← Chapters

ရတနာသိုက် ရှာကြမယ်

Vol. 18 Ch. 244

ရတနာသိုက် ရှာကြမယ်

Vol. 18 Ch. 244

“အမ်.. ဒါနဲ့ ဒီချီကျောက်တုံးကို ယူမှာလား မယူဘူးလား?”

အန်လင်းသည် ကြက်သေသေနေဆဲဖြစ်သော ဦးလေးကျုံး ကိုကြည့်ကာ ခေါင်းကုတ်လိုက်သည်။ ထို့နောက် ကျောက်တုံးပလ္လင်ပေါ်ရှိရှေးဟောင်းပစ္စည်းများကိုညွှန်ပြသည်။

“ မြန်မြန်လုပ် သူတို့ငါ့ဆီလာချင်လွန်းလို့ ဟန်ရေးတပြပြလုပ်နေကြပြီ”

သူတို့ကမင်းဆီလာချင်တယ်ဟုတ်လား ငါ့အထင်မင်းကမှ သူတို့ဆီကို ပိုသွားချင်နေတာကွ

ဦလေးကျုံး ရင်ဘတ်သည် မခံမရပ်နိုင်လောက်အောင် တင်းကျပ်လာပြီး နှလုံးရောဂါဖေါက်လာသကဲ့သို့ ခံစားနေရသည်။ သခင်လောကိုမြင်သောအခါ ဦးလေးကျုံးသည် ချက်ချင်းအကူအညီလှည့်တောင်းလိုက်သည်။

“သခင်လော ဒီအန်လင်းဆိုတဲ့ကောင်စုတ်က  ရှေးဟောင်းပစ္စည်းတွေကို သန့်စင်တဲ့နေရာမှာ အတော် ကျွမ်းကျင် တယ်..  အခု ရှေးဟောင်းပစ္စည်းသုံးခုကို သူသန့်စင်ပြီးသွားပြီ.. ဒီအတိုင်းဆက်လုပ်မယ်ဆိုရင် ရှေးဟောင်း ပစ္စည်းတွေအားလုံး သူယူသွားမှာကို စိုးရိမ်ရတယ်”

သခင်လော ရောက်လာသည်ကိုတွေ့သောအခါ လျှိုဟော်သည် ရင်နာနာဖြင့် ဖြစ်သမျှအကြောင်းအရာများကို တင်ပြလိုက်သည်။ ထိုစကားများကိုကြားသောအခါ သခင်လော၏ နှလုံးသားများနာကျင်လာရသည်။

ပုံမှန်အတိုင်းဆို ငါတို့တောင် ရှေးဟောင်းပစ္စည်းတစ်ခုကိုတောင် ဆယ်စုနှစ်အတော်ကြာမှ စုဆောင်းနိုင်တာလေ အခုတော့ သူကသုံးခုတောင်မှသန့်စင်ပြီးပြီတဲ့လား မဟုတ်တော့ဘူး ငါတို့သူ့ကိုတားနိုင်မှဖြစ်မယ်

“ဟားဟား…ကျုပ်က ရွှေဘုံစံကျောင်းရဲ့သခင် လောပိုင်ယွီပါ... ရှေးဟောင်းပစ္စည်းတွေကို ရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် သခင်လေးအန်လင်း”

သခင်လောသည် အန်လင်းဆီသို့လမ်းလျှောက်ရင်းလက်နှစ်ဖက်ဆုပ်ကာ ဂုဏ်ပြုစကားဆိုလိုက်သည်။

အန်လင်း သည် ရောက်ရှိလာသော ရွှေဘုံစံကျောင်း၏သခင်ကို ပြန်လည်ပြီး အရိုအသေပြုကာ လေးစားမှုအား ပြသ လိုက်သည်။

သခင်လောသည်တကယ်တမ်းတွင် သည်ယုန်ကိုမြင်၍ သည်ခြုံကိုထွင်လိုက်ခြင်းဖြစ်သည်။ "သခင်လေးအန်လင်း ရှေးဟောင်းပစ္စည်းတွေကို သန့်စင်ပြီးတာတောင် ဘာလို့ ဒီနားမှာရပ်နေသေးတာလဲ”

“ရိုးရိုးသားသားပြောရရင်တော့ ဒီရှေးဟောင်းပစ္စည်း သန့်စင်စေတဲ့နည်းဟာ ရွှေဘုံစံကျောင်းရဲ့ ထူးခြားမှုထဲက တစ်ခုပဲ နောက်တော့ဒီနည်းလမ်းကပဲ ကျုပ်တို့ကိုအဓိကဝင်ငွေရစေတဲ့ နည်းလမ်းတစ်ခုဖြစ်လာခဲ့တယ် သခင်လေး အန်လင်းရဲ့ ရှေးဟောင်းပစ္စည်းတွေနဲ့ ပတ်သက်တဲ့ ထူးခြားတဲ့စွမ်းရည်ကို နှစ်သက်မိတာ မှန်ပေမယ့် လည်း ရွှေဘုံစံကျောင်းက ဒီရတနာတွေကို စုဆောင်းဖို့ နှစ်ထောင်ပေါင်းများ ရှာဖွေအားထုတ် ခဲ့ကြရပါတယ် ဒါက ရိုးရှင်းတဲ့ သာမန်စီးပွါးရေးတစ်မျိုးပါပဲ ကျုပ်တို့ရဲ့ အရေးပါတဲ့စီးပွါးရေးကို တစ်ယောက်ယောက်ကြောင့် ပျက်စီးသွားတာမျိုး မဖြစ်စေချင်ပါဘူး”

အန်လင်းသည်  ထိုသို့သောကိစ္စအား ပွင့်လင်းစွာ ဗြောင်ဖွင့်ပြောလာလိမ့်မည်ဟု မထင်မိသောကြောင့် အံ့အား သင့်ကာ မျက်တောင်တစ်ဖျတ်ဖျတ်ခတ်နေမိသည်။ သူတို့အကြောင်းတွေကို မရှက်မကြောက် အမှန်အတိုင်း ဖွင့်ပြောနေခြင်း... သူဘာကိုဆိုလိုချင်နေပါလိမ့်။

“အရင်တုန်းကတော့ ခင်ဗျားတို့ပြောတော့ ဒါကကံကြမ္မာနဲ့ဆိုင်တယ်ဆို ရှေးဟောင်းပစ္စည်းနဲ့ ရေစက်ပါတဲ့ သူတွေက စွမ်းအားလုံလောက်ရင် ပစ္စည်းတွေကိုယူနိုင်တယ်လို့ပြောတယ် အခုကျတော့မှ ခင်ဗျားက အဲဒီစကား တွေကို ပြန်ရုတ်သိမ်းချင်တာလား ခင်ဗျားတို့ကဖေါက်သည်တွေကို  အခုလိုပဲဆက်ဆံတာလား ဒီသတင်းကို ဖြန့်လိုက်မှာကိုမကြောက်ဘူးလား?" ခဏလောက် စဉ်းစားလိုက်ပြီးနောက် အန်လင်းသည် သူတို့ကို ပြန်လည်ချေပရန် ဆုံးဖြတ်လိုက်သည်။

“ကျုပ်တို့စည်းကမ်း အသစ်ထုတ်လိုက်ပြီ...  လူတစ်ယောက်က အများဆုံး ရှေးဟောင်းပစ္စည်းသုံးခုကိုပဲယူဆောင် ခွင့်ရှိတယ်.. သခင်လေးအန်လင်းလို ထူးခြားတဲ့စွမ်းအားရှိတဲ့ ပါရမီတွေပဲ ဒီလိုရှေးဟောင်း ပစ္စည်းတွေကို အညံ့ခံ လာအောင် သန့်စင်နိုင်စွမ်းရှိမယ်လို့ ကျုပ်ယုံတယ် အခြားလူတွေအတွက်က ရှေးဟောင်းပစ္စည်းတစ်ခုကို ပြန်လည်သန့်စင်နိုင်တာကတောင် နှစ်တစ်ရာလောက်ဝါကြွားမဆုံးနိုင်တဲ့အရာမျိုးပါ  ဒါကြောင့် သူတို့ကဒီ ကန့်သတ်ချက်ကို စိတ်အနှောက်အယှက်မဖြစ်လောက်ပါဘူး" သခင်လော၏ နူးညံ့သိမ်မွေ့သည့် အသံက တည်ငြိမ်စွာ ဆက်လက်ထွက်ပေါ်လာသည်။

“ဒီကိစ္စတွေကို တစ်ခြားသူတွေသိသွားရင်တောင် ရွှေဘုံစံကျောင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာမဟုတ်ဘူးလို့ ကျုပ်ယုံတယ် ဒါက အရုပ်ဆိုးတဲ့လုပ်ရပ်ဖြစ်သွားရင်တောင် ကျုပ်လုပ်ရပ်တွေကို အခြားသူတွေ နားလည်ပေး နိုင်လိမ့်မယ်လို့ ထင်ပါတယ်... သခင်လေးအန်လင်းလည်း ကျုပ်တို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း လက်တွဲ ဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်မိပါတယ် ဒါကပဲ လူတိုင်းကိုပျော်ရွှင်စေပါလိမ့်မယ်”

အန်လင်းသည် သူ့ရှေ့မှ သန့်စင်ပြီး ယဉ်ကျေးသိမ်မွေ့လှသော သက်လတ်ပိုင်းအရွယ်လူကို ကြည့်ရင်း မေးလိုက် သည်။

“ဒီကိစ္စကို ဘယ်လို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းမှာလဲ ”

“စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်း... ငါတို့ဒီကိစ္စကိုဒီမှာပဲ ထားလိုက်ကြရအောင်” သခင်လောက ပြုံးကာဖြင့်ဆက်ပြောသည်။

“ရွှေဘုံစံကျောင်းက အများဆုံးဒီလောက်ပဲ တတ်နိုင်တယ် သခင်လေးအန်လင်း ကျေးဇူးပြုပြီး ကျုပ်တို့နဲ့ လက်တွဲနိုင်မလား"

"ကောင်းပြီလေ.. သဘောတူတယ်!"

"သခင်လေးအန်လင်းလို ရိုးသားပြီးပွင့်လင်းတဲ့လူတစ်ယောက်ဟာ နောက်ဆိုလဲ ရွှေဘုံစံကျောင်း ရဲ့ မိတ်ဆွေတစ်ယောက်အဖြစ်ရှိနေမှာပါပဲ"

…

ထိုသို့ဖြင့် အန်လင်းသည်နောက်ထပ် စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းရရှိခဲ့ပြီးနောက် စုရှောင်လန်နှင့်အတူ ထွက်ခွာ သွားသည်။

ဟေးမူ၊ လျှိုဟော်နှင့် ဟွမ်ရှစ် သည် လေနှင့်အတူ အဝေးသို့ ထွက်ခွါသွားသော သူတို့နှင့် အလှမ်းဝေးလှသော လူငယ်လေးကို တိတ်ဆိတ်စွာငေးကြည့်နေခဲ့ကြသည်။

သခင်လောသည် နဖူးကိုပွတ်လိုက်ပြီး စိတ်သောကများကို လျော့ချလိုက်သည်။ အန်လင်းကို သူ့စိတ်ထဲမှ ထုတ်ပစ်လိုက်ကာ ကျင့်ကြံခြင်းခန်းမတွင် လေ့ကျင့်ရန်အတွက် စိတ်ကို လျော့ချလိုက်သည်။

မင်းသမီးယန်မုန့်သည် မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခြင်းခံခဲ့ရပြီး ပြင်းထန်စွာ စိတ်ဓါတ်ကျ သွားသည်။ သူမသည် ရှေးဟောင်းပစ္စည်းများကို ဆက်လက်ကြည့်ရှုချင်စိတ် မရှိတော့သဖြင့် ကျောက်ပလ္လင်မှ ထွက်ခွါသွားသည်။

အထက်တန်းကျစွာ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်လူကြီးသာ ထိုနေရာတွင် ဆက်လက်ကျန်ရှိနေသည်။ သူသည်သွေးကို သွန်းလောင်းခြင်း၊ ခံစားမှုရှိသောသီချင်းများ သီဆိုခြင်းများစသည်တို့ကို ပြုလုပ်ကာ ရှေးဟောင်းပစ္စည်းများကို သန့်စင်နိုင်ရန် အားကြိုးမာန်တက် ကြိုးစားနေတာ့သည်။ သို့သော် ထိုသောက်ကျိုးနည်း နည်းလမ်းများသည် လုံးဝအသုံးမဝင်တော့။

ရွှေဘုံစံကျောင်းမှ ထွက်လာသော အန်လင်းသည် အသက်ပြင်းပြင်းရှုလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်း ချလိုက်သည်။ "ဟမ် ...ငါရှေးဟောင်းပစ္စည်း အားလုံးမယူနိုင်ခဲ့တာ ကံဆိုးတာပဲ"

စုရှောင်လန်သည် မျက်လုံးများကို ပင့်ကာကြည့်လိုက်သည်။ "နင်ကပဲ ပြောရတယ်ရှိသေး... ရွှေဘုံစံကျောင်းမပြောနဲ့ ငါတောင် ရင်နာတယ် သူတို့ အစက နင့်ကိုရိတ်ချင် နေကြတာ ဒါပေမယ့် နင်က သူတို့ရဲ့ ရတနာသုံးခုတောင် ယူလာနိုင်တယ် မင်းကတော့တစ်ကယ့်ကောင်ပဲ အခုဆို နောက်ထပ် စိတ်ဝိညာဉ် ကျောက်တုံးတစ်သန်းတောင်ရလိုက်သေး ”

“အစ်ကိုကြီးရတနာသုံးခုကို ယူတဲ့နည်းတွေကို ငါကြိုက်တယ်... ဝုတ်!” တပိုင်သည်ကောက်ကျစ်သည့် အပြုံးဖြင့် သွားဖြီးကာပြောလိုက်သည်။

စုရှောင်လန်:“…”

အန်လင်း: “...”

“အခု ဘယ်ကိုသွားကြမလဲ” စုရှောင်လန်သည် အနည်းငယ် မသက်မသာခံစားလိုက်ရသဖြင့် ခေါင်းစဉ် ပြောင်းလိုက်သည်။

"အင်း.. ငါတို့ဒီနားတစ်ဝိုက်မှာလှည့်ပတ်ကြည့်ရအောင် ငွေဘုံစံကျောင်း၊ ရွှေဖြူကျောင်းတော် ၊ အံ့ဖွယ် လက်နက်ကျောင်းတော် တစ်ခုခုတော့ ဒီနားမှာရှိလိမ့်မယ် ”

စုရှောင်လန်မျက်နှာ ရှုံ့မဲ့သွားသည်။ “ နင်ရှေးဟောင်းပစ္စည်းတွေရှာဖွေပြီး ထပ်ပြဿနာရှာဦးမလို့လား "

"ဟီးဟီး ရှောင်လန် နင်က ငါ့ကိုနားအလည်ဆုံးပဲ "

အန်လင်း၏ မျက်လုံးထဲတစ်ချက်လက်သွားကာ စိတ်လှုပ်ရှားသည့်ပုံပေါ်နေသည်။ ထို့နောက်တွင် အန်လင်းသည် ပတ်ဝန်းကျင်ရှိ ရတနာကျောင်းတော်များအားလုံးသို့ အမှန်တကယ်သွားပြီး သူ့အား မည်သူကငွေသုံးစေရန် အတွက် လာမြူဆွယ်မည်နည်းဟု စောင့်ကြည့်သည်။

ကံဆိုးစွာပင် ရွှေဘုံစံကျောင်းသည် ကောင်းကင်မြစ်ပြည်နယ်၏ ထိပ်တန်းရတနာကျောင်းတော် ဖြစ်ပြီး ဆွဲဆောင်နိုင်မှု အရှိဆုံးနှင့် အကောင်းဆုံးသော ရတနာကျောင်းတော်ဖြစ်သည်။ ထိုအရာသည် ကျောင်းသား အန်လင်းအား များစွာစိတ်ပျက်သွားစေလေသည်။

အန်လင်းသည် သူ၏သိုလှောင်လက်စွပ်ကို စစ်ဆေးလိုက်သည်။ ကောင်းကင်ရေခဲနှလုံးသား စိတ်ဝိညာဉ် ၊ လင်းကျွင်းကျွင်း ပေးခဲ့သောအဆင့်မြင့် ကာကွယ်ရေး စိတ်ဝိညာဉ်ပစ္စည်းတစ်ခု ၊ အင်မော်တယ်ဆေးလုံး ကူပွန် နှစ်စောင် ၊ အောင်မြင်မှုကတိပြုဒိုင်းကာ ၊ ဆောင်းနဂါးသင်္ချိုင်းမြေပုံ ၊ သမုဒ္ဒရာ၏နှလုံးသား ၊ နဂါးဝိညာဉ် ဆေးရည် ၊ မိစ္ဆာရှင်းဓား ၊ လောကထွင်းအပ် ၊ ကြယ်စင်မဲ့ကောင်းကင်သတ်ဖြတ်ခြင်းဝင်္ကဘာပြား။

ထိုအရာများအားလုံးသည် သူ မရောင်းလိုသောပစ္စည်းများသာဖြစ်သည်။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံး ၈.၂၂ သန်းလည်းရှိသေးသည်။ သူ့အတွက်တော့ ထိုအရာသည် အရေအတွက် တစ်ခုမျှသာဖြစ်သည်။

“ချမ်းသာပြီးနောက်ပိုင်း စိတ်ဝိညာဉ်ကျောက်တုံးတစ်သန်းလောက် ၀င်လာတာတာင် ဘာလို့ စိတ်မပျော်နိုင် ဖြစ်ရတာလဲ ” အန်လင်းသည်ကောင်းကင်ကိုမော့ကြည့်ကာ ညည်းတွားလိုက်သည်။

စုရှောင်လန်သည် သူမ အနားရှိနေသော ကောင်ကိုကြည့်ကာ တစ်စုံတစ်ယောက်အား တွန်းချ ရိုက်နှက် လိုစိတ်များဖြစ်ပေါ်လာခဲ့သည်။

“ဟား.. ဟုတ်သားပဲ!" အန်လင်းသည် ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသွားသည်။

“ရတနာသိုက်...ရှာကြရအောင်!”

“ရှာဖွေမယ်...?” စုရှောင်လန်ကမျက်ခုံးကိုမြှောက်ပြီး “တိုင်ကွန်ကြီးအန်.. ရတနာတွေက မလုံလောက် သေးလို့လား။ နင်ဒီလောက်ချမ်းသာနေမှတော့ ရတနာတွေလိုချင်ရင်ဝယ်လို့ရနိုင်ပြီလေဟယ်” စုရှောင်လန်ပြောသည်ကို ကြားရသောအခါအန်လင်း ဘာပြန်ပြောရမယ်မသိဖြစ်သွားသည်။

ဘာလို့ ဗရမ်းပတာတွေလာပြောနေတာလဲ..ငါကဘာကြောင့် ရတနာသွားမရှာရမှာလဲ.. ဒီပိုက်ဆံတွေနဲ့ အားလုံးကို ဝယ်လို့ရမယ်ထင်နေတာလား.. အဲ..မဟုတ်သေးဘူး.. ငါပြောတာလွှဲနေပြီ.. ငါရတနာရှာဖွေတယ် ဆိုတာ စိတ်လှုပ်ရှားမှုနှင့်စွန့်စားမှုအတွက်ကွ.. ငါ့အတွက် ဆန်းကြယ်မှုတွေနဲ့တွေ့ပြီး ထူးခြားတဲ့အခွင့်အရေးတွေ ရလာနိုင်တယ် စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျောက်ခဲသလဲတွေကို လဲလို့မရသလိုပဲ ဒီလို အစားထိုးမရတဲ့ အတွေ့အကြုံတွေကို လက်လွတ်မခံနိုင်ဘူး။

“ဒီအချိန်မှာ ရတနာရှာဖွေတာက အရမ်းအာရုံစိုက်စရာ ဖြစ်လာလိမ့်မယ်!" အန်လင်းသည် စုရှောင်လန်ကို သူ၏အုတ်ခဲပေါ်ဆွဲတင်ပြီး ကောင်းကင်ထက်သို့ ပျံသန်းလိုက်သည်။ ထို့နောက် သူသန့်စင်ခဲ့သော စာလိပ်ကို ထုတ်ယူလိုက်သည်။

“ကြည့်လိုက်!” ထို့နောက် စာလိပ်ကို ရှားပါးသောရတနာတစ်ခုသဖွယ် ဖြည်းဖြည်းချင်း ဖွင့်ပြလိုက်သည်။

စုရှောင်လန်၏ မျက်နှာတွင်အံ့အားသင့်ဟန်တစ်ခု ဖြတ်ပြေးသွားပြီး သူမမျက်လုံးများတောက်ပလာသည်။

“ဒါက ရွှေဘုံစံကျောင်းကနေ နင်လုလာတဲ့ ရှေးဟောင်းပစ္စည်းမလား ဒါကမြေပုံလား? "

"လုလာတာ.. နင်ဘာတွေပြောနေတာလဲ" အန်လင်း မကြည်မသာဖြင့် ငြင်းဆိုလိုက်သည်။ "ငါ့အစွမ်းအစနဲ့ငါ ရထားတာပါနော်... ဒါက တောင်ပံနဂါးရှန်းယင် မှတ်တမ်းတင်ထားတဲ့ ဆောင်းနဂါးသင်္ချိုင်း တည်နေရာပြတဲ့ အဖိုးတန်မြေပုံပဲ နင်သိတဲ့အတိုင်းပဲ နဂါးတွေက ရတနာတွေစုဆောင်းတာကို အတော် ကြိုက်ကြတာ ဆိုတော့ သင်္ချိုင်းမှာ ရတနာတွေတော်တော်များမှာပဲ”

စုရှောင်လန်ကပြုံးပြီးခေါင်းညိတ်လိုက်ပြီးနောက် ခေါင်းကိုခါလိုက်ပြန်သည်။ "တောင်ပံနဂါးရှန်းယင်...သူက ပျက်ပြယ်ခြင်းအဆင့်နဂါးပဲ သူ့ရဲ့သင်္ချိုင်းဂူကအရမ်း အန္တရာယ်များမှာပဲ ဟုတ်တယ်မဟုတ်လား?”

ပိုအဆင့်မြင့်လေ ပိုအန္တရာယ်ပိုများလေဆိုတာ ထုံးစံပဲလေ။ ပြောချင်တာက ဆိုးတဲ့ဘ၀ကတော့ သေတဲ့အထိ ဆိုးမှာပဲ...။

“ဒါပေမယ့် စွမ်းအားကောင်းတဲ့သူ ချန်ထားခဲ့တဲ့အမွေအနှစ်တွေက ပိုပြီးအဖိုးတန်မှာပဲလေ အစွမ်းထက်သူတွေ သေဆုံးသွားတဲ့အခါ သူတို့၏သင်္ချိုင်းတွေမှာ သူတို့ရဲ့စွမ်းအားတွေနဲ့ကျင့်ကြံနည်းတွေကို အမွေအနှစ်အဖြစ် ချန်ထားခဲ့လေ့ရှိကြတယ် ဒါကစိတ်ဝိညာဉ်ကျောက်တုံးနဲ့ ဝယ်လို့ရတဲ့အရာမျိုးမဟုတ်ဘူး" အန်လင်း၏ မျက်လုံးများ တောက်ပသည်ထက်တောက်ပလာကာ သူ၏စိတ်ထဲတွင် စွန့်စားရှာဖွေလိုစိတ်များ ပြင်းထန်တောက်လောင်လာ၏။

စုရှောင်လန်ကမြေပုံကိုကြည့်လိုက် အန်လင်းကို ကြည့်လိုက်လုပ်နေရင်း သူမ၏ နူးညံ့သော မေးစေ့လေးကို ရှေ့သို့ထိုးရင်းမေးလိုက်သည်။

“နင့်ရဲ့ဂမ်ဒမ်ကိုသုံးနိုင်သေးလား။”

"သုံးနိုင်တာပေါ့!" အန်လင်းတစ်ယောက်စိတ်ရင်းမှန်နဲ့ခေါင်းညိတ်လိုက်သည်။

“စွမ်းအင်အမြုတေတွေကိုထပ်ဖြည့်ထားပြီးပြီ!”

စုရှောင်လန်ကသူမ၏လက်ချောင်းများကို ဆုပ်ကိုင်ကာလှလှပပပြုံးလိုက်သည်။ "ကောင်းပြီလေ... ဒါဆိုငါလဲနင်နဲ့အတူ ရတနာသိုက်လိုက်ရှာမယ် ”

***

All Chapters