တဖြည်းဖြည်းစိမ့်ဝင်ခြင်း
Vol. 138 Ch. 1922
ဟွားမျိုးနွယ်သည် ခေါင်းဆောင်၏ ဒဏ်ရာကို ပူပန်နေသဖြင့် သူတို့၏ မျက်နှာထားကို မည်သူမှ သတိမထားမိပေ။
လျော့တိလျော့ရဲဝတ်ထားသော အမျိုးသားတစ်ယောက်သည် အပြင်မှ ဝင်လာသည်။ သူ ပေါ်လာသည်နှင့် ရှီမာယူယူသည် ခပ်ပြင်းပြင်း ဆေးအနံ့ကို ရလိုက်သည်။
သူသသည် ရှီမာယူယူနှင့် တခြားသူများကို မြင်သောအခါ စူးရှသောအသံ ဖြင့် ပြောလေသည် “ဒီလူတွေက ဘယ်သူတွေလဲ.. ခေါင်းဆောင်ရဲ့ အခန်းထဲကို ဘယ်လိုလုပ် သူစိမ်းတွေအဝင်ခံတာလဲ”
ဟွားယွင်သည် ရှီမာယူယူဆီသို့ လျှောက်သွားပြီး ပြောလေသည် “သခင် ယန်း ဒီလူတွေက ကျွန်မတို့ရဲ့ အသက်ကိုကယ်ပြီး နှင်းမှိုပွင့်ပိုင်ရှင်တွေပါ ကျွန်မတို့က သူမရဲ့နှင်းမှိုပွင့်ကိုသုံးချင်တယ် အဲဒါကြောင့် သူမလည်း လိုက် ကြည့်တာပါ”
သခင်ယန်းဆိုသူ ဒေါသထွက်တော့မလိုဖြစ်နေသည်ကို မြင်သောအခါ သူ ဆက်ပြောလေသည် “ဒါက မင်းသမီးယူယူနဲ့ သခင်ကြီးမိုယွိပါ”
သခင်ယန်း၏ လည်ချောင်းသို့ ရောက်ခါနီးနေသည့် စကားလုံးများသည် ချက်ချင်းပင် ပြန်ဝင်သွားလေသည်။ သူတို့သာ သာမန်သရုပ်မှန်များဖြစ်ကြပါ က သေချာပေါက် ဝင်ခွင့်ပြုမည်မဟုတ်ပေ။ သို့သော် ထိုလူသည် တစ္ဆေဘုရင် အချစ်ဆုံးဖြစ်သည့် မင်းသမီးလေးဖြစ်နေကာ နောက်တစ်ယောက်မှာ သခင် ကြီးမိုယွိ ဖြစ်သည်။ သူသည် ဘာအမှားမှမလုပ်ရဲပေ။
သူသည် သူမကို အရိုအသေပေးမည်ပြုသည်။ သို့သော် ရှီမာယူယူ ဖြတ် ပြောလိုက်သည် “ရှင်တို့ ခေါင်းဆောင်ကို ကြည့်ကြည့်မယ် သူက အသက်လုနေ ရတဲ့ပုံပဲ”
သခင်ယန်းသည် ဟွားမျိုးနွယ်ခေါင်းဆောင်၏ မျက်နှာကိုကြည့်ပြီး ထိတ်လန့်သွားသည်။ သူသည် ချက်ချင်းပင် အမြန်ရောက်လာပြီး ဆူပူလေ သည် “ခေါင်းဆောင်ကို သေချာဂရုစိုက်ထားပါလို့ ငါ မပြောဘူးလား.. ဒီ အခြေအနေထိ ရောက်သွားတာတောင် ဘာလို့ ဘယ်သူမှမသိကြတာလဲ”
“သခင်ယန်း ခေါင်းဆောင်က အရင်နဲ့သိပ်မကွာပါဘူး” ခေါင်းဆောင်ကို ပြုစုရန်တာဝန်ယူထားသည့် အစေခံသည် မည်သည့်ကွာခြားချက်ကိုမှ မတွေ့ ပေ။
“မင်း…” ထိုအစေခံများသည် ဘာမှမသိသည်ကို သခင်ယန်းတွေးမိသွား သည်။ သူတို့ကို အပြစ်တင်လျှင်လည်း အသုံးမဝင်တော့ပေ။ သူသည် သူတို့ကို လက်ယမ်းကာ ထွက်သွားခိုင်းပြီး ခေါင်းဆောင်ကို စစ်ဆေးလေသည်။
“သခင်ယန်း မြန်မြန် ခေါင်းဆောင်ကိုကယ်ဖို့ နှင်းမှိုပွင့်ကို သုံးလိုက်ပါ” ဟွားယွင်သည် ခပ်ပျာပျာပြောလေသည်။
“ဟုတ်ပြီ ဒါရှာတွေ့တာတော်သေးတယ် မဟုတ်ရင်တော့…” သခင်ယန်း သည် နှင်းမှိုပွင့်သေတ္တာကို ဖွင့်လိုက်ကာ အစိတ်အပိုင်းငယ်လေးကို လှီးဖြတ် ကာ အရင်ပြင်ထားနှင့်သော ဆေးပစ္စည်းများကိုထုတ်ပြီး သန့်စင်ရန်ပြင်ဆင် လေသည်။
ရှီမာယူယူသည် ပြင်ဆင်နေပုံကိုကြည့်ပြီး သူ လုပ်မည့်အလုပ်ကို သိနေ သည်။ သူ ဖြတ်လိုက်သော ပမာဏကိုကြည့်လျှင် နှင်းမှိုပွင့်၏ အလေးချိန်မှာ လည်း မှန်ကန်သည်။
ကြည့်ရတာ ဒီလူက အရည်အချင်းတော့ရှိတဲ့ပုံပဲ။
သူမသည် အသံတစ်သံမှမထွက်ပေ။ ပြီးနောက် သခင်ယန်း အောင်မြင် စွာ ဆေးသန့်စင်ပြီးနောက် ကျန်သော နှင်းမှိုပွင့်ကို သူမ သိမ်းလိုက်သည်။
“ဟုတ်ပြီ ဒါနဲ့ဆိုရင် ခေါင်းဆောင်အဆင်ပြေမှာပါ” သခင်ယန်း ပြော လိုက်သည်။
ဟားဟွင်သည် နောက်ဆုံး ထိုစကားကြားမှပင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနိုင်တော့သည်။ ခေါင်းဆောင်ရှိနေသရွေ့ ဟွားမျိုးနွယ်မှာ မျှော်လင့် ချက်ရှိသည်။
“မင်းသမီးလေး သခင်ကြီးမိုယွိ ကျွန်မတို့ကို နှင်းမှိုပွင့်ပေးလို့ ကျေးဇူးတင် ပါတယ်” ဟွားယွင်သည် ကျေးဇူးတင်စကား ပြောလေသည် “ကျွန်မတို့ ခေါင်းဆောင်က အခုအဆင်ပြေသွားပါပြီ ရှင်တို့ အနားယူရအောင် ခေါ်သွားပေး မယ်”
“ဟုတ်ပြီလေ”
ရှီမာယူယူသည် ရိုးရှင်းစွာပင် သဘောတူလိုက်ရာ ဟွားယွင်ပင် အနည်း ငယ် အံ့ဩသွားသည်။ သူတို့သည် ဂုဏ်ရှိသဖြင့် ဤနေရာတွင် နေရန် သဘော တူလိမ့်မည်ဟု ထင်မထားပေ။
သူတို့ ဟွားမျိုးနွယ်ခေါင်းဆောင်၏ ခြံဝန်းမှထွက်လာသည်နှင့် လူတစ် ယောကသည် ချက်ချင်းပင် လာပြောလေသည် “သခင်မလေး ဧည့်သည်တော် တွေအတွက် ခြံဝန်းပြင်ထားတာ အသင့်ဖြစ်ပါပြီ”
“ဦးလေးက မင်းတို့ကိုလာခိုင်းတာလား သူတို့ဘာဖြစ်နေလို့လဲ” ဟွားယွင် မေးလိုက်သည်။
“သူတို့တွေ ဆွေးနွေးနေတုန်းပါပဲ” အစေခံသည် ရှေ့မှ ဦးဆောင်လျှောက် သွားသည်။ ဟွားယွင်သည် သူမ လျှောက်သွားသည့် ဦးတည်ဘက်ကို မြင်သော အခါ ဟွားအိမ်တော်တွင် အကောင်းဆုံးခြံဝန်းကို ပြင်ဆင်ထားသည်ကို သိ လိုက်သည်။
ရှီမာယူယဓတို့သည် နေထိုင်ရန် အခန်းရွေးလိုက်ပြီး ဟွားယွင်သည် သူတို့ နှင့်အတူ ခေတ္တမျှနေပြီးနောက် ထွက်သွားလေသည်။
လုပ်ကိုင်ပေးရန်နေခဲ့သော အစေခံမိန်းကလေးများအားလုံးကို ဝူလင်းယူ ထွက်သွားခိုင်းလိုက်ပြီး မေးလေသည် “ဟွားမျိုးနွယ်ခေါင်းဆောင်ကို မြင်တုန်း က မင်းမျက်နှာက နည်းနည်းထူးဆန်းသွားတယ် ဘာတွေ့လိုက်လို့လဲ”
“အင်း အဲဒါကြောင့် ဒီမှာနေလိုက်တာပဲ” မိုယွိ ပြောလေသည်။
“ဘဖြစ်လို့လဲ မင်းတို့နှစ်ယောက်တောင် စိတ်ဝင်စားနေတာ” အရိပ်မည်း သည် သိချင်သွားသည်။
သူစိတ်လှုပ်ရှားနေသည်ကို ရှီမာယူယူမြင်သောအခါ တည်တံ့စွာပင် ပြော လေသည် “ဒါက ကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး.. ဟွားခေါင်းဆောင်ရဲ့ ဒဏ်ရာက နည်းနည်းထူးဆန်းတယ်လို့ထင်တယ်”
“ဘာလို့ ထူးဆန်းတာလဲ”
“သူ့ဒဏ်ရာက ဝိညာဉ်ဘုံက လူတွေကြောင့် ဖြစ်တာဖြစ်မယ်”
“ဝိညာဉ်ဘုံလား အဲဒါက…” အရိပ်မည်းသည်လည်း စိုးရိမ်သွားသည်။ တကယ်ပဲ အဲလိုဆိုရင် ဝိညာဉ်ဘုံကလည်း မအေးချမ်းတော့ဘူးမလား။
“အရင် ဝမ်းကွဲအစ်ကိုနဲ့ ပြောတုန်းက ဝိညာဉ်နယ်မြေကလည်း အမြဲတမ်း မအေးချမ်းဘူးတဲ့ နယ်စပ်ကိုလာပြီး ကျူးကျော်ချင်နေတာ.. မျိုးနွယ်နှစ်ခုကြား မှာ စစ်ပွဲဖြစ်ဖို့ ရန်စချင်နေတာတဲ့… ထင်မထားဘူး သူတို့ လက်ကဒီထိတောင် ရောက်လာပြီပဲ”
“နယ်နိမိတ်နှစ်ခုကြားက နယ်စပ်မျဉ်းက သိပ်မဝေးဘူး.. စစ်မြေပြင်ကြီး ကြောင့်သာမဟုတ်ရင် လူတွေသိပ်တောင် အာရုံမရှိဘူး” မိုယွိ ပြောလိုက်သည်။
ဝိညာဉ်နယ်မြေနှင့် တစ္ဆေလောကြားမှ နယ်နိမိတ်သည် အလွန်ရှည်လျား သည်။ သို့သော် တိုက်ပွဲဖြစ်ရန် နေရာများမှာ သတ်သတ်မှတ်မှတ်ရှိသည်။ မဟုတ်လျှင် မည်သည့်ဘက်မှ ထောက်ပံ့နိုင်မည်မဟုတ်ပေ။
“ဝိညာဉ်မျိုးနွယ်စုကလူတွေက တစ္ဆေလောကကို တဖြည်းဖြည်းရောက် လာပြီ ဒီအကြောင်းကို ဝမ်းကွဲအစ်ကိုကို သတင်းပို့ရမယ်”
ဒိကျဲသည် စစ်သူကြီးအနေနှင့် အတွင်းမှ လုံခြုံရေးကိုသာမက အပြင်မှ အတိုက်အခိုက်များကိုပါ ခုခံရန်တာဝန်ရှိသည်။ ဝိညာဉ်နယ်မြေ၏ နှောင့်ယှက် မှုကို ကိုင်တွယ်သည်က တစ္ဆေလောကကို ကာကွယ်ခြင်းဖြစ်သည်။ အရင်ကဆို လျှင် ဒိကျဲ့သည် ဝိညာဉ်နယ်မြေမှ ခေါင်းကိုက်စရာ ကိစ္စများနှင့် တစ္ဆေကြင်ယာ တော်အား ရှင်းရန်မှာပို၍ခက်ခဲလာကြောင်း သူမကို တစ်ခါတစ်ခါ ပြောပြခဲ့ သည်။ အခု သူမသည် ဤကိစ္စကိုကြုံတွေ့နေရလေပြီ။ သူမ အလွယ်တကူ လွှတ်မပေးနိုင်ပေ။ ပြီးနောက် သူမသည် ဝမ်းကွဲအစ်ကိုကို သိအောင်ပြောရ မည်။
“ဒီကိစ္စကတော့ ဒိကျဲ့သိဖို့လိုတယ်” မိုယွိ သံယောင်လိုက်သည်။
သူသည် ထိုဝိညာဉ်မျိုးနွယ်စုများအကြောင်းကို သိပ်အာရုံမထားသလို ဒိကျဲ့ကိုလည်း မကြင်နာနိုင်ပေ။ အဲလူရဲ့အကျင့်နဲ့ဆိုရင် သူ့ကို ကျေးဇူးတင်မှာ လည်းမဟုတ်ဘူး။
ရှီမာယူယူသည် မိုယွိ၏ အတွေးများကို မသိပေ။ သူ သဘောတူသည်ကို မြင်သောအခါ သူမ ပြုံးပြီး ပြောလိုက်သည် “ရှင့်ဘေးမှာ လူရှိရင် ဝမ်းကွဲအစ်ကို ကို စာပို့ပေးပါဦး”
“ဟန့်ဖန်းကို ဘာလို့မပို့ခိုင်းတာလဲ”
“သူတို့က ကျွန်မလုံခြုံရေးကို ကာကွယ်ချင်တာလေ.. ပြီးတော့ သူတို့တွေ က သတင်းတွေစုံစမ်းတာတော်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပြီလေ” သူမသည် သူနှင့် ဒိကျဲ့ကို အဆင်ပြေစေချင်သည်ကို မိုယွိ သိသည်။ သူသာ ဒိကျဲ့ကို လူလွှတ်လိုက်လျှင် သူသည် တစ္ဆေကြင်ယာတော်နှင့် တစ်ဖွဲ့တည်းသားမဟုတ်သည်ကို ဒိကျဲ့ကို အသိပေးလိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ သွားစုံစမ်းဖို့လိုသေးလား” ဟွမ် မေးလိုက်သည်။
“မလိုဘူး နီရဲပျားတွေကိုပဲ စုံစမ်းခိုင်းလိုက်မယ်” ရှီမာယူယူသည် သူတို့ နှစ်ယောက်ကို သုံးရန်စိတ်ကူးမရှိပေ။ သူတို့သည်လည်း အခုမှရောက်လာကာ ဘာမှမသိသေးပေ။ ထို့ကြောင့် အခြေအနေကို အရင်နားလည်အောင်လုပ်သင့် သည်။
“ဟွားမျိုးနွယ်ကို ကူညီမှာလား” မိုယွိ မေးလိုက်သည်။
ရှီမာယူယူ အံ့ဩသွားသည်။ သူ ဤမေးခွန်းမေးလိမ့်မည်ဟု ထင်မထား ပေ။
“ကူညီသင့်လား.. အင်း အခြေအနေပေါ် မူတည်တာပေါ့ ဟွားမျိုးနွယ်က မဆိုးဘူးဆိုရင်တော့ လက်ငှားပေးလို့ ရပါတယ်.. ပြီးတော့ သူတို့တွေက အဲလူ တွေနဲ့ ရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး” ရှီမာယူယူသည် တွေးတောပြီး မေးစေ့ကို ကိုင်နေသည် “ဒီကနေပဲ သတင်းစောင့်ကြတာပေါ့”
သူတို့သည် ဟွားမျိုးနွယ်တွင် ရက်အနည်းငယ်နေကြသည်။ ထိုရက်များ တွင် မည်သူမှ သူတို့ကိုမနှောင့်ယှက်ကြပေ။ သူမသည် ထူးခြားပြီး အေးချမ်း သည့် ပတ်ဝန်းကျင်ကို သဘောကျသည်ဟု ဟွားယွိနှင့် ဟွားယွင်တို့ကို ပြော ထားသဖြင့် ဟွားယွိနှင့် ဟွားယွင်မှလွဲပြီး မည်သူမှရောက်မလာပေ။
သူတို့မှာလည်း ဤဘက်ကိစ္စကို အမြဲတစေတွေးနေသည်။
အခန်းထဲတွင် ဟွားမျိုးနွယ်၏ အရေးကြီးပုဂ္ဂိုလ်များအားလုံးရှိနေကြကာ ဟွားမျိုးနွယ်ခေါင်းဆောင်လည်းရှိနေသည်။
“ဟွားယွိ မင်းသမီးလေးကို သွားတွေ့လို့မရဘူးလား.. မင်းသမီးလေးက တော်တော် ဘဝင်မြင့်တာပဲ ငါတို့လည်း…”
“အကြီးအကဲ ၇” ဟွားမျိုးနွယ်ခေါင်းဆောင်သည် ဆူငေါက်ပြီး အကြီးအကဲ ၇ ကို စကားဖြတ်ပြောသည်။
“အကြီးအကဲ ၇ မဟုတ်တာတွေ မပြောပါနဲ့” ဟွားယွိသည် တည်တံ့သော မျက်နှာဖြင့် ပြောလေသည်။
“ဟုတ်တယ် အရှင့်ရဲ့ အချစ်ဆုံးမင်းသမီးလေးပဲ ဘယ်လိုလုပ် အဲလိုပြော ရတာလဲ”
အကြီးအကဲ ၇ သည် အားလုံး၏ အပြောအဆိုခံလိုက်ရသဖြင့် အသံတိုး တိုးဖြင့် ပြန်ချေပလေသည် “မင်းသမီးလေးနဲ့ ဆက်ဆံရေးကောင်းထားရင် ကျန်းမျိုးနွယ်နဲ့ ပြဿနာကဘာမှမဟုတ်တော့ဘူး”
***