← Chapters

တော်ပါတော့လို့ မပြောတတ်တဲ့သူ

Vol. 18 Ch. 246

တော်ပါတော့လို့ မပြောတတ်တဲ့သူ

Vol. 18 Ch. 246

ဒီနွေဦးလူသားက သူ့အမွေအနှစ်တွေကို ငါတို့ကို လက်ဆောင်ပေးမလို့စဉ်းစားနေတာလား

အန်လင်းနှင့်  စုရှောင်လန်တို့ အစကသံသယမဝင်သော်လည်း ယခုသံသယအနည်းငယ်ဝင်လာသည်။

နွေဦးလူသားက ဒီအမွေအနှစ်တွေကို မြန်နိုင်သမျှမြန်အောင် လက်ဆောင်ပေးချင်နေသည်။ သို့မှသာ သူနောက်တစ်ကြိမ်လွတ်လပ်ခြင်းကိုခံစားရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် သူ့မျက်လုံးများတွင် အန်လင်း နှင့် စုရှောင်လန်တို့သည် တောက်ပနေသောလွတ်မြောက်ခြင်း လမ်းစများဖြစ်သည်။ နွေဦးလူသားသည် ရွှေရောင် သင်္ကေတ ခတ်နှိပ်ထားသောစာလိပ်တစ်ခုကိုထုတ်ယူခဲ့သည်။  သူက စုရှောင်လန်အား ဦးတည်ကာပြောလိုက် သည်။

“ကံကောင်းတဲ့ကလေး.. ရှန်းယင်ရဲ့ ဆေးလုံးဖော်စပ်ခြင်း အမွေအနှစ်အသက်ဝင်လာအောင် ဒီစာလိပ်ထဲကို သွေးအဆီအနှစ်သွင်းလိုက်ပြီး ချီစွမ်းအင်ကို လှည့်ပတ်လိုက် ဟုတ်တယ်.. ငါ့ရဲ့အသိအမှတ်ပြုခြင်းအပြင် တောင်ပံနဂါးရှန်းယင်ရဲ့ အသိအမှတ်ပြုခြင်းကိုလဲခံရမှ စာလိပ်ရဲ့ အသိအမှတ်ပြုချက်ကို ရလိမ့်မယ် ဒါမှသာ အမွေအနှစ်ကိုမင်းအပြည့်အဝရလိမ့်မယ်”

စုရှောင်လန်သည် အန်လင်းအား အဓိပ္ပါယ်ပါပါ ကြည့်လိုက်သည်။ ဤစာလိပ်မှရရှိသော စွမ်းအင် အတက်အကျ သည် အမွေဆက်ခံခြင်းနှင့် အမှန်တကယ် သက်ဆိုင်နေသည်။ နွေဦးလူသားသည်  စိတ်အား ထက်သန်မှုများ ရှိပုံပေါ်သော်လည်း သူမအမွေအနှစ်အားဆက်ခံချိန်တွင် ယုံကြည်စိတ်ချရမည်ဟု မဆိုနိုင်ပေ။

အန်လင်းက ဂမ်ဒမ် ၁ နှင့် ၂ ကိုသူ၏သိုလှောင်လက်စွပ်မှထုတ်လိုက်သည်။ တပိုင်၊ ရှောင်ချိုး  ကို သတင်းပို့ ထားလိုက်ပြီး သူတို့အားအသင်းဖွဲ့စေကာ နွေဦးလူသားကို အနီးကပ်စောင့်ကြည့်ရန် ပြောလိုက်သည်။ အားလုံး ပြီးသောအခါတွင် အန်လင်းက စုရှောင်လန်ကို ခေါင်းညိတ်ပြလိုက်သည်။

ထိုအခါမှ စုရှောင်လန် သည် နွေဦးလူသား၏ ညွှန်ကြားချက်အတိုင်း စာလိပ်ပေါ်သို့ သွေးအဆီအနှစ်သွင်းလိုက်ပြီး ချီစွမ်းအင်ကို လှည့်ပတ်လိုက်လိုက်သည်။ စာလိပ်မှ မိုးကြိုးမုန်တိုင်းတစ်ခု ရုတ်တရက်ပေါ်ထွက်လာပြီး စီမံ ထားသည့် ရွှေနဂါးတစ်ကောင်သည် စုရှောင်လန်၏ခန္ဓာကိုယ်ထဲသို့ ရေတံခွန်အလားတိုးဝင်သွားသည်။

"စုရှောင်လန်..” အန်လင်းစိုးရိမ်တကြီးအော်လိုက်၏။

နွေဦးလူသားက "မစိုးရိမ်ပါနဲ့ သူအဆင်ပြေမှာပါ” ဟုအလျင်အမြန်နှစ်သိမ့်လိုက်ပြီး တကိုယ်လုံးတုန်ခါလျက် ဒူးထောက်ကျသွားသည်။

"အောင်မြင်သွားပြီ... ဒါအမွေဆက်ခံမှုကို အောင်မြင်စွာလက်ဆင့်ကမ်းလိုက်နိုင်တဲ့ လက္ခဏာပဲ"

ထိုအချိန်မှာပင် နွေဦးလူသားအား ချည်ထားတဲ့ မမြင်ရသည့် ချည်နှောင်မှုများ ရုတ်တရက် ပျောက်ကွယ်သွား သည်။ ပျော်ရွှင်မှုကြောင့် ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျနေကာ ဦးခေါင်းကို မိုးကောင်းကင်သို့ မော့ကြည့်ရင်း အော်ဟစ်ရယ်မောလိုက်သည်။

"ငါ နောက်ဆုံးတော့ လွတ်လပ်ဟားပြီကွ ဟားဟားဟား…!”

စုရှောင်လန်၏မျက်လုံးများသည် တောက်ပလင်းလက်နေပြီး အန်လင်းကိုကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ဒါက တကယ်ပဲတန်ခိုးရှင်တစ်ယောက်ရဲ့အမွေအနှစ်ပဲ ဒါကို ဝိညာဉ်ဖန်တီးခြင်းအဆင့်ကိုရောက်မှပဲ အပြည့်အဝ နားလည်နိုင်လိမ့်မယ် ငါနည်းနည်းလေးနားလည်လိုက်တာတောင်မှ စိတ်ကျေနပ်မှုအဆင့်ကနေ စိတ်ဝိညာဉ်စုဆောင်းခြင်းအဆင့် အတားအဆီးကိုရောက်သွားစေခဲ့တယ်"

“ဆရာသခင် ရှန်းယင် ကျေးဇူးပြုပြီး ဒီတပည့်ရဲ့ ဂါဝရပြုခြင်းကိုလက်ခံပေးပါ။ ” စုရှောင်လန်သည် နွေဦး နန်းတော်အလယ်ရှိ မှတ်ဉာဏ်ကျောက်ပြားကိုရိုသေလေးစားစွာ ဂါဝရပြုလိုက်သည်။

ထိုအမွေအနှစ်ကို လက်ခံရရှိခြင်းသည် ဆရာတပည့်ကြားက ဆက်နွယ်မှုကိုဖြစ်ပေါ်လာစေသည်။ထိုအရာသည် အန်လင်းသည် သူ၏စနစ်အား နေ့စဉ်နေ့တိုင်း အရိုအသေပြုနေရသည်နှင့် ဆင်တူလှသည်။ခဏကြာပြီးနောက် နွေဦးလူသားသည် စိတ်လှုပ်ရှားမှုများကို ပြန်လည်ထိန်းချုပ်နိုင်သွားသည်။

မျက်ရည်တွေကို သုတ်လိုက်ပြီးနောက် “ငါလည်းဒီနေရာကနေ ထွက်သွားတော့မယ် ငါတို့က ရေစက်ပါလို့ ဒီနေရာမှာဆုံတွေ့ကြတာပဲ  ဒါကြောင့်ငါ မင်းတို့ကို သတိပေးစကားတစ်ခွန်းပြောခဲ့မယ် ကောင်းကင်နန်းတော်က အရမ်းအန္တရာယ်များတဲ့နေရာပဲ ဆွဲဆောင်အားကောင်းတဲ့ ရတနာတွေအများကြီးရှိနေသလို  အသေအပျောက် အများဆုံးနေရာလဲဖြစ်တယ် ”

“ဒီဆောင်းနဂါးသင်္ချိုင်းကို ဝင်လာတာ မင်းတို့က တတိယမြောက် ကျင့်ကြံသူအုပ်စုပဲ ပထမအုပ်စု နှစ်ခုစလုံးက ငါ့နန်းတော်ကိုမလာဘဲနဲ့ ကောင်းကင်နန်းတော်ကိုသွားခဲ့တယ်  ဒါကြောင့် သူတို့ဟာ အဲဒီနေရာမှာပဲ ထာဝရ နေသွားကြရတယ်”

ထိုသို့ပြောပြီး နွေဦးလူသားသည် အလင်းတံတားကိုဖြတ်သန်း၍ နဂါးသင်္ချိုင်းမှ လုံးဝထွက်ခွါသွားတော့သည်။ အန်လင်းနှင့်စုရှောင်လန်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။  နွေဦးလူသားပြောသည့် နန်းတော်သည် မည်သည့်နန်းတော်ဖြစ်ကြောင်း သူတို့နှစ်ဦးလုံးရိပ်မိကြသည်။

ဆန်းကျယ်သောသီးခြားဘုံသို့ရောက်သောအခါ သူတို့ပထမဆုံးအာရုံရခဲ့သည့်နန်းတော်မှာ သူတို့နှင့်အနီးဆုံးမှ နွေဦးနန်းတော်မဟုတ်ဘဲ သူတို့၏အာရုံကို ဖမ်းစားနိုင်သည့်နန်းတော်မှာ သူတို့နှင့်အဝေးဆုံးသော နန်းတော် ဖြစ်သည်။

ထိုနန်းတော်မှ အဖြူရောင်အလင်းတန်းများ ဖြာထွက်နေပြီး “ကောင်းကင်နန်းတော်” ဟူသောစကားလုံးသည် ၎င်းအထက်တွင်လွင့်မျောနေသည်ကပင် ၎င်းအား မြင့်မြတ်ပြီး စွမ်းအားမြင့်မားပုံ ပေါ်နေစေသည်။ ဤအရာအား မြင်သူတိုင်းသည် ထို‌နေရာသို့ချက်ချင်းသွားရောက်ပြီး လှည့်လည်ကြည့်ရှုမိမည်ဖြစ်သည်။

အကယ်၍ အန်လင်းသာ  သူယုံကြည်သည့်အတိုင်း မလုပ်ဘဲ ဆန်းကျယ်သောဘုံ၏နည်းစနစ်အတိုင်း လိုက်ပါမိ သွားပါက သူတို့သည်လည်း ကောင်းကင်နန်းတော်သို့ တည့်မတ်စွာ သွားမိကြမည်မှာအသေအချာပင် ဖြစ်သည်။

အန်လင်းသည် အဝေးမှ ကောင်းကင်နန်းတော် ကြည့်လိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။

“ ငါတို့ အစီအစဉ်အတိုင်းလုပ်ကြစို့”

စုရှောင်လန် ခေါင်းညိတ်လိုက်သည်။  နှစ်ဆယ့်သုံးခုမြောက် မျောလွင့်ကျောက်ဆောင်၏ ပုံသဏ္ဌာန်သည် ရစ်ခွေနေသည့် နဂါးတစ်ကောင်၏ပုံမျိုးဖြစ်သည်။ သူတို့သည်နဂါး၏အမြီးနားတွင်ရှိနေပြီး နဂါး၏ခေါင်းတွင် ကောင်းကင်နန်းတော်ရှိနေသည်။ အကယ်၍ သူတို့ကနန်းတော်တစ်ခုစီကို စနစ်တကျ ဖြတ်သန်းသွားနိုင်မည် ဆိုလျှင် ထိုနေရာသို့ မကြာခင်ရောက်မည်ဖြစ်သည်။

ထိုသို့ဖြင့် ဂိမာနနန်းတော်သို့ရောက်လာကြပြီး  နန်းတော်၏ကြမ်းပြင်ပေါ်တွင် ပျင်းရိစွာ လှဲလျောင်းနေသော ရွှေမီးတောက်ငှက်တစ်ကောင်က သူတို့ကို ကြိုဆိုနေသည်။

"ကြိုဆိုပါတယ်… ကံကောင်းတဲ့လူသားတို့…  ငါကတော့ ဂိမှာန်ငှက်ပါ”

ရွှေမီးတောက်ငှက်သည် နူးညံ့သိမ်မွေ့ကာ ချစ်စရာကောင်းသောအသံဖြင့် ချက်ချင်းပင် လိုလိုလားလား မိတ်ဆက် လိုက်သည်။

အန်လင်းအံ့အားသင့်သွားသည်။

ဒီကသင်္ချိုင်းစောင့်တွေအားလုံးကိုဒီလိုနာမည်တွေချည်းပေးထားတာလားဟ...

မီးတောက်ငှက်သည် လူသားနှစ်ဦးနှင့် သားရဲနှစ်ကောင်ကို အကဲခတ်လိုက်ပြီး မေးလိုက်သည်။ “ မင်းတို့တွေ မီးဒြပ်စင်အမွေအနှစ်ကို ဆက်ခံချင်ကြလား"

အန်လင်း_ “…”

ဘာကြောင့်တည့်တိုးကြီးမေးနေရတာတုန်းဟ ငါတို့နဲ့ အရင်တိုက်ခိုက်ပြီးမှပဲ အမွေအနှစ်ကို ငါတို့ကိုလွှဲပေးရမှာ မဟုတ်ဘူးလား

“ငါတို့လိုချင်တာလို့မင်းပြောရင်မင်းပေးမှာလား”  အန်လင်း အတန်ကြာစဉ်းစားလိုက်ပြီး မေးလိုက်သည်။

“မင်းအိပ်မက်မက်နေတာလား” ဂိမာန်ငှက်က သူတို့ကိုကြည့်ပြီး ဖြည်းဖြည်းမှန်ပြောလိုက်သည်။ “ဒီလိုဆိုရင်ရော... မင်းတို့ရဲ့အကောင်းဆုံးတိုက်ကွက်နဲ့ ငါ့ကိုတိုက်ကြ ငါ့ကို အကောင်းဆုံး တိုက်နိုင်တဲ့သူကို အမွေအနှစ်ပေးမယ်။”

အန်လင်း- “…”

စုရှောင်လန်-“…”

ဒါကတော်တော်ဆိုးရွားတဲ့တောင်းဆိုချက်ပဲ ...ငါတို့က တကယ်ကြီးလုပ်ရမှာလားဟ

“တပိုင်၊ ရှောင်ချိုး မင်းတို့နှစ်ယောက် အရင်သွားကြ” အန်လင်းရုတ်တရက်အော်ပြောလိုက်သည်။

တပိုင်သည် အခြားသားရဲတစ်ကောင်ကို ရိုက်နှက်နိုင်ကြောင်းတွေ့မြင်နေရသည့်အတွက် သွားရန် အဆင်သင့် ဖြစ်နေသည်။ ထို့အပြင်သူရိုက်နှက်နိုင်သည့်သားရဲသည်အဆင့်မြင့်သောဝိညာဉ်သားရဲဖြစ်သည်။ အန်လင်း၏ အသံကို ကြားသည်နှင့် တပိုင်သည် ဂိမှာန်ငှက်ကို ချက်ချင်းထိုးနှက်လိုက်သည်နှင့် ထုနှက်ခံရသည့်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

တပိုင်သည် ကောင်းကင်ဝံပုလွေစွမ်းအားကို အပြည့်အ၀ မြှင့်တင်လိုက်ပြီး သူ၏ခြေသည်းများတွင် မြင့်မားသော စွမ်းအားများကို ထည့်သွင်းကာ ဂိမာန်ငှက်ကို တိုက်စစ်ဆင်လိုက်သည်။ ဂိမှာန်ငှက်သည် တပိုင်၏ ထိုးနှက် ချက်ကို အားမရပုံဖြင့် အော်လိုက်သည်။

“စွမ်းအားတွေထည့်ပါကွ...  အို့….  အစာ မစားရဘူးသေးလား မင်းက ခွေးထီးလား ခွေးမလား ဟမ် အသုံးမကျတဲ့ ခွေးကောင်လေး.. အားထည့်ပြီးရိုက်စမ်းပါကွ”

အချိန်အတန်ကြာသောအခါတွင် တပိုင်ရပ်တန့်သွားသည်။ သူသည် ပြင်းထန်လှသည့် အားအင်ကုန်ခမ်းမှုကြောင့် မောပန်းစွာအသက်ရှုနေခဲ့သည်။ ဂိမှာန်ငှက်သည် အလွန်မကျေနပ်နေပုံပေါ်သည်။

"ဒါပဲလားဟ"

ခရက်....(အက်ကွဲသံ)

အပြင်းအထန်ထိုးနှက်ခံလိုက်ရသဖြင့် တပိုင်၏ စိတ်နှလုံးများ  စိတ်ပျက်ယိမ်းယိုင်သွားခဲ့သည်။ တပိုင်သည် စိတ်ပျက်အားငယ်စွာဖြင့် အန်လင်း၏ နံဘေးသို့တိတ်တဆိတ် ပြန်လာခဲ့လိုက်သည်။ သူသည် မိမိကိုယ်ကို သံသယ၀င်စွာဖြင့်မေးလိုက်သည်။

“အကိုကြီးအန်..မြွေဧကရာဇ်ဆေးလုံးရှိနေသေးရင် ငါ့ကိုနည်းနည်းလောက်ပေးပါ။ ငါ့ရဲ့နိမ့်ကျတဲ့ အရည်အချင်းကို ဝန်မခံချင်ကြပေမယ့်...ဒါပေမယ့်...” စကားတစ်ဝက်လောက်မှာပဲ တပိုင်၏ မျက်လုံးများမှ မျက်ရည်များစီးကျလာပြီး သူကတိတ်ဆိတ်ဝမ်းနည်းစွာ ငိုကြွေးနေသည်။

အန်လင်း -“…”

"ငါကြိုးစားကြည့်မယ်" ရှောင်ချိုးသည် အလွန်အမင်းရန်လိုနေသည့်အမူအယာဖြင့် သူ၏ မဟူရာမီးလျှံနယ်မြေကို ဖြန့်ပြီး ဂိမှာန်ငှက်ဆီသို့လျှောက်သွားသည်။ ဂိမှာန်ငှက်၏ မှိုင်းသောမျက်လုံးများက အနည်းငယ်တောက်ပ သွားသည်။

"အိုး.. ဒီတစ်ယောက် ကြည့်ရတာ အထင်ကြီးချင်စရာပဲဟေ့... "

ရှောင်ချိုးသည် စကားလုံးတစ်ခွန်းမှမပြောဘဲ ဂိမာန်ငှက်အား သူ၏ငွေသံတုတ်ကိုမြှောက်ပြီး ရက်စက်စွာ ရိုက်ချလိုက်သည်။

ဘုန်း!

ဘုန်း!

ဘုန်း!

ကြမ်းတမ်းသည့်စွမ်းအင်စီးကြောင်းနှင့်အတူ ဂိမှာန်ငှက်သည် အလိုက်သင့်စီးမျောပါသွားပြီး အော်ဟစ် မြည်တမ်းလိုက်သည်။

"အား…..... အရမ်းပျော်စရာကောင်းတယ်! ခပ်ပြင်းပြင်းလေး!”

" ဒီမှာရိုက်... ဒီမှာရောပဲ... အနည်းနည်းအထက်နားတက်ဦး... အေး... လည်ပင်းမှာကောင်းတယ်…”

ဂိမှာန်ငှက်သည် ၎င်း၏ကိုယ်ခန္ဓာကို လှည့်လည်ပြီး  ရှောင်ချိုး၏ ငွေသံတုတ်ရိုက်ချက်များကို တက်ကြွစွာ ခံယူလိုက်သည်။ သူ၏ကိုယ်ခန္ဓာကို ဝန်းရံထားသည့်ရွှေမီးတောက်များသည်လည်း ကြမ်းတမ်းစွာကခုန်နေ ခဲ့သည်။ မီးတောက်များသည် အလွန်စိတ်လှုပ်ရှားနေပုံရပြီး နောက်ဘက်ရှိ ရှောင်ချိုး၏ အနက်ရောင် မီးတောက် များကို ဆန့်ကျင်သည့်လက္ခဏာများပြသနေခဲ့သည်။

အတန်ငယ်ကြာသောအခါတွင်  ရှောင်ချိုးသည် အသက်ပြင်းပြင်းရှူကာ ကြမ်းပြင်ပေါ်တွင်လဲနေသည်။ ဂိမာန်ငှက်သည် အလွန်စိတ်ကျေနပ်နေပုံရသည်။ သူ့ခန္ဓာကိုယ်မှ နင်းနှိပ်မှုကြောင့် အပူများထွက်နေပြီး တီးတိုး ပြောဆိုလိုက်သည်။

“မင်းနှိပ်ပေးတာက ဟိုရှန်းခွိုက်ခွေးထက်အများကြီးကောင်းတယ် ဒါပေမယ့် အဲဒီမဟူရာမီးတောက်တွေက ငါ့ရဲ့အမွေအနှစ်မီးတောက်နဲ့ဆန့်ကျင်နေတယ် ဒါတော့ရှက်စရာပဲ…”

(ရှန်းခွိုက် _ Shenkui ဆိုတာ ရောဂါတစ်မျိုးပါ။ စိုးရိမ်ပူပန်မှုများအချိန်မျိုးမှာရောဂါလက္ခဏာတွေ ပေါ်လာတတ်တာမျိုးပါ။ သုတ်ရည်ဆုံးရှုံးမှုကြောင့် ဖြစ်တတ်တာမျိုးလို့ ယူဆကြပါတယ်_)

တပိုင်သည် နောက်ထပ်ပြင်းထန်သောထိုးနှက်ချက်တစ်ခု ထပ်မံရရှိခဲ့ပြန်ကာ သူ၏မျက်ရည်များ စီးကျလာခဲ့ သည်။ ယောက်ျားများသည် မိန်းမများကသူတို့အား အရည်အချင်းမပြည့်မှီဟုပြောခြင်းကို ကြောက်ကြသည်။ သူတို့အား အခြားယောက်ျားများနှင့် နှိုင်းယှဉ်လျှင် ပို၍ပင်အရည်အချင်းမရှိဟု ပြောနေသည့် မိန်းမများကိုပို၍ ကြောက်ကြသည်။

"ငါလုပ်ကြည့်မယ်” အန်လင်းသည် တိုက်ခိုက်ရန် အင်အားစုဆောင်းကာ အဆင်သင့်ပြင်လိုက်သည်။ "တောင်ခွင်းလျှပ်စီးလက်သီး"

“ ဝိုး…” ဂိမှာန်ငှက် တိုးတိုးလေးညည်းညူလိုက်သည်။

"ဝါယောဓား"

“အိုး! ဒီဓားချက်ကဘယ်လိုခေါ်လဲ ငါ့ကိုနာကျင်စေတယ်ဟ” ဂိမှာန်ငှက်သည် ပိုမိုစိတ်လှုပ်ရှားလာပြီး ညင်သာစွာ ညည်းညူလိုက်ပြန်သည်။ ၎င်းဝန်းကျင်ရှိမီးတောက်များပင် စိတ်လှုပ်ရှားစွာဖြင့် တုန်ခါနေသည်။

…

အတန်ငယ်ကြာသောအခါတွင်  အန်လင်းသည်လည်း အသက်ပြင်းပြင်းရှူကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ဂိမှာန်ငှက်သည် နာကျင်မှုတွင်ယစ်မူးနေသည့်ပုံနှင့် အန်လင်းကို ကြည့်နေခဲ့သည်။ ဂိမှာန်ငှက်သည် သူ့ပခုံးပေါ်ရှိ ရွှေရောင်သွေးများကိုလျက်ရင်း ရှက်သွေးဖြာစွာ ပြောလိုက်သည်။

“အရည်အချင်းရှိတဲ့ဓါးတန်ခိုးရှင်တစ်ယောက်ပဲ မင်းက မီးတောက်အမွေအနှစ်ကို ရဖို့ဘာများလိုအပ်လို့လဲ မင်းက ငါ့ခံစားချက်တွေတော်တော်ကောင်းအောင်လုပ်နိုင်တာပဲ ဒီခွေးထီးထက် အများကြီးပိုကောင်းတယ် ”

တပိုင်၏ မျက်ရည်များ တားမရဆီးမရ စီးကျလာသည်။ “ ဝုတ်…. ကျေးဇူးပြုပြီး ခင်ဗျား  ကျုပ်ကို ခနခန ထည့်ထည့်မပြောပါနဲ့လားဗျာ တောင်းပန်ပါတယ်…"

"ငါ နင့်ကို ပိုပြီး နေလို့ကောင်းအောင် လုပ်ပေးမယ် "

စုရှောင်လန်၏ ခန္ဓာကိုယ်မှ များပြားလှသော မီးတောက်နဂါးများထွက်ပေါ်လာသည်။ သူမ၏ဓားကခုန်နေပြီး ဂိမှာန်ငှက်ကို အဆက်မပြတ်ထိုးနှက်လိုက်သည်။  မီးတောက်သောနဂါးများ လာနေသည်ကိုကြည့်လိုက်ပြီး  ဂိမှာန်ငှက်၏ မျက်လုံးများ လင်းလက်လာသည်။

“ဒါ...ဇာမဏီနတ်ဘုရားသွေးမျိုးဆက်ပဲ”

ဘုန်း...

မီးတောက်များကြမ်းတမ်းစွာပေါက်ကွဲပြီး ဂိမှာန်ငှက်၏ ခန္ဓာကိုယ်သည် မီးပင်လယ် ထဲတွင်တုန်ခါနေသည်။

"အား ...  ခံစားလို့ကောင်းလိုက်တာ" ဂိမှာန်ငှက်က သာယာစွာညည်းတွားလိုက်သည်။

"ဒီလို ရင်းနှီးတဲ့အရသာ၊ ချိုမြိန်ပြီးရန်လိုနေတဲ့အရသာရှိမျိုး... ပိုပြီးအားထည့်ပါဦိး"

"စိတ်ကြိုက်ဖြစ်စေရမယ်"

စုရှောင်လန်၏ နောက်ကျောဘက်မှ ငိုညည်းသံကဲ့သို့အသံမျိုးမြည်လာပြီး မီးလျှံအတောင်တစ်စုံ ထွက်လာသည်။

သူမ၏ခန္ဓာကိုယ်သည် မီးတောက်လောင်သော ကြယ်ကြွေတစ်လုံးလိုမျိုး ဂိမှာန်ငှက်ဆီသို့ ပျံသန်းသွားနေသည်။ သူမ၏ရွှေမီးလျှံများတောက်လောင်နေသောဓါးချက်များသည် ဂိမှာန်ငှက်ကို ဖုံးအုပ်ထားသည်။

“အိုး…..”

ဓားချက်ထိသွားသောအခါ ဂိမှာန်ငှက်သည် နာကျင်စွာအော်မြည်လိုက်ပြီး မီးတောက်လောင်နေသော သူ၏ ကိုယ်ခန္ဓာသည် ကြမ်းပြင်သို့ပြိုလဲကျသွားသည်။

စုရှောင်လန်ကိုကြည့်ကာ သူ့မျက်လုံးများတောက်ပကာနေပြီး နူးညံ့ညင်သာစွာပြောလိုက်သည်။

"ဒီလိုမျိုး အစွမ်းထက်တဲ့မီးတောက်....ဒီဂိမာန်ငှက်ကို ကြောက်ရွံ့စေတဲ့မီးတောက် ဒီမီးတောက်တွေရဲ့အရသာကို ငါကြိုက်တယ် မိန်းမလှလေးရေ.... မင်းပဲ... ဆောင်းနဂါးသင်္ချိုင်းရဲ့ မီးလျှံအမွေအနှစ်ကို ဆက်ခံနိုင်မဲ့သူပဲ…”

***

All Chapters