← Chapters

ဘာမှမပြောရင်တောင် အသုံးမဝင်ဘူး

Vol. 138 Ch. 1928

ဘာမှမပြောရင်တောင် အသုံးမဝင်ဘူး

Vol. 138 Ch. 1928

မြို့စားအိမ်တော်က လူတွေလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

မြို့စားအိမ်တော်က မိသားစုကြားပဋိပက္ခတွေကို ဝင်မှမပါတာ။ ဘယ်လို လုပ် မြို့စားအိမ်တော်ကလူတွေဖြစ်မလဲ။

ကျန်းဝေ့မင်နှင့် ၁၇ မှလွဲပြီး မည်သူမှ မယုံကြပေ။

မည်သည့်နည်းလမ်း အသုံးပြုသည်ကို မသိသောလည်း ၁၇ ၏ ဝိညာဉ် စွမ်းအားကို ချုပ်ထားနိုင်သဖြင့် သူတို့ ကြိုပြင်ဆင်ထားသည်ကို ညွှန်ပြနေ သည်။

“ခေါင်းဆောင် မြို့စားက ကျွန်တော်တို့ကိုပဲဖမ်းပြီး ဟွားမျိုးနွယ်ကျတော့ ဘာလို့မဖမ်းတာလဲ” လူတစ်ယောက်သည် မလိုလားစွာဖြင့် မေးလေသည်။

“ဟုတ်တယ် တိုက်ပွဲက အနောက်ဖျားမြို့တော်ကို ထိခိုက်သွားစေတယ် ဆိုရင် ဟွားမျိုးနွယ်ကိုလည်း ဖမ်းသင့်တယ်.. ဘာလို့ ကျွန်တော်တို့ကိုပဲ ဖမ်း တာလဲ”

“မြို့စားက တကယ်ပဲ ဟွားမျိုးနွယ်ကို ကူညီနေတာလား”

ထိုသို့ခံစားရသော်လည်း အကြောင်းအရင်းကိုတော့ ရှာမရပေ။

သူတို့ မစဉ်းစားနိုင်လျှင် ပြောပြမည့်လူတစ်ယောက် လာရန်လိုသည်။

သို့သော် သုံးရက်ကြာစောင့်ရသည်။

သုံးရက်အကြာတွင် အန်းရှီသည် အကျဉ်းထောင်သို့ ရောက်လာသည်။ ဟွားရွှီမှအပြင် တခြားမမြင်ဖူးသော သုံးယောက်လည်း ပါလာသည်။

“သခင်ကြီး ဒါဘာသဘောလဲ” ကျန်းဝေ့မင်သည် ဟွားရွှီကိုမြင်သောအခါ  တည်တံ့သောမျက်နှာဖြင့် မေးလေသည် “ခင်ဗျားက ဟွားမျိုးနွယ်နဲ့ မဟာမိတ် ဖွဲ့လိုက်တာလား.. ခင်ဗျားက မိသားစုတွေကြားက ပဋိပက္ခကို ဝင်မပါဘူးလို့ ပြောခဲ့တယ်လေ”

“ပြောခဲ့ပါတယ်” အန်းရှီ ဝန်ခံသည်။

“ဒါဆိုလည်း ဘာလို့ကတိဖျက်ပြီး ဟွားမျိုးနွယ်ကို ကူညီတာလဲ”

“ဘာလို့,လို့ထင်လဲ” အန်းရှီသည် သူ့ကိုယ်သူ သက်သေအဖြစ်ထားပြီး သူ့ကိုစိုက်ကြည့်လေသည် “ကျုပ်ပြောဖို့မလိုတော့ပါဘူး ခင်ဗျားနားလည်သင့် တယ်.. ခင်ဗျားတို့ လုပ်ခဲ့တဲ့ ကိစ္စကြောင့်သာမဟုတ်ရင် ကျုပ်ဝင်မပါဘူး”

“ကျွန်တော်တို့က ဘာလုပ်ခဲ့လို့လဲ ကျွန်တော်တို့က ဘာလုပ်နေလို့လဲ” ကျန်သည့် ကျန်းမျိုးနွယ်ဝင်များသည် သူ၏ဆိုလိုရင်းကို နားမလည်သဖြင့် သူတို့၏ ခေါင်းဆောင်ဘက်သို့ လှည့်ကြသည် “ခေါင်းဆောင် မြို့စားပြောတာ ဘာအဓိပ္ပာယ်လဲ”

ကျန်းဝေ့မင်သည် စကားမပြောပေ။ ထိုကိစ္စသာ ပေါ်ပေါက်သွားပါက သည်တစ်ကြိမ်တွင် သူ အသက်မရှင်နိုင်တော့သည်ကို တွေးနေသည်။ အန်းရှီ သူ့ကို သက်ညှာပေးဖို့မဆိုထားနှင့်။ အကယ်၍ အန်းရှီမှ သူ့အသက်ကို မလိုချင် လျှင်တောင် သူ့ကိုယ်သူ မညှာနိုင်ပေ။

သူ ပူးပေါင်းရန် သဘောတူလိုက်သည့်အချိန်မှစပြီး အရှုံးပေးခွင့်မပြုနိုင် ပေ။ သူသည် လုံးဝနောက်ဆုတ်မည် မဟုတ်ပေ။

ဒါပေမဲ့ အန်းရှီက ဒီလောက် လျှို့ဝှက်တဲ့ကိစ္စကို ဘယ်လိုသိတာလဲ။ ဘယ်တုန်းကသိသွားတာလဲ။

သူ့မျက်နှာ ဖြူဖျော့သွားပြီး ချွေးများစီးကျလာသည်ကို ကျန်းမျိုးနွယ်များ မြင်သောအခါ ချက်ချင်းပင် နားလည်သွားကြသည်။

“ခေါင်းဆောင်” သူတို့သည် အပျက်သဘောဆောင်သည့် အဖြေမျိုးရ မလာရန် မျှော်လင့်ရင်း သူ့ကို စိတ်အားထက်သန်စွာ ကြည့်ကြသည်။

သို့သော် တိတ်ဆိတ်မှုသည် သူတို့၏စိတ်များကို ရေခဲခန်းထဲသို့ နှစ်မြှုပ် လိုက်သလိုပင်။

အန်းရှီသည် သူတို့အခန်းကို ဖြတ်လျှောက်သွားပြီး အဝေးဆုံးအခန်းသို့ နောက်မှလူများကို ခေါ်သွားလေသည်။ ၁၇ ကို ထိုနေရာတွင် ပိတ်ထားသည်။

၁၇ သည် အန်းရှီ၏ မျက်လုံးများကို ကြည့်သည်နှင့် ကိစ္စများပေါ်ပေါက် သွားသည်ကို သိလိုက်သည်။ တစ်နည်းပြောရလျှင် သူ၏စွမ်းအား ဖိနှိပ်ခံရ သည်ကို သိလိုက်ကတည်းကပင် ပေါ်ပေါက်သွားကြောင်း သိလိုက်သည်။

သူသည် အပြင်မှလူများကို ကြည့်ပြီး မအံ့ဩသလို ပျာယာလည်းမခတ် ပေ။ သို့သော် သိချင်စိတ်ဖြင့် ပြောလေသည် “ဘယ်လိုသိကြတာလဲ”

“လူတွေကို မသိစေချင်ရင် ဘာမှမလုပ်နဲ့လေ... မင်းတစ်ခုခုလုပ်နေ သရွေ့ ခြေရာလက်ရာဆိုတာ ကျန်ခဲ့တာပဲ” အန်းရှီ ပြောလိုက်သည်။

“ဖြစ်နိုင်တာ… မင်းတို့မှာ ဝိညာဉ်မျိုးနွယ်စုကို ကာကွယ်နိုင်တဲ့ဟာ ဘာမှ မရှိဘူးလေ.. အဲဒါကို ဘယ်လိုသိတာလဲ” ၁၇ သည် သူတို့၏ စိတ်ပညာကိုသိ ထားသည်။ ဝိညာဉ်မျိုးနွယ်စုသည် နေရာတချို့တွင်သာရှိကာ ဤနေရာတွင် ပေါ်မလာခဲ့ပေ။ ထို့ကြောင့် သူတို့ သိစရာအကြောင်းမရှိပေ။

သူသည် အနောက်မှ ရှီမာယူယူနှင့် မိုယွိတို့ကိုကြည့်လိုက်သည် “မင်း သိသွားတာလား”

“မင်း ဂုဏ်တောင်ယူရဦးမယ်” အန်းရှီ ပြောလိုက်သည် “မင်းတို့ ပူးပေါင်း ကြံစည်တာကို မင်းသမီးလေးနဲ့ သခင်မိုယွိတို့က ကိုယ်တိုင်တွေ့ခဲ့တာ”

“မင်းသမီးလေး”

“သခင်မိုယွိ”

အကျဉ်းထဲမှလူများသည် သူတို့ကို အလန့်တကြားကြည့်ကြသည်။ သူတို့ က မင်းသမီးလေးနဲ့ မိုယွိဖြစ်နေတာကိုး။ သူတို့ကို ပိုထိတ်လန့်စေသည်မှာ ကျန်းမျိုးနွယ်မှ ခေါင်းဆောင်သည် ဝိညာဉ်နယ်မြေမှလူများနှင့် လျှို့ဝှက်ကြံ စည်နေခြင်းဖြစ်သည်။

ထို့ကြောင့် မြို့စားသည် ဤကိစ္စတွင် ပါဝင်လာခြင်းဖြစ်သည်။ ဤကိစ္စမှာ ရိုးရှင်းသော မိသားစုပဋိပက္ခမဟုတ်တော့ပေ။

“မင်းက တစ္ဆေလောကက မင်းသမီးလေးလား” ၁၇ သည် ရှီမာယူယူကို ကြည့်လိုက်သည်။ သို့သော် ဤမျှငယ်လိမ့်မည်ဟု ထင်မထားပေ “ငါ ကံမကောင်းလို့ မင်းနဲ့ ဒီမှာလာတွေ့တာပဲ”

သူတို့ကြောင့်သာမဟုတ်လျှင် အကုန်လုံးမှာ မတူနိုင်တော့ပေ။

“ဘာများ ကွာသွားမှာမို့လို့လဲ.. ငါတို့ ရှိရှိမရှိရှိ မင်းတို့ ပူးပေါင်းတာက အောင်မြင်မှာမဟုတ်ဘူး” ရှီမာယူယူ နှာမှုတ်လိုက်သည် “တစ္ဆေလောကမှာ အရည်အချင်းရှိတဲ့လူတွေ အများကြီးပဲ မင်းတို့က ငါတို့ကိုဘာမှလုပ်လို့မရဘူး”

“ဟင်း” ၁၇ ပြုံးလိုက်ပြီး သူမကို ဒေါသမထွက်ပေ။ တပ်မှူးရဲ့ အစီအစဉ် သာအောင်မြင်သွားရင် ဒီတစ္ဆေမျိုးနွယ်ဝင်တွေ ရယ်နိုင်ဦးမလားကြည့်ကြတာ ပေါ့။

“ရွှီယွိအကြောင်း စဉ်းစားနေတာလား” ရှီမာယူယူ ပြောလိုက်သည် “သူ့ အစီအစဉ်က ပြီးပြည့်စုံနေပြီလို့ ထင်နေလား”

“မင်း ဘာတွေပြောနေတာလဲ ငါ မသိဘူး” ၁၇ သည် ခေါင်းတစ်ဖက်လှည့် ပြီး ဝန်မခံပေ။

“မင်းပြောလိုက်တာကို ရွှီယွိသိသွားမှာ ကြောက်နေတာလား” ရှီမာယူယူ မေးလိုက်သည် “မင်းမြို့အပြင်မှာတွေ့တုန်းက သူ့ကို တကယ်ကိုကြောက်တာ ပဲ”

“အဲဒါကို ဘယ်လိုလုပ်သိတာလဲ”

“ငါမြင်လိုက်တာလေ” ရှီမာယူယူ ပြောလိုက်သည် “မင်း မြို့ကထွက်သွား ရင် ဘယ်သူမှမတွေ့ဘူးလို့ ထင်နေတာလား”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင်းတို့ အဲဒီမှာရှိရင် တပ်မှူးက ဘယ်လိုလုပ် မသိဘဲနေမှာလဲ”

“ဟားဟား ရွှီယွိရဲ့ အားလောက်နဲ့ ငါတို့ကိုရှာတွေ့နိုင်မှာလား” ရှီမာယူယူ သည် အထင်သေးစွာပြောလေသည် “သူဒီမှာရှိရင်တောင် မင်းကိုမကယ်နိုင်ဘူး”

၁၇ ၏စိတ်မှာ လေးလံသွားသည်။ မထင်မှတ်စွာပင် ရှီမာယူယူသည် အားလုံးကို သိနေသည်။

“ငါ မင်းကို ဘာမှမပြောနိုင်ဘူး ငါ့ဆီကနေ ဘာမှမရချင်နဲ့” သူသည် ဘာကိုမှထုတ်ဖော်ရန် ရည်ရွယ်ချက်မရှိပေ။

ရွှီး

ဓားတိုတစ်ချောင်းသည် သူ့ရင်ဘတ်ကို ဖြတ်ဖောက်သွားပြီး အနောက်မှ နံရံကိုသွားစိုက်လေသည်။ သူသည် တဖြည်းဖြည်းခေါင်းငုံ့လိုက်ရာ သူ့ရင်ဘတ် မှ အပေါက်ကြီးကိုမြင်လိုက်သောအခါ နှုတ်ခမ်းတွန့်ပြီး ပြုံးလိုက်သည်။

သူ ဒီလောက်လွယ်လွယ်လေး သေသွားလိမ့်မယ်လို့ ထင်မထားဘူး။ အဲလိုဆိုလည်း သူ ထုတ်ပြောဖို့မလိုတော့ဘူး။

ဟုတ်ပြီလေ.. သူသေသွားရင် သူတို့ ဘာမှမေးမရတော့ဘူး။ နောက်ကို လည်း ဘာမှတွေ့ရမှာမဟုတ်ဘူး။

ဘုန်း…

သူ ကြမ်းပေါ်သို့လဲသွားသည်။ သို့သော် ခဏအကြာတွင် ပြန်သတိရလာ သည်။

ရှီမာယူယူသည် ရုတ်တရက် သူ့ဘေးတွင်ပေါ်လာသော်လည်း အခန်း တံခါးမှာ ပိတ်ထားဆဲဖြစ်သည်ကို မြင်လိုက်ရသည်။ သူမသည် သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ လက်ချောင်းရှည်များသည် သူ့ပခုံးကိုကိုင် ရာ သူခေါင်းမော့လိုက်သည်နှင် သူမ ပြောလိုက်သည့်စကားကို ကြားလိုက်ရ သည် “မင်းသေသွားရင် အကုန်ပြီးပြီလို့ ထင်နေတာလား.. ငါဘာလုပ်မလဲ မင်း သိတောင်သိမှာမဟုတ်ဘူး”

“မင်း.. လုပ်ချင်တာက…”

“ငါလုပ်ချင်တာက မင်းသေတော့မယ့်အချိန်မှာ နည်းနည်းတော့ သိဖို့ မျှော်လင့်နေတာ..”

ရှီမာယူယူ ပြောပြီးသည်နှင့် သူမ၏ အံ့ဖွယ်အာရုံကို သူ၏အသိစိတ် ပင်လယ်ထဲသို့ထည့်ပြီး သူ၏မှတ်ဉာဏ်ကိုဖတ်လိုက်သည်။

သူသည် သူမ၏ ဝင်ရောက်မှုကိုသိလိုက်သော်လည်း မတားနိုင်ပေ။

သူမ သူ့ခေါင်းထဲမှထွက်သွားသည်နှင့် သူ၏ခန္ဓာကိုယ်သည် ပစ်ချခံလိုက် ရသလိုခံစားရကာ သူမ၏ အေးစက်သောအသံသည် နားထဲဝင်လာသည် “သတင်းရပြီးပြီ ဒီအလောင်းကိုရှင်းလိုက်ဦး…”

သူသည် မလိုလားပေ။ သူ ဘာမှတောင်မလုပ်ရဘူး၊ ဘာမှလည်း မပြော ရဘဲနဲ့ သူမ သိသွားသေးတယ်။ ရွှီယီသာ သိရင် သူ့မျိုးနွယ်ကို ဘာလုပ်မလဲ မသိ ဘူး။

သူတို့သည် ရွှီယွိရှေ့သို့ ရောက်ခဲ့ပြီးဖြစ်ရာ သူတို့ကို ဆက်စပ်ပြီးသားဖြစ် လိမ့်မည်။ ထိုအရာသည် သူ့ရွေးချယ်မှုမဟုတ်ဘဲ သူတို့၏ ရွေးချယ်မှုသာဖြစ် သည်။

ရှီမာယူယူနှင့် မိုယွိတို့ ထွက်သွားချိန်တွင် ကျန်းမျိုးနွယ်နှင့် ဝေ့မျိုးနွယ် တို့သည် ၁၇ ကဲ့သို့ အဆုံးသတ်သွားမည်ကို ကြောက်ပြီးဘာမှမပြောရဲပေ။

“မင်းသမီးလေး ဒီလူတွေကို ဘယ်လိုရှင်းချင်လဲ” အန်းရှီသည် သူတို့ ရင်တုန်စေသည့် မေးခွန်းကိုမေးလိုက်သည်။

***

All Chapters