လိုလားပါတယ်
Vol. 139 Ch. 1934
ထိုညက ရှီမာယူယူနှင့် ချွန်းယောင်တို့သည် ဗျတ်စောင်းတီးခတ်ခြင်း၊ စကားပြောခြင်း၊ လက်ဖက်ရည်သောက်ခြင်းတို့ကိုသာ ပြုလုပ်ကာ တခြား မည်သည့်အရာမှ မလုပ်ခဲ့ကြပေ။
နောက်ရက်များတွင်လည်း ထို့နည်းတူစွာပင်။ သို့သော် ရှီမာယူယူမှ ချွန်းယောင်ကို ကြည့်သောအကြည့်မှာ ပိုမိုထက်သန်လာပြီး တစ်ညလုံးနေရန် ကိုပင် ပြောလေသည်။ သို့သော် သူမကို ဝူလင်းယူမှ ပြန်ဆွဲထားသည်။
သူတို့ ထွက်သွားသောအခါ ပြည့်တန်ဆာခေါင်းဝင်လာရာ ချွန်းယောင် အမိန့်ပေးလေသည် “မနက်ဖြန်ကျရင် အဲလူကို တခြားနေရာကို ခေါ်သွားပေး”
“ခေါ်သွားပေးရမယ်ဟုတ်လား.. မိန်းကလေးက ပေါ်သွားမှာစိုးလို့ မစွန့်စားတတ်ဘူးမလား အခုစွန့်စားတော့မလို့လား” ပြည့်တန်ဆာခေါင်း မေး လေသည်။
“ရွှမ်း”
ကြိုးများဆီမှ စွမ်းအားများထွက်လာသည်နှင့် ပြည့်တန်ဆာခေါင်းလွှင့် သွားရာ အခန်းအလယ်ရှိ စားပွဲမှာ ကြေမွသွားလေသည်။
“ငါ ပြောပြီးသားပဲ ငါ့ဆုံးဖြတ်ချက်ကို မေးခွန်းလာမထုတ်နဲ့တော့လို့… ငါက မင်းရဲ့ အရင်သခင်မဟုတ်လို့ ငါ့စကားကအရာမရောက်တာလား” ချွန်းယောင်၏ မျက်နှာတွင် အပြုံးမရှိတော့ဘဲ ကြမ်းတမ်းမှုကို မဖုံးဖိနိုင်တော့ ပေ။
“ဒီလက်အောက်ငယ်သား မှားမှန်းသိပါပြီ” ပြည့်တန်ဆာခေါင်းသည် ဒူးထောက်ပြီး ဦးညွှတ်လေသည်။
“သူ့ ဝိညာဉ်က အရမ်းကိုဆွဲဆောင်နိုင်လွန်းတယ် ငါ မစောင့်နိုင်တော့ဘူး သူ့ဝိညာဉ်ကို စားနိုင်ရင်တော့ အားပြန်ပြည့်လာမှာပဲ” ချွန်းယောင် ပြောလိုက် သည် “ဒါပေမဲ့ လက်ရှိလုပ်ငန်းစဉ်က နှေးလွန်းတယ် မစောင့်နိုင်တော့ဘူး.. ပြီးတော့ ငါ့ဆွဲဆောင်မှုက အဲယောက်ျားကို သက်ရောက်မှုမရှိဘူး.. အဲဒီကလေး ကလည်း အဲလူကိုအရမ်း ဂရုစိုက်တာပဲ.. သူ့ကို ဒီမှာထားရင် အဆင်မပြေဘူး မနက်ဖြန် သူ့ကို တခြားနေရာခေါ်သွားလိုက်တော့.. ပြီးတာနဲ့ သူ ငါ့ကိုစွဲလမ်း နေတဲ့အချိန်ကို ခေါ်သွားလိုက်တော့မယ်.. သူ့ဝိညာဉ်ကိုစားပြီး ဝိညာဉ်အသစ် ထည့်လိုက်ရင် ဘယ်သူမှသတိထားမိမှာမဟုတ်ဘူး”
“ဟုတ်ကဲ့ပါ ဒီလက်အောက်ငယ်သား နားလည်ပါပြီ အခုပဲ သွားစီစဉ် လိုက်ပါမယ်” ပြည့်တန်ဆာခေါင်းသည် အမြန်ပင် သတိပြန်ဝင်လာကာ ပြန်ဖြေ လေသည်။
“စီစဉ်ပြီးရင် အပြစ်သွားခံယူလိုက်”
နောက်ပိုင်း ဆက်ပြောသောအသံမှာ အေးစက်နေသည်။ အပြစ်ဒဏ်ကို လည်း သူမ သိသည်။ သို့သော် အချိန်မဆွဲရဲပေ။
သူတို့ကို အံ့ဩစေသည်မှာ နောက်နေ့ရောက်လာသူမှာ ရှီမာယူယူ တစ်ယောက်တည်းဖြစ်ပြီး ကျန်သုံးယောက် ပါမလာပေ။
သူမကို မြင်သည်နှင့် ချွန်းယောင်သည် အံ့ဩသွားသည်။ ပြည့်တန်ဆာ ခေါင်း၏အစီအစဉ်မှာလည်း ဆက်လုပ်ရန် မလိုတော့သည့်ပုံပင်။
“ရှီယူ ဘာလို့ တစ်ယောက်တည်းလာတာလဲ” သူမသည် ပြုံးပြီး ရှီမာယူယူအတွက် လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
“ဒီကို တစ်ယောက်တည်းခိုးလာလိုက်တာလေ” ရှီမာယူယူသည် ဂုဏ်ယူ စွာပင် ပြုံးလိုက်သည် “လင်းယူက အမြဲတမ်း ငါ့ကိုတားနေတာ.. အတူလာရ တာ စိတ်တိုဖို့ကောင်းတယ် အဲဒါကြောင့် ထွက်ပြေးလာပြီး တစ်ယောက်တည်း ခိုးလာလိုက်တာ.. ချွန်းယောင် ငါတို့ကို ဘယ်သူမှ တားမရတော့ဘူး”
“ရှီယူ ရှင်က ချွန်းယောင်ကို ကြင်နာလွန်းပါတယ် ချွန်းယောင် ရှင့်ကို ဘယ်လိုပြန်ပေးဆပ်ရမလဲဆိုတာ မသိတော့ဘူး” ချွန်းယောင်သည် အလွန်အမင်းရင်ထဲထိသွားသည့် ပုံစံဖြင့် တောက်ပသော မျက်လုံးကြီးများနှင့် ကြည့်လေသည် “ချွန်းယောင်က ရှင့်အတွက် သီချင်းတီးပေးပါမယ်”
“ဟုတ်ပြီ ဟုတ်ပြီ ငါလည်း မင်း ဗျတ်စောင်းတီးသံကို နားထောင်ရတာ ကြိုက်တယ်.. တခြားသူတွေ တီးတာကို နားထောင်ဖို့ သွားသေးတယ် ဒါပေမဲ့ မကောင်းကြပါဘူး.. အခု မင်းရဲ့လက်သံကို တစ်ရက်ကလေးမှ နားမထောင်ရ ရင် နေရတာအဆင်မပြေတော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ပါပြီရှင် ဒါဆိုရင် ချွန်းယောင်က ရှင့်ကို ဖျော်ဖြေပေးပါမယ်” ချွန်းယောင်သည် ဗျတ်စောင်းဆီသို့သွားပြီး ထိုင်ကာ စတင်တီးခတ်တော့သည်။
ရှီမာယူယူသည် စီးမျောမူးဝေနေသည့် ပုံစံနှင့် လက်ထဲမှ လက်ဖက်ရည် ကိုပင် မသောက်ပေ။
ချွန်းယောင် သောက်ပြီးနောက်တွင် ခေါင်းမော့ပြီး ရှီမာယူယူအား ပြုံးပြ လေသည်။ ရှီမာယူယူ၏ လက်ထဲမှ ခွက်သည်စားပွဲပေါ်သို့ကျသွားပြီး လက်ဖက်ရည်များ မှောက်ကျပြီး သူမ၏ဝတ်ရုံ စိုသွားလေသည်။
“ခစ်”
ချွန်းယောင်သည် ရယ်မောပြီး ပြောလေသည် “ရှီယူ အဆင်ပြေရဲ့လား”
ရှီယသည် ရှက်သွားကာ လက်ကိုင်ပုဝါအမြန်ထုတ်ပြီး သုတ်လိုက်သည်။ သူမ သုတ်ပြီးသောအခါ ချွန်းယောင် ပြောလိုက်သည် “ရှီယူ အပြင်ထွက်ပြီး ကျွန်မနဲ့ ကစားချင်လား”
“အပြင်ထွက်ပြီး ကစားမယ်ဟုတ်လား ဘယ်နေရာကိုလဲ” ရှီမာယူယူ မေးလိုက်သည်။
“ရှင် ဝူရှန်းမြို့ကို ရောက်နေတာ ဒီလောက်ရက်တွေကြာနေပြီ ပျော်ရော ပျော်ရဲ့လား”
“မဆိုးပါဘူး.. ငါ နေ့ခင်းကိုအပြင်ထွက်သေးတယ် ဒါပေမဲ့ စိတ်ဝင်စား စရာကောင်းတာ ဘာမှမတွေ့ဘူး.. ဒီနေရာက ပျော်စရာမကောင်းလို့ တခြား နေရာကို သွားချင်တယ်လို့ လင်းယူလည်းပြောတယ်.. ငါသာ ဒီမှာအတင်းနေလို့ သာမဟုတ်ရင် ငါ့ကိုပြန်ပေးဆွဲခေါ်သွားတော့မယ်” ရှီမာယူယူသည် ဝမ်းနည်း သလိုဖြင့် ပြောလေသည်။
“ရှင် ပြန်တော့မလို့လား” ချွန်းယောင်သည် ထိတ်လန့်သွားကာ ဝေဝါးစွာ ပြောလိုက်သည်။
“ဟုတ်တယ်လေ… ငါ ပြောလိုက်လို့ နောက်ထပ်နှစ်ရက် ထပ်နေခိုင်းလို့ တော်သေးတယ်.. ပြီးတော့ သူ ငါ့ကိုခေါ်သွားချင်ရင် ငါ ဘာလုပ်နိုင်ဦးမှာလဲ” ရှီမာယူယူသည် စိတ်ညစ်ပုံနှင့် ပြောလေသည်။
ချွန်းယောင်သည် လက်ဖက်ရည်ထည့်ပေးနေရာမှ ခေတ္တမျှရပ်သွားပြီး နောင်တရစွာဖြင့် ပြောလိုက်သည် “ရှင်သာထွက်သွားရင် ချွန်းယောင်က လွမ်း နေတော့မှာပဲ”
“ငါနဲ့ ဘာလို့မလိုက်ခဲ့တာလဲ ငါ မင်းကိုပြန်ရွေးပေးမယ်လေ” ရှီမာယူယူ သည် ချွန်းယောင်၏ လက်ကိုဆုပ်ကိုင်လိုက်သည်။
“ရှီယူ…” ချွန်းယောင်သည် ရှီမာယူယူကို မျက်ရည်များပြည့်နေသော မျက်လုံးများဖြင့် ကြည့်သည်။ ထို့နောက် သူမ၏ လက်ကိုပြန်ဆွဲကာ ပြောလေ သည် “ရှီယူ ရှင် ချွန်းယောင်နဲ့ ပျော်လို့ရပါတယ် ဒါပေမဲ့… ချွန်းယောင်ရဲ့ စာချုပ်က သက်ဆုံးတိုင်စာချုပ်ဖြစ်နေတယ်.. ပြန်ရွေးလို့မရဘူး”
“တခြားနည်းလမ်းရှိဦးမှာပါ ငါ ပြည့်တန်ဆာခေါင်းနဲ့ ပြောကြည့်ဦးမယ်” ရှီမာယူယူသည် ပြောပြီးသည်နှင့် ပြည့်တန်ဆာခေါင်းကို သွားရှာရန်ပြုသည်။
“ရှီယူ ထားလိုက်ပါတော့ နည်းလမ်းမရှိတော့ဘူး” ချွန်းယောင် ပြောလိုက် သည် “ထားလိုက်ပါတော့.. ဒီနေ့ ကျွန်မတို့မှာ သေရည်ရှိတယ် အဲတော့ ဒီနေ့ည အဖိုးတန်အချိန်လေးကို ပျော်မွေ့လိုက်လို့ရတယ်… မှင်တက်လောက်စေတဲ့ ညရှုခင်းရှိတဲ့နေရာကို ကျွန်မသိတယ်”
“ဒါဆိုလည်း သွားကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ငါပြန်လာရင် ပြည့်တန်ဆာခေါင်းကို တွေ့ပြီး မင်းကိုပြန်ရွေးမယ်”
“ဟုတ်ပါပြီ”
ချွန်းယောင်သည် အနောက်ဘက် အမြင့်ဆုံးအိမ်သို့ သူမကို ခေါ်သွားပြီး ပြောလေသည် “ဒီနေရာက အမြင့်ဆုံးအဆောက်အဦးပဲ.. အပေါ်ကိုရောက်ရင် ဝူရှန်းမြို့ရဲ့ ညရှုခင်းကို ကြည့်လို့ရတယ်”
“နွေဦးချောင်းငယ်မှာ အမြင့်ဆုံးအဆောက်အဦးရှိနေလိမ့်မယ်လို့ ထင် မထားဘူး အဲဒါကြောင့် ဘယ်သူမှ ဒီအကြောင်းမသိကြတာကိုး” ရှီမာယူယူ သည် ထိပ်ဆုံးအထပ်ကို သတိရှိရှိကြည့်လိုက်သည် “ငါ မင်းကိုခေါ်သွားပေး မယ်”
“မရဘူး အဲအပေါ်ကို လမ်းလျှောက်သွားမှရမှာ ကျွန်မ ရှင့်ကိုခေါ်သွား မယ်”
ချွန်းယောင်သည် ရှီမာယူယူ၏ လက်ကိုဆွဲပြီး နှစ်ယောက်သား အောက် မှ အပေါ်သို့ တက်သွားလိုက်ကြသည်။ ရှီမာယူယူ သွားလေလေ သက်တောင့် သက်သာမဖြစ်လေဖြစ်သည်။ အသက်ရှုရသည်မှာ ပိုလေးလံလာသည်။
“ဒီနေရာက ကျင့်ကြံဖို့ကောင်းတယ်လေ အဲဒါကြောင့် နည်းနည်း မသက်မသာခံစားရလိမ့်မယ်” ချွန်းယောင် ရှင်းပြလေသည်။
“အဲလိုလား” ရှီမာယူယူသည် အနည်းငယ် မယုံသော်လည်း ချွန်းယောင် ၏အပြုံးကို မြင်သောအခါ စိတ်ထဲမှ အတွေးများပျောက်သွားလေသည် “ဒါပေမဲ့ ချွန်းယောင်က မပင်ပန်းသလိုပဲ”
“ကျွန်မက မကြာခဏ ဒီကိုလာလေ့ရှိတယ် အဲဒါကြောင့် ကျင့်သားရနေ ပါပြီ” ချွန်းယောင် ရှင်းပြလေသည်။
သူတို့နှစ်ယောက်သည် အမြင့်ဆုံးအထပ်သို့ ရောက်လာကြသည်။ ရှီမာယူယူ ပြတင်းပေါက်နားသို့သွားလိုက်ရာ ရှုခင်းမှာ အမှန်တယ်လှသည်ကို တွေ့လိုက်ရသည်။
“ခမ်းနားလိုက်တာ မြို့တစ်ခုလုံးကို မြင်နေရတာပဲ”
“ဟုတ်တယ်မလား ကျွန်မ မပျော်တဲ့အချိန်ဆို ဒီနေရာကိုလာနေကျပဲ ကျွန်မ စိတ်ညစ်တဲ့အချိန် အောက်ကရှုခင်းကိုကြည့်လိုက်ရင် စိတ်သက်သာ သွားတယ်” ချွန်းယောင် ပြောလိုက်သည်။
“ချွန်းယောင်မှာလည်း မပျော်တဲ့အချိန်တွေရှိသေးတာလား”
“အင်း လူတွေမှာ မပျော်တဲ့အချိန်တွေရှိတာ သဘာဝပဲလေ.. ကျွန်မတို့ လိုလူမျိုးတွေက ပိုဆိုးတာပေါ့” ချွန်းယောင်သည် ဝမ်းနည်းစွာ ပြောလေသည်။
“ဒီမှာ ဂီတတူရိယာတွေ အများကြီးပဲ” ပုလွေ၊ ဗျတ်စောင်းကဲ့သို့ ဂီတ တူရိယာမျိုးစုံဖြည့် ပြည့်နေသော အခန်းကို ရှီမာယူယူ မြင်လိုက်ရသည်။
“ရှီယူ ကျွန်မ အတော်ဆုံးက ပုလွေမှုတ်တာပဲ ရှင့်ကို သီချင်းဖျော်ဖြေပေး မယ်”
“ဟုတ်ပြီ”
ချွန်းယောင်သည် တီးမှုတ်ရာ နားထောင်လိုက်သည်နှင့် ရှီမာယူယူ အံ့ဩ မိသည်။
“ကောင်းကောင်း နားထောင်နော်” သူမ အသိစိတ်ပြန်ဝင်လာရန် အချိန် အတော်ကြာသည်။ ပြီးနောက် သူမသည် ချွန်းယောင်၏ မျက်လုံးများကို ပို၍ စွဲလမ်းလာသည်။
“ရှီယူ အခု ကျွန်မတောင်းဆိုစရာတစ်ခုရှိတယ် ရှင်ဆန္ဒရှိလား” ချွန်းယောင် မေးလိုက်သည်။
“အင်း… မင်း ဘာလုပ်စေချင်လဲ ငါအကုန်ဆန္ဒရှိတယ်.. ငါ့အသက် ငါ့ ဝိညာဉ်ကို လိုချင်တယ်ဆိုရင်တောင် လိုလားပြီးသားပဲ” ရှီမာယူယူ ပြောလိုက် သည်။
ချွန်းယောင်၏ နှုတ်ခမ်းများသည် တွန့်တက်သွားသည်။ ဒီစကားလုံးတွေ ကို စောင့်နေတာပဲ။
***