← Chapters

အနောက်ဖျားဒေသမြို့စား

Vol. 138 Ch. 1925

အနောက်ဖျားဒေသမြို့စား

Vol. 138 Ch. 1925

သူမ၏ စကားကို အားလုံးကြားလိုက်ရသောအခါ နောက်ပြောလာမည့် စကားကို မသိကြသဖြင့် အသက်အောင့်ထားကြသည်။

“ခေါင်းဆောင်ဟွာ သာမန်ဆေးပစ္စည်းတွေက ရှင့်ရဲ့ဒဏ်ရာတွေအတွက် ဘာလို့ အသုံးမဝင်တာလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

“ကျုပ်တို့လည်း ဒီကိစ္စကို ဆွေးနွေးဖူးပါတယ်.. မင်းသမီးလေးက အကြောင်းအရင်းကို သိလို့လား” ဟွားရွှီ မေးလိုက်သည်။

“ရှင့်ဒဏ်ရာက စိတ်ဝိညာဉ်စွမ်းအားကြောင့်ဖြစ်သွားတာပဲ.. အဲဒါကြောင့် တစ္ဆေစွမ်းအားပါတဲ့ ဆေးက ယေဘုယျအားဖြင့် အသုံးမဝင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။

“စိတ်ဝိညာဉ်စွမ်းအား” ဟွားယွင် အော်လိုက်မိသည် “ဝိညာဉ်မျိုးနွယ်က ခေါင်းဆောင်ကို ထိခိုက်အောင်လုပ်တာလား”

“ဟုတ်ပါတယ် ခေါင်းဆောင်ကို တိုက်ခိုက်တဲ့လူတွေက ကျန်းမျိုးနွယ်ရဲ့ ဝတ်စုံကိုဝ်ထားပေမဲ့ အဲလူကို တစ်ခါမှမမြင်ဖူးဘူး” အကြီးအကဲကြီးသည် သေချာပြန်စဉ်းစားရင်း ပြောလေသည်။

“ဟုတ်တယ်” ခေါင်းဆောင်သည် ခေတ္တမျှစဉ်းစားလိုက်ရာ ထိုလူကို အမှန်တကယ် မတွေ့ဖူးပေ။

“ကျန်းမျိုးနွယ်က အားကောင်းတဲ့ ကျွမ်းကျင်သူတွေ အကုန်လုံးကို ကျုပ် တို့သိတယ်… အဲလူက ကျန်းမျိုးနွယ်က ငှားထားတဲ့ အပြင်လူလို့ထင်နေတာ.. ဝိညာဉ်မျိုးနွယ်ကဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” အကြီးအကဲကြီး ပြောလိုက် သည်။

“ကျုပ်တို့က လောကနှစ်ပါးကြားက နယ်နိမိတ်နဲ့ သိပ်မဝေးဘူး ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်ကလူတွေ ဒီကိုတစ်ခါမှမရောက်လာဖူးသလို အဲလိုအခြေအနေ လည်းမဖြစ်ဖူးဘူး.. ဒီတစ်ခါ ပြဇာတ်နောက်ကွယ်က လူကသူတို့ဖြစ်လိမ့်မယ် လို့ထင်မထားဘူး” ဟွားရွှီ၏ စိတ်မှာအလွန်နှောက်သွားသည်။ အကယ်၍ ဤ ကိစ္စသာ အမှန်တကယ်သာဆိုလျှင် ရိုးရှင်းသာ မိသားစုပဋိပက္ခမဟုတ်တော့ ပေ။

“ဒီလိုသတင်းကို ကျုပ်တို့ကိုမျှဝေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မင်းသမီးလေး.. ဒီကိစ္စကိုမသိရင် ကျန်းမျိုးနွယ်ကို သာမန်ပဲ ဖြေရှင်းလိုက်မှာ.. အဲလိုဆို သတိလွတ်သွားမှာစိုးရတယ်” ဟွားရွှီသည် ထပြီး ရှီမာယူယူအား ကျေးဇူးတင်စွာဖြင့် အရိုအသေပြုလိုက်သည်။

“မင်းသမီးလေး ကျန်းမျိုးနွယ်မှာ ဝိညာဉ်မျိုးနွယ်ကလူတွေ ဘယ်လောက် ရှိလဲဆိုတာ သိလား” ဟွားယွိ မေးလိုက်သည်။

“များတယ်” ရှီမာယူယူ ပြန်ဖြေလိုက်သည် “ဒီအကြောင်းကို ကျွန်မတို့ လည်း ဝမ်းကွဲအစ်ကိုဒိကျဲ့ကို သတင်းပို့ပြီးပါပြီ ဒါပေမဲ့ လက်ရှိအခြေအနေက စိုးရိမ်ရတဲ့အဆင့်ဆိုတော့ သူ တပ်ကူပို့ပေးတဲ့အထိ မစောင့်နိုင်မှာကိုပဲ စိုးရပါ တယ်”

ဟွားရွှီသည် ရှီမာယူယူ ပြောလိုက်သည့် စကားကိုကြားပြီး စဉ်းစားကြည့် လိုက်သောအခါ သူမ ဆိုလိုချင်သည့်အရာကို နားလည်သွားသည်။ သူသည် သူမအား လက်သီးဆုပ်ဖြင့် အရိုအသေပြုကာ ပြောလေသည် “မင်းသမီးလေး လမ်းပြပေးလို့ရမလား”

ရှီမာယူယူ သူတို့ကို ကူညီပေးလိမ့်မည်ဟု တွေးမထားပေ။ ထို့ကြောင့်ပင် သူမကို ဆွဲသွင်းမည့် အကြံပေးသည့် အကြီးအကဲ ၇ ကိုပင် ဆူငေါက်ခဲ့သေး သည်။ သို့သော် ယခုအချိန်တွင် ရှီမာယူယူမှ ဦးစွာကမ်းလှမ်းလာပြီး ဝိညာဉ် မျိုးနွယ်အကြောင်း ပြောပြသည်မှာ သူမ၏ ရည်ရွယ်ချက်မှာ သိသာနေသည်။

ရှီမာယူယူသည် စားပွဲကို လက်ချောင်းများဖြင့် ခေါက်နေသည်။ သူမ ခေါက်လိုက်သည့်အချိန်တိုင်း ဟွားရွှီသည် သူ့ရင်များ ခုန်သွားသလို ခံစားရလေ သည်။

ကျန်းမျိုးနွယ်သာဆိုလျှင် သူ ဖြေရှင်းနိုင်သေးသည်။ သို့သော် ယခု ဝိညာဉ်ဘုံမှလူများ ပါဝင်လာသဖြင့် ရှီမာယူယူသာ သူတို့ကို သတင်းမပေးလျှင် ဤအကြောင်းကို သိမည်မဟုတ်ကာ ဝိညာဉ်ဘုံမှလူများ၏ အင်အားကိုလည်း သိရမည်မဟုတ်ပေ။ သို့သော် ရှီမာယူယူ ထိုလူများကို ကိုင်တွယ်နိုင်မလားဆို သည်ကို မသိနိုင်ပေ။

ထိုအကြောင်းကို တွေးလိုက်သည်နှင့် သူ စိတ်လှုပ်ရှားလာသည်။

ရှီမာယူယူသည် တံဆိပ်ပြားထုတ်ပြီး ပြောလိုက်သည် “ဒါသုံးပြီး မြို့စား ကိုခေါ်လိုက်ပါ”

ဟွားရွှီသည် တံဆိပ်ပြားယူပြီး သူမကို မေးခွန်းမထုတ်ပေ။ သူသည် မြို့စားကို ခေါ်တော့မည်အပြုတွင် အကြီးအကဲကြီးသည် ထရပ်ကာ ပြောလေ သည် “ကျုပ်သွားမယ်”

ရှီမာယူယူ ငြင်းဆန်ခြင်းမရှိသည်ကို မြင်သောအခါ ဟွားရွှီသည် အကြီး အကဲကြီးကို တံဆိပ်ပြားပေးလိုက်သည်။ အကြီးအကဲကြီး ထွက်လာပြီး မကြာ ခင်တွင် မြို့စားအိမ်တော်သို့ ရောက်လေသည်။

သူတို့နှင့် မြို့စားကြားမှ ဆက်ဆံရေးမှာ မကောင်းလှပေ။ အကြောင်းမှာ အနောက်ဖျားဒေသ၏မြို့စားဖြစ်သူ မြို့စားအန်းရှီသည် ဟွားမျိုးနွယ်မှ အမျိုး သမီးတစ်ဦးကို နှစ်သက်ဖူးသည်။ သို့သော် သူမတွင် သဘောကျသူရှိနှင့်ပြီးဖြစ် သဖြင့် သူ့ကို ငြင်းဆန်ခဲ့သည်။ သို့သော် သူ ငြင်းဆန်ခြင်းခံရသော်လည်း ဟွား မျိုးနွယ်ကို မကောင်းမှုများ မလုပ်ခဲ့ပေ။ သို့သော် အကူအညီလည်း မပေးခဲ့ပေ။

အကြီးအကဲကြီး တံဆိပ်ပြားကိုင်လာပြီး အနောက်တွင် ဟွားမျိုးနွယ်မှလူ များ ပါလာသည်ကို မြို့စားမြင်သောအခါ အံ့ဩမိသည်။

သူသည် ထိုတံဆိပ်ပြားကို မှတ်မိသည်။ ထိုတံဆိပ်ပြားသည် မြို့စားနှင့် မြို့ဝန်များကို တိုက်ရိုက်အမိန့်ပေးနိုင်သည့် စစ်သူကြီးဒိ၏ တံဆိပ်ပြားဖြစ်၏။ ထို့အပြင် မင်းသမီးလေးနှင့် မိုယွိတို့ ဤနေရာသို့ ရောက်သည်ဟု ကြားထား သဖြင့် အမြန်ပင် ပြေးလာသည်။

အန်းရှီသည် ရှီမာယူယူကို မြင်သောအခါ တရိုတသေ ဦးညွှတ်သည်။ သူ ယဉ်ကျေးစွာနှုတ်ဆက်သည်ကို မြင်သောအခါ သူမ မေးလိုက်သည် “မြို့စားအန်း ဒီနေ့ ရှင့်ကို ဘာလို့ခေါ်တာလဲသိလား”

“လာတဲ့လမ်းမှာ အကြီးအကဲကြီး ရှင်းပြတာကြားခဲ့ပါတယ်” အန်းရှီ ပြန် ဖြေလေသည် “မထင်မှတ်စွာနဲ့ပဲ ဝိညာဉ်မျိုးနွယ်က အနောက်ဖျားဒေသမှာ ပေါ် လာတာပဲ ပြီးတော့ ကျန်းမျိုးနွယ်နဲ့တောင် ပူးပေါင်းထားသေးတယ်”

“ရှင် သိထားမှတော့ ထပ်ပြီးပြောဖို့မလိုတော့ဘူးပဲ” ရှီမာယူယူ ပြော လိုက်သည် “ဒီအကြောင်းကို ဘယ်လိုထင်လဲ”

“အစတုန်းကတော့ ကျန်းမျိုးနွယ်နဲ့ ဟွားမျိုးနွယ်ကြားကကိစ္စမို့လို့ ကျုပ် က ဝင်မပါတာပါ.. ဒါပေမဲ့ အခု ကျန်းမျိုးနွယ်က ဝိညာဉ်မျိုးနွယ်နဲ့ ပတ်သက် နေတော့ မတူတော့ပါဘူး.. ဒါပေမဲ့ ကျန်းမျိုးနွယ်ဆီကို တိုက်ရိုက်သွားလိုက်ရင် သူတို့ လွယ်လွယ်နဲ့ ဝန်မခံရင် ဝိညာဉ်မျိုးနွယ်ရဲ့ ရည်ရွယ်ချက်ကိုလည်း ရှာ မတွေ့နိုင်မှာစိုးရတယ်.. အဲဒါကြောင့် ကျန်းမျိုးနွယ်ရဲ့ လှည့်ကွက်တွေကို ပြန် ဖော်ပြီးတော့ အခွင့်အရေးယူလိုက်ရင် ဝိညာဉ်မျိုးနွယ်ကလူတွေကို မျှားခေါ်နိုင် လိမ့်မယ်”

သူ့အတွေးသည် ရှီမာယူယူနှင့် ဟွားရွှီတို့ ပြောခဲ့ကြသည့် ရလဒ်နှင့်တူ သည်။ ရှီမာယူယူသည် အသာခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါကတော့ အလုံခြုံဆုံးပဲ.. ကျန်းမျိုးနွယ်က မိသားစုငယ်လေးတစ်ခုပါ.. သူတို့ကိုရှင်းရတာ က ဒုတိယအဆင့်ပဲ.. ဝိညာဉ်မျိုးနွယ်ရဲ့ စီမံချက်တွေကို ဖော်ထုတ်ဖို့က ပထမ ဦးစားပေးပဲ.. ရှင်တို့တွေလည်း အကြံတူကြတော့ ကျန်တဲ့ကိစ္စကို ထပ်ပြောဖို့ မလိုတော့ဘူးထင်တယ် ရှင်တို့ အတူလက်တွဲလုပ်ကြပေါ့”

“မင်းသမီးလေးက ဒီကိစ္စကို ထားလိုက်တော့မှာလား” အန်းရှီ မေးလိုက် သည်။

“ကျွန်မက ဒီကကိစ္စတွေနဲ့ရော ကျန်းမျိုးနွယ်နဲ့ရော မရင်းနှီးဘူး အဲဒါ ကြောင့် ဝင်မပါတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။ ဤကိစ္စတွင် ဝိညာဉ် မျိုးနွယ်သာ မပတ်သက်ပါက သူမ ထွက်လာမည်မဟုတ်ပေ။ “ရှင်တို့က ဒီမှာ အကြီးအကဲတွေပဲ ရှင်ကလည်း ဒီမှာမြို့စားလေ.. ဒီကိစ္စတွေကိုတော့ ဖြေရှင်း လိုက်ပါတော့”

အစက ဤကဲ့သို့ကိစ္စများတွင် သူမ ဝင်မပါချင်၍ဖြစ်မည်ဟု ထင်ထားခဲ့ ကြသည်။ သို့သော် သူမပြောစကားကို ကြားသောအခါ သူတို့၏ လုပ်ပိုင်ခွင့်ကို လေးစားခြင်းဖြစ်ကြောင်း သိသွားကြသည်။ ထိုအရာသည် သူတို့၏စိတ်တွင် သူမကို အတွေးတစ်မျိုးပြောင်းသွားစေသည်။ သူမသည် အမြဲတမ်းလက်ရှောင် တတ်ကာ ကိုယ်တိုင်မလုပ်တတ်ဟု အများ ပြောကြသည်။

“ဒါဆိုလည်း အခု တန်ပြန်ရေးအစီအစဉ်ကို ဆွေးနွေးကြတာပေါ့” ဟွားရွှီ သည် မြို့စားကို ပြောလိုက်သည် “ဟုတ်သားပဲ ဝေ့မျိုးနွယ်ကလည်း ဒီကိစ္စမှာ ပါနေတယ်ဆိုတာ အကြီးအကဲကြီးပြောလား”

“လာရတဲ့လမ်းက တိုလွန်းလို့ ဝိညာဉ်မျိုးနွယ်အကြောင်းပဲ ပြောခဲ့ရတယ် ဝေ့မျိုးနွယ်အကြောင်းတော့ မကြားရသေးဘူး.. ခင်ဗျားတို့က ဝေ့မိသားစုနဲ့ မိတ်ဆွေတွေမဟုတ်ကြဘူးလား သူတို့က ခင်ဗျားတို့ကို ကူညီဖို့လုပ်နေတာ လေ ဒါဆို…”

“ခင်ဗျားအထင်လွဲနေပြီ.. ဝေ့မျိုးနွယ်က ကျုပ်တို့ကို ကူညီတာမဟုတ်ဘူး ကျန်းမျိုးနွယ်နဲ့ မဟာမိတ်ဖွဲ့ပြီးသွားပြီ” ဟွးရွှီသည် ဝေ့မျိုးနွယ်အကြောင်းပြော ရင်းနှင့် ကျန်းမျိုးနွယ်အကြောင်း ပြောရာတွင် ပိုဒေါသထွက်လာသည်။

“ဘာလဲ အဲဒါက ဘယ်လိုဖြစ်တာလဲ”

ဟွားယွိသည် ဝေ့ရှင်းတို့အကြောင်းကို ပြောပြလိုက်သည်။ သူ နားထောင် ပြီးနောက်တွင် အန်းရှီ ပြောလေသည် “ဒါဆို ဒီကိစ္စကနည်းနည်းတော့ ခက်တာ ပဲ… ဝေ့မျိုးနွယ်က ဝိညာဉ်မျိုးနွယ်ကိစ္စမှာ ပါနေလား မသိဘူး”

သူတို့နောက်တွင် ဝိညာဉ်မျိုးနွယ် ရှိလျှင် အခြေအနေမှာ ပို၍ပြင်းထန် သွားမည်။

“သူတို့မသိကြဘူး ကျန်းမျိုးနွယ်က ဒီအကြောင်းကို မပြောထားဘူး” ရှီမာယူယူ ပြောလိုက်သည်။

ရှီမာယူယူ သေချာနေသည်ကို ဟွားမျိုးနွယ်မြင်သောအခါ အမှန်ပြောနေ သည်ကို ယုံကြသည်။ ကျန်းမျိုးနွယ်၏ နောက်ကွယ်တွင် ဝိညာဉ်မျိုးနွယ်ရှိ သည်ဟု သူမပြောခဲ့သဖြင့် ဝေ့မျိုးနွယ်အကြောင်းလည်း သိထားနိုင်သည်။ သူတို့သည် နောက်အစီအစဉ်ဆွဲမှပင် ဤအချက်ကိုထည့်စဉ်းစားရမည်။

ဒါပေမဲ့ သူမက ဒီကိစ္စကို ရည်ရွယ်ချက်ရှိရှိ ဝင်မပါဘူးလို့ပြောထားတာ။ ဒီလောက်အချိန်တိုအတွင်း ဒီကိစ္စတွေကို ဘယ်လိုလုပ်ရှင်းရှင်းလင်းလင်းသိနေ တာလဲ။ သူတို့မမြင်နိုင်တဲ့ တစ်ယောက်ယောက်ကို စုံစမ်းခိုင်းတာဖြစ်ရမယ်။

ကြည့်ရတာ တစ္ဆေဘုရင်က သူမကို တကယ်ချစ်တာပဲ။

***

All Chapters