သွေးဆောင်ခြင်း
Vol. 139 Ch. 1935
“ရှင့်ဝိညာဉ်ကို ကျွန်မကို ပေးမှာသေချာလား” ချွန်းယောင်သည် သူမကို စိတ်ထက်သန်သော အကြည့်ဖြင့် ကြည့်လေသည်။
“သေချာတာပေါ့ ခုနက မင်း ဝမ်းနည်းသွားတာတွေ့တော့ ငါ့အသည်း တွေ ကွဲသွားသလိုပဲ.. မင်းသာ ငါ့ဝိညာဉ်ကိုလိုရင် မင်းကိုလိုလိုလားလားပေးမှာ” ရှီမာယူယူသည် အလေးအနက်ပြောလေသည်။
“ဒါဆိုလည်း ဒီကနေသွားရအောင်.. ရှင့်ဝိညာဉ်ကို ပေးချင်တဲ့နေရာကို သွားရအောင်”
ချွန်းယောင်သည် လက်ဆန့်ထုတ်ပေးလေသည်။
ရှီမာယူယူ လျှောက်သွားပြီး လက်ချင်းထပ်လိုက်ကာ သူမ လေဟာပြင် ပေါက်ဖွင့်သည်ကိုကြည့်ပြီး သူမ ဦးဆောင်သည့်နောက်လိုက်သွားသည်။
သူတို့ ပြန်ထွက်လာချိန်တွင် မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိပေ။ ထိုနေရာသည် မှောင်မည်းနေပြီး ချွန်းယောင်လည်း သူမဘေးတွင် မရှိ တော့သည်ကိုသာ သိလိုက်ရသည်။
“ချွန်းယောင် ဘယ်မှာလဲ” သူမသည် ခပ်ကျယ်ကျယ်အော်လိုက်သည်။ သို့သော် ထိုနေရာမှာ ဟာလာဟင်းလင်းဖြစ်နေသဖြင့် သူမအသံသည် အဝေး ထိပဲ့တင်ထပ်သွားသည်။
မည်သူမှ ပြန်မဖြေပေ။
“ချွန်းယောင် ချွန်းယောင် မင်းဘယ်မှာလဲ မင်းဘယ်မှာလဲ ကြောက်စရာ ကြီးနော် မြန်မြန်ထွက်လာခဲ့” ရှီမာယူယူ၏ ကြောက်ရွံ့နေသောအသံသည် တုန်ယင်နေသည်။
“ရှီယူ ကျွန်မအဆင်မပြေဘူး” ချွန်းယောင်၏ နာကျင်သောအသံသည် လေးဘက်လေးလံမှထွက်လာရာ ထိုအသံသည် မခံနိုင်လောက်အောင် နာကျင် မှုကို ခံစားနေရပုံပေါက်သည်။
“ချွန်းယောင် ဘာဖြစ်နေတာလဲ ချွန်းယောင်” ရှီမာယူယူသည် အမှောင် ထဲတွင် အော်ဟစ်လိုက်သော်လည်း အရိပ်တစ်ခုမှပင် မတွေ့ရပေ။
“ရှီယူ ကျွန်မ နာနေပြီ ရှင်.. ရှင်ကျွန်မကို ကူညီပေးနိုင်မလား” ချွန်းယောင်၏ အသံသည် သေတော့မည့်အသံကဲ့သို့ ပိုပိုအားနည်းလာသည်။
“ချွန်းယောင် မင်းကိုဘယ်လိုကယ်ရမှာလဲ”
“ရှင့်ဝိညာဉ်ကို ကျွန်မကို ပေးချင်တယ်လို့ပြောခဲ့တယ်နော် တကယ်လား” ချွန်းယောင် ပြောလိုက်သည်။
“အမှန်ပဲ”
“အခု ကျွန်မရဲ့ နာကျင်မှုက ရှင့်ဝိညာဉ်နဲ့မှ သက်သာမှာပါ”
“ဒါဆိုလည်း ငါ့ဝိညာဉ်ကို ယူလိုက်” ရှီမာယူယူ အော်လိုက်သည် “ငါ့ ဝိညာဉ်ကို ဘယ်လိုပေးရမှာလဲ”
“ကျွန်မလက်ကို ကိုင်လိုက်ပါ ပြီးတာနဲ့ ကျွန်မရှင့်နာမည်ကိုခေါ်ပြီး ပေးချင်လားလို့ မေးရင် ရှင်က ပေးမယ်လို့ ပြောရင်ရပြီ”
ချွန်းယောင် စကားဆုံးသည်နှင့် ခပ်ဖျော့ဖျော့အရိပ်သည် ရှီမာယူယူ၏ ရှေ့တွင်ပေါ်လာလေသည်။ သူမသည် ရှီမာယူယူဆီသို့ လက်ဆန့်ထုတ်ကာ ပြောလေသည် “လာခဲ့ ကျွန်မလက်ပေါ် ရှင့်လက်ကိုတင်လိုက်”
ရှီမာယူယူသည် သူမ၏လက်ပေါ်ထပ်လိုက်သည်။ ချွန်းယောင်သည် သူမကို ကြည့်ပြီး ပြောလေသည် “ရှီယူ ရှင့်ဝိညာဉ်ကို ကျွန်မကိုပေးချင်လား”
“ပေးချင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည်။
ချွန်းယောင်သည် ပြုံးလိုက်သည်။ ရှီမာယူယူ၏ ခန္ဓာကိုယ်မှ အလင်းတန်း ထွက်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများသည် ပျော်ရွှင်လာသည်။ သို့သော် ထိုပျော်ရွှင်မှုသည် ကြောက်လန့်မှုအဖြစ်ပြောင်းသွားလေသည်။
ထိုအလင်းသည် အရင်ကကဲ့သို့ ဝိညာဉ်အဖြစ်စုစည်းမသွားဘဲ သူမ၏ ခန္ဓာကိုယ်ဆီသို့ ပြန်ဝင်သွားလေသည်။
“မအောင်မြင်တာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” သူမသည် မျက်မှောင် ကြုတ်ပြီး ရှီမာယူယူ၏ မျက်လုံးများ သတိလက်လွတ်ဖြစ်သွားသည်ကို မြင်ပြီး ဆက်ပြောပြန်သည် “ရှီယူ ရှင့်ဝိညာဉ်ကို ကျွန်မကို ပေးချင်လား”
“ပေးချင်ပါတယ်” ရှီမာယူယူသည် ချက်ချင်းပြန်ဖြေသည်။
အလင်းတန်းသည် သူမခန္ဓာကိုယ်မှ ထပ်ထွက်ပေါ်လာသည်။ အရင် တစ်ခေါက်ကထက်ပို၍ တဖြည်းဖြည်း စုစည်းလာသည်။
ချွန်းယောင်၏ တထိတ်ထိတ်ဖြစ်နေသော စိတ်များမှာ ပြိုလဲသွားပြန် သည်။ သူမ နှုတ်ခမ်းထောင့်မှ အပြုံးသည် ပွင့်လန်းမလာခင်တွင် ရပ်တန့်သွား ပြန်သည်။
ထိုအလင်းတန်းများသည် ခန္ဓာကိုယ်ဆီသို့ ပြန်ဝင်သွားပြန်သည်။
“ဘယ်လိုလုပ် ဒီလိုဖြစ်တာလဲ” သူမသည် အလင်းတန်းကို တအံ့တဩ ကြည့်လေသည်။ ရှီယူရဲ့ ဝိညာဉ်က ထူးခြားလို့ ဒီနည်းလမ်းက သူ့အပေါ်မှာဆို အသုံးမဝင်တာလား။
“ဘာလို့မဖြစ်နိုင်တာလဲ” ရှီမာယူယူ၏ အသံကို သူမ ကြားလိုက်ချိန်မှပင် ချွန်းယောင် သတိထားမိတော့သည်။ သူမ ကြည့်လိုက်ရာ ရှီမာယူယူ၏ နှုတ်ခမ်းမှာပြုံးနေပြီး မျက်လုံးမှာလည်းကြည်လင်နေသည်။ အစောက မိန်းမောပြီး ရီဝေနေတဲ့ အကြည့်တွေ ဘယ်ရောက်သွားတာလဲ။
“ရှင်နိုးနေတာလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ငါ အရင်က ပြောသလိုပဲ ဘာလို့မဖြစ်နိုင်တာလဲ” ချွန်းယောင်သည် ရုတ်တရက် လက်ကိုထိန်းချုပ်ခံရသလိုခံစားရကာ ဆွဲဆောင့်ခံလိုက်ရပြီး သူမ ၏ ခန္ဓာကိုယ်သည် အလိုလိုပင် ရှီမာယူယူဆီသို့ ကျသွားလေသည်။
“တကယ်ပဲ နေရာတစ်ခုတည်းမဟုတ်ဘူးပဲ” ရှီမာယူယူ ရေရွတ်လိုက် သည် “ဒါပေမဲ့ အခု ငါတို့အတူရှိနေပြီပဲ”
ချွန်းယောင်သည် အပစ်ခံလိုက်ရသဖြင့် တယိမ်းတယိုင်နှင့် မြေပေါ်သို့ ကျလုနီးပါးဖြစ်သွားသည်။ သူမ ခေါင်းလှည့်ကြည့်ရာ ရှီမာယူယူသည် သူမကို တည့်တည့်ကြည့်နေသည်ကို မြင်လိုက်ရသည်။
“မင်း ငါ့ကို ဆွဲဆောင်လို့မရဘူး” သူမသည် အတိအကျပင်ပြောလေ သည်။
“မင်းရဲ့ အသံတိုက်ခိုက်မှုအဆင့်က ငါ့အပေါ်သက်ရောက်မှုမရှိသေးဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မဖြစ်နိုင်တာ ရှင့်အားနဲ့ဆိုရင် ဆွဲဆောင်ခံရတာတောင် ဘယ်လိုလုပ် စိတ်ကိုထိန်းသိမ်းနိုင်ရတာလဲ” ချွန်းယောင်သည် မယုံပေ။
အစပိုင်းတွင် သူမသည် ယေဘုယျရှုပ်ထွေးစေသည့် အသံတိုက်ခိုက်မှုကို သာ အသုံးပြုခဲ့သည်။ နောက်ပိုင်း ပုလွေသည် ဆွဲဆောင်နိုင်သည့် တိုက်ခိုက်မှု ဖြစ်သည်။ သီချင်းတစ်ပုဒ်လုံးကို နားထောင်လိုက်သည်နှင့် လူတစ်ယောက် သည် ညှို့ယူခံလိုက်ရမည်။ မဟုတ်သရွေ့…
“စိတ်စွမ်းအားက သန်မာနေသရွေ့” ရှီမာယူယူသည် သူမ၏ အတွေးများ ကို ပြောပြလိုက်သည် “ငါက အားအဲလောက် မသန်မာပေမဲ့ ငါ့စိတ်စွမ်းအားက ကောင်းတယ်.. တောင်းပန်ပါတယ် ငါမင်းရဲ့ ထောင်ချောက်ထဲရောက်မသွား ဘူး”
“ရှင်က အစကတည်းက ကျွန်မကို စွဲလမ်းနေတာမဟုတ်ဘူး” ချွန်းယောင် ပြောလိုက်သည် “ရှင်က အမြဲတမ်း ဟန်ဆောင်နေတာပဲ”
“ဟုတ်တယ် လင်းယူလို ချောမောလှတဲ့လူမျိုးရှိနေတာ မင်းကို ဘယ်လို လုပ် မျက်စိထဲရောက်မှာလဲ” ရှီမာယူယူသည် သူမကို အထင်သေးစွာ ကြည့် လေသည်။
“ရှင်က ယောက်ျားတွေကို ကြိုက်တာပဲ” ချွန်းယောင်သည် အံကြိတ် လိုက်သည်။ “ဒါပေမဲ့ ရှင် ယောက်ျားတွေ ကြိုက်ရင်တောင် ကျွန်မရဲ့ အသံ တိုက်ခိုက်မှုကို မတားနိုင်ဘူး.. ရှင်က ယောက်ျားဖြစ်နေသရွေ့ မတားနိုင်ဘူး”
“ငါက ယောက်ျားပါလို့ ဘယ်သူပြောလဲ” ရှီမာယူယူသည် လက်စွပ်ချွတ် လိုက်ရာ ချက်ချင်းပင် သူမ၏ မိန်းကလေးခန္ဓာကိုယ်ပေါ်လာသည် “ငါက နာမည်နဲ့ ထိုက်တန်တဲ့ မိန်းမပဲ.. မင်းသာ မိန်းကလေး ယောက်ျားလေးနှစ်ခုလုံး ကို တိုက်ခိုက်လို့ရမယ့် နည်းလမ်းကိုသာသုံးရင် ငါလည်း ခဏတော့ မိန်းမော သွားမှာပဲ”
“မင်းက.. မိန်းမလား” ချွန်းယောင်သည် အံ့ဩသွားကာ အလိမ်ခံလိုက်ရ သဖြင့် အရှက်ရသွားသလို ဒေါသလည်းထွက်သွားသည်။
သူမက မိန်းကလေးတစ်ယောက် လိမ်တာကိုခံလိုက်ရတယ်။ သူမက မိန်းကလေးဖြစ်တာကိုတောင် သတိမထားမိလိုက်ဘူး။ သူမ ဘယ်လိုလုပ်လိုက် တာလဲ။
“ပြီးတော့ ငါ့နာမည်က ရှီယူမဟုတ်ဘူး အဲတော့ ငါ့နာမည်ကို ဘယ်လောက်ခေါ်ခေါ် အသုံးမဝင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ငါ့နာမည် က ရှီမာယူယူ”
“ရှီမာယူယူ.. ရှီမာယူယူလား”
“ဟုတ်တယ် ရှီမာယူယူ” ရှီမာယူယူ ပြန်ဖြေလေသည်။
“တစ္ဆေလောကရဲ့ မင်းသမီးလေးကို ဒီနေရာမှာတွေ့ရမယ်လို့ ထင်မထား ဘူးပဲ” ထိုအခိုက်တွင် ချွန်းယောင်သည် တည်ငြိမ်နေသည်။ သူမ ရှီမာယူယူကို ကြည့်ပြီး ထရပ်လိုက်သည်။ “ဒါပေမဲ့ မင်းဝိညာဉ်က တကယ်ပဲဆွဲဆောင်နိုင် လွန်းတယ်.. ငါတို့ရဲ့ ရည်ရွယ်ချက်က အတင်းဖိအားပေးပြီး ဝိညာဉ်ကိုယူဖို့ဆို ပေမဲ့ ထိခိုက်ထားတဲ့ဝိညာဉ်ကလည်း ဝိညာဉ်ကို သက်ရောက်နိုင်တာပဲ.. ဒါပေမဲ့ အခုက တခြားနည်းလမ်းမရှိဘူး.. မင်းရဲ့ဝိညာဉ်ကိုယူပြီး တခြားဝိညာဉ် ထည့်လိုက်ရင် တစ္ဆေလောကရဲ့မင်းသမီးလေးက ငါတို့အပိုင်ဖြစ်သွားပြီ”
“မင်းက အကောင်းမြင်တတ်တာပဲ.. အရင်က ငါ့ဝိညာဉ်ကို စားချင်တဲ့ လူ ကဘယ်သူလဲ ဘယ်လိုဖြစ်သွားလဲ မင်းသိလား”
“ဘယ်သူလဲ”
“ယွိဒူ ငါ့ဦးလေး တစ္ဆေကြင်ယာတော်ရဲ့သားလေ ငါသတ်လို့သေသွားတာ ပဲ သူ့ဝိညာဉ်တောင်မှ မလွတ်မြောက်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဟားဟား အဲတုန်းက ဘာတွေဖြစ်ခဲ့လဲ ငါမသိပေမဲ့ မင်း ငါ့ဆွဲဆောင်မှုနဲ့ တွေ့ရင်တော့ ရှောင်ဖို့စဉ်းစားလို့တောင်ရမှာမဟုတ်ဘူး မင်းက တစ်ယောက် တည်းပဲ.. မင်းတစ်ယောက်ကို ရှင်းတာလောက်တော့ ဘာမှအားထုတ်နေဖို့ မလိုဘူး” ချွန်းယောင် ပြောလေသည်။
“မသိချင်ဘူးလား ငါ ဘာလို့ ဒီနေရာကို လိုက်လာတာလဲလို့”
“ဘာလို့လဲ” သူမသည် အခုချိန်ထိ မစဉ်းစားခဲ့မိပေ။ သို့သော် ရှီမာယူယူ ၏ မေးခွန်းကို ကြားသောအခါ ထိုမေးခွန်းကို အမှတ်ရသွားသည်။
“မင်းရဲ့ လျှို့ဝှက်နေရာကို ရှာဖို့ပဲလေ.. မင်းသာ လမ်းမပြရင် ဒီနေရာကို ဘယ်လိုရှာတွေ့တော့မလဲ” ရှီမာယူယူသည် သူမကို ပြုံးပြလိုက်သည် “ပြီးတော့ ငါတစ်ယောက်တည်းလာတယ်လို့ ဘယ်သူပြောလဲ”
***