← Chapters

အမှားကိုဝန်ခံခြင်း

Vol. 138 Ch. 1923

အမှားကိုဝန်ခံခြင်း

Vol. 138 Ch. 1923

“ပါးစပ်ပိတ်ထား” အကြီးအကဲ ၇ စကားမဆုံးခင်မှာပင် ခေါင်းဆောင် အမြန် ဖြတ်ပြောလိုက်သည်။

“ခေါင်းဆောင်” ခေါင်းဆောင်၏ လေသံမျာ အရင်ကထက်စူးရှနေရာ အကြီးအကဲ ၇ မှင်တက်သွားကာ ရုတ်တရက် ဒေါသထွက်ရခြင်း အကြောင်း အရင်းကို သိချင်သွားသည်။

“မင်းသမီးလေးက ငါတို့အိမ်တော်မှာ နေတာကိုက ဂုဏ်ယူစရာဖြစ်နေပြီ မင်းသမီးလေးကို ဘယ်လိုလုပ် ဒီလိုမျိုးပြောနိုင်မှာလဲ” အကြီးအကဲကြီးသည် လေးလေးနက်နက်ပြောလေသည်။

“ဒါပေမဲ့…” အကြီးအကဲ ၇ ရေရွတ်လိုက်သည်။ သူသည် အပြစ်တင်ခံရ ပြီးနောက် စိတ်ထဲတွင် ခံပြင်းသွားသည်။

ဟွားမျိုးနွယ်သည် ကြီးမားပြီး ရှိန်ရလောက်သောရန်သူနှင့် ရင်ဆိုင်နေရ သည်။ အထူးသဖြင့် ဟွားယွိပြန်ယူလာသော သတင်းကိုကြားပြီးနောက် သူတို့ အခြေအနေမှာ ပိုပြင်းထန်သွားသလို ခံစားရသည်။ မင်းသမီးလေးက သူတို့နဲ့ လာနေမျတော့ သူတို့က မကောင်းတဲ့ ရည်ရွယ်ချက် ဘာမှမရှိတောကို သက်သေပြနေတာပဲ။ ပြီးတော့ သူတို့ကို ကူညီဖို့ ဖျောင်းဖျနိုင်ရင် ဟွားမျိုးနွယ် ရင်ဆိုင်နေရတဲ့ အကျပ်အတည်းက အကျပ်အတည်းလို့တောင်ပြောမရတော့ ဘူးလေ။

“အကြီးအကဲ ၇ အဲဒါကိုထပ်မပြောပါနဲ့” ခေါင်းဆောင်သည် ခက်ထန် သော လေသံဖြင့် ပြောလေသည်။ “ဒီကိစ္စကို ထပ်ကြားရရင် မင်း အကြီးအကဲ ၇ မလုပ်နဲ့တော့”

“ခေါင်းဆောင်” အားလုံးသည် ထိုစကားပြောလာသည်ကို မယုံနိုင်သဖြင့် ဟွားမျိုးနွယ်ခေါင်းဆောင်ကို အလန့်တကြားကြည့်ကြလေသည်။

“မင်းသမီးလေးက အခု အရှင့်ရဲ့အချစ်ဆုံးမင်းသီးဖြစ်ဆိုပေမဲ့ ငါတို့က ကူညီပေးပါလို့ သူမကို ဘာမျက်နှာနဲ့သွားပြောရမှာလဲ… ပြီးတော့ သူမက ထူးဆန်းတဲ့ မင်းသမီးလို့ ပြောကြတယ်.. ငါတို့ အကူအညီသွားတောင်းမှ သူမ မပျော်တော့ဘူးဆိုရင် ဘယ်လိုလုပ်မလဲ… ဒီလောက်ကိစ္စလေးနဲ့ သူမက ငါတို့ ကို ငရဲပို့ပစ်လိုက်နိုင်တယ် ဟွားမျိုးနွယ်လည်း တစ်သက်လုံးပျောက်ကွယ်သွား လိမ့်မယ်” ဟွားမျိုးနွယ်ခေါင်းဆောင်သည် ထပ်ရှင်းပြလေသည် “ပြီးတော့ မင်းသမီးလေးက ဟွားယွိတို့ကိုကယ်ခဲ့တာလေ… သူမက နှင်းမှိုပွင့်ကိုတောင် ငါတို့ကို ပေးသေးတယ်.. အဲဒါနဲ့တင် ငါတို့အတွက် ကျေးဇူးအကြွေးတင်သွားပြီ သူမကို ပြန်ပြီးမဆပ်ရတာတောင် အပြစ်ရှိသလိုခံစားနေရပြီ အဲတော့ ဘယ်လို လုပ် သူမကို ထပ်ပြီး တောင်းဆိုရဲမှာလဲ”

အခန်းထဲမှ လူများတိတ်ဆိတ်သွားကြသည်။ တချို့လူများ၏ မျက်နှာ တွင် အရှက်ရသွားသည့် အမူအရာဖြစ်သွားကြသည်။ သူတို့သည်လည်း ထိုသို့ တွေးနေသည်နှင့်တူသည်။

ဟွားမျိုးနွယ်ခေါင်းဆောင်သည် သူ့စကားများ အရာရောက်သွားသည်ကို မြင်သောအခါ ထပ်ပြီး ပြဿနာမဖြစ်ချင်တော့သဖြင့် ဆက်ပြောလေသည် “အခု ဒီကိစ္စကို ဒီမှာတင်ရမယ်.. ကျန်းမျိုးနွယ်ရဲ့ အခြေအနေကို ဆက်ပြော မယ်”

အရေးကြီးသော ကိစ္စရောက်သည့်အချိန်တွင် အားလုံးသည် ပြတ်သား သွားကြကာ ပြီးခဲ့သည့်အကြောင်းကို ဆွဲထည့်မပြောတော့ပေ။

“ခေါင်းဆောင် ကျန်းမျိုးနွယ်က တခြားနေရာက လူတွေကို စုနေတယ်လို့ ဝေ့ရှင်းပြောတယ်.. ဒါပေမဲ့ အဲအကြောင်းကို မကြားမိဘူးလေ” ဟွားယွိ မျက် မှောင်ကြုတ်လေသည် “တကယ်သာ အဲလိုဆိုရင် ကျန်းမျိုးနွယ်က နောက်ဆုံး တိုက်ပွဲကို ပြင်နေလောက်ပြီ”

“အခု ခေါင်းဆောင် ပြန်ကေင်းလာပြီဆိုတော့ ကျန်းမျိုးနွယ်က ငါတို့ကို တိုက်ခိုက်ဖို့မလွယ်တော့ဘူး”

“ဟုတ်တယ်.. ဒီတစ်ခါ ခေါင်းဆောင် သေတော့မယ်လို့ သူတို့ထင်နေကြ တာ.. အဲဒါကြောင့် ဒီတစ်ခေါက်ကို တိုက်ခိုက်ပြီး ငါတို့ကိုရှင်းပစ်ချင်နေတာ ဒါပေမဲ့ ခေါင်းဆောင်က ပျောက်ခါနီးပြီဆိုတော့ ကျန်းမျိုးနွယ်လည်း နှစ်ခါပြန် စဉ်းစားရတော့မယ်”

“ကိစ္စတွေက အဲလောက် မရိုးရှင်းမှာကိုပဲကြောက်တယ်” ဟွားယွိသည် စိုးရိမ်တကြီးပြောလေသည် “အပြင်ပန်းမှာတော့ ဝေ့မျိုးနွယ်က ကျုပ်တို့နဲ့ ဆက်ဆံရေးကောင်းတယ်လို့ ထင်ရပေမဲ့ တကယ်တော့ သူတို့လည်း ကျန်းမျိုး နွယ်နဲ့ ပတ်သက်နေတာပဲ.. ကျုပ်တို့ သေတော့မယ်လို့ ဝေ့ရှင်းထင်တုန်းက အဲလို ပြောသွားတာ.. သူ ကျုပ်တို့ကို လိမ်ဖို့မလိုဘူးလေ”

“ဝေ့ရှင်းက ဒီလိုကိစ္စကြီးကို ဆွဲထုတ်ဖို့ ပြင်ထားပြီးသားထင်တယ်… ဆိုလိုတာက ဝေ့မျိုးနွယ်က နေရာတစ်ခုရပြီးနေပြီ.. အခု ဝေ့ရှင်းပြန်မလာဘူး ခေါင်းဆောင်ရဲ့ ဒဏ်ရာလည်းပျောက်သွားတယ်ဆိုတော့ သူတို့ အစီအစဉ်ကို ငါတို့ သိသွားပြီလို့ ဝေ့မျိုးနွယ်လည်း သိမှာပဲ.. သူတို့မျိုးနွယ်နှစ်ခု ပေါင်းလိုက် ရင် ကျုပ်တို့တော့ ရှင်းဖို့ခက်သွားပြီ”

“ဝေ့မျိုးနွယ်က တစ်ခဏလောက်တော့ ကျုပ်တို့ကို မျက်နှာပြရဲမှာ မဟုတ်သေးဘူး… ဒီကိစ္စကို ကျုပ်တို့အရင်မပြောမချင်း ဝေ့မျိုးနွယ်လည်း ဟန်ဆောင်နေဦးမှာပဲ.. ဒီအချိန်ကိုအခွင့်ကောင်းယူပြီး ကျန်းမျိုးနွယ်ကိုရှင်းရ မယ်”

“ဒီအကြံကောင်းတယ်”

“ငါတို့တွေ မင်းပြန်လာတာရယ် ခေါင်းဆောင် ပြန်ကောင်းလာတယ်ဆို တဲ့ သတင်းကိုဖုံးထားတယ်.. အရင်ဆုံး ဝေ့မျိုးနွယ်ကို ခြေတေါလက်တွေဖြတ် ပြီး ဘာမှမသိသလိုဟန်ဆောင်ရမယ်”

“ဟွားယွင်နဲ့ ကျုပ်တို့အပြစ်လွတ်အောင် ဝေ့မျိုးနွယ်ကိုသွားရင်ရော.. ဝေ့ရှင်းက ကျုပ်တို့ကို လမ်းပြပြီး ဆေးပစ္စည်းလိုက်ရှာတာလေ ဒါပေမဲ့ ကံမကောင်းလို့ အလွဲအချော်တွေရှိသွားပါတယ်ပေါ့.. ကျုပ်တို့က ဝေ့မျိုးနွယ်ကို ပိုက်ဆံပေးထားပေမဲ့ ဒီလိုဆုံးရှုံးမှုအတွက် စိတ်မကောင်းကြောင်းကိုလည်း ပြောလိုက်မယ်”

“ဒါပေမဲ့ မင်းတို့နှစ်ယောက်က အဆင်ပြေနေတာလေ ဒီလိုသွားလိုက် ရင်…”

“ဟွားယွင်ရဲ့အားကနည်းလို့ အဝေးမှာရှိနေတာ အဲဒါကြောင့် သူမ ဒဏ်ရာမရဘူး.. ကျုပ်ကတော့ ဒဏ်ရာရအောင်လုပ်ရမယ် ဒဏ်ရာသေးရင် လည်း သူတို့ယုံမှာမဟုတ်ဘူး”

“ဒါပေမဲ့ အဲလိုက…”

“ကျုပ်အဆင်ပြေပါတယ်.. ဒီလိုကိစ္စက အတုလုပ်လို့မရဘူး ဝေ့မျိုးနွယ် ကို ဖုံးကွယ်ထားလို့မရဘူး” ဟွားယွိ ပြောလေသည်။

“မင်း ခံစားရမှာပေါ့”

“မိသားစုအတွက်ဆိုရင် ဒဏ်ရာရလည်းကိစ္စမရှိပါဘူး ဒါပေမဲ့ ဒီတစ်ခါ တော့ ကျန်းမျိုးနွယ်ကို ရှင်းရမဘ်” ဟွားယွိ ပြောလိုက်သည်။

“ဒါကတော့ သေချာပေါက်ပဲ”

…

ရှီမာယူယူသည် ထိုနေရာမှ စကားကိုနားထောင်ပြီးနောက် သဲ့သဲ့ပြုံး လိုက်သည်။

“ဘာတွေ ပြောနေကြလို့လဲ”

ရှီမာယူယူသည် သူတို့၏စကားများကို ပြန်ပြောပြလိုက်သည်။

“ဟွားမျိုးနွယ်က ဖြောင့်မတ်တယ်နဲ့တူတယ် သူတို့အတွေးတွေကလည်း ရိုးရှင်းလိုက်တာ” မိုယွိသည် လက်ဖက်ရည်တစ်ကျိုက်သောက်ပြီး တိုးညင်းစွာ ပြောလေသည်။

ပြီးခဲ့သည့်ရက်ပိုင်းက နီရဲပျားများရလာသော သတင်းများကို ကြည့်လျှင် ကျန်းမျိုးနွယ်သည် အပြင်ပန်းမြင်ရသည့်အတိုင်းမဟုတ်ပေ။ သူတို့သာ ဤကဲ့ သို့တိုက်ခိုက်ချင်ပါက တောင့်ခံနိုင်မည်မဟုတ်ပေ။

“ဒီလိုဖြစ်မယ်မှန်းသိရင် အဲတုန်းဟွားယွိရဲ့ ဒဏ်ရာကို ကုပေးဖို့တောင် မလိုဘူး.. ဝေ့မျိုးနွယ်ကိုတန်းခေါ်သွားလိုက်တာမှ ကောင်းဦးမယ်” အရိပ်မည်း သည် ဟွားယွိ၏ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်မည့် အကြံကို နားမလည် နိုင်ပေ။

“ဒီလူက ကောင်းတယ်လို့ ထင်တာပဲ” ဟွမ်သည် ဟွားယွိကို အကောင်း မြင်ပေးနိုင်သည်။ သူသည် တာဝန်ခံလိုစိတ်ရှိသည်ဟု ထင်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က ဘာမှလုပ်စရာမလိုတော့ ဘာဖြစ်မလဲဆိုတာ ကိုပဲ ကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျန်းမျိုးနွယ်က ဝိညာဉ်မျိုးနွယ်နဲ့ ပတ်သက်နေတယ်… ဒီကိစ္စကို ဟွားမျိုးနွယ်ခေါင်းဆောင်ကို အသိပေးရမယ်”

နေ့လည်တွင် ဟွားမျိုးနွယ်၏ အကြီးအကဲများနှင့် မျိုးနွယ်ဝင်များသည် ဟွားယွိနှင့် ဟွားယွင်တို့ကို အပီအပြင်ပံ့ပိုးလေသည်။ သူတို့သည် ဝေ့မျိုးနွယ်ကို မြင်သောအခါ ဟွားယွိနှင့် ဟွားယွင်တို့သည် ဝမ်းနည်းပက်လက်ငိုကြလေ သည်။

“ဦးလေးဝေ့ ဝေ့ရှင်းက…” ဟွားယွိသည် ရှိုက်ကာ ဝေ့ခေါင်းဆောင်၏ ရှေ့တွင် ဒူးထောက်ပြီး မျက်ရည်များကျလာသည်။

“ဝေ့ရှင်းအကြောင်းကို ငါတို့ကြားပြီးပါပြီ ဘာတွေဖြစ်ခဲ့တာလဲ” ဝေ့ ခေါင်းဆောင်သည် သူ့ကိုထူပေးပြီး လက်ကိုဆုပ်ကိုင်ကာ ဒဏ်ရာများကို စစ်ဆေးလေသည်။

သူ့သွေးခုန်နှုန်းမှာ ရှုပ်ထွေးနေကာ သွေးအားဆုတ်ယုတ်နေသည်။ ကြည့်ရသည်မှာ သူသည် အမှန်တကယ် ထိခိုက်ထားပုံပင်။

“ဘိုးဘိုးဝေ့ ဦးလေးဝေ့ သူက.. ကျွန်မတို့အားလုံးအတွက်” ဟွားယွင် သည် ဝမ်းနည်းပက်လက်ငိုလေသည်။

“အဲနေ့က ဘာတွေဖြစ်ခဲ့တာလဲ”

“ကျွန်မတို့ နှင်းမှိုပွင့်ကိုတွေ့ခဲ့တယ်.. ဒါပေမဲ့ အရမ်းအားကောင်းတဲ့ အစောင့်အရှောက်သားရဲနဲ့ တွေ့ခဲ့ကြတယ်.. ဦးလေးဝေ့က တိုက်ခိုက်ရင်းနဲ့ ထက်ဝက်ပြတ်သွားပြီး အစားခံလိုက်ရယ် ဦးလေးဝေ့က တိုက်ပွဲမှာ ဒဏ်ရာ အပြင်းအထန်ရခဲ့တာ.. ကျွန်မတို့သာ မပြေးခဲ့ရင်..” ဟွားယွင်သည် မျက်ရည် များကိုသုတ်လိုက်သည် “ကျွန်မတို့ လမ်းခွဲပြီး ရက်ပိုင်းလောက်တော့ နလန်ထူ ရတယ်.. ဦးလေးလည်း အနိုင်နိုင်ပြန်လာရတာပါ”

“တကယ်လား”

“အင်း” ဟွားယွင် ခေါင်းညိတ်လေသည် “တောင်းပန်ပါတယ် ဘိုးဘိုးဝေ့ ကျွန်မတို့ကြောင့်သာမဟုတ်ရင် ဝေ့ရှင်းလည်း အဲလိုသေမှာမဟုတ်ဘူး.. ဘာတွေဖြစ်ခဲ့လဲဆိုတာကို ရက်တွေအများကြီးကြာသွားတဲ့အတွက်လည်း တောင်းပန်ပါတယ်”

“ဒါဆို သူမသေခင် ဘာပြောသွားသေးလဲ”

“မပြောဘူး အဖြစ်အပျက်ကမြန်လွန်းလို့ နောက်ဆုံးထွက်သက်မတိုင်ခင် ဘာမှကိုပြောချိန်မရှိလိုက်ဘူး”

ခေါင်းဆောင်ဝေ့သည် ထိုစကားကိုကြားသောအခါ တိတ်တိတ်လေး လေးလံစွာသက်ပြင်းချလိုက်သည်။

***

All Chapters