အခွင့်အရေးမပေးခြင်း
Vol. 139 Ch. 1936
ရှီမာယူယူပြောလိုက်သည့် စကားကို ကြားသောအခါ ချွန်းယောင် ရယ်မောလိုက်သည် “တစ္ဆေလောကရဲ့ မင်းသမီးက ငါတို့ကိုဖမ်းရုံအတွက်နဲ့ တော့ သူမကိုယ်သူမ အန္တရာယ်အဖြစ်ခံမယ်မထင်မိဘူး ဒါပေမဲ့ ဒီကိုလာတာနဲ့ အသုံးဝင်မယ့် သတင်းရမယ်လို့ထင်နေတာလား.. ဒီကိုလာပြီးတော့ အပြင် လောကနဲ့ အဆက်အသွယ်ရှိသေးလို့လား”
ရှီမာယူယူသည် သူမကို ကြည့်လိုက်သည်။ သို့သော် ဘာမှမပြောပေ။
“ဒီနေရာက ဘယ်နေရာလဲဆိုတာသိလား” ချွန်းယောင် မေးလိုက်သည်။
“ဘယ်နေရာလဲ” ရှီမာယူယူသည် အမှန်တကယ် မသိတော့ပေ။
“ဒီနေရာက ငါတို့ တည်ဆောက်ထားတဲ့ လေဟာနယ်ပဲ.. အပြင်ကလူ တွေ ဒီနေရာကို ဘယ်လိုမှ ရှာမတွေ့နိုင်ဘူး.. ရှိတယ်ဆိုတာကိုတောင် သိတဲ့လူ နည်းတယ်.. မင်း ဒီကိုရောက်တာနဲ့ ကောင်းကင်ရော ငရဲရော မင်းအော်တာကို လုံးဝတုံ့ပြန်မှာမဟုတ်ဘူး” ချွန်းယောင်သည် ရှီမာယူယူကို တစ်ချိန်လုံးစိုက် ကြည့်နေရင်း သူမ မျက်နှာမှ ကြောက်ရွံ့မှုတစ်စုံတစ်ရာဖြစ်လာမည်ကို မြင်ချင် နေသည်။
သို့သော် သူမ စိတ်ပျက်သွားသည်။ ရှီမာယူယူ၏ မျက်လုံးထဲမှ အကြည့် သည် ပြောင်းလဲသွားခြင်းမရှိပေ။ သူမ၏ စကားများသည် သူမကို ခြိမ်းခြောက် သည့်အဆင့်ထိ မရောက်ပုံပင်။
“မင်း အခု ဘယ်လိုအခြေအနေရောက်နေလဲ သိရဲ့လား” ချွန်းယောင် မေး လိုက်သည်။
“သိတာပေါ့” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒီနေရာက အပြင်လောကနဲ့ သပ်သပ်စီဖြစ်နေတဲ့ နေရာပဲ”
“မင်းလူတွေ ဒီနေရာကို မဝင်နိုင်ဘူး.. ဒီမှာဆက်ပြီး အသက်ရှင်နိုင်မယ် ဆိုတာ သေချာရဲ့လား… ဒီမှာ ငါတို့လူတွေ ဘယ်လောက်ရှိလဲဆိုတာကိုရော သိလား”
“သိတာပေါ့” ရှီမာယူယူသည် ယုံကြည်မှုရှိရှိ ပြောလိုက်သည် “ငါ့လူတွေ က အပြင်ကနေလာမယ်လို့ ငါ မပြောမိပါဘူး”
“ဘာအဓိပ္ပာယ်လဲ” သူမယုံကြည်ချက်ရှိနေပုံကို မြင်သောအခါ ဤကဲ့သို့ အခြေအနေမျိုး၌ပင် တည်ငြိမ်သောမျက်နှာကို မည်သို့ဆက်ထိန်းထားနိုင်သည် ကို ချွန်းယောင် နားမလည်နိုင်တော့ပေ။
“ငါပြောခဲ့တဲ့ အတိုင်းပဲလေ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီနေရာက ဘယ်မှာလဲဆိုတာကို ပြောပေးလို့ ကျေးဇူးတင်ရမှာပေါ့”
ထိုသို့ပြောပြီးနောက် သူမ လက်ဝေ့ယမ်းလိုက်ရာ ဝူလင်းယူ၊ အရိပ်မည်း နှင့် ဟွမ်တို့သည် သူမဘေးတွင် ပေါ်လာသည်။
“မင်းတို့တွေ…” ချွန်းယောင်သည် ရုတ်တရက်ပေါ်လာသော လူသုံး ယောက်ကို အလန့်တကြားကြည့်လေသည်။
သူတို့တွေက ထွက်မသွားဘဲ သူမဘေးမှာ တစ်ချိန်လုံးရှိနေတာပဲ။
ဟွန်း.. ဒါအမှန်တရားပဲ။ သူမက သူတို့အစီအစဉ်ကို သိရဲ့သားနဲ့ တစ်ချိန် လုံး ဟန်ဆောင်နေခဲ့တာပဲ။ ဒီလိုနေရာကို ဘယ်လိုဖြစ်လို့ သူမ တစ်ယောက် တည်းလာမှာလဲ။
ရှီမာယူယူသည် အသက်အတွက် နေရာတစ်နေရာစာ ချန်ထားလိမ့်မည် ဟု သူမထင်မထားပေ။
သူမသည် ဝါးပုလွေထုတ်ပြီး သူတို့လေးယောက်ကိုကြည့်ကာ ထွက်ပြေး နိုင်ချေကို တွက်ချက်နေသည်။
သူမ ဤနေရာမှ ထွက်သွားနိုင်သရွေ့ အပြင်မှလူများကို ဆက်သွယ်နိုင် မည်။ သူတို့ရောက်လာလျှင် သူမ အသက်ရှင်နိုင်မည်။
“ထွက်ပြေးဖို့ ကြိုးစားနေတာလား” သူမ ခန္ဓာကိုယ် ပြန်ဆုတ်သွားသည် ကို အရိပ်မည်းမြင်လိုက်သောအခါ ချက်ချင်းပင် ရှေ့တိုးလိုက်ကာ သူမလက်ထဲ မှ ပုလွေကိုလုယူပြီး သူမခန္ဓာကိုယ်ကို ချုပ်လိုက်သည်။
မြူခိုးမည်းသည် သူ့ခန္ဓာကိုယ်မှထွက်လာပြီး ချွန်းယောင်၏ ခြေနှင့်လက် များကို ရစ်ပတ်ပြီး လှုပ်မရအောင် ချုပ်လိုက်သည်။ ထို့အပြင် သူ၏ မြူခိုးမည်း သည် မည်သည့်အရည်အချင်းရှိသည်တော့မသိပေ သူမ၏ ဝိညာဉ်စွမ်းအားကို ဖိနှိပ်နိုင်သည်။
“ဒါက မင်းတို့ ဝိညာဉ်မျိုးနွယ်အတွက် အထူးတလည်ယူလာတဲ့ ချုပ်နည်း ပဲ” အရိပ်မည်းသည် မုန်းတီးစွာပြောလေသည်။
ဒီမိန်းမက မုန်းစရာကိုကောင်းတာ။ သူမက ရက်စက်တဲ့ နည်းလမ်းကိုပဲ သုံးခဲ့တယ်။ ပထမနေ့တုန်းက ဟွမ်က သူ့ကိုသတိဝင်အောင် ရိုက်ခဲ့လို့တော် သေးတယ်။ မဟုတ်ရင် သူလည်း ရှက်စရာကောင်းတာတေ လုပ်မိတော့မှာ။ သူမကို အခုကြည့်ရတာတော့ အရင်ကလို ဘာခံစားချက်မှမရှိတော့ဘူး။ သူ လုပ်ချင်တာက တစ်ခုတည်းပါ.. ဘာလုပ်မယ်ဆိုတာတော့ မပြောနိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူမကို ချုပ်ထားရင်တောင် သူ့စိတ်ပျော့သွားမှာမဟုတ်ဘူး။
ချွန်းယောင်သည် “ဝိညာဉ်မျိုးနွယ်” ဟု ပြောလိုက်သည်ကို ကြားသော အခါ ခန္ဓာကိုယ်တုန်သွားလေသည်။ သူမသည် ကြောက်ရွံ့မှုဖြင့် တုန်ယင်နေ သည်။
သူမ သူတို့ကိုကြည့်လိုက်ချိန်တွင် အားလုံးသည် သိထားနှင့်သည့် အမူအရာဖြစ်နေသည်။
“ငါ့ခန္ဓာကိုယ်က တစ္ဆေမျိုးနွယ်နဲ့အတူတူပဲ ဘယ်လိုသိတာလဲ”
“ဒီလောက်ရိုးရှင်းတာကို ရှင်းပြဖို့လိုသေးလို့လား မင်းရဲ့လက်လေ.. ငါ ကိုင်ကြည့်လိုက်တာနဲ့ သိလိုက်တယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ အရင်ကတော့ မသေချာဘူး မင်းရဲ့တုံ့ပြန်ချက်တွေက…”
သူမသည် သူမဘာသာဝန်ခံလိုက်ပြီဖြစ်သည်။
သူတို့သည် သူမကို ထောင်ချောက်ဆင်ခဲ့ပုံကို ပြောခဲ့သည်။ ချွန်းယောင် သည် မုန်းတီးစွာဖြင့် အံကြိတ်လိုက်သည်။ ဒီလူတွေက သရုပ်ဆောင်ကောင်း လိုက်ကြတာ။
“ငါလည်း အရင်က သိချင်နေတာ.. ဝိညာဉ်မျိုးနွယ်က တစ္ဆေမျိုးနွယ်ကို လွှမ်းမိုးနိုင်တယ်လို့ မင်းတို့တွေပြောနေကြတာ.. အခုတော့ လုံးဝကိုသေချာ သွားပြီ” ရှီမာယူယူ ပြောလိုက်သည် “တကယ်တော့ မင်းတို့က အဲဒီအင်အားစု ကပဲဖြစ်ဖို့မျှော်လင့်ခဲ့တာ ဘာလို့လဲဆိုတော့ အဲဒါမှမင်းတို့ကို ရှင်းဖို့လွယ်မှာ လေ ဟူး.. မင်းတို့တွေက ဒီလိုဆိုရင် ငါတို့လည်းပင်ပန်းတာပေါ့”
ချွန်းယောင်သည် စကားပြောချင်သည်။ သို့သော် အရိပ်မည်းသည် သူမ ၏ ပါးစပ်ကို ပိတ်ထားလိုက်သည်။
“မင်း အခုစကားပြောရင်တောင် အသုံးမဝင်တာတွေ ပြောခွင့်မရှိဘူး ငါ မင်းတို့ရဲ့ အမှိုက်သရိုက်လိုစကားတွေကို မကြားချင်ဘူး” အရိပ်မည်းသည် သူ့ နားကိုကလော်လိုက်သည်။
“အရိပ်မည်း မင်းကိုပဲ အပ်ထားလိုက်တော့မယ်” ဟွမ် ပြောလိုက်သည်။
“ငါ့ကိုအပ်ထားမယ်ဟုတ်လား မဟုတ်လောက်ပါဘူး မင်းက သူမကို နှိပ်စက်ဖို့ ငါ့ကိုခိုင်းတာလား.. ငါက သူမကိုမုန်းပေမဲ့ မိန်းကလေးတစ်ယောက် ကို နှိပ်စက်တာမျိုးတော့မလုပ်ဘူး” အရိပ်မည်းသည် သူ့ကိုငြင်းဆန်လိုက် သည်။
“သူမကို ဘယ်သူကနှိပ်စက်ခိုင်းနေလို့လဲ.. ဒီအတိုင်းသတ်လိုက်” ဟွမ် သည် သူ့ကို အသာငဲ့ကြည့်သည် “မဟုတ်ရင် မင်းက သူမကို နှိပ်စက်ဖို့ တိတ်တိတ်လေးတွေးနေလို့ ငါပြောလိုက်တာနဲ့ အဲဒါကိုပဲတွေးမိသွားတာလား”
“ဘာမဟုတ်တာတွေ ပြောနေတာလဲ မင်းက ရန်ဖြစ်ချင်တာလား” အရိပ်မည်းသည် လက်သီးကိုဝေ့ယမ်းလေသည်။
“ငါ့ကို နိုင်လို့လား” ဟွမ်၏ စကားတစ်ခွန်းသည် အရိပ်မည်းကို ပြန်ငြိမ် သွားစေသည်။
သူ့ကို နိုင်လို့လားတဲ့။ သေချာပေါက် မနိုင်ဘူးပေါ့။ အဲဒါကို ဘာလို့ သူက ပြဿနာဆက်တိုက်ရှာနေတာလဲ။
ဒါပေမဲ့ သူကလွဲပြီး ဘယ်သူသတ်မှာလဲ။ ဝူလင်းယူလုပ်မှာလား။ သူ ဝူလင်းယူကိုကြည့်လိုက်သည်။ ဒီလူကတော့ အခုထိ ဘာကိုမှဂရုမစိုက်သလို လုပ်နေတုန်းပဲ။ သူက သခင်မလေး သဘောကျတဲ့လူပဲ။ အဲတော့ သူ့ကို လုပ်ခိုင်းလို့ရမှာလား။ သူကိုယ်တိုင်မလုပ်ရင် သွားလည်းမမေးရဲဘူး။
ဒါဆို မင်းသမီးပဲကျန်တော့တယ်။ ဒီမင်းသမီးလေးကို လူသတ်ဖို့ သူခိုင်း နိုင်လို့လား။
ဟိုဟိုဒီဒီတွက်ချက်ပြီးနောက် ထိုတာဝန်လုပ်ရန်မှာ သူတစ်ယောက်သာ ကျန်သည်။
သည်လိုနှင့် စောင့်ကြည့်နေသည့် မျက်လုံးများကြားမှ သူ ဓားကို ဖြည်းဖြည်းချင်း ဆွဲထုတ်ပြီး ချွန်းယောင်ရှေ့သို့ လာလိုက်သည်။ သူမ သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေပြီး မရပ်မနားရုန်းကန်နေသည်ကိုမြင်နေရ သည်။ သူမသည် တစ်စုံတစ်ရာကို ပြောရန်ကြိုးစားနေပုံပေါက်သော်လည်း ညည်းသံမျှသာထွက်လာသည်။
“ငါတို့က ဘာမှလည်းမသိဘူး မင်းကိုလည်း မမေးမမြန်းဘဲနဲ့ ဘာလို့ ဒီအတိုင်းသတ်တာလဲလို့ မေးချင်နေတာလား” အရိပ်မည်းသည် ရယ်မောလိုက် သည်။ “မင်း ဘာပဲသိထားသိထား မင်းသေသွားတာနဲ့ ငါတို့သိရမှာပဲ.. မင်းလို မျိုး အဆင့်လောက်နဲ့လူက မင်းရဲ့အသိစိတ်ကို ချိပ်စည်းပိတ်ထားမှာမဟုတ်ဘူး”
“ဟင်” ချွန်းယောင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမ တစ်စုံ တစ်ရာကို ပြောချင်သည်။ သို့သော် အရိပ်မည်းသည် ဓားဖြင့် သူမ၏ ရင်ဘတ် ထဲသို့ တည့်တည့်ထိုးစိုက်လိုက်သည်။
“အာ…”
စူးရှသောနာကျင်မှုသည် သူမစိတ်ကို နိုးကြားသွားစေသည်။ သူမ၏ ခန္ဓာကိုယ်မှာ လိပ်ပြာအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားသည်ကို ခံစားမိ လိုက်သည်။ သူမ၏ အသက်သွေးကြောများသည် တဖြည်းဖြည်းခမ်းခြောက်သ သွားပြီး အသိစိတ်မှာလည်း ဖြည်းဖြည်းချင်း ပျောက်သွားသည်ကို ခံစားမိလိုက် သည်။
“အခုလုပ်လို့ရပြီ” သူမသည် ရှီမာယူယူ၏ အသံကိုကြားလိုက်ရပြီး သူမ ရှေ့သို့လျှောက်လာသည်ကို ဝေဝါးစွာမြင်လိုက်ရသည်။ ရှီမာယူယူသည် သူမ၏ ပခုံးကိုဆုပ်ကိုင်လိုက်သည်။ ရှီမာယူယူ မည်သို့လုပ်မည်ကို သူမ မသိတော့ပေ။
ရုတ်တရက်ပင် သူမ၏ ခေါင်းထဲမှ စူးရှသောနာကျင်မှုကိုခံစားလိုက်ရပြီး သူမ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသည်ကိုသိလိုက်သည်။
သူမက တကယ်ပဲ စိတ်ထဲကိုဝင်နိုင်တာပဲ သူမ…
ချွန်းယောင်၏ အတွေးများသည် ဤနေရာတွင်သာ တစ်သက်တာ ပိတ်ဆို့သွားသည်။ ဒီလူက ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲဟု သူမ မေးချင် သည်။ သို့သော် ထိုစကားများကို မပြောနိုင်တော့သည်ကတော့ နှမြောဖွယ် ကောင်းလှသည်။
ရှီမာယူယူသည် သူမ၏ အသိစိတ်ကိုပြန်ရုတ်သိမ်းလိုက်ပြီး ချွန်းယောင် ၏ အလောင်းကိုလွှတ်လိုက်သည်။ သူမသည် ချွန်းယောင် အလင်းတန်းအဖြစ် တဖြည်းဖြည်းပြောင်းသွားပြီး လေထဲတွင်ပျောက်ကွယ်သွားသည်ကို ကြည့်နေ လိုက်သည်။
“ဘယ်လိုလဲ တစ်ခုခုတွေ့ပြီလား” အရိပ်မည်း မေးလိုက်သည်။
“အဲလူတွေ သူတို့က ဝိညာဉ်နယ်မြေကဆိုပေမဲ့ အသံတိုက်ခိုက်တဲ့နေရာ ကလာကြတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီလူတွေက ရွှီယိနဲ့ ဘာမှ ပတ်သက်မှုမရှိဘူး.. အဲလိုဆိုပေမဲ့ သူတို့က တစ္ဆေမျိုးနွယ်ကို ကူးလာတာပဲ.. အခု သူတို့ကိုတွေ့ပြီဆိုတော့ ဒီလူတွေကိုလည်းရှင်းရမှာပဲ”
***