သခင်နှင့်အစေခံ
Vol. 139 Ch. 1933
တခြားသူများသာ ဤနေရာသို့ရောက်လာပြီး သူတို့ကြားမှ ဆက်ဆံရေး ထူးဆန်းနေသည်ကို တွေ့သွားလိမ့်မည်။ တကယ်တော့ ပြည့်တန်ဆာခေါင်း သည် သူမ၏ ကြယ်ပွင့်ပြည့်တန်ဆာကို ကြောက်ရသည်။
“အစ်မကြီး အရင်စီစဉ်ထားတာတွေ အကုန်ဖျက်လိုက်ပါ” ချွန်းယောင် ပြောလိုက်သည်။
“ဘာလို့လဲ… နောက်ပိုင်း စီစဉ်ထားတဲ့လူတွေက…”
“အစ်မကြီးက ကျွန်မဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား” ချွန်းယောင်သည် ဗျတ်စောင်းရှေ့တွင်ထိုင်ပြီး နူးညံ့သောအကြည့်ဖြင့် ပြည့်တန် ဆာခေါင်းကိုကြည့်သော်လည်း သူမ၏ ကျောရိုးထဲထိ အေးစိမ့်သောခံစားချက် များ စိမ့်ဝင်သွားလေသည်။
“ဒီလက်အောက်ငယ်သားက မလုပ်ရဲပါဘူး” ပြည့်တန်ဆာခေါင်းသည် ချက်ချင်းပင် ဒူးထောက်လိုက်သည်။
“ဒါဆိုလည်း လိုတာတွေ သွားစီစဉ်လိုက်ပါ.. ဒီလို အလုပ်သေးသေးလေး ကတော့ ရှင့်အတွက် မခက်ပါဘူး” ချွန်းယောင်သည် ပြုံးပြီးပြောလေသည်။
“မိန်းကလေး ဒီနေ့ည အဲလူလေးယောက်အတွက်နဲ့ ဒီလောက်လူအများ ကြီးကို ဘာလို့ ပယ်ဖျက်တာလဲဆိုတာ မေးလို့ရမလား တကယ်ပဲ တန်လို့လား” ပြည့်တန်ဆာခေါင်းသည် တွန့်ဆုတ်စွာဖြင့် မေးလေသည်။
သည်တစ်ကြိမ်တွင် ချွန်းယောင် ဒေါသမထွက်ပေ။ သို့သော် သူမ ခေါင်းငုံ့ရုံငုံ့ပြီး ဗျတ်စောင်းကို စတင်တီးတော့သည်။ သူမ သီချင်းတစ်ပိုဒ်ပြီးမှ ပင် နူးညံ့သောအသံဖြင့် ပြောလေသည် “လေးယောက်မဟုတ်ဘူး တစ်ယောက် တည်းပဲ”
“အဲဒီသခင်လေးလား”
“ဟုတ်တယ်” ချွန်းယောင်သည် ဘယ်ဘက်လက်ဖြင့် အေးထောက်ထား ပြီး ညာဘက်လက်ဖြင့် ဗျတ်စောင်းကြိုးကို သာမန်ကာလျှံကာ ခတ်နေသည်။ ပြီးနောက် သူမ ပြောလိုက်သည် “သူ့ဝိညာဉ်က အရမ်းအရသာတယ် ထူးခြား တဲ့စွမ်းအားရှိတဲ့ပုံပဲ.. လူတစ်ယောက်တည်းက အဲလောက်အမှိုက်တွေအများ ကြီးထက် ပိုပြီးမြင့်မြတ်နေတယ်”
“ဒါပေမဲ့ အဲလူရဲ့ သရုပ်မှန်က တော်တော်လေး မျိုးရိုးမြင့်တဲ့ပုံပဲ သူ့နေရာ ကိုလုကြမလား”
“ငါတို့ စည်းကမ်းကိုမေ့နေတာလား.. ကိုယ့်သဘောကျ ပေးတဲ့ဝိညာဉ်က မှ လတ်ဆတ်ပြီး အရသာရှိတာ ထိခိုက်ဒဏ်ရာရထားတဲ့ ဝိညာဉ်တစ်ခုက မကောင်းတော့ဘူး” ချွန်းယောင် ရေရွတ်လေသည်။
“ဒါဆို မိန်းကလေးက သူတို့ကို နည်းနည်းကြာအောင်နေဖို့ ဘာလို့ မကြိုးစားကြည့်လဲ” ပြည့်တန်ဆာခေါင်းမေးလေသည်။
“အရသာမြည်းဖို့လွယ်နေရင် တန်ဖိုးရှိပါဦးမလား ခက်ခက်ခဲခဲရလာတာ ကမှ အကောင်းဆုံးအရသာပဲ.. ယောက်ျားတစ်ယောက်ရဲ့ စိတ်က ဘယ်လိုရှိလဲ ဆိုတာ သင်ပေးနေရဦးမှာလား”
“ကျွန်မ နားလည်ပါပြီ”
“အခု စီစဉ်စရာရှိတာ သွားစီစဉ်လိုက်.. နောက်တစ်ခါ ကျွန်မရဲ့ ဆုံးဖြတ် ချက်ကို မေးခွန်းထုတ်ရင် ကိုယ့်ဘာသာသွား အပြစ်ပေးခံလိုက်”
“ဟုတ်ကဲ့ပါ မိန်းကလေး”
“သွားတော့”
ပြည့်တန်ဆာခေါင်းထွက်သွားသည်နှင့် သူမဘေးတွင် လှပသော ဗျတ်စောင်းတစ်ခုသာ ကျန်ခဲ့လေသည်။ သူမသည် ခေါင်းပေါ်မှ လကိုမော့ ကြည့်ပြီး အေးစက်နေသော ညတာကိုခံစားလိုက်သည်။
ရှီမာယူယူနှင့် တခြားသူများသည် နွေဦးချောင်းငယ်မှထွက်လာပြီးနောက် သူတို့နေထိုင်သည့် တည်းခိုဆောင်သို့ တည့်တည့်မတ်မတ်ပြန်လာခဲ့လိုက် သည်။ နောက်မှလိုက်လာသူများသည် သူတို့ ထိုနေရာတွင် နေထိုင်သည်ကို အတည်ပြုပြီးမှ လှည့်ပြန်ကြလေသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် ပြတင်းပေါက်ရှေ့တွင်ရပ်ပြီး အပြင် ဘက်ရှိ ပျားပန်းခတ်နေသော လမ်းကို ကြည့်နေကြသည်။
“အဲလူတွေ သွားလိုက်ပြီ ကြည့်ရတာ ကိုယ်တို့နေတဲ့နေရာကို အတည်ပြု ဖို့လိုက်တာလာဖြစ်မယ်” ဝူလင်းယူ ပြောလိုက်သည်။
“အဲဒါကိုတော့ စိတ်မပူနဲ့” ရှီမာယူယူ ပြောလိုက်သည် “အရိပ်မည်း မနိုး သေးဘူးလား”
“မနိုးသေးဘူး အဲအသုံးမကျတဲ့လူတော့လေ ကြည့်ရတာ သူ့ကို ပြန် လေ့ကျင့်ဖို့လိုနေပြီ” ဟွမ်သည် တည်ငြိမ်စွာပင် ပြောလေသည်။
“စိတ်တိုမနေနဲ့ ဗျတ်စောင်းအသံက ပုံမှန်မဟုတ်ဘူး.. ငါတောင်မှ အဲအချိန်တုန်းက အသိစိတ်ခဏလွတ်သွားသေးတာ.. အဲဒါအသံနဲ့တိုက်ခိုက် တာဖြစ်နိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“တကယ်ပဲ အသံနဲ့တိုက်ခိုက်တာပဲ ပြီးတော့ ဒီလိုမျိုးဟာက စီးမျောစေ တယ်” ဝူလင်းယူ ပြောလေသည် “ဗျတ်စောင်းအသံက လူတွေရဲ့စိတ်ကို ရှုပ်ထွေးစေပြီးတော့ သူမကို လေးစားသွားစေတယ်.. သူမ ဗျတ်စောင်းတီးတဲ့ပုံ ကို အကဲဖြတ်ကြည့်ရင် ဒီနေ့တီးတာက ပုံမှန်ပဲ.. တခြားအားကောင်းတဲ့ အကွက်တွေရှိမှာကိုပဲ စိုးရတယ်”
“ပုံမှန်ဆို အဲဒီအသံက လူတွေရဲ့စိတ်ကိုရှုပ်ထွေးစေတယ် ပြီးတော့ ပိုပြီး အားကောင်းတတ်တယ်.. နားထောင်တဲ့သူက သူ့စိတ်သူမပိုင်တော့မှာကိုပဲ စိုးရ တယ်” ဝူလင်းယူ ဆက်ပြောလေသည်။
“အဲဒီအသံတိုက်ခိုက်မှုက တကယ်ပဲ ပြဿနာဖြစ်နေတာပဲ” ဟွမ် သဘောတူလေသည်။
“အာ…” ရှီမာယူယူသည် ရုတ်တရက်အော်လိုက်ရာ သူတို့နှစ်ယောက် လုံး လန့်သွားကြလေသည်။ တစ်ခုခုလွဲမှားနေသလားဟု မေးခွန်းမထုတ်ရသေး ခင်မှာပင် သူမသည် ဝူလင်းယူ၏ လက်မောင်းကိုဆွဲပြီး အော်လေသည် “သူမ ကို ကြည့်လိုက်တယ်မလား.. ဟန်ဆောင်နေသေးတယ် မညာနဲ့.. သူမကို ခိုးကြည့်လိုက်တယ်မလား… သူမကိုကြည့်ချင်လည်း ပေါ်တင်ကြည့် ညီမကပဲ ခေါ်သွားပေးတာလေ ကြည့်တာကို စိတ်မဆိုးဘူး.. ဒါပေမဲ့ ဘာလို့ခိုးကြည့်တာ လဲ၊ ညီမကသဝန်တိုနေတာမဟုတ်ဘူးနော်”
ဝူလင်းယူ၏ လက်မောင်းသည် သံလက်ဖြင့် ဆုပ်ကိုင်ထားသလို ခံစားရ လေသည်။ သူမ ပြောလိုက်သည့် စကားကိုကြားပြီးနောက် သူမအားကြည့်ပြီး ဆွံ့အသွားတော့သည်။
သဝန်မတိုဘူးဟုတ်လား။ ဒါဆို ဒါကဘာလဲ။ သူ့လက်ကို ဘာလို့ လိမ်ဆွဲ နေတာလဲ။
“ဗျတ်စောင်းအသံက မတူဘူးလို့ သတိထားမိလိုက်လို့ ကြည့်တာပါ ပြီးတော့ သူမ လက်ချောင်းတွေကိုပဲကြည့်တာ” သူရှင်းပြရသည်။
“တကယ်ပဲလား” ရှီမာယူယူသည် ကြီးမားသောမျက်လုံးများဖြင့် မျက်တောင်ခတ်လေသည်။
“အင်း ဟင်း”
“ဒီမှာ တကယ်ကြည့်လည်း ဘာမှမပြောပါဘူးနော်”
တစ်ယောက်မှာ ပျော်ရွှင်စွာပြုံးနေပြီး သူမ၏ မျက်နှာမှာတော့ မကောင်း လှပေ။
အမှားလုပ်မိပြီဟု သူမကိုယ်သူမလည်း ခံစားရသည့်ပုံပင်။ သူမ လက်ကို ပြန်ရုတ်ပြီး ပြုံးလိုက်သည်။
“ဒါနဲ့ လောက်ပြီလို့ထင်လို့လား” ဝူလင်းယူသည် မျက်ခုံးများကို ပင့်တင် လိုက်သည်။
“ဘာလုပ်ချင်သေးလို့လဲ”
“သေချာပေါက်… ဒီလိုပေါ့”
သူ စကားမဆုံးခင်မှာပင် နှုတ်ခမ်းများ ရောက်လာသည်။ တစ်စုံတစ်ယောက်၏ ခေါင်းမှာ နူးညံ့စွာ အကိုင်ခံလိုက်ရပြီး ရှောင်ချိန်မရလိုက် ပေ။
“ဒီမှာ လူရှိနေတယ်လေ” ရှီမာယူယူသည် တိုးညင်းသောအသံဖြင့် ကာကွယ်သည်။
“ဘယ်သူရှိလို့လဲ” ဝူလင်းယူသည် သူမကို လွှတ်လိုက်ရာ သူမသည် ဟွမ် ရှိခဲ့သောနေရာကိုကြည့်လိုက်သည်။ ထိုနေရာတွင် အရိပ်ပင်မရှိတော့ပေ။
သူမ ဝူလင်းယူ၏ လက်မောင်းကို ဆွဲလိမ်လိုက်သည့် အချိန်ကပင် ဟွမ် ပြေးသွားပြီဖြစ်သည်။
“ကိုယ့်ကို လျော်ကြေးဆက်ပေး”
“ဟင်း ရှင်တော့…”
လရောင်သည် ရှက်သွေးဖြာလာသည်။
နောက်နေ့မနက်တွင် ရှီမာယူယူသည် ရွာများတွင်ဖြစ်နေသည့် ထူးဆန်း သည့် မတော်တဆမှုများနှင့် နွေဦးချောင်းငယ်ဆိုင်မှ ထူးဆန်းမှုများကို ပီလင်း ဆီသို့ သတင်းပါးလိုက်သည်။
ပီလင်းသည် သတင်းရချိန်တွင် မိုယွိနှင့် အတူရှိနေသည့်အချိန်ဖြစ်သည်။
“မြို့အပြင်ကရွာလား.. အဲဒီဘက်ကို လူလွှတ်ပြီးမကြည့်ခိုင်းလိုက်မိဘူး” ပီလင်းသည် အပြစ်မကင်းစွာဖြင့် ပြောလေသည်။
“ဝိညာဉ်မျိုးနွယ်ကလူတွေက အဲဒီကနေစတာပဲ တကယ်ကို မထင်မှတ် စရာပဲလေ” မိုယွိ ပြောလိုက်သည် “သူတို့တွေကို ဘာလုပ်လိုက်လဲမသိဘူး လူ ဘယ်လိုလဲကြတာလဲ”
“ကျွန်မ သွားစုံစမ်းခိုင်းလိုက်မယ်” ပီလင်း ပြောလေသည်။
“စိတ်မပူနဲ့ မင်းဒေသက လူတိုင်း မင်းကိုသိနေလောက်ပြီ မင်းသွားလိုက် တာနဲ့ သူတို့ လန့်သွားလိမ့်မယ်” မိုယွိ ပြောလိုက်သည် “သူမ စစ်ဆေးပြီးနေ လောက်ပြီ”
ပီလင်းသည် ဆက်ဖတ်လိုက်သည်။ ရှီမာယူယူသည် သူမကို နေမြဲ အတိုင်းနေရန်နှင့် ဆက်လက်စုံစမ်းနေကြောင်း ဆက်ပြောထားသည်။ နောက် ပိုင်းတွင် သူမသည် နွေဦးချောင်းငယ်ဆိုင်အကြောင်း ပြောလေသည်။
ဘေးမှ မိုယွိသည် ထိုအကြောင်းကိုကြားသောအခါ ပေါက်ကွဲလေသည် “သူမ ဘာပြောလိုက်တယ်.. နွေဦးချောင်းငယ်ကို သွားတယ်ဟုတ်လား.. သူမက မိန်းကလေးလေ နွေဦးချောင်းငယ်ကို သွားရဲသေးတယ်.. တော်လောက် ပြီ အကုန်လုံးကိုလုပ်နေတော့တာပဲ ဝူလင်းယူက သူမကိုမတားဘူးလား”
“ဝူလင်းယူလည်း သွားတာပဲ” ပီလင်း ပြောလိုက်သည် “သူမပြောတာက နွေဦးချောင်းငယ်က ပုံမှန်မဟုတ်ဘူး အဲဒါကြောင့် ဆိုင်ထဲကလူတွေနဲ့ ဧည့်သည်တွေကို ကြည့်ထားရမယ်…ဆိုင်ကလူတွေကို စောင့်ကြည့်တာကို တော့ နားလည်ပါတယ် ဒါပေမဲ့ ဧည့်သည်တွေကိုရော ဘာလို့ကြည့်ရမှာလဲ”
“အဲဒီဧည့်သည်တွေလည်း မူမမှန်တာ တစ်ခုခုကို တွေ့ထားလို့နေမှာ.. သူတို့တွေက ရွာသားတွေကို ပြောင်းလဲအောင်လုပ်ထားတာဆိုတော့ ဧည့်သည် တွေကိုလည်း ညှို့ထားတာဖြစ်မယ်.. မဟုတ်ရင်လည်း အဲလူတွေ တစ်ခုခုလုပ် မယ်လို့ သူမ ထင်လို့ပဲ… နွေဦးချောင်းငယ်မှာက နေ့တိုင်း လူတွေ အဝင်အထွက် မပြတ်ဘူး.. ပြီးတော့ သူတို့တွေက ဒီကလူတွေနဲ့ အရင်းနှီးတော့ မင်းကို ဒီကိစ္စတွေကို လုပ်ခိုင်းတာပဲ” မိုယွိ ခန့်မှန်းလေသည်။
သူသည် ရှီမာယူယူကို အမှန်တကယ်ပင် နားလည်သည်။ သူသည် တစ်ခါ တည်းနှင့် သူမ၏ အဓိပ္ပာယ်ကို နားလည်သည်။
“ဟုတ်ပြီ ကျွန်မ ချက်ချင်းပဲ စီစဉ်လိုက်ပါမယ်” မီလင်း ပြန်ဖြေသည်။
“သတိထားပါ”
“ကျွန်မသိပါတယ်”
ညနေခင်းတွင် ရှီမာယူယူသည် နွေဦးချောင်းငယ်သို့ ထပ်သွားသည်။
ချွန်းယောင်သည် စောင့်နေပြီဖြစ်သည်။ သူမကို မြင်သည်နှင့် ရှီမာယူယူ သည် ချက်ချင်းပင်လျှောက်သွားပြီး သူမ၏လက်ကိုယူကာ ရွှန်းလဲ့သော် အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည် “အင်း… တစ်ရက်ကလေး ဝေး သွားတာ ၃ နှစ်လောက်ကြာသွားသလိုပင်.. ဒါပေမဲ့ နှစ်တစ်ရာလောက်ကြာနေ ပြီလို့ ဘာလို့ခံစားနေရတာလဲ”
သူမ တခြားတစ်ယောက၏ လက်ကိုဆွဲလိုက်သည်ကို ဝူလင်းယူမြင် သောအခါ ရှေ့တိုးပြီး ချက်ချင်းပင် သူမ၏လက်ကိုဆွဲဖယ်ပစ်လိုက်သည်။ သတိပေးရန်ကိုလည်း သူ မမေ့ပေ “ကောင်းကောင်းပြုမူပါ ဘာလို့ တစ်ချိန်လုံး ဆွဲလားယမ်းလားလုပ်နေတာလဲ”
ရှီမာယူယူ နှုတ်ခမ်းတွန့်မိသည် “ဒါကဘာဖြစ်နေလို့လဲ ဒါက ပြည့်တန်ဆာအိမ်ပဲလေ”
ဝူလင်းယူ၏ ဓားသွားဖွယ်ထက်ရှာသော အကြည့်ရောက်လာသည်ကို မြင်သောအခါ သူမ ခေါင်းပုဝင်သွားပြီး စကားဆက်မပြောတော့ပေ။
***