ငြိမ်လာသည်။

ဟွားယွင်သည် ဟွားယွိကို တွဲခိုင်းထားပြီး ကျောက်စိမ်းသေတ္တာတစ်လုံး ထုတ်ကာ ကျောက်စိမ်းကတ်ကြေးထုတ်ပြီး နှင်းမှိုပွင့်ကိုဖြတ်လိုက်ပြီးနောက် ကျောက်စိမ်းသေတ္တာထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။ ထို့နောက် ဟွားယွိကို ပြသလိုက်သည်။

“တော်တယ် ကောင်းကောင်းလေး ဖြတ်ထားတာပဲ” ဟွားယွိ၏ မျက်နှာ သည် ပြုံးလာသည် “အခု ပြန်ကြမယ်”

“ဒါပေမဲ့ ဦးလေး ဒဏ်ရာရထားတယ်…”

“ကိစ္စမရှိဘူး.. ခေါင်းဆောင်ကို ကယ်ဖို့က ပိုအရေးကြီးတယ်” ဟွားယွိ ပြန်ဖြေလေသည်။ ရှီမာယူယူမှ နှင်းမှိုပွင့်၏ အမြစ်ကိုနှုတ်လိုက်သည်ကို သူ မြင်သောအခါ သူမ၏ ထင်မြင်ချက်ကိုလည်း သိချင်သည်။

သူမ ပုံစံမှာ ဖြတ်သွားသည့်ငန်းများ၏ အမွေးကိုနှုတ်လိုက်သလိုပင်။ သူမ က အမြစ်ကိုတောင် ချမ်းသာမပေးတဲ့ အာဏာရှင်ကြီးများလား။

ဟွားမျိုးနွယ်မှလူများသည် ဟွားယွိ၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ ညစ်ပေနေသော လက်များဖြင့် ရပ်နေသော ရှီမာယူယူကို တွေ့လိုက်ရလေ သည်။ သူမသည် လက်ထဲတွင် အမြစ်ကိုကိုင်ထားပြီး မျက်နှာမှာလည်း ပြုံးနေ သည်။

နှင်းမှိုပွင့်သည် အသုံးမဝင်လှဟု ပြောချင်သည်။ သို့သော် သူမ သိမ်းလိုက် သည်ကိုမြင်သောအခါ ပြောမည့်စကားများ နှုတ်ခမ်းဖျားရောက်လာပြီးမှ ပြန် မျိုသိပ်လိုက်သည်။

သူမသည် သူတို့ကို နှင်းမှိုပွင့် တစ်စိတ်တစ်ပိုင်းပေးခဲ့ရာ ဤအချိန်တွင် သူ ပြောခွင့်ဘာမှမရှိပေ။ သူမ အမြစ်ကိုကြိုက်လျှင်ယဓနိုင်သည်။ သို့သော် နောင် တစ်ချိန် ထိုအမြစ်သည် အသုံးဝင်သည့်နေရာမရှိသည်ကို သိသွားသည့်အချိန်မှ စိတ်မပျက်ရန်ကိုသာ မျှော်လင့်မိသည်။

ဟွားမျိုးနွယ်များမသိသည်မှာ သူမသည် အမြစ်ကို အလဟဿ သိမ်း လိုက်သည်မဟုတ်ပေ။ သူမသည် ဝိညာဉ်လေးဆီသို့ပေးလိုက်ခြင်းဖြစ်သည်။ ထိုနှင်းမှိုပွင့်ကို ဝိညာဉ်စေတီအတွင်းတွင် စိုက်ပျိုးပါက ဖြစ်ထွန်းမည်ဟု ဝိညာဉ် လေးပြောခြင်းကြောင့်ဖြစ်သည်။

ဟွားယွိသည် မတ်တတ်ထကာ ရှီမာယူယူအား လှည့်ပြောလေသည် “အခု ကျုပ်တို့ ပြန်ကြတော့မလို့.. ဒီမှာ တခြားလုပ်ဖို့လိုသေးတာရှိလား”

“မရှိပါဘူး ရှင်လမ်းလျှောက်နိုင်ရင် အခုပဲသွားလို့ရပါတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။

“ဒါဆိုလည်း အခုပဲသွားကြတာပေါ့” ဟွားယွိသည် ဤနေရာတွင် စီနီယာ အကျဆုံးဖြစ်သည်။ သူသွားမည်ဟု ပြောသဖြင့် တခြားသူများသည် ငြင်းစရာ မရှိပေ “ဪ ဟုတ်သားပဲ ကျုပ်တို့ ကျေးဇူးရှင်ရဲ့နာမည်ကိုတောင် မမေးရ သေးဘူး”

ရှီမာယူယူသည် လှည့်ထွက်ပြီးလျှောက်နေပြီဖြစ်သည်။ အနောက်မှ မေး သံကိုကြားလိုက်သောအခါ ပြန်လှည့်မကြည့်ဘဲ ပြန်ဖြေလေသည် “ကျွန်မ နာမည်က ရှီမာယူယူပါ ကျွန်မနဲ့အတူပါတဲ့သူတွေက ကျွန်မသူငယ်ချင်းတွေပါ”

“ရှီ.. ရှီမာယူယူ.. အဲဒါက…”

ဟွားမျိုးနွယ်မှလူများသည် ကြောင်စီစီဖြစ်သွားကြကာ ထိုနေရာတွင်ပင် အေးခဲနေပြီး လှုပ်မရကြပေ။

“ရှင်.. ရှင်က မင်းသမီးလေးလား” ဟွားယွင်သည် ထိုမိန်းကလေး၏ ကျောပြင်ကို ကြည့်ရသည်ကိုပင် ကြောက်လန့်လာသည်။ အစောက သူမ မလေးမစားပြုမူသည်ကို ပြန်တွေးပြီးချက်ချင်းပင် ပျာယာခတ်သွားသည်။

“သွားကြမယ် ရှင်တို့ကို စောင့်ဖို့ အချိန်တွေအများကြီးမရှိဘူး” ရှီမာယူယူ သည် ဝူလင်းယူနှင့်တခြားသူများဆီသို့ လျှောက်သွားလေသည်။ ဝူလင်းယူ သည် သဘာဝကျကျပင် သူမ၏လက်များကို ဆုပ်ကိုင်လိုက်သည်။

“အစ်ကို တည်ဆောက်မှုကို ဖျက်နိုင်မလား” ရှီမာယူယူ မေးလိုက်သည်။

“မင်းက မူလလမ်းအတိုင်း မသွားချင်ဘူးလား” သူမ ခေါင်းညိတ်လိုက် သည်ကိုမြင်သောအခါ ဝိညာဉ်စွမ်းအင်စုည်းပြီး တည်ဆောက်မှုကို တစ်ချက် တည်းတိုက်ခိုက်လိုက်ရာ ချက်ချင်းပင် လမ်းပွင့်သွားလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် နောက်မှလိုက်သွားကြသည်။ ထိုအရာ ကို ဟွားမျိုးနွယ်မှလူများ မြင်သောအခါ အမြန်ပင် နောက်မှလိုက်ကြသည်။ အားလုံးထွက်သွားပြီးနောက် တည်ဆောက်မှုသည် အလိုလိုပြန်ပိတ်သွားလေ သည်။

“ရှင်တို့ သားရဲပျံတွေပါတယ်မလား” ရှီမာယူယူသည် ဟွားယွင်ကို မေး လိုက်သည်။

ဟွားယွင် ခေါင်းညိတ်လေသည် “ဟုတ်ကဲ့ ပါပါတယ်”

ရှီမာယူယူသည် မိုယွိဘက်သို့ လှည့်ကြည့်ပြီးနောက် ပြုံးပြီးပြောလေ သည် “မိုယွိ ငှက်နီလေးကို ဆင့်ခေါ်လိုက်ပါလား အဲဒါစီးရတာ ပိုသက်တောင့် သက်သာဖြစ်တယ်”

ရှီမာယူယူ မိုယွိ၏ နာမည်ကိုခေါ်လိုက်သည်ကို ကြားလိုက်ချိန်တွင် နာမည်တူသည့်လူဖြစ်မှာပါဟု ဟွားမျိုးနွယ်မှလူများ ထင်လိုက်ကြသည်။ သို့သော် ဝင်းဝင်းတောက်နေသည့် ငှက်နီကြီးကိုမြင်လိုက်သောအခါ ထိုလူ သည် နာမည်ကြီး သခင်ကြီးမိုယွိဖြစ်ကြောင်းကို ချက်ချင်းသေချာသွားသည်။

ရှီမာယူယူကဲ့သို့ ထင်ရှားလှသောဂုဏ်သတင်းနှင့်လူသည် သူတို့အရှေ့ တွင်ရှိနေရာ မိုယွိ၏ သရုပ်မှန်ကိုလည်း သံသယဝင်စရာအကြောင်းမရှိပေ။ သို့သော် သူကဲ့သို့ ဒဏ္ဍာရီဆန်လှသောလူမှာ သူတို့ရှေ့သို့ ပေါ်လာမည်ဟု ထင် မထားသဖြင့် နှလုံးများ ခုန်ထွက်လာမတတ်ခံစားရလေသည်။

သူတို့သည် ဟွားမျိုးနွယ်မှလူများကို ဦးဆောင်ခိုင်းပြီး ငှက်နီလေးသည် သူတို့ကို အနောက်ဖျားဒေသမှ အနောက်ဖျားမြို့သို့ခေါ်သွားလေသည်။

ဟွားမျိုးနွယ်၏ သားရဲပျံသည် နှေးသည်ဟု ဆိုမရပေ။ သို့သော် ငှက်နီ လေး၏ အရှိန်နှင့်ယှဉ်လျှင် နှေးသည်ဟု ပြော၍ရသည်။

အနောက်ဖျားမြို့အပြင်သို့ ရောက်သောအခါ မိုယွိသည် ငှက်နီလေးကို သိမ်းလိုက်သည်။ မဟုတ်လျှင် မြို့ထဲဝင်လိုက်ချိန်တွင် မလိုအပ်သည့် ပြဿနာ များကို ဆွဲခေါ်သလိုဖြစ်သွားနိုင်သည်။

“မင်းသမီးလေး သခင်ကြီးမိုယွိ ယွင်အာက ဒီမြို့ထဲက အကြီးဆုံး တည်းခိုဆောင်ကို ခေါ်သွားပေးပါလိမ့်မယ်” ဟွားယွိက သူတို့ကို ပြောလေ သည်။

“မလိုတော့ပါဘူး ကျွန်မတို့ ရှင်တို့အိမ်တော်ကို လိုက်လာခဲ့လိုက်ပါမယ်” ရှီမာယူယူ ပြန်ဖြေလေသည်။

“ဒါဆိုလည်း ကြွပါ”

ပြီးခဲ့သည့်ရက် သူတို့ပြန်လာသည့်လမ်းတွင် ဟွားယွိသည် ဒဏ်ရာများ အတော်အတန် သက်သာလာပြီဖြစ်ရာ ပုံမှန်အတိုင်းပြန်ဖြစ်သွားသဖြင့် ငရဲဝသို့ ရောက်ခဲ့သည်မှာ မသိသာတော့ပေ။

ရှီမာယူယူနှင့် တခြားသူများသည် မြို့အလယ်တွင်တည်ရှိသော ဟွား အိမ်တော်သို့ လိုက်သွားကြသည်။ မြို့အလယ်တွင်ရှိသည်မှာ အနောက်ဖျား ဒေသတွင် သူတို့အဆင့်အတန်းမှာ မနိမ့်လှဟု ပြသနေသည်။

“ဟွားယွိ ဟွားယွင် ပြန်လာကြပြီလား နှင်းမှိုပွင့်ကို တွေ့ခဲ့ကြလား” ဟွားယွိနှင့် တူသည့် အပြာရင့်ဝတ်ထားသော အမျိုးသားတစ်ယောက်နှင့် အိမ်တော်၏ ပင်မတံခါးဝတွင် တွေ့ရာ ချက်ချင်းပင် စိုးရိမ်စွာမေးလေသည်။

“ကျွန်တော်တို့ နှင်းမှိုပွင့်ရလာပါတယ် ဒါပေမဲ့ လမ်းမှာ ပြဿနာတချို့ တော့ဖြစ်ခဲ့တယ်” ဟွားယွိ ပြန်ဖြေလေသည် “အစ်ကိုကြီး ခေါင်းဆောင် ဘယ်လိုနေလဲ”

“ကြက်ဥခွံပေါ်လျှောက်နေရသလိုပဲ.. နှင်းမှိုပွင့်တွေ့လာပြီဆိုမှတော့ သူတို့ကို မြန်မြန်ပေးလိုက်ပါ” ဟွားရှင်း၏ မျက်နှာမှာ တင်းမာနေရာ အခြေအနေတစ်ခုခု လွဲမှားသွားမည်ကို ကြောက်ရွံ့နေသည်။

“ယွင်အာ နှင်းမှိုပွင့်ကို သခင်ကြီးဆီသွားပေးလိုက်” ဟွားယွိ ပြောလိုက သည်။

“ဟုတ်ကဲ့ပါ ဦးလေး”

နှင်းမှိုပွင့်၏ အများဆုံးအပိုင်းမှာ ရှီမာယူယူပိုင်သဖြင့် တခြားလူများမှ ဖြုန်းတီးလိုက်ပါက သူမအတွက် မကောင်းနိုင်ပေ။

သူမ၏ သရုပ်မှန်ကြောင့် ဟွားယွိသည် သူမ၏စိတ်ထဲမှအတွေးကို ထင်ကြေးမပေးရဲသဖြင့် ဟွားယွင်ကို ခေါ်သွားခိုင်းလိုက်သည်။

ဟွားရှင်းသည် တဖြည်းဖြည်းသေးသေးသွားသော သူတို့၏ ကျောပြင်ကို ကြည့်ပြီး မေးလိုက်သည် “ဟွားယွိ အဲလူတွေက…”

“အစ်ကိုကြီး သူတို့က မင်းသမီးလေးနဲ့ သခင်ကြီးမိုယွိပါ”

“ဘာပြောလိုက်တယ်” ဟွားရှင်းသည် ထိုသတင်းကြောင့် ထိတ်လန့်သွား သည် “မင်းသမီးလေးနဲ့ သခင်ကြီးမိုယွိတို့က ဘာလို့ ငါတို့အိမ်တော်ကိုလာကြ တာလဲ”

“ဒီခရီးမှာ အများကြီးဖြစ်ပျက်သွားတယ်.. မင်းသမီးလေးကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့တွေ ဝေ့ရှင်းသတ်တာ ခံရတော့မလို့” ဟွားယွိသည် အစ်ကိုကြီးဖြစ်သူကို ပြောပြလေသည် “ပြောစရာရှိသေးတယ် ဝေ့မျိုးနွယ်နဲ့ ကျန်းမျိုးနွယ်ကိစ္စပဲ”

“ဒါဆိုရင် အရင်ဆုံးအကြီးအကဲတွေကို စုလိုက်တော့ မင်းတို့ အဝေး ရောက်နေတုန်း မျိုးနွယ်မှာလည်း ကိစ္စတွေဖြစ်သွားတယ် နောက်မှ အကုန် ဆွေးနွေးကြတာပေါ့”

…..

ရှီမာယူယူသည် ဟွားမျိုးနွယ်၏ ခေါင်းဆောင်ကို မြင်သောအခါ အလိုလို ပင် မျက်မှောင်ကြုတ်မိသည်။ သူသည် အနည်းငယ် ထူးဆန်းနေသည်။ သူမ မိုယွိကိုကြည့်လိုက်ရာ မိုယွိသည်လည်း ထိုအတွေးကိုတွေးနေသည့်ပုံပင်။

***

All Chapters