အရှိန်
Vol. 139 Ch. 1939
မိုယွိသည် ဒိကျဲ့နှင့်ရှိလျှင် အရာရာတိုင်းကို လိုက်ယှဉ်နေပြီး ကလေး တစ်ယောက်သဖွယ်ပြုမူသည်ဟု ရှီမာယူယူ ခံစားရသည်။
မိုယွိ၏ ညှဉ်းပန်းခြင်းကိုခံရပြီးနောက် သူ ပူညံပူညံပြောသည်ကို တားရန် အတွက် နီရဲပျားအိမ်တစ်ခု သူ့ကိုပေးလိုက်ရသည်။
“မင်း ဒါကို ဂရုမစိုက်တော့ရင် ငါ မင်းနောက်လိုက်လို့ရပြီ” မိုယွိသည် သူမ မပျော်ရွှင်နေသည်ကို မြင်သောအခါ ဆက်ပြောလေသည် “ဟုတ်ပြီ မင်း အားတက်စေမယ့်ဟာ ငါ ပြောပြမယ် ဘယ်လိုလဲ”
“ဒေသအကြီးအကဲအိမ်တော်ကနေ ဘာသတင်းရလာလဲ” ရှီမာယူယူ သည် သူ ပြောမည့်အရာကို စိတ်မဝင်စားသလို ပြောလေသည်။
“မင်းအမေရဲ့ ကိုယ်ရံတော်တွေရှိတဲ့နေရာနဲ့ ပတ်သက်နေတယ်” မိုယွိ ပြောလိုက်သည်။
“ရှင်သိလား”
“မင်း ဝမ်းကွဲအစ်ကိုက ပြောခိုင်းတာပဲ ဒါပေမဲ့ မနေ့ညက ကိစ္စတွေ အများကြီးဖြစ်ပျက်သွားတော့ မင်းကို ပြောဖို့မေ့နေတာ.. လန်ဖန်းနဲ့ ကိုယ်ရံ တော်တွေရှိတဲ့နေရာကို သူ တွေ့ထားတယ်.. နေရာအတိအကျကို မတွေ့ပေမဲ့ နောက်ဆုံးမြင်ခဲ့တာက လွန်ခဲ့တဲ့အနှစ် ၅၀ ကဇာမဏီကျောရိုးဒေသမှာပဲ အဲဒီ နေရာက အသူရာငရဲနဲ့နီးတယ်” မိုယွိ ပြောလိုက်သည်။
“ဟင်း အသူရာငရဲနားမှာ.. ကြည့်ရတာ အမေက အသူရာငရဲမှာရှိတာကို သူတို့ ခန့်မှန်းမိကြတဲ့ပုံပဲ..” ရှီမာယူယူသည် စိုးရိမ်တကြီး ပြောလိုက်သည် “တကယ်သာ အဲလိုဆိုရင် ပြဿနာပါပဲ…”
ပြီးခဲ့သည့် အခေါက်က အသူရာသရဲအကြောင်းကို သူမ စုံစမ်းခဲသည်။ ထိုနေရာသို့ သွားလိုက်သည်နှင့် မည်သူမှ အသက်ရှင်လျက် ပြန်မလာနိုင်ကြ ပေ။ လန်ဖန်းနှင့် တခြားသူများသာ အသူရာငရဲကိုသွားကြပါက သူတို့ အသက် ရှင်လျက်ပြန်လာမည်လား အသက်မဲ့သောခန္ဓာကိုယ်များသာ ပြန်ရလာမလား ကို သိချင်မိသည်။
သူမ၏ စွမ်းအားကြောင့် တစ္ဆေဘုရင်သည် သူမကို ထိုနေရာသို့ သွားခွင့် မပြုခဲ့ပေ။ သို့သော် အခုတော့ သူတို့ကိုလည်း သူမ မသွားစေချင်ပေ။
“နောက်တစ်ခုရှိသေးတယ်” မိုယွိသည် သူမ၏ အတွေးများကို နှောင့်ယှက်လိုက်သည် “သူတို့ကိုလည်း ရှာနေတဲ့သူရှိသေးတယ်”
“သူတို့ကိုလည်း ရှာနေတဲ့သူရှိတာလား” သူမသည် လက်ချောင်းများကို ခတ်လိုက်သည်။ အမေ့ရဲ့ ကိုယ်ရံတော်ဖြစ်ခဲ့တဲ့သူတွေကို ဘယ်သူက ဂရုစိုက် သေးလို့လဲ။ ဘာလို့ သူတို့အကြောင်းကို စုံစမ်းနေတာလဲ။
“ဘယ်သူလဲဆိုတာ တွေ့လား” ဝူလင်းယူ မေးလိုက်သည်။
“မတွေ့ဘူး အဲလူက အရမ်းလျှို့ဝှက်တယ်.. နောက်ကွယ်ကလူကို ငါတို့ ရှာမတွေ့ဘူး” မိုယွိ ဆက်ပြောလေသည် “ငါတို့ အဲဒီကိုသွားကြမလား”
ရှီမာယူယူသည် စဉ်းစားကြည့်ပြီးနောက် ပြောလိုက်သည် “အခုတော့ မရ သေးဘူး… အခုသူတို့ ဘယ်မှာလဲဆိုတာ မသိရသေးဘူး.. အဲဒီမှာရှိခဲ့တာက လည်း လွန်ခဲ့တဲ့ အနှစ် ၅၀ ကလေ.. အခုသွားလိုက်ရင်တောင် ဘာကိုမှတွေ့မှာ မဟုတ်ဘူး.. ဝမ်းကွဲအစ်ကို သတင်းပိုရလာရင် ပြောကြတာပေါ့”
“ကောင်းတယ် ဇာမဏီကျောရိုးဒေသကလည်း အကြီးကြီးပဲ.. အဲဒီကို သွားလိုက်ရင် ကောက်ရိုးထဲ အပ်ပျောက်ရှာသလိုဖြစ်မှာပဲ” ဝူလင်းယူ တုံ့ပြန် လိုက်သည် “တခြားအဖွဲ့ကိုပဲ ပိုစိတ်ပူတာ”
“ဒိကျဲ့က သူ အဲဒီကိုလူလွှတ်ပြီး စုံစမ်းခိုင်းထားတယ်.. မင်းကိုတော့ ဒီမှာ ပဲစောင့်နေပါတဲ့ တစ်ခုခုဆိုရင် သူသတင်းပါးလိမ့်မယ်” မိုယွိ ပြောလေသည်။
“ဝမ်းကွဲအစ်ကိုကရော”
“သူက မြို့ကနေထွက်သွားတယ်… မနေ့က မင်း လုပ်ထားတဲ့ အရှုပ်ထုပ် ကိုသွားကြည့်တာထင်တယ်”
သူတို့သည် အားလုံးကို ဖမ်းထားသော်လည်း ခရိုင်တစ်ခုလုံးကို စစ်ဆေး သည်က ပိုကောင်းသည်။ သည်အခွင့်အရေးတွင် ရွှီယွိပို့လိုက်သော ဝိညာဉ် မျိုးနွယ်ကို စစ်ကြည့်ရမည်။
ဒိကျဲ့၏ အတွေးကိုသိသည်နှင့် ရှီမာယူယူ ပျော်မိသည်။ ယခုအချိန်သည် အခွင့်အရေးကောင်းဖြစ်သည်။ သူသည် ဂီတညှို့ယူဂိုဏ်းကို ဆင်ခြေအဖြစ် သုံး ခြင်းဖြစ်သည်။ ရွှီယွိ၏ အဖွဲ့ဝင်များ သတိထားမိလျှင်တောင် သူတို့ကို စစ်ဆေး နေသည်ဟု သိမည်မဟုတ်ပေ။
“ဒီနေ့ နားရတာဝသွားပြီ.. မြို့အပြင်ကို လမ်းလျှောက်ထွက်ကြတာပေါ့” သူမ ဆက်ပြောလေသည် “ကျွန်မတို့တွေ တစ်ချိန်လုံး နွေဦးချောင်းငယ်မှာပဲ နေခဲ့ကြတာဆိုတော့ မြို့အပြင်ကလူတွေကို တွေ့ဖို့ အခွင့်အရေးမရှိခဲ့ဘူး”
“မင်းဝမ်းကွဲအစ်ကိုက မင်းကို ဒီမှာစောင့်ခိုင်းထားတာ.. မင်းအပြင်သွား ရင် သူဒေါသထွက်မှာ မကြောက်ဘူးလား”
“ဘယ်လိုပဲဖြစ်ဖြစ် သူ ဒီမှာမှမရှိတာ… ကျွန်မလည်း ဂီတညှို့ယူဂိုဏ်း ကို စစ်ဆေးဖို့သွားမှာပဲလေ” ရှီမာယူယူသည် ခေါင်းမာမာနှင့်ပြောသည်။
မိုယွိသည် မျက်လုံးလှိမ့်လိုက်သည်။ ဘယ်သူက သူမကိုယုံမှာလဲ။
သို့သော် သူသည် သူမနှင့် လိုက်ခဲ့ပြန်သည်။ သူသည်လည်း ဒေသ အကြီးအကဲအိမ်တော်တွင် နေထိုင်ရသည်မှာ ပျင်းရိနေကာ ဒိကျဲ့လည်းရှိနေ သည်။ ယခု သူသည် ကိစ္စများကို လက်လွှဲယူလိုက်သဖြင့် သူ သူမနှင့်အတူ ပြန် နေ၍ရတော့မည်။
ရှီမာယူယူသည် မြို့အပြင်မှထွက်သွားပြီးနောက် ဂီတညှို့ယူဂိုဏ်း၏ အခြေချသော နေရာသို့သွားလိုက်သည်။ သို့သော် အပျက်အစီးမှအပ ဘာမှ မကျန်ခဲ့ပေ။ တချို့သောအိမ်တော်များမှာ သိချင်ကြသလို အံ့ဩကြသည်။ ထိုနေရာကို ဝိညာဉ်မျိုးနွယ်မှ တည်ထောင်ထားခြင်းဖြစ်ပြီး မြို့စားမှ သူတို့၏ လုံခြုံရေးကို ကာကွယ်ပေးသည့်အတွက် ကျေးဇူးတင်နေကြသည်။
ထိုကိစ္စ လုပ်ခဲ့သည့်သူကို မည်သူမှ မသိကြပေ။
“မင်း မတရားသလို မခံစားရဘူးလား” မိုယွိ မေးလိုက်သည်။
“ဘာကို မတရားသလိုခံစားရမှာလဲ.. ကျွန်မ ဘေးကင်းအောင်လို့ ဝမ်းကွဲ အစ်ကိုက ဒီလိုစီစဉ်ထားတာလေ” ရှီမာယူယူသည် ထိုအကြွေးကို ဂရုမစိုက်ဘဲ ဒိကျဲ့ ကာကွယ်ပေးသည်ကို ရင်ထဲထိမိသည်။
ဤနေရာမှ အင်အားစုကို ဂီတညှို့ယူဂိုဏ်းအဖွဲ့ဝင်များသာ သိသွားပါက သူမ ပြဿနာများစွာ တက်သွားနိုင်သည်။
သူတို့သည် ထိုနေရာတွင် ခေတ္တမျှနေပြီးနောက် ထူးဆန်းသည့် ရွာသို့ သွားကြသည်။ ထိုနေရာတွင် ရွာသားတချို့ကို ဖမ်းထားသော တပ်သားများကို အဝေးမှ တွေ့မြင်နေရသည်။
သူ လျှို့ဝှက်စုံစမ်းမယ်လို့ ပြောထားတာမဟုတ်ဘူးလား။ ဘာလို့ အဲလူ တွေကိုဖမ်းတာလဲ။ ဒါက ရန်သူတွေကို သတိပေးလိုက်တာမဟုတ်ဘူးလား။
“သူတို့တွေ ဝမ်းကွဲအစ်ကိုကို အချိန်မပေးမှာကိုပဲ စိုးရိမ်တာ” ရှီမာယူယူ သည် အကောင်းမမြင်နိုင်သေးပေ။
ထိုနှစ်များတွင် ဝိညာဉ်မျိုးနွယ်များသည် အညှာတာမဲ့ခဲ့သည်။ အခြေအနေများ ပိုဆိုးလာမည်ကို သူတို့ စိုးရိမ်ခဲ့ကြသည်။
ဝိညာဉ်ဒေသ၏ အုပ်ချုပ်သူ ချင်းဟွမ်နှင့် အဘိုးဖြစ်သူ၏ စွမ်းအားတို့ သည် လက်ရည်တူနီးပါးပင်။ အဘိုးသာ အင်အားပိုကောင်းလာပါက မျိုးနွယ် နှစ်ခုအတွက် သူ အခြေချသွားနိုင်သည်။ မဟုတ်လျှင် လက်ရှိလမ်းကြောင်းများ အတိုင်း စစ်ပွဲများပိုဖြစ်သွားနိုင်သည်။
ထိုလူများကို ဒိကျဲ့ဖမ်းထားသည်ကို မြင်သည်နှင့် လှည့်ပတ်လျှောက်ပြီး နောက် ပြန်လာလိုက်သည်။ ထိုညက ဒိကျဲ့သည် တခြားသူများကို ဖမ်းရန် လူ များလွှတ်လိုက်သည့်အကြောင်းကို သူမ ကြားရသည်။
နောက်တစ်နေ့တွင် ဒိကျဲ့သည် သတင်းအချက်အလက်တချို့နှင့် ရောက် လာသည်။ ရွှီယွိဆီမှ လူ ၁၀ ယောက်မှ ၉ ယောက်သည် အဖမ်းခံရပြီး တခြား အကင်းပါးသူများသည် ထွက်ပြေးသွားကြသည်။
သို့သော် ဒိကျဲ့သည် ရလဒ်ကို ကျေနပ်နေတုန်းပင်။ အဘယ့်ကြောင့်ဆို သော် အရင်ကဆိုလျှင် ဝိညာဉ်မျိုးနွယ်ကို ဖမ်းရန်မဖြစ်နိုင်ခဲ့ဘဲ သူတို့ဆီမှ သတင်းရရန် မည်သို့လုပ်ရမည်ကိုပင် မသိသောကြောင့်ပင်ဖြစ်သည်။ မဟုတ် လျှင် သူတို့ သေသွားကြသည်။ ထို့ကြောင့် သူတို့ မိလျှင်တောင် ဘာမှမရခဲ့ပေ။
သည်တစ်ကြိမ်တွင် ရှီမာယူယူ၏ နည်းလမ်းနှင့်အတူ သူတို့မှတ်ဉာဏ်ထဲ မှ သတင်းများသည် ပိုမြန်ပြီးတိကျသည်။ သူတို့သည် ဤနေရာမှ လူများ၏ အကြောင်းကိုသာမက သဲလွန်စတချို့ကိုပါ သိခဲ့ရသည်။ သူတို့သည် ထိုသဲလွန် စများနောက်လိုက်ပြီး ရွှီယွိ၏ အစီအစဉ်ကိုဖျက်လိုက်ကြသည်။
ရွှီယွိ ထိုအကြောင်းကို ကြားသောအခါ ဒေါသထွက်ပြီး တောင်တစ်လုံးကို ပြားအောင် လုပ်လိုက်သည်။
“ဒိကျဲ့က ဘယ်လိုတောင် အတင့်ရဲပြီး ငါ့လူတွေကို ဖမ်းနေတာလဲ” သူသည် ရှေ့တွင် ဒူးထောက်နေသော သူ့လူကို ဒေါသတကြီး စိုက်ကြည့်သည်။
ဝူရှန်းဒေသတွင် လူအများအပြားထားရှိထားသည်။ သို့သော် ယခုမှာ အနည်းငယ်သာ ပြန်လာနိုင်ပြီး အစီအစဉ်ကို နှောင့်ယှက်ခံရုံသာမက တခြား သော အစီအစဉ်များကိုပါ ရှုပ်ထွေးစေသည်။
အနောက်ဖျားဒေသများထဲမှ နေရာတစ်ခုနှင့် ဝူရှန်းဒေသမှ နေရာတစ်ခု ပြိုလဲသွားသဖြင့် သူတို့ရင်ဆိုင်နေရသည့် ပြဿနာမှာ သူတို့အပေါ် သက်ရောက်မှုကြီးမားသည်ကို ပြသနေသည်။
“သခင် ဒါ ထူးဆန်းနေပါတယ်” ကြမ်းပေါ်တွင် ဒူးထောက်နေသောလူ ပြောလေသည် “ကျွန်တော်တို့ လူတွေက သေချာပေါက် ဘာမှမဖော်ကြဘူး ဒါပေမဲ့ ဒိကျဲ့က ကျန်တဲ့ကိစ္စတွေကို ဘယ်လိုသိတာလဲ.. သူတို့က ညှို့ယူဂီတ ဂိုဏ်းနဲ့ ကျွန်တော်တို့ အင်အားစုကိုပါ ဖျက်ဆီးလိုက်ကြပီဲ”
“တကယ်ပဲ ထူးဆန်းနေပြီ” ရွှီယွိသည် မေးစေ့ကိုပွတ်လိုက်သည် “ဒါနဲ့ ပတ်သက်ပြီး မင်းဘယ်လိုတွေးလဲ”
“နေ့လည်တုန်းက မိုယွိနဲ့ လူတချို့ကို ရွာထဲမှာ မတော်တဆတွေ့လိုက်မိ တယ်…”
***