ကြယ်ပွင့်ကချေသည်
Vol. 138 Ch. 1932
ရှီမာယူယူသည် ပြည့်တန်ဆာခေါင်း၏ အကြည့်ကို မမြင်ချင်သလို ဟန် ဆောင်ကာ နွေဦးချောင်းငယ်ဆိုင်အပြင်မှ မိန်းကလေးများကို စိတ်ဝင်တစား ကြည့်နေလိုက်သည်။
“ယိုး ယိုး ယိုး ဒီကောင်မလေးက ကောင်းတာပဲ.. အရိပ်မည်း ကြည့်လိုက် အဲဒီရင်အုံ ခါးနဲ့ တင်ပါးတွေကတော့ ကျွတ် ကျွတ် ကြည့်လိုက်တာနဲ့ စွဲသွားပြီ” သူမသည် မေးစေ့ကိုကိုင်ထားပြီး သွားရည်မှာလည်း ကျလုမတတ်ဖြစ်နေ၏။
ရှီမာယူယူသည် ဟိုဟိုဒီဒီကို စိတ်ဝင်တစားကြည့်လေသည်။
“သခင်လေးပြောတာမှန်တယ်.. ဒီကကောင်မလေးတွေက ကျွန်တော်တို့ ဘက်က ကောင်မလေးတွေထက် အများကြီးသာတယ်” အရိပ်မည်းသည် သူမ အကြည့်ဘက်သို့လိုက်ကြည့်ပြီး အလွန်ပျော်နေသည်။
ပြည့်တန်ဆာခေါင်းသည် ရှီမာယူယူ၏ ထိုပုံစံကိုမြင်သောအခါ သူမဆီသို့ သွားပြီး ပြောလေသည် “ဒီနေရာကို အခုမှ ပထမဆုံးလာတာလား သခင်လေး”
“ဟုတ်တယ် ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အရင်က ပြည့်တန်ဆာအိမ်ကို တစ်ခါမှမသွားဖူးဘူး.. အိုး ဒီမှာတင်ပိတ်ရပ်မနေနဲ့ အထဲဝင်ပြီး ကောင်မလေးတွေကြည့်ချင်တယ် ငါ့မှာပိုက်ဆံရှိပါတယ်”
“ခစ် ခစ် ခစ် သခင်လေးကလည်း စိတ်မပူပါနဲ့ နွေဦးချောင်းငယ်က မိန်းကလေးတွေကို ကျွန်မထက်ဘယ်သူမှ ပိုမသိဘူး” ပြည့်တန်ဆာခေါင်းသည် ပြုံးပြီးပြောလေသည် “ဘယ်လိုမိန်းကလေးမျိုး သဘောကျလဲပြောလိုက်ပါ ကျွန်မစီစဉ်ပေးပါမယ်”
“တကယ်လား” ရှီမာယူယူ၏ မျက်လုံးများ အရောင်တောက်သွားသည် “မင်းတို့ဆီက ကြယ်ပွင့်ကချေသည်ကို တွေ့ချင်တယ်.. အဲဒီကချေသည်က အလှဆုံးနဲ့ ဆွဲဆောင်မှုအရှိဆုံးလို့ ကြားတယ်.. သူမကို တွေ့ချင်တယ်”
“ချွန်းယောင်ကို တွေ့ချင်လို့လား.. ကျွန်မတို့ဆိုင်မှာ ချွန်းယောင်ကို လူတိုင်းတွေ့ခွင့်ရတာမဟုတ်ဘူး” ပြည့်တန်ဆာခေါင်းသည် သူမ၏ ညာဘက် လက်ချောင်းသုံးချောင်းကို ပူးပြီးအသာပွတ်ပြလေသည်။ ရှီမာယူယူ တစ်ခါ တည်းနှင့် နားလည်သွားသည်။ သူမ အရိပ်မည်းကို ကြည့်လိုက်သည်နှင့် သူ သည် အိတ်တစ်အိတ်ချက်ချင်းထုတ်ကာ ပြည့်တန်ဆာခေါင်း၏ လက်ထဲကို ထည့်လိုက်သည်။
“ကျွန်တော်တို့ သခင်လေးပြောတာက ပိုက်ဆံအလုံအလောက်ပါတယ်” အရိပ်မည်းသည် ကြေညာလေသည် “မင်းတို့ရဲ့ ကြယ်ပွင့်လေးကို ငါတို့ သခင်လေးကို ပြုစုဖို့လွှတ်ပေးလိုက်”
ပြည့်တန်ဆာခေါင်းသည် အိတ်ထဲမှ အဆင့်မြင့်ကျောက်များကိုမြင်သော အခါ မျက်နှာမှအပြုံးသည် ပိုတောက်ပလာပြီး လက်ထဲမှမချနိုင်ဖြစ်နေသည်။
“ချွန်းယောင်က ဒီနေ့အတွက် ဦးထားပြီးသားရှိလို့ပါ ဒီနေ့ညကို စီစဉ်ပြီး သားဖြစ်နေလို့ပါ.. မဟုတ်ရင်လည်း ကျွန်မတို့ နာမည်ကြီးပန်းလေးပွင့်ကို ဘာလို့မကြည့်တာလဲ သူတို့တွေ အကုန်လုံးက အကောင်းဆုံးတွေပဲ”
“မရဘူး မိန်းကလေးချွန်းယောင်ကိုပဲ လိုချင်တယ်” ရှီမာယူယူသည် သခင်လေး စိတ်မရှည်သည့်ပုံဖြင့် ဆူပုပ်နေသည်။
“သခင်လေးက အမြဲတမ်းလိုချင်တာရတဲ့သူပဲ ကချေသည်တစ်ယောက် ကများ ဒီလောက် မောက်မာနေတယ်” အရိပ်မည်းသည် ခက်ထန်စွာ ပြောလေ သည်။
“ဒါက ကျွန်မတို့နွေဦးချောင်းငယ်ရဲ့ စည်းကမ်းပါ.. စီစဉ်ထားပြီးသာဆို ရင် တခြားဧည့်သည်တွေအတွက် မဖြစ်နိုင်ပါဘူး”
“တခြားဧည့်သည်ဟုတ်လား.. သူတို့က ငါတို့သခင်လေးရဲ့ အဆင့်အတန်းလောက်ရှိလို့လား သူတို့က ငါတို့သခင်လေးလောက် ချမ်းသာ လား.. ငါတို့သခင်လေးက ရူ…”
“အရိပ်မည်း” ဟွမ်သည် အရိပ်မည်း၏ စကားကိုဖြတ်ပြောပြီး ငေါက် လိုက်သည်။ သို့သော် ထိုအရာသည် ဖုံးကွယ်ရန်ကြိုးစားနေသည့်ပုံပေါက်သွား သည်။
“ဒါပေမဲ့ ကျွန်မတို့က အရင်လာတဲ့ ဧည့်သည်ကိုဦးစားပေးပါတယ်” ပြည့်တန်ဆာခေါင်းပြောလေသည် “စိတ်မဆိုးပါနဲ့ သခင်လေး.. ကျွန်မတို့ရဲ့ နာမည်ကြီး ပန်းလေးပွင့်ကို တွေ့ပြီးသွားရင် ဒီခရီးကို တန်ဖိုးရှိတယ်လို့ ခံစားမိ စေမှာပါ”
“မရဘူး ငါ ကြယ်ပွင့်ကချေသည်ကိုပဲ လိုချင်တယ်.. ကြယ်ပွင့်ကချေ သည်ပဲ ငါနဲ့တန်မယ်” ရှီမာယူယူသည် ငြင်းနေတုန်းပင် “ဒီနေ့ ချွန်းယောင်ကို မတွေ့ရရင် မင်းတို့နွေဦးချောင်းငယ်ကို ဖျက်ဆီးဖို့ ဒေသအကြီးအကဲလင်းကို ပြောလိုက်တော့မယ်”
“ဒါက…”
“အစ်မကြီး…” ပြည့်တန်ဆာခေါင်း အခက်တွေ့နေချိန်တွင် အစေခံတစ် ယောက် ရောက်လာပြီး သူမကို အရိုအသေပြုလေသည် “သခင်လေးတွေကို ဝင်ခိုင်းလိုက်ပါလို့ မိန်းကလေး ပြောလိုက်ပါတယ်”
“သူမ ဧည့်သည်ကကျရော”
“ဧည့်သည်က ထွက်သွားပါပြီ” အစေခံမိန်းကလေးသည် ပြန်ဖြေပြီး နောက် ရှီမာယူယူကို ပြောလေသည် “သခင်လေး ကြွပါ”
“ဒီလိုမှပေါ့” ရှီမာယူယူသည် လက်ကိုယမ်းလိုက်သည် “သွားမယ် အရိပ် မည်း အဲဒီကြယ်ပွင့်ကချေသည်က သတင်းထွက်နေသလို လှသလားလို့ ကြည့်ရအောင်”
“ဟုတ်ပြီ”
ရှီမာယူယူသည် ရှေ့မှလျှောက်သွားပြီး ဝူလင်းယူသည် သူမဘေးတွင်ပါ လာကာ အရိပ်မည်းနှင့် ဟွမ်တို့သည် နောက်မှလိုက်လာကြရာ ကိုယ်ရံတော် များသဖွယ်ဖြစ်နေသည်။
အစေခံမိန်းကလေးသည် သူတို့ကို ဆူညံနေသော အပြင်နှင့်မတူညီစွာပင် လွတ်လပ်ပြီးအေးဆေးသည့် အထပ်သို့ခေါ်သွားလေသည်။ ထို့အပြင် အပြင် အဆင်မှာလည်း ကြော့ရှင်းပေါ့ပါးပြီး ခမ်းနားနေရာ ဤနေရာသည် အမျိုးသမီး သီးသန့်အခန်းကဲ့သို့ဖြစ်နေသည်။
“သခင်လေး ဒီမှာစောင့်ပေးပါ ကျွန်မတို့မိန်းကလေးက ချက်ချင်းလာပါ လိမ့်မယ်” အစေခံမိန်းကလေးသည် အရိုအသေပြုပြီးနောက် ထွက်သွားလေ သည်။
ရှီမာယူယူသည် နောက်သို့အမြန်လှည့်ကြည့်ရာ သူမကိုစိုက်ကြည့်နေ သော သုံးယောက်ကို မြင်လိုက်ရလေသည်။ သူမသည် နှာခေါင်းကိုထိကိုင် လိုက်သည် “ဘာလို့ အဲလိုမျိုးကြည့်နေကြတာလဲ”
“သခင်လေး.. သခင်လေးရဲ့ သရုပ်ဆောင်စွမ်းရည်က ဒီလောက်ကောင်း မယ်လို့ထင်မထားဘူး” အရိပ်မည်းသည် သူမကို လေးစားသလိုနှင့်ကြည့်သည်။
“ဝက်သားမစားဖူးတာနဲ့ ဝက်ပြေးတာမမြင်ဖူးရတော့ဘူးလား” ရှီမာယူယူသည် မေးစေ့ကိုပင့်မော့ပြီး အောင်ပွဲခံသလိုပြောလေသည်။
“သခင်လေးက ဝက်သားစားဖူးတယ်လေ အရင်ကတောင် ချက်ပေးဖူး သေးတယ်” အရိပ်မည်းသည် တက်ကြွစွာ ပြောလေသည်။
အားလုံးမှာ “….”
“ဒါက အဆိုလေ.. စကားပုံဆိုတာကို နားမလည်ဘူးလား” ရှီမာယူယူ သည် သူ့ခေါင်းကိုခေါက်လိုက်ပြီးနောက် စားပွဲဆီသို့လာကာ ထိုင်လေသည် “ငါ ယောက်ျားလေးလို မဝတ်တာတောင် ကြာနေပြီ ဒီလက်စွပ်က ထပ်ပြီးအသုံးဝင် လာပြန်ပြီ”
ဝူလင်းယူသည် လက်ဖက်ရည်အစုံလိုက်ထုတ်ပြီး လက်ဖက်ရည်စတင် နှပ်တော့သည်။ ရှီမာယူယူသည် သူ့ဘေးတွင်ထိုင်ပြီး သူ့လက်ကိုစိုက်ကြည့်နေ သည်။
ချွန်းယောင်ရောက်လာချိန်တွင် လက်ဖက်ရည်တစ်အိုးနပ်နေပြီဖြစ်၏ ။
“ချွန်းယောင် သခင်လေးတွေကို နှုတ်ဆက်ပါတယ်” သူမသည် တစ်ယောက်ချင်းစီကို ဦးညွှတ်လေသည်။
ရှီမာယူယူ ကြည့်လိုက်ရာ နူးညံ့သိမ်မွေ့ပြီး ချိုမြိန်သည့် မိန်းမပျိုလေး သည် တံခါးနားတွင် ချိုမြမှုများနှင့် ဆွဲဆောင်မှုရှိစွာရပ်နေသည်ကိုမြင်လိုက်ရ သည်။
“ဝါး သူမက တကယ်ကိုလှတာပဲ” အရိပ်မည်းသည် အရှက်အကြောက်မဲ့ စွာ ပြောလိုက်သည်။
ဟွမ်ပင်လျှင် မျက်ခုံးပင့်မိသည်။
ဝူလင်းယူတစ်ယောက်သာ ထိုနေရာတွင် ထိုင်မြဲထိုင်နေသည်။ တစ်ချက် ကြည့်လိုက်ပြီးနောက် သူသည် ရှီမာယူယူအတွက် လက်ဖက်ရည်ထည့်ပေးပြီး သူမရှေ့သို့ ခွက်ကိုတွန်းပို့ပြီး နူးညံ့စွာပြောလေသည် “လက်ဖက်ရည်သောက်”
ရှီမာယူယူသည် လက်ဖက်ရည် တစ်ကျိုုက်သောက်ပြီး ချွန်းယောင်ကို လက်ဝေ့ယမ်းပြကာ ပြောလေသည် “မင်းက ဒီနွေဦးချောင်းငယ်ရဲ့ ကြယ်ပွင့် ကချေသည်လား”
“ဟုတ်ပါတယ် ချွန်းယောင်ပါ” ချွန်းယောင်၏ အသံမှာချိုမြိန်ပြီး နူးညံ့နေ ရာ ကြားလိုက်သည်နှင့် နှလုံးသားကို အရည်ပျော်ကျသွားစေသည်။
“လာခဲ့ ငါ့ဘေးကိုလာထိုင်” ရှီမာယူယူသည် တစ်ဖက်ကို ပုတ်ပြပေးလေ သည်။ သူမ၏ မျက်လုံးများသည် ချွန်းယောင်တွင်ပင် ကပ်ငြိနေသည်။ ချွန်းယောင်ထိုင်လိုက်သည်နှင့် သူမသည် ချက်ချင်းပင် လက်ကိုဆွဲယူဆုပ်ကိုင် လိုက်သည်။
“သခင်လေး ချွန်းယောင် သီချင်းနဲ့ဖျော်ဖြေရမလား” ချွန်းယောင်သည် သူမကို ပြုံးပြလေသည်။
ရှီမာယူယူသည် သူမ၏ အပြုံးကိုမြင်သောအခါ တစ်ကိုယ်လုံးနွေးသွားပြီး ပျော်ရွှင်စွာ ပြောလေသည် “အင်း ရတာပေါ့”
ချွန်းယောင်သည် အခွင့်အရေးကိုအမိအရယူကာ လက်ကိုဆွဲဖယ်လိုက် ပြီး တစ်ဖက်တွင်ရှိနေသော ဗျတ်စောင်းတီးလေသည်။
ရှီမာယူယူသည် ချွန်းယောင်ကို ငေးကြည့်နေသည်။ လှပသော မိန်းကလေးတစ်ယောက် ဗျတ်စောင်းတီးသည့်အချိန်တိုင်းတွင် လူတစ်ယောက် ၏နားတွင် အလွန်ပင် သာယာနာပျော်ဖွယ်ရှိသည်ဟု ခံစားရသည်။
သီချင်းပြီးသွားသောအခါ ချွန်းယောင်သည် ထရပ်ပြီး ကျေးဇူးတင်လေ သည်။ ပြီးနောက် ပြောလေသည် “သခင်လေး ဒီနေ့ညတော့ ဒီမှာပဲ အဆုံးသတ် ပါပြီ”
“ဘာလို့လဲ”
“ဘာလို့လဲဆိုတော့ အချိန်ပြည့်သွားလို့ပါ နောက်တစ်ချိန်ကတခြားလူ တွေကို ဧည့်ခံရမှာပါ.. အခုက အရင်ဧည့်သည်တွေ ခဏပြန်သွားလို့ သခင်လေး ကို ခဏလာပြုစုတာပါ.. တခြားဧည့်သည်တွေ လာဖို့ရှိပါသေးတယ်.. သခင်လေးက ချွန်းယောင်ကို မျက်နှာပျက်အောင် မလုပ်ဘူးမလား”
“ငါ.. သေချာတာပေါ့ ငါမလုပ်ပါဘူး.. ဒါဆိုလည်း နောက်မှတွေ့ဖို့လာခဲ့ မယ်.. မင်းကို တစ်ညလုံးငှားချင်တယ်.. တခြားဧည့်သည်လက်မခံရဘူး” ရှီမာယူယူသည် ဂုဏ်ယူစွာ ပြောလေသည်။
ချွန်းယောင်သည် ပြုံးပြီးနောက် ပြန်ဖြေလေသည် “ချွန်းယောင် ဒီနေ့ည မလုပ်နိုင်လို့ပါ မနက်ဖြန်ညကစပြီး သခင်လေးကို ပြုစုပါမယ်လို့ ချွန်းယောင် ကတိပေးပါတယ်”
“ဟုတ်ပြီ သဘောတူပြီးပြီနော်” ရှီမာယူယူသည် ခေတ္တမျှနေပြီးနောက် ထွက်သွားလေသည်။
သူမ ထွက်သွားပြီးနောက် ချွန်းယောင်၏ မျက်နှာမှအပြုံးသည် ပျောက် ကွယ်သွားပြီး ပြည့်တန်ဆာခေါင်းဝင်လာကာ သူမကို စိုးရိမ်တကြီးကြည့်လေသည်။
***