← Chapters

အားလုံးကိုဖမ်းခြင်း

Vol. 138 Ch. 1927

အားလုံးကိုဖမ်းခြင်း

Vol. 138 Ch. 1927

ခြံဝန်းထဲမှ သူတို့ငါးယောက်သည် ထိုင်ခုံအားမှီထားကြပြီး အပြင်မှ ငြင်းခုံ သံများကို စိမ်ပြေနပြေနားထောင်နေကြသည်။

အကြီးအကဲကြီးသည် ဟွားမျိုးနွယ်ဝင်များကို ခေါ်ထုတ်လာပြီး ရှေ့တွင် ရှိနေသော ကျန်းမျိုးနွယ်ကိုမြင်သောအခါ ဒေါသတကြီးအော်လေသည် “မင်း ဘာလုပ်ချင်လို့လဲ ကျန်းဝေ့မင်”

“အကြီးအကဲကြီး ဒီလောက်သိသာနေတဲ့ကိစ္စကို ပြောဖို့လိုသေးလိုလား” ကျန်းမိသားစုခေါင်းဆောင်ဖြစ်သော ကျန်းဝေ့မင်သည် နှာမှုတ်သည် “ဒီနေ့ မင်းတို့ မျိုးနွယ်ရဲ့ အဆုံးသတ်ပဲ.. မင်းတို့ အနောက်ဖျားဒေသကနေထွက်သွား ရင် မင်းတို့အသက်ကို ချမ်းသာပေးမယ်”

“ဒါက ငါတို့အိမ်ပဲ ဘာလို့ထွက်သွားရမှာလဲ.. မင်းတို့က ငါတို့မိသားစုရဲ့ ပိုင်ဆိုင်မှုတေလုချင်နေတာမဟုတ်လား ဘာလို့မဆိုင်တာတွေပြောနေတာလဲ” ဟွားယွင်သည် ရွံရှာစွာဖြင့် ပြောလိုက်သည်။

“ငါ မင်းကို အခွင့်အရေးပေးနေတာ မင်းတို့က မပူးပေါင်းမှတော့ ငါလည်း မကြင်နာနိုင်တော့ဘူး” ကျန်းဝေ့မင်သည် သူပြောလိုက်သည့် စကားကို အရေး မထားသဖြင့် နာကျင်နေသော မျက်နှာဖြစ်သွားသည် “မင်းတို့ ခေါင်းဆောင်က ဒီမှာမရှိဘူး အဲဒါကိုခုခံနေဦးမှာလား.. ဟင်း ကျန်းမျိုးနွယ်တို့ တစ်ယောက်မှ အလွတ်မပေးကြနဲ့”

ရှီမာယူယူသည် ကျန်းဝေ့မင်၏ စကားများကို ကြားသောအခါ ရယ်မော လိုက်သည်။ ဒီလူက တကယ်ကိုအရှက်မရှိတာပဲ။ သူ့ရဲ့ စကားတွေက ဒီအဆင့် ပဲရှိတယ်။ သူတို့နောက်ကွယ်က လူကိုတွေ့လိုက်သည်နှင့် မည်သို့တုံ့ပြန်မည် ကို သူမ ပိုစိတ်ဝင်စားသည်။

“ကျန်းဝေ့မင် ငါ သေသွားပြီလို့ ဘယ်သူပြောလဲ” ဟွားရွှီသည် တံခါးမှ ထွက်လာပြီး ကျန်းမိသားစု၏ ထိတ်လန့်သွားသော မျက်နှာများကိုကြည့်ရ သည်ကို အလွန်ပျော်ရွှင်နေသည် “မင်းတို့က ငါ့ကိုသေစေချင်နေတာလား အင်း အိပ်မက်မက်နေလိုက်”

“ဟွားရွှီ ဘာလို့အသက်ရှင်နေသေးတာလဲ” ကျန်းဝေ့မင်သည် အံ့ဩလွန်း သဖြင့် သတိပင်လွတ်သွားသည်။ သူတို့ ရထားတဲ့သတင်းအရဆို သူသေပြီလေ။ ဘယ်လိုလုပ် သူတို့ရှေ့မှာ ရပ်နေသေးတာလဲ။

“အင်း စိတ်ပျက်စေမိတဲ့အတွက် တောင်းပန်ပါတယ်.. ဒါပေမဲ့ ငါ အရမ်း ကျန်းမာရေးကောင်းပြီး အသက်ရှင်နေတယ် ဟင်း.. မင်းတို့ရဲ့ အားနည်းနည်း လောက်နဲ့ ငါ့အသက်ကိုယူချင်တာလား.. အင်း အိပ်ရာကနိုးဖို့အချိန်တန်ပြီ” ဟွားရွှီ ပြန်ချေပလိုက်သည်။

ကျန်းဝေ့မင်၏ မျက်နှာထားမှာ ထပ်မံပြောင်းလဲသွားပြန်သည်။ သူ အသက်ရှင်နေသည်မှာ ပြဿနာမဟုတ်ပေ။ သူ ပြန်ကောင်းလာခြင်းကြောင့် ပင်။ ဒါဆိုရင် ဝိညာဉ်မျိုးနွယ်အကြောင်းကို သူ သိပြီးပြီလို့ ဆိုလိုတာမလား။

သူသည် မျက်စိထောင့်မှ ၁၇ ကိုကြည့်လိုက်သည်။ သူ၏ အသားအရေ မကောင်းလှသည်ကို မြင်သောအခါ ဒေါသမထွက်သင့်ဟု ခံစားမိသည်။

“မင်းအသက်ရှင်နေရင်တောင် မင်းတို့ ဟွားမျိုးနွယ်ရဲ့ အဆုံးသတ်ကို ပြောင်းလို့မရဘူး.. ငါတို့ရဲ့ လက်ရှိအားက မင်းတို့ထက် သန်မာတယ်” ကျန်းဝေ့ မင်သည် အစောက တုံ့ပြန်မှုလွန်သွားသည်ဟု ခံစားမိသဖြင့် သူ၏စိတ်ကို ပြင်ဆင်လိုက်သည်။ ဟွားရွှီ အသက်ရှင်နေလည်း ဘာဖြစ်လဲ။ အဲဒါက ဟွား မျိုးနွယ်ရဲ့ အဆုံးသတ်ကို ပြင်နိုင်တာမှမဟုတ်တာ။ သူတို့ သေသွားရင် ဝိညာဉ် မျိုးနွယ်အကြောင်းကို ဘယ်သူ့ကိုမှ မပြောနိုင်တော့ပေ။

“မင်းပြောတာက မင်းနောက်ကတပ်ကူတွေကို လျှို့ဝှက်ခေါ်မလို့လား” ဟွားရွှီသည် ကျန်းဝေ့မင် မျက်နှာထားပြောင်းသွားသည်ကို မြင်လိုက်ရသည်။ သူသည် အလွန်ပျော်မိသည်။ သူသည် ဝမ်းသာသည့်အသံဖြင့် ဂုဏ်ယူစွာ ဆက် ပြောလေသည် “တပ်ကူကို တိတ်တိတ်လေး ခေါ်ထားတာ မင်းတို့တင်ပဲလို့ ထင်နေလား.. ဟွားမျိုးနွယ်ကလည်း မခေါ်ဘူးလို့ထင်နေတာလား ကြည့် ဒါ တွေကဘာတွေလဲ”

သူ့အသံဆုံးသည်နှင့် ဟွားမျိုးနွယ်၏အနောက်မှ လူအများအပြားထွက် လာသည်။ ကျန်းမျိုးနွယ်သည် သူတို့ကို မှတ်မိသည်။ ထိုလူများသည် တခြား နေရာမှ ရောက်လာခြင်းဖြစ်သည်။

ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟွားမျိုးနွယ်က အပြင်ကလူတွေအကုန်လုံး ကို ပြန်ခေါ်လိုက်တာလား။ သူတို့ ဘာလို့ ဘာသတင်းမှမကြားလိုက်ရတာလဲ။

“မင်းတို့က အရမ်းကိုလျှို့ဝှက်တာပဲ”

“ဟားဟား ဟုတ်တယ်လေ မင်းတို့က ငါတို့ကို သိပ်အာရုံမစိုက်တော့ ဒီလောက် အံ့ဩသွားတာပေါ့” ဟွားရွှီ၏ စကားလုံးများသည် ဖြတ်ရိုက်လိုက် သလိုပင်။ ကျန်းမျိုးနွယ်သာ ဟွားမျိုးနွယ်ကို လျော့မတွက်ခဲ့လျှင် ဤမျှကြီးမား သည့် လှုပ်ရှားမှုများကို မည်သို့မသိဘဲနေမည်နည်း။

“ခေါင်းဆောင်ကျန်း ငါတို့က မင်းတို့အစီအစဉ်ကို သိရုံတင်မကဘူး ဝေ့မျိုးနွယ်နဲ့ ကိစ္စကိုလည်းသိတယ်.. ပြောရင်းနဲ့ အဲတုန်းက တောင်ကြားမှာ ဝေ့ရှင်းကသာ မပြောပြခဲ့ရင် မင်းတို့ လူစုနေတယ်ဆိုတာကို သိခဲ့မှာမဟုတ်ဘူး”

“ဝေ့ရှင်းလား”

ဒီလောက် မိုက်မဲတဲ့ကိစ္စရှိသေးတာလား။

“အဲတော့ မင်းတို့အားလုံးသိလား” ကျန်းဝေ့မင်သည် ဝေ့မျိုးနွယ်ထဲမှ လူ အားလုံးကို နုတ်နုတ်စဉ်းချင်နေသည်။ သူတို့ကြောင့်သာမဟုတ်ရင် ဟွား မျိုးနွယ်က ဒီလိုကိစ္စတွေ ဘယ်လိုသိမှာလဲ။ ဘယ်လိုလုပ် ဒီလောက် နိုးကြား နေမှာလဲ။

အဲဒီဝေ့ရှင်း.. အဲတုန်းက သူမသေရင်တောင် အခုချက်ချင်းသတ်ပစ်မှာ။

“ဟင်း အဲလိုဆိုရင်တောင် အဆုံးသတ်ကတော့ အတူတူပဲ တက်ကြ”

သူ အမိန့်ပေးလိုက်သည်နှင့် နှစ်ဖက်လုံးမှ လူများလှုပ်ရှားကြရာ တိုက်ပွဲ ၏ ဝိညာဉ်စွမ်းအင်များသည် ပတ်ပတ်လည်ကို ထိမှန်လေသည်။ ကံကောင်းစွာ ပင် ဟွားမျိုးနွယ်သည် ကာကွယ်ရေးတည်ဆောက်မှုကို အချိန်မှီဖွင့်လိုက်သဖြင့် ဟွားအိမ်တော်ကို ကာကွယ်နိုင်လေသည်။

အပြင်မှ ကောင်းကင်ကို လှုပ်ခါစေသည့် အသံများသည် ယူယူ့ကို တုံ့ပြန် မှု မဖြစ်စေပေ။ သူတို့ငါးယောက်သည် ခုံတွင်လှဲမီထားပြီး လေထဲမှ သိုင်းကွက် အမျိုးမျိုး ရိုက်ခတ်နေသည်ကို ကြည့်ပြီး ပြောလေသည် “မိုမျိုးနွယ်က အခုလေးတင် အဲလိုကိစ္စဖြစ်ခဲ့တာ ညီမလည်း အဲလိုမျိုးကြုံဖူးတာပဲ”

“ဒီကမ္ဘာကြီးကိုက ဒီလိုပဲမဟုတ်ဘူးလား.. အကုန်လုံးက အကျိုးအမြတ် အတွက် ပြိုင်နေကြတာပဲ” ဝူလင်းယူသည် လက်နှစ်ဖက်ကို ခေါင်းအောက်တွင် ထည့်ထားသည်။ သူ၏နှုတ်ခမ်းထောင့်မှ အပြုံးသဲ့သဲ့သည် လက်ရှိ သူ့ခံစားချက်ကို ဖော်ပြနေသည်။

“မရဏာလောက,ကလွဲပြီး ငြိမ်းချမ်းတဲ့နေရာရှာမတွေ့မှာ စိုးရတယ်” အရိပ်မည်းသည် မှတ်ချက်ပေးရင်း သက်ပြင်းချလေသည်။

“ဒါက ဘဝပဲလေ” ဟွမ်သည် တစ္ဆေလောက၏ ရုန်းကန်နေမှုများကို ရည်ညွှန်းပြီးပြောလေသည်။

မိုယွိ ပြုံးလိုက်သည်။ သူတို့အဆင့်တွင် ဤမျှသည် ဘာမှမဟုတ်ပေ။ မိသားစု သံယောဇဉ်ကြောင့်သာမဟုတ်လျှင် သူသည် တစ်ကမ္ဘာလုံးကို ခရီးသွားလာနေမည်ပင်။

သူသည် မျိုးနွယ်သို့ မကြာခဏမပြန်တတ်သော်လည်း စိတ်ထဲတွင်တော့ အမြဲတမ်းပူပန်နေတတ်သည်။

“ဝေ့မျိုးနွယ်ဝင်တွေလာပြီ” ရှီမာယူယူ ပြောလိုက်သည်။

ဝေ့မျိုးနွယ်သည် ယနေ့ကိစ္စတွင် တိုက်ရိုက်ဝင်ပါလိုခြင်းမရှိပေ။ သူတို့ သည် ဤနေရာမှ အခြေအနေကို လူလွှတ်ပြီး စောင့်ကြည့်ခိုင်းထားသည်။ မထင်မှတ်စွာပင် သူတို့သည် ဟွားမျိုးနွယ်အကူအညီတောင်းသည့် သတင်းကို ပိတ်ပင်ခဲ့သည်။ သို့သော် ရလာသောသတင်းမှာ သူတို့၏ ရည်ရွယ်ချက်ကို သိ လိုက်ရသည်။

ထိုတင်မကဘဲ ကျန်းမျိုးနွယ်သည် ဟွားမျိုးနွယ်ကို သုတ်သင်ပြီးသည်နှင့် ဟွားမျိုးနွယ်၏ ပိုင်ဆိုင်မှု သုံးပုံတစ်ပုံပေးမည့်အစား ဝေ့မျိုးနွယ်ကိုပါ ရှင်းမည် ဟု ကျန်းမျိုးနွယ်ဆီမှသတင်းကြားလိုက်ရသည်။

ထိုအချိန်တွင် ကျင့်ကြံနေသော ဝေ့လင်းဆီမှ မာန်ဟိန်းသံထွက်လာ သည်။ တံခါးကိုစောင့်နေသောလူများ ဝင်ကြည့်ရာ သွေးများဖြင့် ဖုံးလွှမ်းနေ သော ဝေ့လင်းကိုတွေ့လိုက်ရသည်။

“အဆင့်တက်တဲ့ဆေး.. ပြဿနာ.. ရှိနေတယ်” ဝေ့လင်းသည် ပြောပြီး နောက် မေ့လဲသွားသည်။ မထင်မှတ်စွာပင် သူသည် အဆင့်တက်ရန် ရှုံးနိမ့်သွား ပြီး အသုံးမကျသည့်လူဖြစ်သွားသည်။

ထိုအခါမှပင် ဟွားမျိုးနွယ်တွင် အစီအစဉ်ရှိသည်ကို ဝေ့မျိုးနွယ်သိသွား ကြသည်။ ထိုတင်သာမကဘဲ သူတို့သည် စီမံချက်များရှိထားပြီး သူတို့၏ သခင် လေးကိုပါ ပျက်စီးအောင်လုပ်ခဲ့သည်။

ကျန်းမျိုးနွယ်မှ သတင်းများပါရလိုက်သောအခါ ရုတ်တရက် ကျားမြီးဆွဲ မိသည်ကို သိလိုက်ရသည်။

အခု ကျန်းမျိုးနွယ်နှင့် ဟွားမျိုးနွယ်တို့ တိုက်ခိုက်မည်ဖြစ်ရာ သူတို့ကို တားရန်လိုအပသည်။ သူတို့ကို တိုက်ခိုက်ခွင့်ပြု၍မဖြစ်ပေ။ မဟုတ်လျှင် အနာဂတ်တွင် အန္တရာယ်ကျလာမည်မှာ သူတို့ဝေ့မျိုးနွယ်ပင်ဖြစ်သည်။

သို့သော် ဝေ့မျိုးနွယ်မရောက်ခင် စကားမပြောလိုက်ရခင်မှာပင် တိုက်ပွဲ ကြားညပ်သွားလေသည်။

သုံးဖွဲ့သည် ထိုအတိုင်းတိုက်ခိုက်ကြသည်။

ရှုပ်ယှက်ခတ်နေသည့် လုံးထွေးပုတ်သတ်မှုများနှင့် ရင်ဆိုင်ရသည်မှာ မည်သူမှ မစဉ်းစားထားသည့် အခြေအနေဖြစ်သည်။

အတန်ကြာပြီးနောက် အန်းရှီ ရောက်လာပြီး အော်လိုက်သည် “ဘယ်လို လုပ် တိုက်ခိုက်ရဲတာလဲ သူတို့အကုန်လုံးကို ပြန်တိုက်ခိုက်လိုက်”

အန်းရှီသည် မြို့စားအိမ်တော်မှ လူများနှင့် တပ်ဖွဲ့ကိုခေါ်လာသည်။ ဝေ့မျိုးနွယ်နှင့် ကျန်းမျိုးနွယ်ဝင်အများစုမှာ အသတ်ခံရပြီး ဒဏ်ရာများရကြ သည်။ ကျန်လူများမှာလည်း ခြေကုန်လက်ပန်းကျကြတာ အပြင်းအထန် ဒဏ်ရာရကြသည်။ ရလဒ်အနေနှင့် ထိုလူများကို မြို့စားအိမ်တော်သို့ ခေါ်သွား ပြီး မြေအောက်အကျဉ်းတိုက်တွင် ပိတ်ထားလိုက်သည်။

၁၇ သည် မြေအောက်အကျဉ်းတိုက်သို့ ဝင်ဝင်ချင်းတွင် တစ်ခုခုလွဲမှား နေသည်ကို သိလိုက်သည်။ သူထိုနေရာသို့ရောက်သောအခါ သူ၏ ဝိညာဉ် စွမ်းအားသည် ဖိနှိပ်ခံရသလို ခံစားလိုက်ရသည်။

ကျန်းမျိုးနွယ်နဲ့ ဝေ့မျိုးနွယ်ရဲ့ အကြံအစည်ကဒါလား။ သူ့ကို လုပ်ကြံတာ သေချာနေပြီပဲ။

“မဟုတ်သေးဘူး ငါတို့က ဘာလိုဟွားမျိုးနွယ်ထက် အသေအပျောက် များနေတာလဲ”

“ခေါင်းဆောင် ဟွားမျိုးနွယ်ထဲကလူတွေကို တစ်ခါမှမမြင်ဖူးတာမှတ်မိ တယ်.. သူတို့တွေက မြို့စားရဲ့… တပ်ကလူတွေလိုပဲ”

***

All Chapters