ပြည့်တန်ဆာအိမ်သို့သွားလည်ခြင်း
Vol. 138 Ch. 1931
ရက်များစွာ ဆက်တိုက် လက်ဖက်ရည်သောက်ပြီးနောက်တွင် ဘေး ပတ်ပတ်လည်မှ အတင်းသတင်းစကားများကို ကြားခဲ့သည်။ ရှီမာယူယူကပင် စောဒကတက်ချင်မိသည်။ အဲလူတွေက ကျင့်ကြံသူတွေရောဟုတ်ရဲ့လား။ သူတို့တွေက တစ်နေကုန် တစ်နေကန်း သူများမိသားစုရဲ့ အရေးမပါတဲ့ကိစ္စ တွေကိုပဲ အာရုံစိုက်ဖို့ကို ဘာလို့အားယားနေကြတာလဲ။
ကံကောင်းစွာပင် သူတို့အားလုံးသည် သူမနှပ်ပေးသော လက်ဖက်ရည်ကို သောက်ကြသဖြင့် ထိုအရာကပင် ပျော်မွေ့စရာဟုမှတ်ယူရသည်။
တစ်နေ့ လက်ဖက်ရည်ဆိုင်ငယ်တစ်ခုရှေ့သို့ ဖြတ်လျှောက်ချိန်တွင် ရှီမာယူယူသည် ရုတ်တရက် ပွဲကျနေသံကိုကြားလိုက်ရသည်။ သူတို့သည် လက်ဖက်ရည်ဆိုင်ကြီးများဆီမှ မည်သည့်သတင်းကိုမှမရနိုင်သဖြင့် ဆိုင် အသေးကို ပြောင်းကြသည်။ အလွှာမျိုးစုံမှ လူများသည် သတင်းအမျိုးမျိုးကို သယ်လာကြသည်။
သူတို့သည် လူအရှင်းဆုံးနေရာကို ရွေးလိုက်ကြသည်။ ထိုသို့ဆိုလျှင် တောင် လူအများ၏ အာရုံစိုက်ခြင်းကိုခံရသည်။ သူတို့ စကားဝင်ပြောရန် ရည်ရွယ်ချက်မရှိသည်ကို မြင်သောအခါ သူတို့ကို မည်သူမှ ရန်မစကြပေ။ သူတို့သည် ပုံရိပ်ကြီးမားသူများဖြစ်ပါက ပြဿနာဖြစ်နိုင်သည်။
ရှီမာယူယူတို့သည် လက်ဖက်ရည်မှာလိုက်ကြသည်။ သို့သော် လာချချိန် တွင် မသောက်ဘဲ တစ်ကျိုက်နှစ်ကျိုက် မော့ဟန်သာပြုကြသည်။
အစတွင် ထိုလူများသည် ထူးခြားသော စကားများကို မပြောကြပေ။ လူ များသည် ဝင်လိုက် ထွက်လိုက်နှင့် ပျားပန်းခပ်နေသည်။ မအောင်မြင်တော့ သဖြင့် သူတို့ ထွက်သွားမည်အလုပ်မှပင် သာမန်လူလေးယောက် ဝင်လာကြ သည်။
သူတို့ဝင်လာသည်နှင့် စားပွဲထိုးသည် နှုတ်ဆက်၏။ သူတို့မှာထားသည့် မုန့်များနှင့် လက်ဖက်ရည်ကိုချပြီးသည့်အချိန်မှပင် စတင်စကားပြောကြလေ သည်။
“ငါတို့ရွာမှာ ဘာတွေဖြစ်နေကြတာလဲ… အဲလူတွေက အခုတလော ထူးဆန်းလာတယ် သူတို့ကိုယ်သူတို့ မေ့နေကြသလိုပဲ.. ဒါပေမဲ့ သူတို့ကို စကား သွားပြောရင်တော့ ပြန်ဖြေကြတယ် ဒါပေမဲ့ တခြားတစ်ယောက်လို လုံးလုံး ပြောင်းသွားသလိုပဲ ကျောချမ်းစရာကြီး”
“ငါတို့ရွာမှာလည်း အတူတူပဲ… အဲလူတွေရဲ့ မျက်လုံးတွေကိုမြင်ရင် ငါ့ ရင်တွေတောင် တုန်လာတယ်”
“မင်းတို့ဆီမှာလည်း ရှိတာလား”
“ဟုတ်တယ် ငါ့အိမ်ဘေးက အိမ်နီးချင်းလေ.. သူက လူရိုးကြီးပါ ဒါပေမဲ့ အခု တစ်နေကုန် ဘယ်သူ့ကိုမှအတွေ့မခံဘူး.. သူ့ကို တစ်ခါတလေ မြင်တဲ့ အချိန်ဆို ထူးဆန်းတယ်လို့ ခံစားရတယ်.. သူ တခြားလူတစ်ယောက်လို ပြောင်း သွားတာလားလို့ ထင်လို့ အရင်တုန်းကအကြောင်းတွေ ပြောကြည့်တော့လည်း ရှင်းရှင်းကြီးကို မှတ်မိနေတာဗျား”
“ရုတ်တရက်ကြီး တစ်ခုခုဖြစ်လို့နေမှာပါ အရမ်းကြီး အတွေးမလွန်နဲ့”
“ဒါနဲ့ မင်းရဲ့ ညီလေးရော”
“ငါ့ညီက အခုတလော နွေဦးချောင်းငယ်ဆိုင်က ကြယ်ပွင့်ကချေသည် ကို စွဲလမ်း နေတာလေ” ထိုလူသည် ဆက်ပြောလေသည် “မင်းတို့လည်းသိပါ တယ် ငါတို့ မိသားစုမှာက အဲဒီမိသားစုပိုင်အမွေတွေပဲရှိတာ.. အဖေနဲ့အမေက လည်း အဘိုးနဲ့အဘွားတို့ မြို့ကိုဝင်လာတဲ့အချိန်မှာ အသက်ရှင်ကျန်နေခဲ့တာ.. အခု အဲကောင်ကြောင့် အကုန်ကုန်သွားပြီ.. ဒါတွေကလည်း တစ်လအတွင်း ဖြစ်သွားတာပဲ”
“မဖြစ်နိုင်တာ မင်းညီလေးကို ဘယ်လိုဖြစ်လို့ အဲလိုနွေဦးချောင်းငယ်လို ဆိုင်မျိုးကို သွားခွင့်ပြုတာလဲ.. အဲဒီနေရာက ငါတို့လိုလူတွေ လက်လှမ်းမှီတဲ့နေ ရာမဟုတ်ဘူး”
“ငါလည်း အစတုန်းက အဲလိုပဲတွေးတာပဲ ဒါပေမဲ့ ငါ့ညီနောက်ကို လိုက် သွားတော့ သူနွေဦးချောင်းငယ်ဆိုင်ကို ဝင်သွားတာတွေ့ခဲ့တယ်.. ချွန်းယောင် ဆိုတဲ့ မိန်းကလေးက သူ့ကိုစောင့်နေတာကြာပြီလို့ တံခါးစောင့်က ပြောခဲ့တာ”
“ဘုရားရေ တကယ်ကြီးလား မင်းညီလေးက တကယ်ပဲချွန်းယောင်ကို သိနေတာလား… သူမကို တွေ့ဖို့ ငါ့ကိုဘယ်တော့ ခေါ်သွားမလဲမသိဘူး.. ချွန်းယောင်က နတ်သမီးလိုမျိုး လှတယ်လို့ပြောကြတယ်.. သူမရဲ့ အသားအရေ က ကျောက်စိမ်းလေးလိုပဲ…”
“ကဲ မင်းတော့.. မင်းရဲ့ ရုပ်ကိုလည်းကြည့်ဦး” အစ်ကိုဆိုသူသည် ထိုလူကို စိုက်ကြည့်လေသည်။
“အဟွတ် အဟွတ် ငါလည်း ခဏလောက် အဲဒီမှာမျောသွားတယ်” ထိုလူ ပြုံးလေသည် “ဒါပေမဲ့ မင်းညီက ဘယ်လိုလုပ် ချွန်းယောင် မျက်လုံးထဲ ဝင်သွား တာလဲ”
“မိန်းကလေးချွန်းယောင်ကို အဲလောက်ကြီး အာရုံစိုက်မနေနဲ့ သူ့ညီလေး က အခုလိုဖြစ်နေတာ သူလည်း အဲလိုဖြစ်မှာအနှေးနဲ့အမြန်ပဲ”
“ထူးဆန်းတယ်လို့ ငါ ထင်တယ် ချွန်းယောင်က ဘယ်လိုလုပ် သူ့ညီလေး ကို ရွေးလိုက်တာလဲ”
နွေဦးချောင်းငယ်ဆိုင်သည် အကြီးဆုံးပြည့်တန်ဆာအိမ်ဖြစ်ကာ နာမည် ကြီး ကချေသည်ချွန်းယောင်ကို ရာထူးမြင့်အရာရှိများနှင့် မျိုးရိုးမြင့်မိသားစုမှ သားများလာရှာကြသည်။ သူ့လို သာမန်လူက ဘယ်လိုလုပ် သူမမျက်လုံးထဲ ဝင်သွားတာလဲ။
“အဲဒါကိုတော့ ငါလည်း မရှင်းဘူး မိန်းကလေးချွန်းယောင်က သူမ ကိုယ်တိုင်ရွေးတဲ့ပုံပဲ ဒါပေမဲ့ ပြည့်တန်ဆာခေါင်းက သဘောမတူဘူး”
“မင်း အဲလောက်ကြီး စိတ်ပူမနေနဲ့ မင်းတို့ ပိုက်ဆံမရှိတော့ဘူးမလား အဲလိုဆို သူလည်း နွေဦးချောင်းငယ်ဆိုင်တံခါးကို ဝင်ခွင့်တောင်ရှိတော့မှာ မဟုတ်ဘူး”
“အင်း ငါလည်း အဲလိုမျှော်လင့်ရတာပဲ”
ထို့နောက်တွင် သူတို့သည် ထိုအကြောင်းအရာများ ဆက်မပြောတော့ဘဲ တခြားကိစ္စများကို ပြောကြသည်။ ရှီမာယူယူနှင့် တခြားသူများသည် အတန် ကြာသည်အထိ စောင့်ပြီးနောက် အကဲခတ်ကာ ထွက်လာခဲ့လိုက်ကြသည်။ သူမ ထွက်လာသည်နှင့် နီရဲပျားတချို့ကို လွှတ်လိုက်သည်။
“လင်းယူ ဒါက ဝိညာဉ်မျိုးနွယ်ရဲ့ ပရောဂလို့ထင်လား” ရှီမာယူယူ မေး လိုက်သည်။
“ဒေသအကြီးအကဲတွေက တစ်မြို့ချင်းစီကို အာရုံစိုက် စောင့်ကြည့်ထား မယ်ထင်တယ်… ပြီးတော့ အပြင်က ရွာငယ်တွေနဲ့ မြို့ငယ်တွေကိုတော့ စဉ်းစားမိမှာမဟုတ်ဘူး.. ပြီးတော့ အနောက်ဖျားဒေသက ကိစ္စနဲ့ဆိုရင် အဓိက ရှုပ်ထွေးနေတဲ့ မျိုးနွယ်ကိုပဲ အာရုံစိုက်ကြလိမ့်မယ်.. အဲဒါကြောင့် သူတို့က ဒီလို သတင်းကိုလွတ်သွားတာပဲ” ဝူလင်းယူ ပြောလေသည်။
“အဲတော့ သူတို့တွေ ပြောနေကြတာက ဝိညာဉ်မျိုးနွယ်နဲ့ ဆက်စပ်နေ တယ်လို့ ထင်တယ်ပေါ့” အရိပ်မည်း မေးလိုက်သည်။
“အနည်းဆုံးတော့ ၈၀ ရာခိုင်နှုန်းဖြစ်လိမ့်မယ်” ဟွမ် ပြောလိုက်သည်။
“ဟုတ်လားမဟုတ်လားကို နောက်ကျရင်သိလိမ့်မယ်” ဝူလင်းယူ ပြုံး လိုက်သည်။
“ဒါဆို အခုဘာလုပ်ကြမလဲ” ရှီမာယူယူသည် မေးစေ့ကိုကိုင်ပြီး မေးလိုက် သည်။
“သခင်မလေးရဲ့ မျက်နှာထားကိုကြည့်ရတာတော့ မကောင်းတာလုပ်ချင် နေပြီထင်တယ်” အရိပ်မည်းသည် စိတ်လှုပ်ရှားစွာ မေးလေသည်။
ဟွမ်သည် သူ့ခေါင်းကိုရိုက်လိုက်သည် “မင်းက ဘာတွေပျော်နေတာလဲ”
“ဒါပေါ့ ပျော်တာပေါ့ သခင်မလေး ဒီလိုလုပ်ရင် မကောင်းတာတွေ လုပ် တော့မှာပဲ” အရိပ်မည်းသည် သွားဖြဲရင်းပြောလေသည်။
ရှီမာယူယူသည် ဝူလင်းယူကို ကြည့်ပြီး သူ့လက်ကိုတွဲကာ ပြုံးပြီး ကြည့် လေသည် “လင်းယူ ဒီနေ့ ဝေ့ရုံခရိုင်ကိုသွားလည်ပေးမယ်”
“ကိုယ် မင်းရဲ့ နူးညံ့တဲ့ဇာတိကို သဘောကျတယ်လေ” ဝူလင်းယူသည် သူမကို စိတ်အားထက်သန်စွာ ကြည့်လိုက်သည်။
“စဉ်းစားတာလွန်နေပြီ” ရှီမာယူယူသည် သူ့လက်ကိုပုတ်လိုက်သည် “ဒီနေ့ အဲဒီမိန်းမလှလေးတွေကို ကြည့်ဖို့ နွေဦးချောင်းငယ်ဆိုင်ကို ခေါ်သွားပေး မယ်.. ဘယ်လိုလဲ.. ညီမက တော်တယ်မလား… ဘယ်ချစ်သူရည်းစားကမှ ဒီလို မျိုး ဆက်ဆံပေးမှာမဟုတ်ဘူး”
“ကိုယ် နောက်တစ်ယောက် ပြောင်းချင်နေပြီ” ဝူလင်းယူ ပြောလိုက် သည်။
“ဟားဟား သခင်မလေး ဒီနေ့ည နွေဦးချောင်းငယ်ဆိုင်ကို သွားမှလား တကယ်ကြီးလား” အရိပ်မည်းသည် သူမကို တောက်ပသော မျက်လုံးများဖြင့် ကြည့်လေသည် “အိုး တစ္ဆေလောကက ပြည့်တန်ဆာအိမ်… အခုထိ မြင်တောင် မမြင်ဖူးသေးဘူး.. မင်းတို့နှစ်ယောက် သွားကြမှာလား မသွားရင် ငါနဲ့ သခင်မ လေးနဲ့ သွားမယ်”
“ဘာတွေစဉ်းစားနေတာလဲ” ဟွမ်သည် သွားရဲရင်သွားကြည့်ဆိုသော အကြည့်နှင့်ကြည့်လေသည်။
….
ညနေတွင် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားသည့် အမျိုးသားလေးဦး သည် နွေဦးချောင်းငယ်ဆိုင်တံခါးသို့ ရောက်လာကြသည်။
ဧည့်သည်များကို ကြိုဆိုနေသည့် ပြည့်တန်စွာခေါင်းသည် သူတို့ကို မြင် သည်နှင့် ချက်ချင်းပင် လက်ကိုင်ပုဝါကိုဝေ့ယမ်းပြီး နှုတ်ဆက်လေသည်။ မျက်နှာပေါ်မှ အပြုံးများသည် ဂန္ဓမာပန်းကဲ့သို့ပင်။
“ဒီပြည့်တန်ဆာခေါင်းကလည်း ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးရတာလဲ” ရှီမာယူယူအနောက်မှ အရိပ်မည်းသည် ကြောက်လန့်စွာဖြင့် ခေါင်းပြူကြည့် လေသည်။
ရှီမာယူယူသည် နှုတ်ခမ်းတွန့်လိုက်သည်။ ဒီပြည့်တန်ဆာခေါင်းက.. တကယ်ပဲ စကားနဲ့တောင် ဖော်ပြလို့မရဘူး။
တခြားတံခါးပေါက်မှ မိန်းကလေးများသည် လှပပြီး ထိကိုင်ချင်စရာဖြစ် သည်။ ဒီပြည့်တန်ဆာခေါင်းက… အိုသွားလို့ အလှမရှိတော့တာလား။
“သခင်လေးတို့ လာတာပထမဆုံးအကြိမ်လား” ပြည့်တန်ဆာခေါင်းသည် ရှေ့တိုးလာပြီး ပြုံးကာမေးလေသည်။
“ဟုတ်တယ် နွေဦးချောင်းငယ်ဆိုင်မှာ အလှလေးတွေများတယ်လို့ ကြား တယ် အဲဒါကြောင့် ဖြတ်သွားရင်းနဲ့ လာကြည့်တာ” ရှီမာယူယူသည် ထိုမိန်းမ ခန္ဓာကိုယ်မှ ရေမွှေးအနံ့ကိုရသည်နှင့် မျက်မှောင်အသာကြုတ်မိသည်။
ဝူလင်းယူသည် ခြေနှစ်လှမ်းဆုတ်လိုက်သည်။ သူ့မျက်လုံးတွင် ရွံရှာသည့် အကြည့်များရှိနေသည်။
“ခစ် ခစ် ခစ် ဝူရှန်းမြို့တော်က ယောက်ျားသားတစ်ဝက်လောက်က ကျွန်မတို့ နွေဦးချောင်းငယ်ဆိုင်ကို လာကြတယ်.. ကျွန်မတို့မှာ အလှဆုံး မိန်းကလေးတွေနဲ့ အကောင်းဆုံးဝန်ဆောင်မှုရှိပါတယ်” ပြည့်တန်ဆာခေါင်း သည် ပြုံးပြီး သူတို့လေးယောက်ကို ကြည့်လေသည်။
အရှေ့မှမောင်ငယ်တစ်ယောက်သည် သိချင်စိတ်ဖြင့် မျက်လုံးများ အရောင်တောက်သွားသည်။ သူ့နောက်မှလူများသည် ဖြူစင်ပုံပေါက်ပြီး ပုံမှန် လိုပင်။ သူ့ဘေးမှလူသည် ဤနေရာသို့ လာချင်ပုံမရဘဲ ရှေ့ရှိလူငယ်လေး၏ ဆွဲခေါ်လာခြင်းကိုခံရပုံပင်။ အနည်းငယ်ဝေးသည့်နေရာတွင် ကိုယ်ရံတော်ရှိနိုင် သည်။
အရမ်းကိုရိုးရှင်းတဲ့ ပေါင်းစပ်မှုပါလား။
***