နောက်တစ်နေရာ
Vol. 139 Ch. 1940
ရွှီယွိ မျက်မှောင်ကြုတ်လိုက်သည် “ဒီကိစ္စမှာ မိယွိပတ်သက်နေပြီး ဒီကို လာတယ်လို့ ပြောလိုက်တာလား.. သူက ဒိကျဲ့နဲ့ မတည့်ဘူးမလား”
“သူက ဒိကျဲ့နဲ့အဆင်မပြေပါဘူး ဒါပေမဲ့ သူ့ဘေးကလူနဲ့တော့ တစ်ခုခု ပတ်သက်နေတယ်”
“အဲဒါ ဘယ်သူလဲ”
“ကျွန်တော်မမှားဘူးဆိုရင် သူမက အခုတလော လူပြောများနေတဲ့ တစ္ဆေ လောကက မင်းသမီးလေးပဲ.. ယွိခဲ့လော့ လူသားလောကမှာ ချန်ထားခဲ့တဲ့ ကလေး ရှီမာယူယူ.. သူမက ယွိခဲ့လော့နဲ့တူတာကို တွေ့ခဲ့ပါတယ်”
“ဒါဆိုရင်တော့ သူမဖြစ်နိုင်ချေ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်” ရွှီယွိ ပြော လိုက်သည် “သူမ တစ္ဆေလောကမှာ လုပ်ခဲ့တာတွေကို ငါလည်းကြားတယ်.. သူမ အကျင့်ကလည်း သူမရဲ့အမေနဲ့ တော်တော်တူတာပဲ”
ထိုစဉ်က သူသည် ချင်းဟွမ်နှင့် တစ္ဆေလောက၏ မင်္ဂလာပွဲကို စီစဉ်ပေး ရန် ကမ်းလှမ်းရာတွင် ရှောင်ဟော်နောက်သို့လိုက်ခဲ့သည်။ ထို့နေရာတွင် သူ ယွိခဲ့လော့ကို တွေ့ခဲ့သည်။ သူမသည် အမှန်တကယ်ပင် မီးကဲ့သို့ အမူအကျင့်ရှိ သည်။ ရှီမာယူယူသည် တစ္ဆေလောကတွင် ရုတ်ရုတ်သဲသဲဖြစ်စေခဲ့ကာ အဖြစ် အပျက်တစ်ခုချင်းစီမှာလည်း ကြီးမားလှသည်။
“ဒိကျဲ့က မင်းသမီးလေးကို အရမ်းကောင်းပေးတာ.. အရင်ကဖြစ်ခဲ့တာနဲ့ ကွာသွားတာဆိုရင် မိုယွိနဲ့ သူမတို့ပါလာတာပဲ၊ အဲဒါကြောင့် စစ်သူကြီး ဒီကိစ္စ က သူမနဲ့တစ်မျိုးတစ်ဖုံပတ်သက်နေမယ်လို့ တွက်လို့ရပါတယ်”
“ရှီမာယူယူ ဟင်း..” ရွှီယွိသည် ရှီမာယူယူ၏ နာမည်ကို ရေရွတ်လိုက် သည်နှင့် မြေပေါ်တွင် ဒူးထောက်နေသည့်လူသည် ခေါင်းမှခြေဖျားအထိ တုန်ယင်နေသည်။ သူသည် ရွှီယွိ၏ အကျင့်ကိုသိသည်။ ဤအခြေအနေကို ရှီမာယူယူလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ သူသည် သူမကို မှတ်ဉာဏ် အတွင်းထည့်ထားလိုက်ပြီဖြစ်သည်။
သို့သော် သူတို့သည် ဘာမှမပြောရဲကြပေ။ သူ ဒေါသဖြေရန် ပစ်မှတ်ဖြစ် မည့်လူကို သူတို့ရှာရမည်။ သူတို့ကိုယ်သူတို့ ပစ်မှတ်အဖြစ်ခံရလောက်သည် အထိ သူတို့မရူးမိုက်ပေ။
“မင်းတို့တွေ ပြန်သွားရင် အပြစ်ဒဏ်သွားခံယူလိုက်” ရွှီယွိ၏ ဒေါသသည် အနည်းငယ် ပြေလျော့သွားသည်။ သူ၏ ခါတိုင်း အမူအကျင့်ကိုကြည့်လျှင် အသက်ရှင်လာသောလူများကိုပါ သတ်လိုက်နိုင်သည်။ ယခု သူတို့ကို အပြစ် ခံယူရန်ပြောသဖြင့် သူတို့ကို သက်ညှာလိုက်ခြင်းဖြစ်သည်။
တခြားတစ်ယောက်ကို အပြစ်ပုံချသည့် နည်းလမ်းသည် အသုံးဝင်သည့်ပုံ ပင်။
ရွှီယွိသည် လက်ကိုဝေ့ယမ်းလိုက်သည်နှင့် ထိုလူများသည် ချက်ချင်းပင် ထွက်သွားကြလေသည်။ သူစိတ်မပြောင်းခင် သူတို့ အမြန်ပင်ထွက်သွားလိုက် ကြသည်။
သူတို့ အရိပ်ပင်မကျန်ခဲ့လောက်အောင် အမြန်ထွက်ပြေးကြသည်ကို ရွှီယွိ ၏ နောက်မှကိုယ်ရံတော်နှစ်ယောက် တွေ့လိုက်ကြသည်။ သူတို့၏ အခြေအနေသည် အရင်ကနှင့်မတူသော်လည်း ပြန်သွားလျှင်တောင် သေလု မြောပါးဖြစ်နိုင်သည်ဟု သူတို့ ပြောချင်မိသည်။
“သခင် ကျွန်တော် အဲဒီအဖွဲ့နှစ်ဖွဲ့ကို တွေ့ပြီးပါပြီ နောက်တစ်ဆင့်က ဘာလုပ်ကြမလဲ”
ရွှီယွိသည် ခေတ္တမျှစဉ်းစားပြီးနောက် ပြောလိုက်သည် “အခြေအနေကို ကြည့်ဦးမယ်… အဲဒီနေရာနှစ်ခု ဖျက်ဆီးခံလိုက်ရရင်တောင် နည်းနည်း အပြောင်းအလဲရှိရုံပဲ.. သူတို့မှာ တခြားဟာတွေကို ဖော်ထုတ်ဖို့ နည်းလမ်းရှိရင် ငါတို့တော့ တကယ်ပြဿနာပဲ”
တစ်ခဏအတွင်း၌ပင် ဝိညာဉ်မျိုးနွယ်မှ နှစ်ဖွဲ့ အဖမ်းခံလိုက်ရပြန်သည်။ သူ့လူများကို အတည်ပြုနိုင်သည့် နည်းလမ်းကို ဒိကျဲ့တွေ့ထားသည်ကို သည်တစ်ကြိမ်တွင် ရွှီယွိ သေချာသွားသည်။ သူ၏ တပ်သားများကို ဆက်နေ ခိုင်း၍မဖြစ်တော့ပေ။ မဟုတ်လျှင် အားလုံးမှာ ဤနေရာတွင် ပိတ်မိသွားနိုင် သည်။
ဒိကျဲ့သည် လတ်တလောတွင် အလွန်ပင် ပျော်ရွှင်နေသည်။ ရှီမာယူယူ သူ့ကိုသင်ပေးသည့် နည်းလမ်းနှင့် စစ်မေးနေသည့်အချိန်အတွင်းတွင် အခက်အခဲကြီးကြီးမားမား မရှိလိုက်ပေ။ သူသည် သူတို့ကို ညှဉ်းပန်းပြီး စိတ်စွမ်းအား နွမ်းနယ်အောင် လုပ်ရုံပင်ဖြစ်သည်။ သူရလိုက်သောသတင်းမှာ မြန်ဆန်ပြီး ယုံကြည်ရသည်။ လူမှားဖမ်းမိရန်လည်း စိတ်ပူစရာမလိုပေ။
အရင်ကဆိုလျှင် ဤကဲ့သို့ မဖြစ်နိုင်ခဲ့ပေ။
ကျန်အဖွဲ့များ အပြေးမြန်သွားသည်တော့ နှမြောဖွယ်ကောင်းလှသည်။ မဟုတ်လျှင် သူ ဆုအကြီးကြီးပင် ရလိုက်ဦးမည်ဖြစ်သည်။
ထိုအချိန်အတွင်းတွင် ရှီမာယူယူသည် အသေးစား တံခါးပိတ်ကျင့်ကြံလေ သည်။ သူမသည် ဝိညာဉ်မျိုးနွယ်ကို အာရုံစိုက်ရန်မလိုတော့ပေ။ ထို့ကြောင့် ကျင့်ကြံခြင်းကိုသာ အာရုံထားထားသည်။
နှစ်လကြာပြီးနောက် ဒိကျဲ့သည် သူမကိုလာရှာသည်။ ဤနေရာမှ ကိစ္စ များမှာ ဖြေရှင်းလုနီးပါးဖြစ်ကာ ကျန်လူများမှာလည်း ထွက်ပြေးသွားပြီဖြစ် ကြောင်းကို သူ သူမကို ပြောပြလိုက်သည်။ သူသည်လည်း အင်ပါယာမြို့တော် သို့သွားမည်ဖြစ်သောကြောင့် သူမပါ ပြန်လိုက်မလာဟု လာမေးခြင်းဖြစ်သည်။
ရှီမာယူယူသည် ကျင့်ကြံရန်ကိုသာ သွားလိုသည်ဟု ပြောကာ သူ့ကို ငြင်းဆန်လိုက်သည်။ မိုယွိနှင့် တခြားသူများပါ သူမဘေးတွင်ရှိသည်ကို မြင် သောအခါ သေချာပေါက် လုံခြုံမည်ကိုလည်း ဒိကျဲ့သိသည်။ ထို့ကြောင့်ပင် အတင်းအကြပ်မခေါ်တော့ပေ။ သူမကို အနည်းငယ် ဆုံးမပြီးနောက် သူ့လူများ နှင့် ထွက်သွားလေသည်။
သူမ ရုတ်တရက် ကျင့်ကြံခြင်းကို မလုပ်ရမနေနိုင်ဖြစ်သွားလိမ့်မည်ဟု ရှီမာယူယူထင်မထားပေ။ သူမသည် ဤကဲ့သို့ လုပ်ကြံဇာတ် အကြီးစားထဲမှ လူအများအပြားကို ကယ်လိုက်နိုင်ခဲ့သည်။
ဒိကျဲ့ထွက်သွားပြီးနောက် သူမသည် ခရီးဆက်ရန်ပြင်လေသည်။ သူမ အခန်းသို့ မပြန်ခင်တွင် ပီလင်းသည် တည်းခိုဆောင်သို့ ရောက်လာသည်။
ရှီမာယူယူအပေါ် ထားရှိထားသော သူမအမြင်မှာလည်း များစွာ တိုးတက် လာခဲ့သည်။ သူမကို တခြားသော မင်းသမီးများနှင့် တူညီသည်ဟု စဉ်းစားခဲ့မိ သည့် သူမကိုယ်သူမ ရှက်လာခဲ့သည်။
“ဒေသအကြီးအကဲ လင်း” ဤအချိန်တွင် သူမ ရောက်လာလိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ ထို့ကြောင့် သူမနှင့် ဝူလင်းယူတို့သည် အခန်းပြန် ပြီးမှ သူမထွက်လာပြီး ပီလင်းနှင့်အတူ ခန်းမထဲသို့ လာခဲ့လိုက်ကြသည်။
“မင်းသမီးလေး ဒီတစ်ခေါက် ကိစ္စအတွက် ကျွန်မတို့ ကျေးဇူးတင်ချင်လို့ ပါ.. မင်းသမီးလေးကြောင့်သာမဟုတ်ရင် ဒီလောက်များတဲ့ ဝိညာဉ်မျိုးနွယ်တွေ ကျွန်မတို့ကြားထဲရှိနေတာကို သိခဲ့မှာတောင်မဟုတ်ဘူး.. လတ်တလောမှာ ကျွန်မတို့ အရမ်းသတိလွတ်ခဲ့တယ်ထင်ပါတယ်” ပီလင်း ပြောလေသည်။
“အရေးအကြီးဆုံးက ဘာမှမဖြစ်တာပါပဲ ပြီးတော့ ပြီးခဲ့တာတွေလည်း ပြီးသွားပါပြီလေ” ရှီမာယူယူ ပြောလိုက်သည်။
“အင်း” ပီလင်း ပြုံးလိုက်သည် “မင်းသမီးလေး ထွက်သွားတော့မလို့လား နောက်တစ်နေရာက ဘယ်သွားမှာလဲ”
“သေချာတောင် မစဉ်းစားရသေးပါဘူး ထွက်သွားပြီးမှ သွားမယ့်နေရာကို ရွေးမလို့ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“သွားမယ့်နေရာ မသတ်မှတ်ရသေးမှတော့ မင်းသမီးလေး.. ဖေးစီဒေသ ကိုဘာလို့မသွားတာလဲ”
“အဲဒီမှာ တစ်ခုခုဖြစ်နေလို့လား”
ပီလင်း ခေါင်းညိတ်လိုက်သည် “အဲဒီက အမှောင်တိမ်တိုက်တောင်က မရဏာသားရဲတွေက မငြိမ်မသက်ဖြစ်နေတယ်လို့ကြားတယ်.. လူတော်တော် များများလည်း အဲဒီကိုသွားနေကြပြီ”
နေရာတစ်ခုမှ မရဏာသားရဲများသည် အကြောင်းအရင်းမရှိဘဲ မငြိမ်မသက်မဖြစ်ကြပေ။ တစ်ခုခုဖြစ်နေသည်မှာ သေချာသည်။ ရတနာပေါ် လာခြင်းလည်း ဖြစ်နိုင်သည်။
ပီလင်း ထိုသတင်းကို တမင်လာပေးသည်ကို ရှီမာယူယူ နားလည်သည်။ သူမ ပြုံးလိုက်၏ “ဒါဆိုလည်း အဲဒီကိုသွားကြည့်တာပေါ့”
“အခုတော့ အဲဒီမှာ ရုတ်ရုတ်သဲသဲဖြစ်နေတယ်ဆိုတာကိုပဲ သိကြတာ ဘာလို့ဖြစ်လဲဆိုတာကို မသိကြဘူး အဲဒါကြောင့် အန္တရာယ်လည်းများနိုင်ပါ တယ်.. ဒါပေမဲ့ ဦးလေးမိုယွိက ဘေးမှာရှိတယ်ဆိုတော့ မင်းသမီးလေး လုံခြုံမှာ ပါ”
“ဒီကိစ္စကို တကူးတကကြီး လာပြောတာ ကျေးဇူးတင်ပါတယ်”
ထိုအချိန်တွင် ဝူလင်းယူသည် အခန်းထဲမှထွက်လာပြီး လျှောက်လာလေ သည်။ ဒိကျဲ့ပိုက်ဆံဖြင့် သုံးနေရသဖြင့် ဤနေရာတွင် အချိန်ကြာအောင်နေပြီး ပိုက်ဆံမသုံးချင်ပေ။
သူအဆင်သင့်ဖြစ်သည်ကို ပီလင်းမြင်သည်နှင့် နှုတ်ဆက်လိုက်သည်။
“ဘာတွေပြောနေကြတာလဲ” ဝူလင်းယူ မေးလိုက်သည်။
“နောက်သွားမယ့်နေရာ အကြောင်းပြောနေတာ” ရှီမာယူယူ ပြောလိုက် သည် “အမှောင်တိမ်တိုက်တောင်က မရဏာသားရဲတွေက တစ်ခုခုဖြစ်နေ တယ်လို့ သူမ ပြောသွားတာ.. အဲလောက်ဝေးတဲ့နေရာက အဖြစ်အပျက်ကို တောင် သူမ သိနေတယ်.. ဆိုလိုတာက ကိစ္စကြီးဖြစ်နေတာပဲ.. ပြီးတော့ ဘယ်သွားရမလဲဆိုတာ မသိသေးဘူးဆိုတော့ ဘာလို့သွားမကြည့်ရမှာလဲ”
တခြားသူများလည်း ကန့်ကွက်ခြင်းမရှိကြသဖြင့် ဖြတ်လမ်းဝင်္ကပါသုံး ကာ တိုက်ရိုက်ပင် သွားလိုက်ကြသည်။
သူတို့သည် ဖြတ်လမ်းဝင်္ကပါကို သုံးကြိမ်သုံးခါသုံးပြီး နောက်ဆုံးတွင် ဖေးစီဒေသသို့ ရောက်လေသည်။ သူတို့ အမှောင်တိမ်တိုက်တောင်သို့ ရောက် သောအခါ တည်နေရာကိုပင် မေးရန်မလိုပေ။ အကြောင်းမှာ ထိုနေရာသို့ လူအများအပြား ဦးတည်နေခြင်းကြောင့်ပင်။
ရှီမာယူယူတို့အဖွဲ့သည် အဖွဲ့ကြီးတစ်ဖွဲ့နောက်မှ လိုက်ခဲ့လိုက်ကြသည်။ သူတို့ကို လျှောက်သွားသော လူအုပ်ကြီးကိုကြည့်ပြီး သက်ပြင်းချလိုက်သည် “အဲဒီနေရာကို သွားတဲ့လူတွေ အရမ်းများတာပဲ.. ဒီလောက် လူအများကြီးနဲ့ ဘယ်လိုလုပ် ဘာကိုမှမတွေ့ရတာလဲ.. အဲဒီကိုမရောက်ခင် ပစ္စည်းကိုယူသွား ကြရင်ဘယ်လိုလုပ်မလဲ”
“အဲလိုဖြစ်မှာမဟုတ်ဘူး ဘာလို့လဲဆိုတော့ ဘာအဖြေမှမရကြသေးလို့ ဒီလောက်လူတွေအများကြီး အဲဒီကိုသွားနေကြတာပဲ” မိုယွိ ပြောလိုက်သည်။
“ဒါဆို ထူးဆန်းနေပြီ” ရှီမာယူယူသည် မေးစေ့ကိုကိုင်လိုက်သည် “ဒီ အကြောင်းကို ကျွန်မတို့ သိထားတာကိုက သုံးလေးလကျော်နေပြီ.. ဒီလောက် ကြာတာတောင် ဘယ်သူမှ ရှာမတွေ့ကြဘူး.. ဆိုလိုတာက ဒီအခြေအနေက တကယ်ထူးဆန်းနေတာပဲ”
“ဘာမှမတွေ့သေးဘူးဆိုရင် အဲဒီကိုရောက်တာနဲ့သိလိမ့်မယ်” မိုယွိသည် ရတနာကဲ့သို့ ပစ္စည်းများကို ဂရုမစိုက်ပေ။
“အင်း.. ရှင့်လိုမျိုး ရတနာကို အထူးကျွမ်းကျင်တဲ့သူနဲ့ဆိုရင် လက်ဗလာနဲ့ တော့ အိမ်ပြန်ရမှာမဟုတ်ဘူး” ရှီမာယူယူသည် သူ့ကိုမှီခိုသည့်အလား သူ့ပခုံး ကိုပုတ်လိုက်သည်။
မိုယွိသည် ဆွံ့အသွားသည်။ သူ့ကို ရတနာရှာတဲ့ခွေးလို ဆက်ဆံနေသလို မျိုး ဘာလို့ခံစားနေရတာလဲ။ ဒါက ဘယ်လိုနှိုင်းယှဉ်မှုကြီးလဲ။
***