တကယ်ကို အလှလေးပဲ
Vol. 138 Ch. 1930
ရှီမာယူယူနှင့် တခြားသူများ ဖြတ်လမ်းဝင်္ကပါမှထွက်လာသောအခါ ဝူရှန်းဒေသ၏ အုပ်ချုပ်သူ ပီလင်းသည် ဖြတ်လမ်းဝင်္ကပါဆီသို့ လူများခေါ်၍ ရောက်လာပြီဖြစ်သည်။
“မင်းသမီးလေးနဲ့ သခင်ကြီးမိုယွိတို့ကို တွေ့ဆုံပါတယ်”
ရှီမာယူယူထွက်လာသည်နှင့် အစိမ်းနုရောင် ဝတ်စုံဝတ်ဆင်ထားသော အမျိုးသမီးဦးဆောင်သည့် အဖွဲ့သည် သူမကိုအရိုအသေပြုသည်ကိုမြင်သော အခါ အနည်းငယ်အံ့ဩသွားသည်။ ဝူရှန်းဒေသ၏ အုပ်ချုပ်သူသည် အမျိုးသမီး ဖြစ်လိမ့်မည်ဟု ထင်မထားပေ။
“လင်းအာ” သူမ မျှော်လင့်ထားသလိုမဟုတ်ဘဲ မိုယွိသည် ပီလင်းကို ပြုမူ ခဲလှသည့် အမူအရာဖြင့် ခေါင်းညိတ်ပြလေသည်။
ရှီမာယူယူသည် မိုယွိအား တအံ့တဩ ကြည့်လိုက်သည်။ ဒီလူကြီးက ဒီလိုမျိုး အလှလေးကို သဘောကျတာလား
“လင်းအာက ငါ့သူငယ်ချင်းရဲ့သမီးလေ” မိုယွိသည် သူမ၏ အကြည့်ကို နားလည်သွားကာ ဆွံ့အစွာဖြင့် ရှင်းပြရန် ကြိုးစားလေသည်။
“ဪ သူငယ်ချင်းရဲ့ သမီးဖြစ်နေတာကိုး” ရှီမာယူယူ ပြုံးလိုက်သည် “ဒေသအကြီးအကဲလင်း မြို့စားအန်းဆီက ကြားပြီးပြီလား”
“ကြားပြီးပါပြီ” ပီလင်းသည် နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ် သည်။ သူမ ရယ်လိုက်ချိန်တွင် ရေနွေးထဲစိမ်လိုက်သကဲ့သို့ သက်တောင့်သက် သာဖြစ်စေသည်။ သူတို့ လူနည်းစုသာ ရောက်လာသည်ကို မြင်သောအခါ သူမ မေးလေသည် “တခြားလူတွေရော မရှိဘူးလား”
“တခြားလူတွေလား ကျွန်မတို့တင်ပါပဲ ဘယ်သူမှမရှိဘူး”
“မင်းသမီးလေးကို ကာကွယ်တဲ့ ကိုယ်ရံတော်တွေကိုပြောတာပါ…”
“ကိုယ်ရံတော်တွေလား” ရှီမာယူယူ လန့်သွားသည်။ သူမ နားလည်သွား ပြီး စကားမပြောရသေးခင်မှာပင် တည်ဆောက်မှုသည် ပွင့်လာကာ ဟန့်ရှန်းနှင့် ဟန့်ဖန်းတို့ ပေါ်လာသည်။
ရှီမာယူယူသည် ထင်ထားသည့် မျက်နှာအမူအရာဖြစ်နေပြီး သူတို့ကို ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
“မင်းသမီးလေး” ဟန့်ရှန်းနှင့် ဟန့်ဖန်းတို့သည် လူများကိုဦးဆောင်ပြီး အရိုအသေပြုသည်။
“မင်းတို့အကုန်လုံး ဒီကိုရောက်လာမှတော့ ဒေသအကြီးအကဲရဲ့ အိမ်တော်မှာပဲ နေလိုက်ပေါ့ မင်းတို့ တစ်ခုခုလုပ်စရာလိုတာရှိရင် ငါ ပြောမယ်” ရှီမာယူယူ အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသမီးလေး” မင်းသမီးလေး ဒေါသမထွက်သဖြင့် ဟန့်ရှန်း နှင့် ဟန့်ဖန်းတို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
“မင်းသမီးလေး နေဖို့ ခြံဝန်းကို ကျွန်မတို့ပြင်ပေးထားပါတယ်… အဆင် ပြေလား ကြည့်ပေးပါဦး တကယ်လို့ အဆင်မပြေရင်လည်း ပြောင်းပေးပါမယ်” ပီလင်းသည် တရိုတသေ ပြောလေသည်။
“ကျွန်မ ဘယ်မှာနေရမလဲဆိုတာ အရေးမကြီးပါဘူး အလုပ်ကိစ္စအရင် ပြောကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
ပီလင်း၏ အပြုံးသည် ပြောင်းလဲမသွားဘဲ သဘောတူလိုက်ပြီးနောက် ကိစ္စများကို ဆွေးနွေးရန် ခန်းမဆီသို့ ဖိတ်ခေါ်လိုက်သည်။
သူတို့ ထိုနေရာရောက်သောအခါ ပီလင်းသည် အစေခံများအားလုံးကို သွားခိုင်းလိုက်ပြီး ခိုးနားမထောင်စေရန် အတားအဆီးပြုလုပ်လိုက်သည်။
“မင်းသမီးလေး.. ဝိညာဉ်မျိုးနွယ်အကြောင်း သိရပြီလို့ အန်းရှီ ကျွန်မကို ပြောပါတယ်.. ဒီမှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတွေဖြစ်နေလားလို့လည်း မေးပါတယ်” ပီလင်းသည် အလုပ်ကိစ္စပြောသည့်အချိန်တွင်လည်း အပြုံးရှိနေသေးကာ သူမ ခန္ဓာကိုယ်မှ ရောင်ဝါသည် ပြောင်းမသွားသေးပေ။ ဘာတစ်ခုမှ ပြောင်းလဲခြင်း မရှိသော်လည်း သူမသည် လေးနက်ပုံပေါက်သည်။
ရှီမာယူယူသည် ၁၇ နှင့် ဝိညာဉ်မျိုးနွယ်ဆီမှ သိခဲ့ရသည်များကို ပြောပြ ပြီးနောက် ဝူရှန်းဒေသအကြောင်း သူမ၏ အတွေးကိုပြောပြလိုက်သည်။
“သူတို့ရဲ့ နောက်အစီအစဉ်က ဝူရှန်းဒေသကို တိုက်ခိုက်မယ်လို့ မင်းသမီး လေးထင်တာလား” ပီလင်း မေးလိုက်သည်။
“နည်းနည်းတော့ လန့်စရာပဲနော်” ရှီမာယူယူသည် အသေအချာပြော လေသည် “နောက်ပိုင်း ဆူပူတာတွေရှိလား”
“မရှိဘူး” ပီလင်းသည် ခေါင်းကိုအသာယမ်းသည် “ဒီနှစ်ပိုင်း မြို့တွေမှာ ဆူပူမှုတွေမရှိတာကို အတည်ပြုပြီးသွားပြီ”
“လုံးဝမရှိတာလား” ရှီမာယူယူသည် မျက်မှောင်အသာကြုတ်သည် “အဲလူရဲ့ မှတ်ဉာဏ်အရဆိုရင် သူက ဝူရှန်းဒေသကို အရင်အပို့ခံရပြီး နောက်မှ အနောက်ဖျားဒေသကိုရောက်လာတာ.. ဝိညာဉ်မျိုးနွယ်ကလူတွေက ဝူရှန်း ဒေသအကြောင်းကို ပြောထားကြတော့ ပုန်းလျှိုးကွယ်လျှိုးနေနေကြတဲ့ ဝိညာဉ်မျိုးနွယ်ကလူ ရှိလိမ့်မယ်”
“ကျွန်မ လူလွှတ်ပြီး စုံစမ်းခိုင်းလိုက်ပါမယ်” ပီလင်း ပြောလေသည်။
“အင်း သူတို့ရဲ့ အဓိကပစ်မှတ်က ဝူရှန်းဖြစ်နေတုန်းပဲထင်တယ်… ထူးခြားတဲ့ လက္ခဏာတွေ ရှိမရှိကို စုံစမ်းသင့်တယ်” ရှီမာယူယူ ပြောလိုက် သည်။
“ဟုတ်ပါပြီ ကျွန်မ စုံစမ်းဖို့လူလွှတ်လိုက်ပါမယ်”
“ဒီအတောအတွင်းကို ကျွန်မတို့ အကြီးဆုံးတည်းခိုဆောင်မှာ တည်းပါ မယ်.. အဲဒါကြောင့် တစ်ခုခုရှိရင် ကျွန်မတို့ကို သတင်းပေးဖို့ ရှင်တို့ကိုပဲ ဒုက္ခ ပေးရတော့မယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်း.. မင်းသမီးလေး အိမ်တော်မှာမနေဘူးလား” ပီလင်းသည် တအံ့တဩ ပြောလေသည်။
“မနေဘူး အပြင်မှာပဲနေပါမယ်”
“ဘာလို့…” ပီလင်းသည် မိုယွိကို ကြည့်လိုက်သည်။ ဒေသအကြီးအကဲရဲ့ အိမ်တော်က မကောင်းဘူးလို့ မင်းသမီးလေး ခံစားရလို့လား။
“သတင်းစုံစမ်းချင်ရင် အပြင်မှာက ပိုအဆင်ပြေတယ်.. တည်းခိုဆောင် တို့ စားသောက်ဆိုင်တို့ လက်ဖက်ရည်ဆိုင်တို့ဆိုတာ သတင်းအသွားအလာမြန် တဲ့နေရာတွေပဲ” မိုယွိသည် ရှားရှားပါးပါး ရှင်းပြလေသည်။
ပီလင်းသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချသည်။ သူမရဲ့ အိမ်တော်က မကောင်းလို့မဟုတ်ဘူးကိုး။
မင်းသမီးလေးသည် တစ္ဆေဘုရင်၏ အချစ်ဆုံးမြေးမလေးဖြစ်သည်။ သူမ ၏ မိခင်ဖြစ်သူယွိခဲ့လော့ထက် အချစ်မလျော့ဟုပြော၍ရသည်။ သူမ၏ မိခင် တစ္ဆေလောကတွင်ရှိစဉ်က ဟန့်ရှန်းနှင့် ဟန့်ဖန်းတို့ပင် စောင့်ရှောက်ခြင်းကို မခံခဲ့ရပေ။
ဤဘိုးဘေးလေး စိတ်ကွက်သွားပြီး ဝူရှန်းဒေသတွင် ပြဿနာရှာမည်ကို သူမ ကြောက်မိသည်။
“ဟုတ်ပါတယ်” ရှီမာယူယူသည် သူမကို ပြုံးပြသည် “ပုံမှန်မဟုတ်တာကို စုံစမ်းဖို့လာတာလေ အဲဒါကြောင့် အပြင်မှာနေတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်.. ကျွန်မတို့ အရှေ့ပေါက်က သွားမှာမဟုတ်ပါဘူး.. သူများတွေမြင်ရင်လည်း ကျွန်မတို့ စုံစမ်းဖို့လာတယ်ဆိုတာကို မသိစေချင်ဘူး.. ဒီလူကတော့ ရှင့် အိမ်တော်မှာပဲ နေလိမ့်မယ်”
“ဘာ”
“မဖြစ်ဘူး”
ပီလင်းနှင့် မိုယွိတို့သည် တစ်ချိန်တည်းပြောလိုက်ကြသည်။ မိုယွိသည် သူမကို အလိုမကျသော မျက်နှာထားဖြင့် ကြည့်လေသည်။
ရှီမာယူယူသည် လက်ချောင်းကိုယမ်းလိုက်သည် “ရှင့် ဆန္ဒပြလည်း အသုံးမဝင်ဘူး.. ရှင့်မျက်နှာကို တစ္ဆေလောကမှာ နာမည်ကြီးပါလို့ ဘယ်သူက ပြောထားလို့လဲ.. ရှင်ပေါ်လာတာနဲ့ အကုန်လုံး သိသွားမှာမဟုတ်ဘူးလား ဝိညာဉ်မျိုးနွယ်ကလူတွေ ခြေရာလက်ရာပေါ်မလာသရွေ့ ရှာနိုင်မှာလား”
“ဒါပေမဲ့ ငါတစ်ယောက်တည်းနေရရင် ပျင်းစရာကြီး” မိုယွိ၏ မျက်နှာမှ အလိုမကျမှုသည် ဝမ်းနည်းခြင်းအဖြစ်ပြောင်းသွားကာ ညုတုတုအရိပ် အယောင်ပေါ်လာသည်။
ပီလင်းသည် မိုယွိအား မယုံကြည်နိုင်စွာဖြင့် ကြည့်လေသည်။
သူမ နားကြားများမှားသွားသလား။ သူက… ကလေးလိုမျိုး လုပ်လိုက် တာလား။ ဒါက မိုယွိလေ.. မသေမျိုးအဘိုးကြီး ယန်လော့လိုမျိုးနာမည်ကြီးတဲ့ လူလေ.. ဘယ်လိုလုပ် ကလေးလိုမျိုး ပြုမူနိုင်ရတာလဲ။ နေ့တွေညတွေ ပြောင်း ပြန်ဖြစ်ပြီး ကမ္ဘာကြီးက ပျက်တော့မှာလား။ အဲလိုဆိုရင်တောင် သူမ ကြုံလိုက် ရတဲ့ကိစ္စလောက် မကြီးကျယ်လောက်ဘူးထင်တယ်။
သူမသည် ဖခင်နောက်သို့ လိုက်သည့်အချိန်တိုင်း မိုယွိကိုမြင်လျှင် အလွန် အလှမ်းဝေးလှသည်ဟု ခံစားမိသည်။ သူတို့အားလုံးသည် တစ္ဆေမျိုးနွယ်များ ဖြစ်ကြသော်လည်း သူသည် တသီးတခြားနေတတ်သည့် မသေမျိုးလိုပင်။ သူ သည် မျှော်လင့်ချက်ကင်းမဲ့သူဖြစ်ကြောင်းကို ဖခင်ဖြစ်သူ၏ ပြောစကားကို အမြဲတစေ နားထောင်ခဲ့သည်။ သို့သော် ဖခင်ဖြစ်သူသည် မိုယွိ၏ ချောမောလှ သော မျက်နှာကို မနာလိုခြင်းဖြစ်မည်ဟု ခံစားရသည်။
အခု သူ ရှီမာယူယူကို ဤသို့ပြောလိုက်ရာ သူမသိထားသမျှကို ဖျက်ဆီး လိုက်သလိုပင်။
“ပျင်းရင်လည်း တစ်ခုခုလုပ်စရာရှာလေ.. လက်ဖက်ရည်သောက် စကား ပြောနေ ရှင် သူများတွေရှေ့ပေါ်မလာရင် ပြီးတာပဲ”
“ရက်စက်လိုက်တာ” မိုယွိ ငြင်းဆန်သည်။
“ဟုတ်ပြီ ကိစ္စတွေ စီစဉ်ပြီးရင် နေဖို့နေရာသွားရှာလိုက်ဦးမယ် အကြီးဆုံး တည်းခိုဆောင်က ဘယ်မှာလဲ”
လျစ်လျူရှုခံလိုက်ရသော လူတစ်ယောက်မှာတော့ “…”
ရှီမာယူယူသည် မိုယွိ၊ ဟန့်ရှန်းနှင့် ဟန့်ဖန်းတို့ကို အိမ်တော်တွင်ထားခဲ့ပြီး ထွကသွားလေသည်။ သူတို့သည် လေဟာပြင်ဝင်ပေါက်မှ ထွက်သွားပြီး လူသူ ကင်းမဲ့သည့် လမ်းကြားတွင် ပေါ်လာသည်။
သူတို့သည် မီလင်းပြောသည့် အကြီးဆုံးတည်းခိုဆောင်ကို ရှာတွေ့ကြ သည်။ ခြံဝန်းတစ်ခုလုံးကို ငှားသည့်အစား ရှေ့အခန်းများတွင်သာ နေကြသည်။ အသံများဆူညံသော်လည်း အာရုံစိုက်လိုက်သည်နှင့် အောက်ထပ် ဧည့်ခန်းမှ ပြောစကားများကို ကြားနိုင်သည်။
ရံဖန်ရံခါတွင် သူတို့သည် လမ်းပေါ်ထွက်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ကာ ထိုလူများ၏ စကားများကို နားထောင်ကြသည်။ ရက်အနည်းငယ် လှည့်ပတ်နေ ပြီးနောက် လက်ဖက်ရည်ဆိုင်ငယ်တစ်ခုတွင် အသုံးဝင်မည့်သတင်းများရလိုက် လေသည်။
***