← Chapters

ဝမ်းကွဲအစ်ကိုရောက်လာပြီ

Vol. 139 Ch. 1937

ဝမ်းကွဲအစ်ကိုရောက်လာပြီ

Vol. 139 Ch. 1937

ဝိညာဉ်မျိုးနွယ်မှလူများသည် ဝူရှန်းမြို့အပြင်ဘက်တွင် သူတို့၏ ကိုယ်ပိုင်နေရာကို တည်ဆောက်ခဲ့ကြသည်။ သူတို့ ရောက်နေသည်မှာ အလွန် ကြာမြင့်နေပြီဖြစ်ပြီး အင်အားလည်းများစွာ တိုးပွားနေသည်မှာ ရှင်းနေသည်။ ဤကဲ့သို့ အင်အားမျိုးကို အမြစ်မှရှင်းပစ်ရန်မှာ လွယ်ကူလှသည်တော့မဟုတ် ပေ။

ချွန်းယောင်၏ စိတ်ထဲမှ နာမည်စာရင်းကြီးကိုရထားသဖြင့် အဆင်ပြေ သွားသည်။ အရင်ဆုံး သူတို့ကိုဖမ်းပြီး စစ်မေးရမည်။ ထိုသို့ဆိုလျှင် အချက်အလက်များ ပိုရလာနိုင်သည်။

“အရင်ဆုံး ဒီနေရာကနေ ထွက်သွားရအောင်” ဟွမ် ပြောလိုက်သည် “ဒီမှာလည်း လူများလောက်မယ်လို့ထင်တယ် သူတို့ကိုနိုင်ဖို့ဆို စွမ်းအား တော်တော်လိုလိမ့်မယ်”

အရိပ်မည်းနှင့် သူသည် လူသတ်ရာတွင် ကျွမ်းကျင်သည်။ သူတို့၏ တိုက်ကွက်အများစုမှာ သေနိုင်လောက်သည်။ ထိုတိုက်ကွက်မျိုးသည် တစ်ချက်တည်းနှင့် သေစေနိုင်သည်။ အကယ်၍ သူတို့ကို အရှင်အတိုင်းလိုချင် လျှင် ခြေတစ်လှမ်းဆုတ်ပြီး အချိန်ယူရမည်။

ရှီမာယူယူသည် ချွန်းယောင်မှတ်ဉာဏ်ထဲမှ လမ်းအတိုင်း ထွက်လာခဲ့ သည်။ အပြင်တွင်ရပ်ပြီး အနောက်ကိုပြန်လှည့်ကြည့်မှပင် ထိုလေဟာနယ် သည် အခန်းတစ်ခန်းစာ အရွယ်အစားသောက်သာ ရှိသည်ကို သိလိုက်ရသည်။ နေရာတစ်ခုလုံးကို ထူထဲသော မြူခိုးမည်းများဖြင့် ဖုံးလွှမ်းနေပြီး အထဲကို ရှင်းရှင်းလင်းလင်းမမြင်ရပေ။

“ဒီနေရာက တစ္ဆေမျိုးနွယ်တွေရဲ့ ဝိညာဉ်ကို ထုတ်တဲ့ နေရာပဲ… ဒီနေရာ မှာ ဝိညာဉ်တွေထုတ်လိုက်ရင် သူတို့ကို မိနစ်ပိုင်းလောက်တော့ အသက်ရှင် အောင်လုပ်နိုင်တယ်.. ပြီးမှ ခန္ဓာကိုယ်ထဲကို အချိန်မှီ ဝိညာဉ်နောက်တစ်ခု ထည့်လိုက်ရင် တခြားတစ်ယောက်လိုကို ပြောင်းလဲသွားလိမ့်မယ်… ဒါပေမဲ့ ဒါက လျှို့ဝှက်နည်းဖြစ်နေတော့ လူအများကြီးကိုသုံးလို့မရဘူး.. မဟုတ်ရင် တော့ တကယ်ခေါင်းကိုက်စရာဖြစ်နေမှာ”

သို့သော် ထိုသို့ဆိုလျှင်တောင် အရေအတွက်မှာ ထိတ်လန့်စရာပင်ဖြစ် သည်။ ထို့အပြင် အများစုမှာ ဝူရှန်းမြို့မှဖြစ်ကြသည်။ လက်ရှိတွင်တော့ ဝူရှန်း မြို့မှပြဿနာများကို ကူညီပြီးဖြေရှင်းရမည်။ သို့သော် တခြားကိစ္စများကိုတော့ ဒိကျဲ့နှင့် တခြားသူများကို ဖြေရှင်းရန်အပ်ထားရမည်။

ရှီမာယူယူသည် မင်းသမီးလေးအဖြစ် အတင်းအကျပ် ပြုမူနေရသလို ခံစားလာရသည်။

“ဘယသ်ူလဲ” သူတို့ရှိနေသည်ကို တခြားလူမှ သတိထားမိသဖြင့် အော် လိုက်လေသည်။

ရှီမာယူယူတို့ လေးယောက် ရုတ်တရက်ပေါ်လာပြီး သူတို့လူမဟုတ်သည် ကို ထိုလူများသိသောအခါ ချက်ချင်းပင် အော်ကြသည်။

“ကျူးကျော်တဲ့လူရှိတယ်”

“အစောင့်တွေ အစောင့်တွေ”

“မြန်မြန် နန်းတော်သခင်ကို သတင်းပို့လိုက်”

“ကျွန်တော်တို့ကို ဒီလောက်မြန်မြန်သိသွားကြတာ ကြည့်ရတာ ဒီလူ တွေက နည်းနည်းအားကောင်းကြတဲ့ပုံပဲ” အရိပ်မည်းသည် ရယ်လိုက်ပြီး နောက် မြူခိုးမည်းအဖြစ်ပြောင်းကာ ပျံသွားလေသည်။

လျင်မြန်စွာပင် လူများရောက်လာသံကို ကြားသည်နှင့် ဟွမ်လည်း ကူညီ ရန်သွားလိုက်သည်။

ဝူလင်းယူသည် ထိုလူများ အနားကပ်မလာစေရန် ရှီမာယူယူကို ကာကွယ်ရင်းနှင့် အဝေးတွင်ရပ်နေသည်။ သို့သော် လူများပိုပိုရောက်လာရာ တစ်ယောက်တည်း တိုက်ခိုက်ရသည်မှာ မလွယ်ကူတော့ပေ။

သူသည် လေထဲသို့ပျံတက်သွားလိုက်သည်။ သူ့လက်ဖဝါးထဲမှ မေ့ပျောက်ခြင်းမြစ်ရေများ အကန့်အသက်မရှိ စီးဆင်းလာသည်။ ရေများသည် အားလုံးကို ဖုံးလွှမ်းလိုက်ပြီး ဖယ်ရှားလိုက်သည်။

“ဂလု ဂလု..” ထိုလူများသည် ရေအောက်သို့နစ်သွားကြပြီး ဗိုက်ထဲတွင် လည်းရေများဖြင့် ပြည့်သွားကြသည်။ သူတို့ ရေကူးလိုက်ချိန်တွင် နောက်ဆုံး ထွက်သက်သို့ရောက်ကာ အကုန်သတိမေ့မျောသွားကြသည်။ သူတို့သည် မြေ ပေါ်တွင် မလှုပ်မယှက်လှဲသွားကြတော့သည်။

သူတို့ တိုက်ခိုက်သည်နှင့် ရှီမာယူယူသည် ခေါင်းမော့ပြီး မိုးပေါ်သို့ကြည့် လိုက်သည်။ မည်းမှောင်နေသော ကောင်းကင်သည် ပုံမှန်မဟုတ်ပေ။

သူမသည် တစ်ချက်တည်းခုန်ပြီး လေထဲသို့ပျံသွားကာ လက်ဖဝါးတွင် ဝိညာဉ်စွမ်းအင်တချို့ကို စုစည်းလိုက်သည်။ မီအာ၏ စွမ်းအားကိုပါ ထည့်ပေါင်း လိုက်သောအခါ တိုက်ကွက်တစ်ချက်တည်းနှင့် အလင်းတန်းသည် သူမဆီမှ ထွက်လာသည်။

“ဘုန်း”

သူတို့ဖန်တီးထားသည့် လေဟာနယ်သည် စတင်ပဲ့ကျလာသည်။ အပြင်မှ ပြေးလာသောသူများသည် ရှီမာယူယူကို ဒေါသတကြီးကြည့်ကြသည်။ သူတို့ သည် သူမကို ပြေးလာပြီးသတ်ချင်သော်လည်း ဝူလင်းယူသည် သူတို့လမ်းကို ပိတ်ဆို့ထားသည်။

အထင်သေးလောက်စရာ လူတချို့သည် ရှီမာယူယူကို တိုက်ခိုက်ရာ ရှီမာယူယူသည် မဟူရာကို ခေါ်ထုတ်လိုက်သည်။ မဟူရာသည် အထဲမှနေ၍ အော်နေသဖြင့် သူမသည် သူ့ကို မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေသည်မှာ ကြာပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူမ လင်းလုံကိုထုတ်လိုက်သည်။ သူမကို ဓားရှည်အသွင်ပြောင်းလိုက်ပြီး တခြားသူများနှင့် တိုက်ခိုက်သည်။

လျင်မြန်စွာပင် နေရာတစ်ခုလုံး လုံးဝပြိုကျသွားတော့သည်။ အဆောက် အဦးများအားလုံး လုံးဝပျက်စီးသွားကာ မြေပေါ်သို့ပြိုကျလာသည်။ ထိုနေရာမှ လူအားလုံးလည်း ရောက်လာကြသည်။ ယနေ့ညတွင် ရှီမာယူယူ လှုပ်ရှားတော့ မည်ကို ပီလင်းသိထားသဖြင့် သူမတပ်ဖွဲ့နှင့် စောင့်နေသည်မှာ ကြာပြီဖြစ်၏။ သူမ တိုက်ခိုက်သံများကို ကြားလိုက်ရသည်နှင့် သူမလူများနှင့် ပြေးသွားလိုက် သည်။

ရှီမာယူယူသည် ပီလင်းကိုမြင်သည်နှင့် ပြောလိုက်သည် “လာတာအချိန် ကိုက်ပဲ.. ဒီလူတွေကို ရှင်းပြီးသွားပြီ အဲတော့ သူတို့ကိုကြိုးတဲ့တုပ်လိုက်ကြ တော့.. မင်းကိုလုပ်ခိုင်းထားတဲ့ အကျဉ်းထောင်ဆောက်ပြီးပြီလား”

“မင်း သမီးလေး ပြောတဲ့အတိုင်း ဆောက်ပြီးပါပြီ” ပီလင်း ပြောလိုက် သည်။

ရှီမာယူယူ ပီလင်းကိုဆောက်ခိုင်းထားသည် အကျဉ်းထောင်မှာ တစ္ဆေ မျိုးနွယ်မှလူများကို ဖိနှိပ်ရန်ဖြစ်သည်။ သူတို့သည် အချိန်အနည်းအကျဉ်းသာရ ကြကာ နောက်ဆုံးတွင် ပြီးစီးအောင် ဆောက်လုပ်နိုင်လိုက်သည်။

“နွေဦးချောင်းငယ်က ကိစ္စတွေရော ဘယ်လိုလဲ”

“မင်းသမီးလေးထွက်သွားပြီးတော့ တစ်ယောက်မကျန်အကုန်ဖမ်းလိုက် ပါပြီ.. သူတို့ကို ဧည့်သည်တွေနဲ့အတူ အကျဉ်းချထားလိုက်ပြီ”

ရှီမာယူယူ ခေါင်းညိတ်လိုက်ပြီး တခြားမည်သည့်အမိန့်မှမရှိတော့သဖြင့် မီလင်းသည် မြေပေါ်တွင် လဲနေကြသည့်လူတစ်ယောက်ကို ညွှန်ပြပြီး ဖမ်းခိုင်း လိုက်သည်။

ထိုနေရာမှ လှုပ်လှုပ်ရှားရှားအသံများသည် အနားမှလူများ၏ အာရုံကို ဆွဲဆောင်လေသည်။ ရန်သူကို ကြိုတင်သတိပေးသလိုမဖြစ်ရန်အတွက် ပီလင်း သည် တခြားအကြောင်းအရင်းများပေးထားသည်။ သို့သော် ဝိညာဉ်နယ်မြေ၏ ဦးတည်ချက်ကိုတော့ ညွှန်မပြခဲ့ပေ။

ဝူလင်းယူ၊ အရိပ်မည်းတို့ ပြန်လာပြီးနောက် သူတို့လေးယောက်သည် တည်းခိုဆောင်သို့ တိတ်တဆိတ်ပင် ပြန်လာခဲ့ကြသည်။ သူတို့သည် အစတော့ အနားယူရန် စီစဉ်ထားသည်။ သို့သော် လူတချို့ တည်းခိုဆောင်သို့ ဝင်လာ သည်ကိုမြင်လိုက်ရသည်။

အရိပ်မည်းနှင့် ဟွမ်တို့သည် ခန်းမထဲတွင် ထိုင်နေသည့် လူများကိုမြင် သောအခါ စကားအနည်းငယ်ပြောပြီးသည်နှင့် သူတို့အခန်းသို့ပြန်သွားကြလေ သည်။

“မင်း ပြဿနာသွားရှာပြန်ပြီလား” ဒိကျဲ့သည် တည်တံ့သော မျက်နှာဖြင့် ပြောလေသည်။ သူသည် အနည်းငယ် ကြောက်ရွံ့စရာကောင်းနေသည်။

“ဒါက ဘယ်လိုလုပ် ပြဿနာရှာတာဖြစ်ရမှာလဲ” ရှီမာယူယူ ငြင်းဆန် လိုက်သည် “ဒီနေ့က ကိစ္စကြီးတစ်ခုကို သွားလုပ်တာ ဟုတ်ပြီလား”

“မင်းက မြို့ပြင်မှာ ဒီလောက် လှုပ်လှုပ်ရှားရှားဖြစ်အောင် လုပ်ထားတာ အဲတော့ ကြီးတယ်လို့ပြောလို့ရတာပေါ့” ဒိကျဲ့ ပြောလိုက်သည် “မင်းက ဝိညာဉ် မျိုးနွယ်တွေစုနေတဲ့ နေရာကို ပြေးသွားရဲတာ တော်တော်သတ္တိတွေရှိနေတာပဲ”

“ချီးကျူးပေးလို့ ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်ကို” ရှီမာယူယူသည် ဝမ်းပန်းတသာ ပြန်ဖြေလေသည်။

“အရင်ကတော့ ငါ မသိခဲ့ဘူး ဒါပေမဲ့ မင်းက တော်တော်ကို အရှက်မဲ့တာ ပဲ” ဒိကျဲ့ ပြောလိုက်သည်။

သူမကို ချီးကျူးနေတယ်ဟုတ်လား။ သူ့ကို အဲလိုမျိုးတောင် ပြန်တုံ့ပြန်ရဲ သေးတယ်။

“အဲလိုဆိုရင်တော့ ကျွန်မလည်း ဝမ်းကွဲအစ်ကိုလိုပါပဲ”

“မင်းကို အနောက်ဖျားမြို့မှာ စောင့်နေဖို့ မပြောထားဘူးလား.. ထပ်ပြီး တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ အန္တရာယ်များတာကို လုပ်ပြန်ပြီ” ဒိကျဲ့သည် ရှီမာယူယူ သူ့ကိုပြုံးပြနေသည်ကို မြင်နေရသည်။ သူသည် သူမကို ဒေါသ မထွက်နိုင်တော့ဘဲ ဝူလင်းယူဘက်ကိုကြည့်ပြီး ပြောလေသည် “မင်းက သူမ ဘေးမှာရှိနေတာ သူမကိုမတားဘူးလား”

ဝူလင်းယူသည် သူ့ဒေါသ၏ ပစ်မှတ်ဖြစ်သွားလေရာ တိုးညင်းစွာပင် ပြန် ဖြေလေသည် “သူမ ပျော်ရင်ပြီးတာပဲလေ”

“မင်း…” သူသည် နတ်ဆိုးဘုရင်ဖြစ်သော်ငြား သူမနှင့် လိုက်ပြဿနာ ရှာ နေသည်ဟု ဒိကျဲ့ပြောချင်သည်။ သို့သော် သူတို့သည် ကဗျာဆန်လှသော အကြည့်ဖြင့် အပြန်အလှန်ကြည့်နေသည်ကို မြင်သောအခါ သူ့စကားများကို ပြန်မျိုချလိုက်တော့သည်။

သူတို့ ပြုမူနေပုံကိုကြည့်ပြီး သူပြောသမျှကို သူတို့ နားမထောင်သည်ကို သိလိုက်သည်။ သူသည် လေအကုန်ခံပြီး ပြောရန်ကိုပင် ပျင်းလာသည်။

မည်သို့ပင်ဖြစ်စေကာမူ သူမ အဆင်ပြေလျှင် ပြီးရောဖြစ်သည်။

သူတို့နှစ်ယောက်သည် သူ့ကိုအရေးမစိုက်သည်ကို မြင်သောအခါ ချောင်းဟန့်ပြီး ပြောလိုက်သည် “မင်းတို့နှစ်ယောက် တော်လောက်ပြီ”

ရှီမာယူယူသည် ဘေးသို့လျှောက်သွားပြီး ထိုင်လိုက်ကာ ပြောလေသည် “ဝမ်းကွဲအစ်ကို ဘာလို့ ဒီလောက်မြန်မြန်ကြီးလာတာလဲ.. ဒီကိုလာဖို့ အချိန် ကြာဦးမယ်ထင်နေတာ”

“မင်းက ဒီရောက်နေပြီလေ ငါက ဘာကိုစောင့်နေရဦးမှာလဲ.. ဒီအတိုင်း အမိန့်ပေးခဲ့ပြီး လာခဲ့လိုက်တာပဲ” ဒိကျဲ့ ပြောလိုက်သည် “ပြီးတော့ ဒီအခြေအနေက အရေးကြီးနေတယ်.. ဒီရက်ပိုင်းမှာ သူတို့တွေ ဘယ်လောက် တောင် အသံတွေထွက်နေလိုက်လဲ..  သူတို့က ဒီဘက်ကိုလျစ်လျူရှုစေချင်တဲ့ ပုံပဲ”

ရှီမာယူယူသည် ထိုညကအဖြစ်အပျက်ကို သူ့ကိုပြောပြလိုက်သည်။ ဒိကျဲ့သည် ဝိညာဉ်နယ်မြေမှ အင်အားစုများနှင့် ရင်းနှီးသည်။ ထို့ကြောင့် သူတို့ ပြောလိုက်သည်နှင့် သူ ချက်ချင်းသိလိုက်သည်။

“ဂီတညှို့ယူဂိုဏ်းက ဝိညာဉ်နယ်မြေမှာ အင်အားကြီးတဲ့ဂိုဏ်းတစ်ခုပဲ.. သူတို့တွေက ငါတို့ဘက်ကိုတောင် ခြေချရဲသေးတယ် ဒီတစ်ခါတော့ သူတို့ကို ပညာကောင်းကောင်းပေးရမယ်”

“ဒါပေမဲ့ သူတို့တွေက လွယ်လွယ်နဲ့ ဝန်ခံကြမှာမဟုတ်ဘူး သူတို့ စိတ် တွေထဲကို ဘယ်လိုဝင်ရမလဲဆိုတာ အစ်ကို့ကိုသင်ပေးမယ်.. ဒီလိုဆိုရင် သူတို့ ကို နှိပ်စက်နေစရာမလိုဘူး” ရှီမာယူယူ ပြောလိုက်သည်။

သူမ၏ အကြံမှာလည်း မဆိုးလှဟု သူမထင်မိသည်။ ဒိကျဲ့သာ ထိုပညာ ကို သင်ယူလိုက်ပါက ကိစ္စတစ်ခုလုံးကို သူ့ကိုပုံပေး၍ရနိုင်ပြီဖြစ်သည်။ ဟား ဟား ဟား….

***

All Chapters