← Chapters

ရန်ငြိုးထားခြင်း

Vol. 139 Ch. 1941

ရန်ငြိုးထားခြင်း

Vol. 139 Ch. 1941

ရှီမာယူယူတို့အဖွဲ့သည် အမှောင်တိမ်တိုက်တောင်သို့ သွားကြရာ လမ်း တစ်လျှောက်တွင် လူများစွာနှင့်တွေ့ကြရသည်။ ထိုလူများသည် အုပ်စုလိုက် ကြီးသွားကြသည်။ လူနည်းသောအဖွဲ့မှာ ရှားပါးလှသည်။

သူတို့အားလုံးသည် ရုပ်ပြောင်းရုပ်လွှဲလုပ်ထားကြသည်။ တကယ်တော့ ရှီမာယူယူသည် မိုယွိကို မည်သူမှ မမှတ်မိစေရန် ရိုးရှင်းစွာပင် နှုတ်ခမ်းမွေးတပ် ထားပေးခြင်းဖြစ်သည်။

သူတို့သည် သားရဲပျံငှားစီးလာပြီး ရက်အနည်းငယ်ပျံသန်းပြီးနောက် အမှောင်တိမ်တိုက်တောင်သို့ ရောက်လေသည်။ အမှောင်တိမ်တိုက်တောင်၏ ဝင်ပေါက်သို့ ရောက်သည်နှင့် သားရဲပျံသည် ဝင်ရန်ငြင်းဆန်လေသည်။

ထို့ကြောင့် ရှီမာယူယူနှင့် တခြားသူများသည် သားရဲပျံကို ပြန်ခိုင်းလိုက် ပြီး သူတို့ဘာသာ လမ်းလျှောက်သွားရန် ဆုံးဖြတ်လိုက်ကြသည်။

ရှီမာယူယူသည် တောင်ခြေတွင်ရပ်ပြီး ရှည်လျားသောတောင်များကို ကြည့်ပြီး မိုယွိကို မေးလိုက်သည်။ “အခု ရောက်ပြီ တန်ဖိုးကြီးရတနာ ရှိတာကို ခံစားမိလား”

“ဘာမှ မခံစားမိဘူး” မိုယွိ ပြောလိုက်သည်။

“တကယ်သိချင်လို့ပါ မိုမျိုးနွယ်ကလူတွေက ဘာဖြစ်နေကြတာလဲ ဘာလို့ ရတနာရှိတာကို အရမ်းအာရုံခံပါးကြတာလဲ” ရှီမာယူယူသည် မိုယွိကို သိချင်စိတ်ဖြင့် ကြည့်လေသည်။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး ငါတို့ဘိုးဘေးကြီးတွေမှာ မရဏာ သားရဲတွေရဲ့ သွေးသားရှိတယ် အဲဒါကြောင့် ရတနာတွေရှိရင် အာရုံခံပါးကြ တယ်” မိုယွိ ပြန်ဖြေလေသည်။

“တုလေးနဲ့အတူတူပဲ မဟုတ်ဘူးလား” ရှီမာယူယူ ပြောလိုက်သည် “သူ လည်း ရတနာတွေရှိရင် အာရုံခံပါးတယ် အဲဒါကိုဘာလို့မတွေးမိတာပါလိမ့်”

“ဒါပေမဲ့ တုလေးက သူ့သွေးသား အားကောင်းလာမှ စပြီးခံစားမိလာတာ မိုမျိုးနွယ်ကလူတွေက တစ္ဆေမျိုးနွယ်ရဲ့ သွေးသားရှိတာကြောင့်လည်းပါတယ်”

“ငါတို့ သွေးသားက သန်မာတယ်”

“တကယ်ပဲ သန်မာပါပေတယ်” ရှီမာယူယူ ဝန်ခံလိုက်သည်။

“ဒါပေမဲ့ မင်းနဲ့ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး” မိုယွိ ပြောလိုက်သည်။

သူတို့ သူမအကြောင်း ရုတ်တရက်ပြောလာလိမ့်မည်ဟု ထင်မထားသဖြင့် မှင်တက်သွားလေသည်။ သူမ ကစဥ့်ကလျားကမ္ဘာတွင် မြင်ခဲ့သည့် ပုံများအရ  ကြာပန်းနက်လောကမှလာသည့် ကိုးခုမြောက်မရဏာလောကမှ လူများသည် မြစ်မှ မွေးဖွားလာခြင်းဖြစ်သည်။ သူတို့သွေးသားများသည် အမှန်တကယ်ပင် သာမန်ထက် သန်မာသည်။

မျိုးဆက်များ ဆင်းသက်လာပြီးနောက် မှေးမှိန်သွားသော်လည်း သူတို့၏ အဆင့်အတန်းကို ငြင်းမရပေ။

သူမသည် ကိုးခုမြောက်မရဏာလောကမှလာသော လူများကို တစ်ခါမှ မမြင်ဖူးပေ။ ထိုစဉ်က သူမ၏အဘွားဖြစ်သူ အဘိုးကိုလက်ထပ်သည့် အကြောင်းအရင်းကိုလည်း သူမ သိချင်မိသည်။ သူမက နန်းတော်ထဲမှာလည်း မရှိဘူး.. သူမက သေလည်းမသေနိုင်ဘူး အဲဒါဆိုရင် အခုက ဘယ်မှာလဲ။ အမေ့ မှာ ဒီလောက် ပြဿနာကြီးဖြစ်နေတာကို ဘာလို့ သူမ သတင်းကမရတာလဲ။

အဘွားဖြစ်သူမှာ နန်းတော်၌ မနေသည်မှာ ကြာပြီဟု ပြောကြသည်။ သူမသည် သူမ၏မိခင်ဖြစ်သူကို မွေးဖွားပြီးနောက် ထွက်သွားခဲ့သည်။ သူမ သည် တစ္ဆေဘုရင်အတွက် ကလေးမွေးပေးရန် သက်သက်ရောက်လာသလို ပင်။

သူမသာ အဘွားနှင့်တွေ့ရန် အခွင့်အရေးရလာပါက သူမကို သေချာ ပေါက် ထပ်မေးမြန်းချင်သေးသည်။

“စီနီယာအစ်ကို စီနီယာပြေတာာ အမှန်ပဲလား.. မရဏာသားရဲတွေရဲ့ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက ဒီကရတနာကြောင့် မဟုတ်ဘူးပေါ့”

“ဟုတ်တယ်”

“ကျွန်မတို ဆက်ဝင်ကြဦးမှာလား”

“ဒါပေါ့.. ပုံမှန်မဟုတ်တဲ့ အခြေအနေနောက်ကွယ်မှာ အကြောင်းအရင်း မရှိဘူးဆိုတာ ဖြစ်နိုင်လို့လား.. ရတနာမရှိဘူးဆိုရင်တောင် အကြောင်းအရင်း တော့ရှိမှာပဲ”

“မဆိုးပါဘူး ပြီးတော့ ဘယ်သူမှ မသိကြဘူးလား.. သိပ်မကြာခင်ကပဲ အရေးကြီးတဲ့လူတွေတောင် ဒီကိုရောက်လာကြတယ်.. ဒီနေရာက ကျွန်မတို့ ကြောက်နေတာထက်တောင် ပိုရှုပ်ထွေးနေတယ်”

“ဘယ်သူ ခိုးနားထောင်နေတာလဲ”

ရှီမာယူယူတို့သည် ရတနာအကြောင်း သိရလိုသိရငြား နားစွင့်နေစဉ်မှာ ပင် ဤမျှမြန်မြန်မိသွားလိမ့်မည်ဟု ထင်မထားပေ။ သူတို့သည်လည်း သူတို့၏ အငွေ့အသက်ကို မဖုံးကွယ်လိုက်ရပေ။

သူတို့သည် သစ်ပင်ကြီးနောက်မှထွက်လာရာ အံ့ဩနေသော လူတစ်စုကို တွေ့လေသည် “ကျွန်မတို့က ဒီနားကဖြတ်သွားတာပါ တမင်ခိုးနားထောင်တာ မဟုတ်ပါဘူး”

“ဖြတ်သွားတာကို ဒီလောက်ငြိမ်ရလား.. ငါတို့တွေ ရတနာအကြောင်း ပြောနေတဲ့အချိန်မှ ဖြတ်သွားတာလား တိုက်ဆိုင်လိုက်တာ.. ပြီးတော့ မင်းတို့ က သစ်ပင်ကြီးနောက်မှာ ခိုးကြောင်ခိုးဝှက်ပုန်းနေကြတာ ဘယ်သူက မင်းတို့ ကို ယုံမှာလဲ” မိန်းကလေးများထဲမှ တစ်ယောက်သည် သူတို့၏ ရယ်စရာ ကောင်းသော ဆင်ခြေကို လှောင်ပြောင်လေသည်။

“မင်းတို့ ဒီအကြောင်းမပြောရသေးခင်ကတည်းက ငါတို့က ဒီမှာနားနေ ကြတာ.. ပြီးတော့ ငါတို့က ငါတို့အငွေ့အသက်ကိုလည်း ဖုံးမထားဘူးလေ မင်း တို့ပြောနေတာလည်း တိုးတိုးတိတ်တိတ်မဟုတ်ဘူး အဲဒါက ဘယ်လိုလုပ် ခိုးနားထောင်တာဖြစ်ရမှာလဲ” ရှီမာယူယူ ပြန်ချေပလေသည်။

“ဟာသပဲ” သူမ ပြန်ချေပလေသည် “မင်းတို့လိုလူတွေအတွက်က သတ်တာလောက်နဲ့ မလောက်သေးဘူး”

“ကျွတ် ကျွတ် ကြမ်းလိုက်တာ” ရှီမာယူယူသည် သူမကို ခေါင်းမှခြေဖျား အထိ အကဲခတ်လိုက်သည်။ “မင်းက မရဏာသူတော်စင်အရည်အချင်းရှိတာပဲ အဲဒါကိုတောင် မင်းပါးစပ်ကနေ ဒီလိုမျိုးရက်စက်တဲ့ စကားလုံးတွေ ထွက်လာ သေးတယ်.. မင်းနေတဲ့နေရာက မင်းကိုသေချာသင်မပေးဘူးထင်တယ်”

“ရဲတင်းလိုက်တာ.. မင်းက ဘယ်သူမို့လို့ သူမကို နာမည်ဖျက်နေတာလဲ” နောက်အမျိုးသားတစ်ယောက် ပြောလာလေသည်။

“ငါပြောတာ မှားလို့လား” ရှီမာယူယူသည် အပြစ်ကင်းသလိုဖြင့် သူတို့ကို ကြည့်လိုက်သည် “သူမမှာသာ နောက်ခံမရှိရင် သူမရဲ့ အရည်အချင်းလောက်နဲ့ ဒီလောက် မောက်မာနေဦးမှာလား”

နောက်ခံအကြောင်းပြောရလျှင် မောက်မာသင့်သည်မှာ သူမဖြစ်သည်။ ဒါပေမဲ့ သူမ အနေအထိုင်သိုသိပ်ပုံကိုကြည့်ပါဦး။

“ငါ မင်းကို အခုပဲသတ်မယ် ဘယ်သူ…”

“ဂျူနီယာညီမလေး နောက်ပြန်ဆုတ်” ထိုအမျိုးသားသည် မိန်းကလေး ကို ဆွဲပြီးသူ့အနောက်သို့ ပို့လိုက်သည်။ ပြီးနောက် ရှီမာယူယူကို အရိုအသေပြု ကာ အားနာစွာဖြင့် ပြောလိုက်သည် “ကျွန်တော်က ရှဲယင်းပါ ကျွန်တော့် ဂျူနီယာညီမလေးက ဆရာကတော်ရဲ့ အလိုလိုက်တာကိုခံထားရတော့ စည်း မသိဘူးဖြစ်သွားပါတယ်.. သူမက ခင်ဗျားတို့ကို ပြစ်မှားမိသွားတာပါ.. ကျွန်တော်တို့ ပြန်ရောက်တာနဲ့ သူမကို သေချာလေး သင်ပေးလိုက်ပါမယ်”

“စီနီယာအစ်ကို” သူမ၏ စီနီယာအစ်ကိုကပင် ဤကဲ့သို့ ပြောလာမည်ဟု ထင်မထားသဖြင့် အံ့ဩမှုများဖြင့် ပြည့်သွားကာ မကျေမချမ်းနိုင်ဖြစ်သွား‌လေ သည်။

သို့သော် သူ၏ လက်ရှိအမူအရာကိုကြည့်လိုက်သည်နှင့် သူ ဒေါသထွက် နေသည်ကို သိလိုက်သဖြင့် ဘာမှထပ်မပြောရဲတော့ပေ။ သူမသည် ရှီမာယူယူ ကိုသာ စိုက်ကြည့်နေလသည်။

ရှီမာယူယူသည်လည်း သူတို့၏ စကားအနည်းငယ်လောက်အတွက်နှင့် ဘာမှလုပ်ရန် စိတ်ကူးမရှိပေ။ သူမသည် ခေါင်းညိတ်ရုံညိတ်ပြီး တခြားသူများ နှင့် ထွက်သွားလေသည်။

သူတို့ထွက်သွားသည်နှင့် ရှဲယင်း ကိုယ်ပြန်မတ်လာသည်နှင့် သူ့မျက်နှာ မှ အကြည့်သည် ကြောက်မက်ဖွယ်ကောင်းလေသည်။

“စီနီယာအစ်ကို…” အားလုံးသည် သူ၏ထိုပုံစံကို ကြည့်ရန်ကြောက်ကြ သည်။

“စီနီယာအစ်ကို ဘာလို့ ကျွန်မကိုတားတာလဲ” ထိုမိန်းကလေးသည် မပျော်မရွှင်နှင့် နှုတ်ခမ်းဆူလေသည်။

“ဂျူနီယာညီမလေး အဲဒီလူတွေက သာမန်လူတွေမဟုတ်ဘူး ဆက်ပြီး တိုက်ခိုက်နေရင် သူမ နားမရောက်ခင်မှာပဲ သေသွားနိုင်တယ်” ရှဲယင်း ပြော လိုက်သည်။

“သူတို့က လူနည်းနည်းလေးကို ကျွန်မတို့က ပိုများတယ်လေ” ရွှေရှန်း သည် သေတော့မည့်ခံစားချက်မျိုးမရပေ။

“သူတို့က ငါးယောက်တည်းဆိုပေမဲ့ ငါတို့က သူတို့အဆင့်လောက် အရည်အချင်းမရှိဘူး.. ဆိုလိုတာက သူတို့အစွမ်းအစက ငါ့ထက်တောင် မြင့်သေးတယ်.. ပြီးတော့ ခုနက မင်း လှုပ်ရှားလိုက်တဲ့အချိန်မှာ အဲမိန်းကလေး နောက်ကလူနှစ်ယောက်ရဲ့ မျက်လုံးတွေမှာ လူသတ်မယ့်အရိပ်အယောင်တွေ ပြည့်သွားတာ” ရှဲယင်း ပြောလိုကု်သည်။

“ဒါပေမဲ့ ကျွန်မကို ဒီလိုမျိုးစော်ကားပြီးမှ သူတို့ကို ဘယ်လိုလုပ် လွှတ်ပေးရမှာလဲ” တစ်ယောက်သည် မကျေမချမ်းဖြင့် ပြောလေသည်။

“ဘယ်လိုလုပ် လွှတ်ပေးရမှာလဲ” ရှဲယင်း၏ မျက်လုံးများသည် လူသတ် မည့် အကြည့်များဖြင့် ပြည့်သွားလေသည် “ငါတို့ အံ့ဖွယ်အရိပ်နန်းတော်က လူတွေကို ဒီအတိုင်းနင်းချေမှာမဟုတ်ဘူး.. သူတို့ကို ရက်လေးနည်းနည်းပိုပြီး အသက်ရှင်ခွင့်ပြုလိုက်တာ.. သုံးလေးရက်နေလို့ ငါတို့ဆရာတွေပြန်လာရင် ဒီနေ့ အရှက်ကွဲတာကို ပြန်ပေးဆပ်ခိုင်းရမယ်”

“စီနီယာအစ်ကို ပြောတာမှန်တယ်.. အခု သူတို့ကိုသွား တိုက်ခိုက်ရင် သူတို့ လက်ခုပ်ထဲကရေဖြစ်သွားလိမ့်မယ်.. အခုလုပ်ရမှာက သားရဲတွေရဲ့ မူမမှန်တဲ့ လှုပ်ရှားမှု တွေရဲ့နောက်ကွယ်က အကြောင်းအရင်းကို ရှာရမယ်.. ဆရာတွေပြန်လာမှပဲ ဒီကိစ္စကိုပြောကြတာပေါ့” တစ်ယောက်က ထပ်ပြော လေသည်။

“ဟုတ်ပြီ သူတို့ကို ရက်နည်းနည်းလောက် အသက်ရှင်ခွင့်ပေးလိုက်တာ ပေါ့.. အဖေနဲ့အမေပြန်လာရင် ကျွန်မတို့က ဘယ်လောက်စွမ်းဆောင်နိုင်လဲ ဆိုတာ ပြပေးလိုက်မယ်” ရွှေရှန်းသည် မုန်းတီးစွာ ပြောလေသည်။

“ဟုတ်တယ် သွားကြမယ်.. ငါတို့ သူတို့နဲ့ ကွာသွားလို့မဖြစ်ဘူး.. သူတို့ကို လွတ်သွားရင် အမှောင်တိမ်တိုက်တောင်က ဒီလောက်ကြီးတာ ရှာရတာ အလုပ်ပြန်ရှုပ်ဦးမယ်”

ရှီမာယူယူသည် သူတို့၏ ရည်ရွယ်ချက်ကို တွေးပင်မတွေးမိပေ။ တွေးမိ သည်ဆိုလျှင်တောင် ဂရုစိုက်နေမည်မဟုတ်ပေ။ သူတို့သည် ပုရွက်ဆိတ်မျှသာ ဖြစ်ကာ သူတို့ကိုယ်သူတို့ အထင်ကြီးနေခြင်းသာဖြစ်သည်။

သူမ ပိုအာရုံစိုက်သည်မှာ သားရဲများ၏ မူမမှန်သော အပြုအမူများပင် ဖြစ်သည်။ ရတနာရှိတာကြောင့်မဟုတ်ရင် အကြောင်းအရင်းကဘာဖြစ်ဦးမှာ လဲ။

***

All Chapters