← Chapters

သေလမ်းရှာခြင်း

Vol. 139 Ch. 1942

သေလမ်းရှာခြင်း

Vol. 139 Ch. 1942

သူတို့သည် အမှောင်တိမ်တိုက်တောင်တွင် ရက်အနည်းငယ် လှည့်ပတ် သွားလာကြသော်လည်း ထူးခြားမှုတစ်စုံတစ်ရာမတွေ့ကြရပေ။ အမှောင် တိမ်တိုက်တောင်မှ လှုပ်ရှားမှုများမှာ မရဏာသားရဲများ ဆူပူနေခြင်းမှအပ တမူ ထူးနေခြင်းများမရှိပေ။

သူမသည် မရဏာသားရဲတချို့ကို ဖမ်းပြီး မေးရာ သူတို့ပင်လျှင် အဖြစ် အပျက်များကို မသိကြပေ။ သူတို့၏ လွတ်လပ်မှုကို ပျောက်ဆုံးစေရန် စွမ်းအား တချို့မှ ထိန်းချုပ်နေသည်ကိုသာ သိကြသည်။

သူမသည် သူတို့ဆီမှ အဖြေပနြ်မရသဖြင့် မတတ်သာဘဲ လွှတ်ပေး လိုက်ရသည်။

“မင်းရဲ့ နီရဲပျားတွေရော တစ်ခုခုသိလာတာရှိလား” မိုယွိ မေးလိုက်သည်။

“မသိကြဘူး” ရှီမာယူယူသည် ခေါင်းခါလိုက်သည် “သူတို့ ပြန်ပို့လာတဲ့ သတင်းက မရဏာသားရဲတွေက ထူးထူးဆန်းဆန်း ပြုမူနေကြတယ်ဆိုတာပဲရှိ တယ်.. သူတို့စုနေကြတဲ့ နေရာမှာ ဘာမှထူးခြားတာမရှိဘူးတဲ့.. ရှားပါးရတနာ ပေါ်လာမှာတော့ မဟုတ်ဘူးထင်တယ်”

ဤနေရာတွင် မည်သည့်ရှားပါးရတနာမှ မရှိဟု မိုယွိ အစောကပြောခဲ့ သည်။ ထို့ကြောင့် ထိုသတင်းကို ကြားပြီးနောက် စိတ်ပျက်သွားခြင်းမရှိပေ။ သူမ ပိုပိုစုံစမ်းလေလေ ပို၍နားမလည်လေလေခံစားရလေသည်။ ထို့ကြောင့် ပင် ပိုပြီး တူးဆွချင်သည်။

“ဘုန်း”

အဝေးတစ်နေရာမှ တိုက်ခိုက်သံများထွက်လာရာ သူတို့ ကြည့်လိုက်ကြ သည်။ အုပ်စုနှစ်စု တိုက်ခိုက်နေကြပြီဟု သူတို့ သိလိုက်ကြသည်။

ရတနာအရိပ်အယောင် မတွေ့ရသော်လည်း လူအများအပြား သေသွားခဲ့ လေပြီ။

ထိုအချိန်တွင် အဖွဲ့တစ်ဖွဲ့သည် သူတို့ဘေးရှိ လမ်းကြားထဲမှ ပြေးလာပြီး သူတို့ငါးယောက်ကို ဝိုင်းလိုက်ကြသည်။ အနောက်မှပေါ်လာသော လူများကို မြင်သောအခါ ရှီမာယူယူသည် တအံ့တဩဖြင့် မျက်ခုံးပင့်မိသည်။

ဒီလူတွေက တမင်ကို သေလမ်းလာရှာတာပဲ။

ရွှေရှန်းနှင့်တခြားသူများသည် အဖွဲ့နောက်မှ လျှောက်လာသည်။ ရှီမာယူယူတို့အဖွဲ့ကို ဝိုင်းလိုက်သည်ကို မြင်သောအခါ သူမသည် မေးမော့ပြီး မောက်မာစွာ ပြောလေသည် “အဖေ အမေ ဒီလူပဲ.. သမီးတို့ အံ့ဖွယ်အရိပ် နန်းတော်က အသိမရှိဘူးလို့ ဆဲတဲ့လူက သူမပဲ.. သမီးတို့က အားနည်းလို့ ဒီနေရာကို လာဖို့မထိုက်ဘူး၊ ဒီကိုလာတဲ့လူမှန်သမျှက သေမှာလို့တောင် ပြောသေးတယ်.. အဲဒါတင်မဟုတ်ဘူး သူတို့က သမီးကိုတောင်သတ်ချင်နေ တာ.. အဖေအမေ သမီးအတွက် တရားမျှတမှုပြန်ရှာပေးရမယ်”

ရွှေရှန်း၏ ဖခင် ရွှေရှန့်သည် သမီးဖြစ်သူ၏ စကားကိုကြားသောအခါ အမူအရာမှာ မည်းမှောင်သွားတော့သည်။ သူသည် ရှီမာယူယူကို လူသတ်တော့ မည့်အကြည့်ဖြင့် ကြည့်သေလည် “မင်းက ငါတို့အံ့ဖွယ်အရိပ်နန်းတော်ကို ဆဲဆိုရုံတင်မကဘဲ ငါ့သမီးကိုတောင် သတ်ဖို့ကြိုးစားသေးတယ်ပေါ့ ကောင်မလေး မင်းက အတင့်ရဲလှချည်လား”

ရှီမာယူယူသည် ထောင်လွှားနေသော ရွှေရှန်းကိုမြင်သောအခါ ခေါင်းခါ လိုက်သည် “ကျွန်မသာ ရှင့်လိုဆိုရင် သူမလို သမီးမျိုးကို ရှင်းထုတ်ဦးမယ်.. သူမ ပါးစပ်က အလိမ်တွေပဲထွက်တတ်ပြီး ရှင့်ကိုတောင် သေမင်းတံခါးဝကိုလိုက်ပို့ နေတာ.. သူမကို အသက်ရှင်ခိုင်းထားလို့ ဘာသုံးစားရမှာလဲ”

“ငါ မလိမ်ဘူး.. မင်းက ငါတို့ကိုအရင်က ကျိန်ဆဲတယ်လေ.. ပြီးတော့ ငါ့ကို သတ်ဖို့တောင် ကြိုးစားခဲ့သေးတယ်.. ငါပြောတာမယုံရင် ငါ့စီနီယာတွေ ကို မေးကြည့်လို့ရတယ် သူတို့အကုန်အဲဒီမှာရှိခဲ့တာပဲ” ရွှေရှန်းသည် သူတို့ကို ဖခင်ဖြစ်သူ မေးမြန်းမည်ကို မကြောက်ပေ။ မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် တစ်ဖွဲ့တည်းသားများဖြစ်ကြသည်။ သူ သူတို့ကိုမေးလျှင်တောင် ရလဒ်မှာ အတူတူပင်ဖြစ်လိမ့်မည်။

ရွှေရှန့်သည်လည်း အတည်ပြုမေးမြန်းရန် အစီအစဉ်မရှိပေ။ အရင်က မည်သို့ပင်ဖြစ်စေကာမူ သူမသည် အံ့ဖွယ်အရိပ်နန်းတော်မှလူများကို အနိုင်ကျင့်ရဲသည်။ ဆိုလိုသည်မှာ သူတို့ကို လွှတ်ပေးစရာ အကြောင်းမရှိပေ။

“ကောင်မလေး မင်းက ငါ့သမီးထက်ငယ်တာကို ထောက်ထားပြီး မင်း အမှားကို ဒူးထောက်ဝန်ခံပြီး မင်းရဲ့ဝိညာဉ်စွမ်းအားကို ဖျက်ဆီးမယ်ဆိုရင် မင်း ကို အသက်ချမ်းသာပေးမယ်” ရွှေရှန်း၏ မိခင်ဖြစ်သူသည် သမီးကို ကာကွယ် ပေးသူဖြစ်သည်။ သူမသည် သမီးဖြစ်သူကို ရက်စက်သည့် စကားများကို ဘယ် သောအခါမှ မပြောခဲ့ပေ။ သို့သော် ဤမိန်းကလေးသည် သူမကို သတ်ရန် ကြိုးစားခဲ့သည်။ သူမတို့ ရတနာရှာရန် အလောကြီးနေခြင်းကြောင့်သာ မဟုတ် လျှင် သူမကို သေချာပေါက် သတ်မည်ဖြစ်သည်။

ရှီမာယူယူသည် ထိုစကားများကို ကြားသောအခါ ရယ်မောလိုက်သည် “ကျွန်မကို ဒူးထောက်စေချင်တယ်လို့ ပြောလိုက်တာလား.. ပြီးတော့ ဝိညာဉ် စွမ်းအင်ကိုပါ ဖျက်ဆီးစေချင်သေးတယ်ပေါ့”

“ဟုတ်တယ်.. ဒါကိုက အရမ်းကိုသက်ညှာပေးလွန်းနေပြီ.. မင်းက ကျေးဇူးမတင်တဲ့အပြင် ဒီလိုအမူအရာဖြစ်နေတာလား” ရွှေရှန်း၏ မိခင်သည် ရှီမာယူယူ၏ အထင်သေးသော အကြည့်ကိုမြင်သောအခါ အော်လေသည်။

“ပန်းသီးက သစ်ပင်ကနေ ကြွေမကျတတ်ဘူး.. အဲဒါကြောင့် ရှင်တို့ အကုန်လုံးက အတူတူဖြစ်နေတာပဲ” ရှီမာယူယူသည် ခေါင်းခါပြီး ကျွတ်သပ် လိုက်သည် “ရှင်တို့လိုလူတွေ ဒီနေ့ထိ ဘယ်လိုအသက်ရှင်လာခဲ့လဲ သိချင်သွား ပြီ”

“အဖေ ကြည့်လေ သူမက သမီးတို့ကို လုံးဝဂရုမစိုက်ဘူး.. သူမက အမေ ပြောတာကိုလည်း ဂရုမစိုက်ဘူး” ရွှေရှန်း ပြောလိုက်သည် “သူမလိုလူမျိုးကို အသက်ရှင်လျက်ထားနေလည်း အသုံးမဝင်ဘူး အမေ.. အမေက အရမ်းကို စိတ်ထားကောင်းလွန်းတယ်”

“အင်း သူမက တကယ်ပဲ မုန်းစရာပဲ.. ဒါဆိုလည်း ဒီအတိုင်းပဲ သတ်လိုက် ကြမယ်” ရွှေရှန့်သည် အစက သူမကို အသေးစားအပြစ်ဒဏ်ကိုသာ ပေးချင်ခဲ့ သည်။ အစောက သူတို့စကားအတိုင်းသာ သူမ လိုက်နာလျှင် သူမကို အသက် ချမ်းသာခွင့်ပေးဦးမည်။

သူမ ခေါင်းမာပြီး သူတို့မျက်နှာကို အရှက်ရအောင် လုပ်ထားသဖြင့် သူမ ကို အသက်ရှင်ခွင့်ပေးရန် အကြောင်းမရှိတော့ပေ။

“ဘာလို့ အဲလောက်တောင် ကြောက်နေကြတာလဲ.. အခုထိ သူမကို မတိုက်ခိုက်ရသေးဘူး.. ငါ့အဖေ ပြောတာကိုနားမလည်ဘူးလား” ရွှေရှန်းသည် သူမ၏ လူများကို အော်လေသည်။

ထိုလူများသည် ရွှေရှန်း၏ အမိန့်ကို နာခံကြသူများဖြစ်သည်။ ယခု သူမ၏ အမိန့်ကိုကြားပြီးနောက် ချက်ချင်းပင် ရှီမာယူယူကို တိုက်ခိုက်လေသည်။

“အတင့်ရဲလိုက်တာ” အရိပ်မည်းနှင့် ဟွမ်တို့သည် လျှပ်တပြက်လှုပ်ရှား ကြရာ မရဏာလက်နက်များ ခန္ဓာကိုယ်အတွင်းသို့ ထိုးစိုက်အသံများကိုသာ ကြားလိုက်ရပြီး ရပ်လိုက်မှပင် ထိုလူများသည် မလှုပ်မယှက်ရပ်နေသည်ကို တွေ့လိုက်ရသည်။

“အဲဒီမှာ ဘာလို့ရပ်နေကြတာလဲ မတိုက်ခိုက်ကြဘူးလား” ရွှေရှန်း အော် လိုက်သည်။

“ဖူး”

လတ်ဆတ်သော သွေးများ ပန်းထွက်လာပြီး အစကရပ်နေကြသောလူ များသည် မြေပေါ်သို့ လဲကျသွားကြသည်မှာ တစ်ယောက်မှပင် မကျန်ကြတော့ ပေ။

တစ်အောင့်အတွင်းမှာပင် အားလုံးသည် အစုလိုက်အပြုံလိုက် အသတ်ခံ လိုက်ရလေပြီ။ ထိုမြင်ကွင်းသည် သူတို့ ကိုင်တွယ်နိုင်သည်ထက် ကျော်လွန်နေ ရာ အံ့ဖွယ်အရိပ်နန်းတော်မှလူများသည် မှင်တက်နေကြသည်။

ဒီလူနှစ်ယောက်က တကယ်ပဲ အားကောင်းကြတာပဲ။

ရွှေရှန်း၏ အမူအရာသည် အလွန်ပင် အကျည်းတန်သွားသည်။ တခြားသူ များ စကားမပြောခင်မှာပင် ထိုလူနှစ်ယောက် လှုပ်ရှားလိုက်သည်ကို သူပင် မမြင်လိုက်ရပေ။

ထိုလူနှစ်ယောက်သည် သူ့ထက်ပင် ပိုအားကောင်းသည်။

ရွှေရှန်းသည် မှင်တက်သွားသည်။ ဒီလူတွေက ဒီလောက်တောင် အားကောင်းကြတာလား။ သူမ၏ ဖခင်မှာ သူတို့ကို အနိုင်ယူနိုင်သည် မယူနိုင် သည်ကို သူမ သိချင်သွားသည်။ သူမသည် ဖခင်ဖြစ်သူကို ကြည့်လိုက်ရာ သူ တောင့်တင်းနေသည်ကို တွေ့လိုက်ရသည်။ သူသည် ရပ်နေသည့်နေရာတွင် တုပ်တုပ်မှမလှုပ်သဖြင့် သူလည်း ကြောက်နေသည်ကို သူမ သိလိုက်ရသည်။

“အံ့ဖွယ်အရိပ်နန်းတော်” မိုယွိ၏ အသံသည် သူတို့နာမည်ကို ပြောချိန် တွင် ပေါ့ပေါ့ပါးပါးဖြစ်နေသည် “မင်းတို့က တကယ်ကိုအတင့်ရဲကြတာပဲ ကျွတ် ကျွတ် မင်းတို့ရဲ့ ရာထူးက ဘုရင့်ထက်တောင် မြင့်တဲ့ပုံပဲ မဟုတ်ရင် ဘယ်လို လုပ် ဘုရင့်ရဲ့ အချစ်ဆုံး မင်းသမီးလေးကို ဒူးထောက်ခိုင်းပြီး ဝိညာဉ်စွမ်းအင်ကို ဖျက်ဆီးခိုင်းရမှာလဲ”

“မင်း.. မင်းသမီးလေး”

ရွှေရှန်းနှင့် တခြားသူများ ကြက်သေသေသွားကြသည်။ ဒီလူက တကယ် ပဲ မင်းသမီးလေးလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းသမီးလေးဆိုရင် တော်ဝင်ကိုယ်ရံတော်တွေ ဝန်းရံနေရမှာမဟုတ်ဘူးလား။ သူမက ဒီမှာ ဘာလာ လုပ်တာလဲ။

ထိုအချိန်တွင် သူတို့အနောက်မှလိုက်လာသောလူသည် ရုတ်တရက် ထ အော်လေသည် “ဟုတ်တယ် သူမက မင်းသမီးလေးပဲ.. ငါတို့ အပြင်ထွက်တုန်း က ယန်းမြို့တော်က အဖြစ်အပျက်ကို မှတ်တမ်းတင်ထားတဲ့ ကျောက်တုံးထဲ မှာ သူတို့ကိုတွေ့ခဲ့တယ်.. ငါ အကြာကြီးကြည့်ခဲ့တာ ပြီးတော့ အဲလူရဲ့ ပုံရိပ်ကို လည်း မြင်လိုက်တယ် တကယ်ပဲ သူမနဲ့တူတယ်”

“မဟုတ်တာ မပြောနဲ့ ပုံရိပ်တူတဲ့လူတွေ ဒီလောက်များတာ.. သူမက မင်းသမီးလေးပါဆိုတာကို ဘယ်လို သက်သေပြမှာလဲ” ရွှေရှန်း၏ မိခင်ဖြစ်သူ သည် ဟိန်းဟောက်လိုက်သည်။

သူမသည် မင်းသမီးလေးဆိုသည့် အမှန်တရားကို သူမ ဝန်မခံချင်ပေ။ မဟုတ်လျှင် အစောက သူတို့လုပ်ရပ်သည် အသက်ပေါင်းများစွာကို သေဆုံးစေ နိုင်သည်။ သူတို့သည် အစောပိုင်းက မင်းသမီးလေးကို ပြစ်မှားမိသိသည်ကို တွေးမိရာ တစ္ဆေဘုရင် ချေမှုန်းခြင်းခံရတော့မည်ကို တွေးမိသွားလေသည်။

ရွှေရှန့်သည် အခုမှပင် နောင်တရသွားလေသည်။ သူ့သမီးရဲ့ စကားတွေ ကြောင့်နဲ့ ဘယ်လိုလုပ် ဒီလူတွေကို သတ်ဖို့လာရတာလဲ။ ပြီးတော့ သူတို့က လူနည်းနည်းလေးလေ.. သူမမှာလည်း မင်းသမီးတစ်ယောက်ရဲ့ အဆင်အယင် မရှိဘူး အဲတော့ သူမက မင်းသမီးလေးပါလို့ သူဘယ်လိုလုပ်သိမှာလဲ။

“မင်း.. မင်းသမီးလေး ကျွန်တော်တို့ မျက်ကန်းပြီး မင်းသမီးလေးကို မမှတ်မိလိုက်ပါဘူး ကျွန်တော်တို့ မှားသွားပါတယ်.. ကျွန်တော်တို့ကို ခွင့်လွှတ် ပေးပါ” ရွှေရှန့်၏ ခြေထောက်များသည် အားလျော့လာကာ ချက်ချင်းပင် ရှီမာယူယူကို ဒူးထောက်လေသည်။

“ခုနကကျ ဒူးဘယ်လိုထောက်ရမလဲမသိဘူးလား.. ငါ့ရဲ့ဝိညာဉ်စွမ်းအား ကိုတောင် ဖျက်ဆီးချင်တာလား.. အဲလိုလုပ်ခိုင်းတုန်းက မင်းက ဘာလို့မတား တာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“မင်းသမီးလေး အဲဒါတွေအကုန် ကျွန်တော့်သမီးရဲ့ မဟုတ်တမ်း စကား တွေကြောင့်ပါ မင်းသမီးလေးကို အဲလိုလုပ်ဖို့ ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ”

“နောက်ကျသွားပြီ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့တယ် ဒါပေမဲ့ မင်းတို့က အဲအခွင့်အရေးကိုအမိအရမယူကြဘူး.. မင်းတို့ကို ပြောပါ တယ် သူမလို သမီးမျိုးရထားလို့ နောင်တရမယ်လို့”

သူမ ပြောပြီးသည်နှင့် အရိပ်မည်းနှင့် ဟွမ်တို့သည် ရှေ့တက်ပြီး သူတို့ အားလုံးကိုသတ်လိုက်ကြသည်။

“ကျွတ် ကျွတ် မင်းသမီးလေး.. မင်းက တကယ်ပဲ မင်းအမေနဲ့တူတာပဲ.. လူသတ်တဲ့အချိန်တောင် မျက်တောင်တစ်ချက်မခတ်ဘူး” လေထဲမှ အသံသည် ရှီမာယူယူကို ဖိအားပေးလိုက်သလိုပင်။

***

All Chapters