← Chapters

ဟန်ဆောင်မှု

Vol. 138 Ch. 1924

ဟန်ဆောင်မှု

Vol. 138 Ch. 1924

အပြင်ပန်းအရတော့ ခေါင်းဆောင်၏ မျက်နှာထားမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သို့သော် ဟွားမျိုးနွယ်မှာ အနီးကပ်သေချာကြည့်ရာ သူ၏ စိတ်သက်သာရာရမှုကို မြင်လိုက်ရဿည်။

“ဝေ့ရှင်းကိစ္စကို မင်းတို့ကိုအပြစ်မတင်ပါဘူး.. အဲဒါက သူ့ကိုယ်ပိုင်ရွေး ချယ်မှုလေ ငါတို့လေးစားပါတယ်”‌ ဝေ့ခေါင်းဆောင်သည် ဝမ်းနည်းစွာဖြင့် ပြော လေသည် “သူက မင်းတို့ပေးတာကို လက်ခံပြီးမှတော့ မင်းတို့ရဲ့လုံခြုံရေးကို တာဝန်ယူရမှာပဲ… အဲတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ကြပါနဲ့”

“ဘယ်လိုပဲဖြစ်ဖြစ် ဝေ့မျိုးနွယ်လည်း ကျွမ်းကျင်သူတွေ အများကြီးဆုံးရှုံး လိုက်ရတာလေ ဆုံးရှုံးမှုအတွက် စိတ်မကောင်းပါဘူး” အကြီးအကဲကြီး ပြော လေသည် “ကျုပ်တို့လည်း တောင်းပန်တဲ့အနေနဲ့ လက်ဆောင်ယူလာပါတယ်”

“အကြီးအကဲကြီး ယဉ်ကျေးလွန်းနေပါပြီ”

“ခင်ဗျားတို့ရဲ့ သခင်လေးက အဆင့်တက်မယ့်ဆေးရှာနေတာကို သိထား ပါတယ်.. တိုက်တိုက်ဆိုင်ဆိုင် ကျုပ်တို့မှာလည်း တစ်ခုရှိနေတာရယ်…”

အကြီးအကဲကြီးသည် သေတ္တာတစ်လုံးထုတ်ကာ ဝေ့ခေါင်းဆောင်ကို လက်ဆောင်ပေးလေသည်။ သူသည် သေတ္တာကိုဖွင့်ပြီး အထဲမှဆေးကိုမြင် သောအခါ မယုံနိုင်သော မျက်နှာထားဖြစ်သွားကာ ခေါင်းခါလေသည် “ဒါက အဆင့်တက်တဲ့ဆေးပဲ ဒါကို ဘယ်လိုလုပ် ယူရမှာလဲ”

“ခေါင်းဆောင်ဝေ့ အခုက ကျုပ်တို့ထက် ခင်ဗျားတို့ကပိုလိုနေမှာပါ ယူလိုက်ပါ” အကြီးအကဲကြီး ပြောလေသည်။

“အဲလိုဆိုရင်တော့ ခင်ဗျားတို့ ကမ်းလှမ်းတာကို မငြင်းတော့ပါဘူး ကျုပ် တို့မိသားစုရဲ့ လင်းအာလေးက အခု တကယ်ပဲ အရေးကြီးတဲ့အချိန်ဖြစ်နေတာ ပါ.. ဒီအဆင့်တက်စေမယ့်ဆေးနဲ့ဆိုရင် သူ့ကိုယ်တိုင်လာပြီး ကျေးဇူးတင်မှာပါ” ခေါင်းဆောင်သည် ဆေးကိုသိမ်းပြီး ကျေးဇူးတင်စွာဖြင့် ပြောလေသည်။

မြန်လိုက်တဲ့ အပြောင်းအလဲ။ သူသည် အဆင့်တက်စေမည့် ဆေးအတွက် မျိုးနွယ်အတွင်းတွင် အားကိုးရသည့် ဝေ့ရှင်းနှင့် လဲလှယ်ခဲ့သည်။ ဟင်း.. ဒီ ဝေ့ရှင်းသေတာကတော့ တန်တယ်လို့တောင် ပြောလို့ရတယ်။

သူ အတွေးများပြည့်နေသော်လည်း မျက်နှာတွင်တော့ မပေါ်အောင် ထိန်းထားသည်။ သူအတွေးထဲ နစ်မြောနေသည်နှင့်ယှဉ်လျှင် တခြားသူများ သည် တူဖြစ်သူဆုံးရှုံးရသည့်အပေါ် ခံပြင်းနေသည်ဟု ထင်ကြသည်။ စဉ်းစား တွေဝေပြီးနောက် သူ စမ်းပြောလေသည် “ဝေ့ရှင်းကို အစောင့်အရှောက်သားရဲ ကသတ်လိုက်တယ်ဆိုတော့ နှင်းမှိုပွင့်ရလာလား”

သူထိုသို့ ပြောလိုက်ချိန်တွင် အကြီးအကဲကြီး၏ မျက်လုံးများမှာ နီရဲလာ သည်။

“ဘာလို့.. လောင်ဟွား.. သူ…”

“ခေါင်းဆောင်ရဲ့ အခြေအနေက ဆိုးနေတာပါ.. အခု လူလွှတ်လိုက်ရင် တောင် လွှတ်လိုက်တဲ့လူတွေ ပြန်လာတဲ့အထိ စောင့်နိုင်မယ်မထင်ဘူး” အကြီးအကဲကြီးသည် ဝမ်းနည်းသောလေသံနှင့်ရော မျှော်လင့်ချက်မဲ့သော အသံဖြင့်ပါ ပြောလေသည်။  “ခေါင်းဆောင်ဝေ့ ဒါကို ကျုပ်တို့အတွက် လျှို့ဝှက် ထားပေးဖို့ မျှော်လင့်ပါတယ်.. ကျန်းမျိုးနွယ်သိသွားရင် ကျုပ်တို့တော့…”

“ကျုပ်နားလည်ပါတယ်” ခေါင်းဆောင်ဝေ့သည် ဝမ်းနည်းစွာ ပြောလေ သည် “ဒီတစ်ခေါက် သူ့အခြေအနေက ဒီလောက်ပြင်းထန်လိမ့်မယ်လို့ ထင် မထားဘူး.. ပြီးတော့ မိသားစုနှစ်ခုက မိတ်ဆွေတွေဖြစ်တုန်းပါပဲ.. တစ်ခုခု လိုတာရှိရင် ကျုပ်တို့ဆီကိုလာခဲ့ပေါ့.. ကျုပ်တို့ ကူညီနိုင်တာဆိုရင် ပြောပါ”

သူ၏ ထိုစကားများကို စောင့်နေသည့်အလား အကြီးအကဲကြီး၏ မျက်လုံးများသည် ရုတ်တရက် တောက်ပသွားသည်။ သူသည် ခေါင်းဆောင်ကို ဦးညွှတ်ပြီး ပြောလေသည် “ခေါင်းဆောင်ရဲ့စကားနဲ့တင်ကို ကျုပ်တို့ကို အားရှိ ပါတယ်.. နောက်ကိုလိုတာရှိရင်လည်း အခက်အခဲတွေကို ဝေ့မျိုးနွယ်ကကူညီ ပါဦး”

အခက်အခဲဆိုသည်မှာ ကျန်းမျိုးနွယ်ကို ရည်ညွှန်းသည်ကို အားလုံး နားလည်ကြသည်။

“ဟုတ်ပါပြီ အဲအချိန်ကျရင် လူလွှတ်ပြီး သတင်းပေးလိုက်ပါ” ခေါင်းဆောင်ဝေ့ ကတိပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဝေ့” အကြီးအကဲကြီးသည် အရိုအသေပြုပြီးနောက် ဟွားမျိုးနွယ်နှင့်အတူ ဝေ့မျိုးနွယ်မှ ထွက်လာလိုက် သည်။

သူတို့ထွက်လာပြီးနောက် ဝေ့မျိုးနွယ်၏သခင်လေးဖြစ်သည့် ဝေ့လင်း လျှောက်ဝင်လာသည်။

“အဘိုး ဟွားမျိုးနွယ်ကို တကယ်ပဲကူညီချင်တာလား” ဝေ့လင်း မေးလိုက် သည်။

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ခေါင်းဆောင် နှာရှုတ်လေသည် “ဟွားမျိုးနွယ်က တိုက်ပွဲအဆုံးသတ်ကိုရောက်နေပြီ.. ဒီလောက်ရုန်းကန်နေရ တာ ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ပြီးတော့ ငါတို့သာ ဝင်မနှောင့်ယှက်ရင် ဟွားမျိုးနွယ်ရဲ့ ပိုင်ဆိုင်မှုသုံးပုံတစ်ပုံကိုခွဲပေးမယ်လို့ ကျန်းမျိုးနွယ်က ကတိပေး ပြီးသား”

“ဒါဆိုရင် ဘာလို့ သူတို့နဲ့ သဘောတူလိုက်တာလဲ.. သူတို့က ဝေ့ရှင်းကို သတ်ခဲ့တာတောင် ကျွန်တော်တို့ကိုလာပြီး အကူအညီတောင်းရဲသေးတယ်.. သူတို့အရေကတော့ တော်တော်ထူတယ် ဟွားယွိက ဘာလို့အပြင်မှာ သေမသွားတာလဲ” ဝေ့လင်းသည် ခါးသီးစွာပြောလေသည်။

သူသည် ဟွားယွိကိုမုန်းတီးသည်။ ကလေးဘဝကတည်းကပင် မုန်းခဲ့ သည်။ ထိုလူသည် သူ့ထက်ငယ်သော်လည်း အရည်အချင်းမှာ သူ့ထက်သာ သည်။ အခု သူနှင့် အကွာကြီးကွာနေရာ အနောက်‌ဖျားဒေသမှလူများသည် သူတို့နှစ်ယောက်ကို နှိုင်းယှဉ်ကြသဖြင့် ဟွားယွိကို ပိုမုန်းသည်။

မထင်မှန်စွာပင် သည်တစ်ကြိမ် သူတို့အပြင်ထွက်စဉ်တွင် ဝေ့ရှင်းသေ သွားပြီး သူကတော့ အသက်ရှင်လျက်ပြန်လာနိုင်ခဲ့သည်။ သူသာ သေသွားရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

ခေါင်းဆောင်ဝေ့ပြုံးလေသည် “သူတို့တစ်ခုခု အကူအညီလိုတာရှိရင် ငါတို့ကို လူလွှတ်ပြီး ပြောဖို့ပြောထားတယ်… ဟွားမျိုးနွယ် မောက်မာပုံနဲ့ဆို ရင် နောက်ဆုံးအချိန်ထိ လူလွှတ်ပြီးပြောမှာမဟုတ်ဘူး… နောက်ဆုံးအချိန်မှ လာပြီး ဝေ့မျိုးနွယ်ကို အကူအညီတောင်းရင် ဘယ်သူများအာမခံနိုင်မှာမို့လို့လဲ သူတို့တွေ ငါတို့အိမ်တော်ကိုလာလို့ ဘယ်သူ့ကိုမှမတွေ့ဘူးလို့ပြာ့လိုက်ရင် လှုပ်ရှားစရာမလိုဘူးလေ အဲလိုဆို ပေးထားတဲ့ကတိဖောက်တယ်လို့ ပြောလို့ မရဘူး”

“အဘိုးက ဉာဏ်အကောင်းဆုံးပဲ” ဟွားမျိုးနွယ်ကို မကူညီကြောင်းကို ဝေ့လင်း သိသည်နှင့် ပျော်ရွှင်စွာ ပြုံးလိုက်သည်။

“လင်းအာ ဒါကိုကြည့်လိုက်” ခေါင်းဆောင်ဝေ့သည် အဆင့်တက်ဆေးကို ထုတ်ပြီး ဝေ့လင်းကို ပေးလိုက်သည်။ ဝေ့လင်းဖွင့်ကြည့်ရာ အထဲမှဆေးများကို မြင်လိုက်သည်နှင့် ပျော်သွားကာ ထခုန်မတတ်ဖြစ်သွားသည်။

“အဘိုး ဒါကတကယ်ပဲ အဆင့်တက်တဲ့ဆေးလား”

“ဒါပေါ့ အဘိုးကိုယ်တိုင် စမ်းကြည့်ပြီးပြီ” ခေါင်းဆောင်ဝေ့ပြောလိုက် သည် “မင်းလည်း ဒီအဆင့်မှာတင် တစ်နေကြာကြာပြီ.. ဒီဆေးကိုသောက် လိုက်တာနဲ့ သေချာပေါက် အဆင့်ဖြတ်နိုင်မှာပဲ”

“ဟုတ်ကဲ့ပါ အခုပဲ သွားကျင့်ကြံလိုက်ပါဦးမယ်” ဝေ့လင်းသည် ဆေးယူ ပြီးသည်နှင့် ကျင့်ကြံရန် မစောင့်နိုင်တော့ပေ။ သူသည် ခေါင်းဆောင်ဝေ့ကို အရိုအသေပြုပြီးသည်နှင့် အလျင်စလို ထွက်လာလိုက်သည်။

ဤဆေးနှင့်ဆိုလျှင် သည်တစ်ကြိမ် သေချာပေါက် အဆင့်တက်နိုင်မည်။

ဟွားယွိသည် ဟွားအိမ်တော်သို့ အကူဖြင့်ပြန်လာသည်။ သူသည် အားနည်းနေသည့် ပုံစံကို ပြောင်းပစ်လိုက်သည်။ သူ၏ မျက်နှာမှာ မကောင်းလှ သော်လည်း တစ်ယောက်ယောက် တွဲလောက်သည်အထိ အားမနည်းနေပေ။

သူ့ဘေးမှ ဟွားယွင်သည် ပြုံးလေသည် “မင်းသမီးလေးရဲ့ ဒီဆေးက တကယ်ကို သက်ရောက်မှုရှိတာပဲ.. သူ နည်းနည်းလေးပဲ ထိသွားတာကို တကယ်ကြီးလိုပဲ”

“ဟုတ်တယ်” ဟွားယွိသည် သူ့ရင်ဘတ်ကို ထိလိုက်သည် “ငါ့အခြေအနေ ကို ကိုယ်တိုင်သာ နားမလည်ထားရင် သေတော့မယ်လို့ကို ထင်သွားတော့မှာ”

မနက်က သူတို့ ညှိနှိုင်းပြီးသည့်နောက်တွင် ဟွားယွိသည် ဒဏ်ရာ အပြင်း အထန်ရအောင် လုပ်တော့မည်ဖြစ်သည်။ ထိုအချိန်တွင် သူ ဒဏ်ရာ အပြင်း အထန်ရသည်နှင့် တူအောင် လုပ်ပေးမည်ဟု ပြော၍ ရှီမာယူယူသည် ဆေးတစ် လုံးပို့ပေးလိုက်သည်။

ရှီမာယူယူ မည်သည့်နည်းလမ်းကို သုံးလိုက်သည်ကိုတော့ သူ မသိ သေသာ်လည်း သူမကိုယုံသဖြင့် တွေဝေခြင်းမရှိ သောက်ခဲ့သည်။ ဆေး၏ သက်ရောက်မှုမှာ ဤမျှကောင်းလိမ့်မည်ဟု ထင်မထားပေ။

“မင်းသမီးလေးက ကျွန်မတို့ကို ကြင်နာလွန်းတယ် အရင်တစ်ခေါက်က ကိစ္စကို ကျေးဇူးတောင်မတင်ရသေးဘူး ထပ်ပြီးကူညီပြန်ပြီ” ဟွားယွင်သည် ကျေးဇူးတင်စွာဖြင့် ပြောလေသည်။

“ဟုတ်တယ် မင်းသမီးလေးနဲ့ တွေ့ရတာ ငါတို့အတွက် ကံအကောင်းဆုံး ပဲ” ဟွားယွိ သက်ပြင်းချလေသည်။

ရှီမာယူယူမရှိလျှင် သူတို့ ပြန်မလာနိုင်သလို နှင်းမှိုပွင့်လည်းမရလာ သဖြင့် ခေါင်းဆောင်ကိုလည်း မကယ်နိုင်လောက်ပေ။ ကျန်းမျိုးနွယ်နှင့် ဝေ့ မျိုးနွယ်တို့ ပူးပေါင်းလိုက်သည်ကိုလည်း သိရန်မဖြစ်နိုင်တော့ပေ။ သူမကြောင့် သာ သူတို့သည် အခြေအနေကောင်းပြီး အခွင့်ကောင်းကို လက်ဦးမှုယူလိုက်နိုင် ခြင်းဖြစ်သည်။

ထိုအချိန်တွင် အစေခံမိန်းကလေးတစ်ယောက် ရောက်လာပြီး ပြောလေ သည် “အကြီးအကဲကြီး သခင်လေး သခင်မလေး.. မင်းသမီးလေးက ခေါင်းဆောင်နဲ့တွေ့ချင်ပါတယ်တဲ့ အဲဒါ အကုန်လုံးကို လာဖို့ဖိတ်လိုက်ပါတယ်”

ရှီမာယူယူက ခေါင်းဆောင်ကို တွေ့ချင်တယ်ဟုတ်လား။ သူတို့သုံး ယောက်သည် အနည်းငယ် အံ့ဩသွားကာ နေရာကိုမေးပြီး အမြန်သွားလိုက် ကြသည်။

“ဟွားရွှီ မင်းသမီးလေးနဲ့ သခင်ကြီးမိုယွိကို တွေ့ပါတယ်”  ဟွားမျိုးနွယ်၏ ခေါင်းဆောင်သည် သူတို့နှစ်ယောက်ကို ဦးညွှတ်လေသည်။

မိုယွိ ဦးဆောင်သွားပြီး ရှီမာယူယူတို့ နေရာယူလိုက်ကြသည်။ ဟွားယွိနှင့် တခြားသူများလည်း အမြန်ရောက်လာကြသည်။

“မင်းသမီးလေး သခင်ကြီးမိုယွိ”

“ဒီနေ့ အဆင်ပြေကြတယ်ထင်တယ်” ရှီမာယူယူ ပြုံးလိုက်သည်။

“အကုန်လုံးက မင်းသမီးလေးရဲ့ ဆေးကြောင့်ပါ” ဟွားယွိသည် ကျေးဇူး တင်စွာ ပြောလေသည်။

“ဒီနေ့လာတာက ပြောစရာသတင်းလေးရှိလို့ပါ…”

***

All Chapters