မိုးကြိုးဘေးဒုက္ခထက် အားကောင်းခြင်း
Vol. 139 Ch. 1943
ဝူလင်းယူ သူမ၏ ပခုံးပေါ်သို့ လက်တင်လိုက်သောအခါ ဖိအားလျော့သွား သည်။ သို့သော် ဝူလင်းယူတားလိုက်သည့်တိုင်အောင် ပျောက်ကွယ်မသွားပေ။
မိုယွိသည် အသာမျက်မှောင်ကြုတ်မိသည်။ ထိုလူသည် အစောက ဤ နေရာတွင်မရှိခဲ့သော်လည်း ယခု ရုတ်တရက်ပေါ်လာခဲ့သည်။ ခဏတာ နှောင့်နှေးခြင်းမျှသာဖြစ်သော်လည်း နောက်ကျသွားခဲ့သည်။
သည်တစ်ခေါက် ရောက်လာသူသည် ရှီမာယူယူ၏ သရုပ်မှန်ကို သိထား ပြီး လာသည့်ရည်ရွယ်ချက်မှာလည်း ကောင်းသည့်ပုံမပေါ်ပေ။
အဘိုးကြီးတစ်ယောက်သည် လေဟာပြင်မှထွက်လာပြီး တခြားလေဟာ နယ်မှ တခြားလူလေးယောက်လိုက်ထွက်လာသည်။
သူတို့သည် အစီအရီရပ်ပုံကို ကြည့်ရသည်မှာ သူတို့သည် ပြင်ဆင်ပြီးမှ လာသည့်ပုံပင်။
“တစ္ဆေလက်ငါးပါး၊ အကြီးအကဲရှန်း၊ လောင်ဟော်၊ အမှောင်တိမ်တိုက် မိခင်၊ ချင်မျိုးနွယ်ဘိုးဘေးကြီး တစ္ဆေကြင်ယာတော်က ခင်ဗျားတို့ဆီက အကူ အညီတောင်းထားလိမ့်မယ်လို့ ထင်မထားဘူး” မိုယွိသည် သူတို့ကို မြင်သည်နှင့် သူတို့ကို အမည်တပ်နိုင်သည်။
“ကျုပ်လို့လည်း မလုပ်ချင်ပါဘူး ဒါပေမဲ့ ကျုပ်တို့က သူမကို ကျေးဇူး အကြွေးတင်နေတာရှိတယ်” အရင်ဆုံးပေါ်လာသူဖြစ်သည့် တစ္ဆေလက်ငါးပါး ပြောလိုက်သည်။
“ခင်ဗျားတို့ အသက်လောက် တန်ဖိုးရှိတဲ့ ကျေးဇူးအကြွေးမို့လို့လား” မိုယွိ မျက်မှောင်ကြုတ်လိုက်သည်။
“ကျုပ်တို့မှာလည်း ရွေးချယ်စရာမရှိဘူး.. သူမကို အကြွေးတင်နေတယ် ဆိုမှတော့ အကျိုးဆက်ကို ကျုပ်တို့ ခံနိုင်ရမှာပေါ့.. ကျုပ်တို့ ပေးရမယ်ဆိုလည်း ကျုပ်တို့အသက်ပဲလေ.. အနည်းဆုံးတော့ သူမကို ဘာမှအကြွေးမတင်တော့ တာပေါ့”
ရှီမာယူယူသည် မိုယွိကို ကြည့်လိုက်သည်။ ထိုလူ၏ တင်းမာနေသော မျက်နှာကို ကြည့်ရသလောက် ထိုလူများကို ရှင်းရန်မလွယ်သည့်ပုံပင်။
တစ္ဆေကြင်ယာတော်သည် သူမနှင့် တိုက်ခိုက်ရန် များစွာအားထုတ်ထား သည့်ပုံပင်။
“ကျုပ်တို့ ဒီနားရောက်နေတာ ကျုပ်တို့ရဲ့ကံကိုပဲ အပြစ်တင်လိုက်ပေါ့” အကြီးအကဲရှန်း သက်ပြင်းချလိုက်သည်။
“ဟင် ဘာအဓိပ္ပာယ်လဲ” မိုယွိ မေးလိုက်သည်။
“တစ္ဆေကြင်ယာတော်က မင်းသမီးလေးကို တိုက်ခိုက်ဖို့ လူတွေအများ ကြီးစုထားတာ.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်တို့က ဒီနေရာနဲ့ အနီးဆုံးမှာရှိနေ တယ်” အကြီးအကဲရှန်း ဆက်ပြောလေသည် “မိုယွိ ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ထောက်ပြီး ခင်ဗျားသာ ပြန်မတုံ့ပြန်ရင် ခင်ဗျား အခက်တွေ့အောင်မလုပ်ပါဘူး”
“အကြီးအကဲရှန်း အဲလိုပြောလိုက်တာနဲ့ ကျုပ်ကို အခက်တွေ့အောင် မလုပ်တော့ဘူးတဲ့လား” မိုယွိသည် အသာအယာသက်ပြင်းချလိုက်သည် “ခင်ဗျားသိပါတယ် သူမက ကျုပ်ကာကွယ်ချင်တဲ့လူပဲ”
“ဒါဆိုလည်း ကျွန်မတို့ရှိခဲ့ကြတဲ့ ဆက်ဆံရေးအကုန်လုံးကို စွန့်လွှတ်ရ တော့မှာပေါ့” အမှောင်တိမ်တိုက်မိခင် ညည်းသံပြုလေသည်။
“အာ.. နောက်ကျရင် ခင်ဗျားတို့အတွက် စက္ကူတော့မီးရှို့ပေးပါမယ်” မိုယွိ သည် သူ့သဘောထားကို ဖော်ပြလိုက်သည်။
“ဘယ်သူက ဘယ်သူ့အတွက် ရှို့ပေးရမလဲမသိသေးဘူး လုပ်လိုက်တော့” တစ္ဆေလက်ငါးပါးသည် အော်ပြီး ရှီမာယူယူအား တိုက်ခိုက်လေသည်။
အားလုံးသည် သူနှင့်အတူ လှုပ်ရှားလေသည်။ ထိုမိစ္ဆာများသည် မိုယွိ ထက် အဆင့်မြင့်သည်ကို ရှီမာယူယူမြင်သောအခါ မီအာကို ခေါ်ထုတ်လိုက် သည်။ မီအာနှင့် အမှောင်တိမ်တိုက်မိခင်တို့ တိုက်ခိုက်ရာ သူတစ်ပြန်ကိုယ်တစ် ပြန်ဖြစ်သည်။
သူတို့သည် လေဟာပြင်ထဲတွင် တိုက်ခိုက်ကြပြီး ရှီမာယူယူသည် သူတို့အခြေအနေကို မသိရဘဲ မြေပေါ်တွင်သာ ရပ်နေခဲ့ရာ မြေပေါ်တွင် စိုးရိမ် တကြီးစောင့်ရုံသာတတ်နိုင်လေသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ်ထားသော လူတစ်စုသည် ဘေးပတ်ပတ် လည်မှ စုလာပြီး ရှီမာယူယူကို ချက်ချင်းပင် တိုက်ခိုက်လေသည်။
ယန်းမြို့တော်တွင်ရှိစဉ်က အရိပ်မည်းတို့သည် ရှီမာယူယူကို အချိန်ဆွဲ ပေးသဖြင့် မိုးကြိုးဘေးဒုက္ခကို ဆင့်ခေါ်နိုင်ခြင်းဖြစ်သည်ကို တစ္ဆေကြင်ယာ တော် တွေးမိသည်။ သို့သော် ယခုအချိန်တွင် သူမကို ဆက်တိုက် တိုက်ခိုက်နေ လျှင် မိုးကြိုးဘေးဒုက္ခကို ဆင့်ခေါ်ရန် အချိန်မရှိတော့ပေ။ သည်နည်းလမ်းနှင့် သူမကို သတ်နိုင်မည်။
သူမ တွေးသည်မှာမှန်သည်။ သို့သော် အလုံးစုံတော့မဟုတ်ချေ။ ရှီမာယူယူသည် မိုးကြိုးဘေးဒုက္ခကို ဆင့်ခေါ်ရန် အရိပ်မည်းနှင့် တခြားသူများ အပေါ်မှီခိုပြီး အချိန်ဆွဲခဲ့သည်မှာ မှန်သော်လည်း သူမတွင် စွမ်းအားလုံးဝမရှိ ခြင်းတော့မဟုတ်ပေ။ ရောက်လာကြသော ထိုလူများသည် သူမကို မသတ်နိုင် ကြပေ။
တကယ်တော့ တစ္ဆေကြင်ယာတော်သည် အကွက်စေ့အောင် စီစဉ်ထား ခြင်းကြောင့် လူငါးယောက်ကို ပို့လိုက်ခြင်းဖြစ်သည်။ မီအာကြောင့်သာမဟုတ် လျှင် အမှောင်တိမ်တိုက်မိခင်သည် သူမနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။ သူမ၏ စွမ်းအားနှင့်ဆိုလျှင် အမှောင်တိမ်တိုက်မိခင်ကို မယှဉ်နိုင်ပေ။ ထို့အပြင် ဤကဲ့ သို့အခြေအနေအောက်တွင် အစီအစဉ်တွင်ပါဝင်သည့် အနက်ဝတ်လူအဖွဲ့ကို လွှတ်လိုက်သေးသည်။
ရှီမာယူယူ၏ ပတ်ပတ်လည်မှ သားရဲများသည် အပျော်တမ်းမဟုတ်ဘဲ သူမအနားမကပ်ရန် ကာကွယ်နိုင်သူများဖြစ်သည်ကိုတော့ တစ္ဆေကြင်ယာ တော် မတွေးမိခဲ့ခြင်းဖြစ်သည်။
“ရွှမ်း”
ခရမ်းလေးသည် လက်ကို လျှာဖြင့်သပ်လိုက်ပြီး ထိုလူများဆီသို့ ညည်း လိုက်သည်။
ရှီမာယူယူည် ခရမ်းလေးကို ဖက်ထားပြီး ထိုလောင်ကျွမ်းသွားသော အလောင်းများအလယ်တွင် တုပ်တုပ်မျှမလှုပ်ပေ။
“ဘယ်လိုလုပ်…” သူမကို ဝိုင်းထားသော ကျန်လူများသည် အနားကို မကပ်ရဲကြတော့ပေ။
သူမက ဘယ်လိုလုပ် လျှပ်စီးထုတ်နိုင်တာလဲ။ ပြီးတော့ အဲဒီလျှပ်စီးက သန်မာပြီး သူတို့အကုန်လုံးကို သတ်နိုင်တာပဲ။
“အဲတော့ မင်းတို့ တစ္ဆေကြင်ယာတော်ကို သစ္စာခံထားတာပေါ့ မင်းတို့ ဆန္ဒကို ဖြည့်ပေးလိုက်မယ်” ရှီမာယူယူသည် ခရမ်းလေးကို ပွတ်သပ်လိုက် သည် “မင်းတို့အတွက် ငါ့မှာ အချိန်မရှိဘူး မြန်မြန်ပဲ အဆုံးသတ်လိုက်တာပေါ့”
သူမသည် ခရမ်းလေးကို လေထဲသို့ပစ်လိုက်ရာ ခရမ်းလေးသည် ပျင်းရိစွာ ဖြင့် ခန္ဓာကိုယ်အကြောဆန့်လိုက်သည်။
“မြောင်”
“မြောင်”
သူ မျက်လုံးပွင့်လာပြီး ထိုအရိပ်မည်းများကို မပျော်မရွှင်စွာ ကြည့်လိုက် သည်။
“မင်းတို့လို စွမ်းအားမရှိတဲ့ လက်တောက်လောက်လေးတွေကြောင့် ငါ ကောင်းကောင်းမအိပ်ရဘူး သွားသေလိုက်ကြတော့”
သူ လက်သည်းနှင့် ညွှန်လိုက်သည်နှင့် လေထဲတွင် တိမ်တိုက်မည်း အစု လိုက်သည် စတင်စုစည်းလာသည်။
ထိုအရာမှ မိုးကြိုးစွမ်းအားကို ခံစားမိသော်လည်း တိမ်တိုက်မည်းနှင့် မိုးကြိုးတိမ်တိုက်များမှာ မတူညီကြပေ။ ထိုတိမ်တိုက်သည် လူများကို အလိုရှိ သလို ပိတ်လှောင်ထားနိုင်သည်။
“မကောင်းတော့ဘူး ငါတို့ ပိတ်မိနေကြပြီ အဲဒါက ဘေးဒုက္ခတိမ်တိုက် မဟုတ်ဘူး အားလုံးပဲ လူခွဲပြေးကြ”
တခြားသူများ မှင်တေတေနှင့် ရပ်နေချိန်တွင် လူတစ်ယောက် အော် လိုက်သည်နှင့် အားလုံးသည် အဘက်ဘက်သို့ ပြေးကြလေသည်။
“ဟင်း ထွက်ပြေးဖို့ စဉ်းစားနေတာလား” ခရမ်းလေးသည် အလောမကြီး ပေ။ သူနှာမှုတ်ပြီး လက်သည်းကိုဝေ့ယမ်းလိုက်သည်နှင့် ကောင်းကင်မှ အမှောင်တိမ်တိုက်များမှာ ကွဲသွားပြီး ထွက်ပြေးကြသောလူများနောက်သို့ လိုက်ကြလေသည်။
“အာ.. နောက်ကလိုက်နေတယ်” အနက်ဝတ်လူသည် သွေးရူးသွေးတန်း ပြေးနေရင်းနှင့် ခေါင်းပေါ်မှ တိမ်တိုက်မည်းများကို ကြည့်ပြီးအော်လေသည်။
သူတို့သည် ဝိညာဉ်စွမ်းအင်ဖြစ်စေ အားကောင်းသော ပြိုင်ဘက်ဖြစ်စေ မကြောက်တတ်ပေ။ သို့သော် မိုးကြိုးနှင့်တွေ့လျှင်တော့ မတည်ငြိမ်နိုင်တော့ ပေ။
တချို့လူများသည် ဝိညာဉ်စွမ်းအင်စုစည်းပြီး အမှောင်တိမ်တိုက်များ ပျောက်ကွယ်သွားစေရန် တိုက်ခိုက်ကြသည်။ သို့သော် အသုံးမဝင်ပေ။
မှားသည်.. တိမ်တိုက်မည်းသည် သူတို့၏စွမ်းအားများကို စုပ်ယူပြီး ပိုပိုပြီး ကြီးမားလာသည်။
“ရွှမ်း”
မိုးကြိုးသည် ထိုလူများကို မလွဲတမ်းပစ်ချလိုက်သည်။ သူတို့သည် တုံ့ပြန် ရန်အခွင့်အရေးပင် မရလိုက်ဘဲ ချက်ချင်းပင် မီးသွေးမည်းဖြစ်သွားလေသည်။
ထိုအဖြစ်သည် လူအများအပြားကို ဆွဲဆောင်စေပြီး ထိုမြင်ကွင်းကြောင့် အားလုံး မှင်တက်ကုန်ကြသည်။
“ဒါက ဘေးဒုက္ခတိမ်တိုက်မလား ဒီလောက်အားကောင်းတာလား”
“ဒါက ဘေးဒုက္ခတိမ်တိုက်မဟုတ်ဘူး.. ဘေးဒုက္ခတိမ်တိုက်ရဲ့ အရှိန်အဝါ မရှိဘူး.. ဒါပေမဲ့ ဘေးဒုက္ခတိမ်တိုက်ထက်တောင် အားကောင်းသေးတယ်”
ဘေးဒုက္ခတိမ်တိုက်ဆိုလျှင်တောင် သူတို့၏ စွမ်းအားနှင့် တစ်ကြိမ် နှစ် ကြိမ်တော့ ခုခံနိုင်သေးသည်။ ထိုအမှောင်တိမ်တိုက်သည် သေးငယ်သော် လည်း တစ်ချက်တည်းနှင့် သတ်ပစ်လိုက်နိုင်သည်။
သူတို့ ပြောသည့်စကားများကို ကြားပြီးနောက် ခရမ်းလေး နှာမှုတ်လိုက် သည်။ ထိပ်တန်းခရမ်းရောင်လျှပ်စီးအနေနဲ့ ဆင့်ခေါ်ထားတဲ့ မိုးကြိုးဘေးဒုက္ခနဲ့ ဘယ်လိုယှဉ်လို့ရမှာလဲ။
အဝေးရှိ တောင်တစ်တောင်တွင် တောင်ထိပ်သစ်ပင်အိုကြီးအောက်တွင် ကောင်လေးတစ်ယောက် ထိုင်ကာ လက်ထဲမှ သစ်ကြားခွံများကို ပစ်ရင်းနှင့် အဖြစ်အပျက်များကို ကြည့်နေသည်။
“အမလေး ဒီလောက် အကြာကြီးစောင့်ပြီးတဲ့နောက်တော့ ဒီကိုရောက် လာပြီပဲ” သူသည် အော်လိုက်ပြီး အောက်သို့အကြည့်မပျက်ဘဲ သစ်ပင်ပေါ် မှခုန်ဆင်းပြီး မရဏာခြင်္သေ့ပေါ်သို့ ဆင်းသက်လိုက်သည် “သွားမယ် သူမကို သွားရှာမယ်”
“ဝေါင်း”
မရဏာခြင်္သေ့ မာန်ဟိန်းလိုက်ပြီး တိမ်တိုက်မည်းများဆီသို့ ပြေးသွား သည်နှင့် ကောင်လေးသည် လက်များကို ပျော်ရွှင်စွာ ဝေ့ယမ်းလေသည်။
“ရှာတွေ့ပြီ ရှာတွေ့ပြီ နောက်ဆုံးတော့ ရှာတွေ့ပြီ ဟူး.. ဒီမိန်းကလေးက လည်း ရှာရတာခက်လိုက်တာ”
ရှီမာယူယူသည် တစ်ယောက်ယောက် သူမဆီသို့ ပြေးလာသည်ကို မသိ ပေ။ ထိုအခိုက်တွင် သူမသည် အလောင်းများအားလုံးကိုကြည့်ပြီး ကြောင်အမ်း အမ်းဖြစ်နေသည်။
ဒီမှာ ဘယ်ရှားပါးရတနာမှ မရှိဘဲနဲ့ တစ္ဆေကြင်ယာတော်က ဒါတွေ အကုန် စီစဉ်ထားပြီး သူမကိုသတ်ဖို့အတွက်နဲ့ မျှားခေါ်လိုက်တာလား။
***