လူငယ်လေး
Vol. 139 Ch. 1944
ခေတ္တမျှစဉ်းစားပြီးနောက် မဖြစ်နိုင်လွန်းဟု သူမ ခံစားရသည်။
အကယ်၍ တစ္ဆေကြင်ယာတော်သာ သူမကို သတ်ချင်ပါက ဤကဲ့သို့ အားစိုက်ထုတ်နေစရာမလိုပေ။ သူမ ရှိနေသည့်နေရာကို သိသည်နှင့် သတ် လိုက်မည်ဖြစ်သည်။
တစ်ဖက်တွင် ပြဿနာမှရှောင်လွှဲရန်အတွက် သိုသိုသိပ်သိပ်နေသည်က အကောင်းဆုံးပင်ဖြစ်သည်။
ဒါပေမဲ့ ဒီလူတွေက…
သူမသည် ပတ်ပတ်လည်မှလူများကို ကြည့်လိုက်ရာ ခေါင်းဆောင်ကို တွေ့လေသည်။ သူ၏ ခန္ဓာကိုယ်သည် တောင့်နေဆဲဖြစ်သည်ကို မြင်သည်နှင့် သူ့စိတ်အတွင်းသို့ ဝင်လိုက်သည်။
အမှန်တကယ်ပင် တစ္ဆေလက်ငါးပါးပြောသလိုပင်ဖြစ်သည်။ သူသည် သူတို့ ဤနေရာတစ်ဝိုက်တွင်ရှိနေခြင်းကြောင့်သာ ရောက်လာခြင်းဖြစ်သည်။
သူမ နန်းတော်မှ ထွက်သွားသည်ကို တစ္ဆေကြင်ယာတော် သိသည်မှာ ကြာပြီဖြစ်သည်။ တစ္ဆေကြင်ယာတော်သည် သူမကိုသတ်ရန် လူများလွှတ် လိုက်သော်လည်း သူမကို လိုက်မမိပေ။ နောက်ပိုင်းတွင် သူမ မိုမျိုးနွယ်ကို သွား သည်ဟုသိသည်နှင့် ထွက်လာသည့်အချိန်ကိုသာ စောင့်နေခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်လုံးလုံး စောင့်နေလိမ့်မည်ဟု မည်သူထင်မိမှာမည်နည်း။
သည်တစ်ကြိမ် သူမ သတင်းရလိုက်ချိန်တွင် သူမသည် ဝူရှန်းမြို့တော်မှ ထွက်သွားနှင့်ပြီးဖြစ်ကာ ဤနေရာသို့ ဦးတည်လာနေပြီဖြစ်သည်။ သူမကို ဤ ကဲ့သို့အချိန်တိုအတွင်း ရှာနိုင်သည်မှာ ထိုလူများသည် သာမန်မဟုတ်သည်ကို ပြသနေသည်။
တစ္ဆေကြင်ယာတော်သည် သူမကို လျော့တွက်နေသေးသည်က နှမြော စရာပင်ဖြစ်သည်။
“ဒါက မင်းသမီးလေးရှီမာယူယူဆိုတာလား”
“ဟုတ်တယ်.. လျှပ်စီးကို ဒီလောက် လွတ်လွတ်လပ်လပ်သုံးနိုင်တာ မင်းသမီးလေးကလွဲပြီး ဘယ်သူရှိသေးလို့လဲ”
“မင်းသမီးလေးလည်း ဒီကိုလာမယ်လို့ ဘယ်သူထင်ထားမှာလဲ”
“အဲလူတွေက မင်းသမီးလေးကို သတ်ချင်တာလား… သူတို့တွေက ဘယ်သူတွေလဲ.. အတင့်ရဲလိုက်ကြတာ.. အရှင်က သူတို့မျိုးနွယ်ကို နှိမ်နင်း လိုက်မှာကို မကြောက်ဘူးလား”
“ဟားဟား အရှင့်ကို ဆန့်ကျင်ရဲတဲ့သူ.. မင်းသမီးလေးကို သေအောင် သတ်ချင်နေတဲ့သူ.. အဲလူကလွဲပြီး ဘယ်သူဖြစ်နိုင်ဦးမှာလဲ”
“အာ.. ဘယ်သူလဲဆိုတာကို သိရင်တောင် ပြောဖို့မလိုတော့ဘူး.. တစ် ယောက်ယောက်ကြားသွားရင် ဘယ်လိုသေမှန်းမသိ သေသွားမှာကို မကြောက် ဘူးလား”
“ဘာကြောက်ဖို့လိုလို့လဲ.. အဲလူတွေက အခု ဒီကိုလာရဲလို့လား”
ရှီမာယူယူရှိနေသဖြင့် ထိုလူများလာလျှင်လည်း မိုးကြိုးထိမှန်မည်ဖြစ် သည်။ သူတို့သာ ဉာဏ်ရှိပါက ထွက်ပြေးပြီး အဝေးတွင် ပုန်းနေသင့်သည်။ ထိုမှ သာလျှင် ယခုထက် ပိုလုံခြုံပေလိမ့်မည်။
“ဘုန်း ဘုန်း”
ကျယ်လောင်သော ပေါက်ကွဲသံထွက်လာရာ ထင်မထားသောလူများ သည် ထိတ်လန့်ကုန်ကြသည်။
“ဘာတွေဖြစ်နေကြတာလဲ.. အဲဒီအသံက ဘာလဲ”
“မရဏာသားရဲတွေဘက်မှာ အပြောင်းအလဲကြီးရှိတဲ့ပုံပဲ”
အားလုံး လှည့်ကြည့်လိုက်ရာ သူတို့ဆီသို့ လှိမ့်တက်လာသော ဖုန်မှုန့်လုံး ကြီးကို မြင်လိုက်ချိန်တွင်တော့ ကြောက်လွန်းသဖြင့် ဒူးများပင် ခွေကျသွား တော့သည်။
“သားရဲစီးကြောင်း ဒါသားရဲစီးကြောငး်ပဲ”
“သားရဲစီးကြောင်းက ဘယ်လိုလုပ် ရုတ်တရက်ပေါ်လာတာလဲ ပြီးတော့ ငါတို့ဆီကို တည့်တည့်လာနေတယ်”
“ဘာတွေဖြစ်နေတာလဲ ခုနက မိုးကြိုးသွားကြောင့်လား”
“အရူး မိုးကြိုးကြောင့်ဆိုရင် သူတို့က ဒီကနေအဝေးကိုသွားပုန်းနေ လောက်ပြီ”
“ဟုတ်တယ် မရဏာသားရဲတွေက မိုးကြိုးကိုကြောက်ကြတယ်”
“ဒါဆိုရင် သူတို့က ဒီနေရာကို ဘာလို့ပြေးလာကြတာလဲ”
“ဘယ်သူသိမှာလဲ မိုးနတ်မင်းရေ အများကြီးပဲဟ.. ဒီမှာဘာလုပ်ဖို့ ရပ်နေ ကြတာလဲ မပြေးကြဘူးလား”
အားလုံးသည် ဤနေရာသို့ ရတနာလာရှာကြသော်လည်း ဤကဲ့သို့ အခြေအနေမျိုးတွင် မည်သူမှ မနေရဲကြပေ။ အရင်ပြေးပြီး နောက်မှ စကား ပြောရမည်။ သားရဲစီးကြောင်းပြီးမှ ပြန်လာရမည်။
‘ပြေး’ ဆိုသည့် စကားလုံးသည် ပွဲလာကြည့်သူအားလုံးကို လှုပ်နှိုးလိုက် သလိုဖြစ်ပြီး အဘက်ဘက်သို့ ပြေးကြလေသည်။ ရှီမာယူယူ ရပ်နေဆဲဖြစ်နေ သည်ကို တွေ့သောအခါ သူတို့ အော်ကြလေသည် “မင်းသမီးလေး သားရဲ စီးကြောင်းလာနေပြီ ဘာလို့မပြေးတာလဲ”
ရှီမာယူယူ သူတို့ကို ပြုံးပြီး ပြောလိုက်သည် “စိတ်မပူနဲ့”
ထိုလူသည် မှင်တက်သွားသည်။ သူသည် သူမ၏ အပြုံးကြောင့် လွှမ်းမိုးခံ လိုက်ရသည်လား.. မဟုတ်လျှင် ယုံကြည်မှုကြောင့် လွှမ်းမိုးခံလိုက်ရသည်လား မသိပေ။ သူ သူမကို နှစ်ခါပြန်ကြည့်ပြီး သူမ ထွက်သွားရန် ရည်ရွယ်ချက်မရှိ သည်ကို တွေ့သည်နှင့် နောက်ဆုံးတွင် ထွက်သွားလိုက်သည်။
သူမတွင် ခရမ်းရောင်ကြောင်လေး ရှိသဖြင့် အဆင်ပြေသည်။ အနည်းဆုံး တော့ သူမဘာသာ ဂရုစိုက်နိုင်သည်။
ရှီမာယူယူသည် တစ်ချက်တည်းခုန်ပြီး တောင်ထိပ်သို့ ရောက်လာသည်။ သူမသည် ဖုန်မှုန့်လုံးကြီးကို မြင်သောအခါ သည်တစ်ကြိမ် သားရဲစီးကြောင်း သည် အလွန်ကြီးမားသည်ကို သိလိုက်ရသည်။
နားမလည်စရာပင်။ အဲဒီဘက်မှာ တိုက်ပွဲဖြစ်နေတာ သေချာနေတယ်။ အဲဒါကို ဘာလို့ မရဏာသားရဲတွေက ဒီဘက်ကို ပြေးလာကြတာလဲ။
“ယူယူ လူတစ်ယောက်လာနေတယ်” ခရမ်းလေးသည် သူမ၏ ရင်ခွင်ထဲ မှ တွားသွားထွက်လာပြီး သားရဲစီးကြောင်းဘက်ဆီသို့ ကြည့်ပြီး ပြောလေ သည်။
“သေချာလား” ရှီမာယူယူ မေးလိုက်သည်။
“အင်း တကယ်သူမတူတဲ့ ရောင်ဝါကို ခံစားမိတယ်” ခရမ်းလေးသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။
“ဒီတစ်ခေါက် အခြေအနေက တစ်ယောက်ယောက် ထိန်းချုပ်တာခံရတဲ့ ပုံပဲ” သားရဲစီးကြောင်းသည် နီးနီးလာသည်ကို ရှီမာယူယူမြင်လိုက်ရသည် “ဒါဆို ဒီတစ်ခေါက် အရှုပ်အထွေးမှာ ဘယ်သူတာဝန်ရှိလဲလို့ ငါတို့ ကြည့်သင့် တာပေါ့”
သားရဲစီးကြောင်းသည် အမြန်ရောက်လာရာ ထိုမရဏာသားရဲများ၏ ပုံရိပ်များကို ရှင်းလင်းစွာ မြင်ရလာသည်။ ထင်ထားသည့်အတိုင်းပင် သားရဲ စီးကြောင်းသည် ရုတ်တရက် ရပ်တန့်သွားသည်။
တစ်ခုခုထူးခြားနေပြီကို အားလုံးသိလိုက်ကြသဖြင့် အရှိန်လျှော့လိုက်ကြ သည်။ သူတို့သည် အဖြစ်အပျက်များကို ကြည့်ချင်ကြသည်။
“သူတို့ကို တစ်ယောက်ယောက်ကတော့ တားလိုက်ပြီ” ခရမ်းလေး ပြော လိုက်သည် “ဒါပေမဲ့ ယူယူ သွားကြည့်တာ ပိုကောင်းလိမ့်မယ်”
“ဘာဖြစ်လို့လဲ”
“ခြင်္သေ့ပေါ်မှာ ထိုင်နေတဲ့သူက ကလေးတစ်ယောက်ပဲ”
သူသည် ကလေးတစ်ယောက်ဆိုသော်ငြား မရဏာသားရဲများကို ထိန်းချုပ်နိုင်သည်။ သူမ ချက်ချင်းပင် ထိုလူကိုသိလိုက်သည်။
ဒဏ္ဍာရီလာနဂါးအမိန့် ကိုင်ဆောင်ထားသူ…
ယခု တစ်ယောက်ယောက် တားလိုက်သည်မှာ ဤသားရဲများကို သူထိန်း ချုပ်နေကြောင်းကို သိသွားသလို သူ့သရုပ်မှန်ကိုလည်း သိသွားသည်ကို သက်သေပြနေသည်။ သူ့ကို တားသူများမှာ ဒဏ္ဍာရီနဂါးအမိန့်ကြောင့် ရောက် လာခြင်းဖြစ်သည်ဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။
“ဒီကလေးက ပြဿနာပဲ” ခရမ်းလေး ပြောလိုက်သည် “ပြီးတော့ အဲလူ တွေက အရမ်းအားကောင်းကြတယ်”
“သွားကြည့်ကြတာပေါ့”
ရှီမာယူယူသည် ခရမ်းလေးကို ပွေ့ပြီး ထိုနေရာသို့ ပျံသွားလိုက်သည်။ လူတစ်စုသည် ကောင်လေးတစ်ယောက်ကို ဝိုင်းနေသည်ကို သူမ မြင်လိုက်ရ သည်။
ကောင်လေးသည် မရဏာခြင်္သေ့ကျောပေါ်တွင် ထိုင်နေသည်။ သူသည် သူ့ရှေ့မှလူကိုမြင်သောအခါ မျက်လုံးများမှာ ဒေါသများဖြင့် ပြည့်နှက်သွား သည်။ သူသည် လက်ထဲမှ သစ်ချသီးအခွံများကို ပစ်ပြီး အော်လိုက်သည် “ငါ လူရှာစရာရှိသေးတယ် ဘာလို့ ငါ့လမ်းကိုလာပိတ်နေတာလဲ”
“ကောင်လေး ဒဏ္ဍရီနဂါးအမိန့်ကို ပြေး မင်းကို ဘာပြဿနာမှမရှာဘူး” ရှေ့မှလူသည် သူ့မျက်နှာကို တခြားသူများ မမြင်စေရန် မျက်နှာကိုအုပ်ထား သည်။
အမှန်ပင်။ သူသည် ဒဏ္ဍာရီနဂါးအမိန့်ကို လုနိုင်ပါက တစ္ဆေလောက တစ်ခုလုံး၏ ပစ်မှတ်ဖြစ်သွားမည်။ သို့သော် သူသည် အရှုပ်ထုတ်ရလိုက်ခြင်း မဟုတ်ဘဲ ရတနာတစ်ပါးရလိုက်ခြင်းသာဖြစ်သည်။
“မရဘူး ဒဏ္ဍာရီနဂါးအမိန့်က ငါ့ဟာပဲ.. မင်းတို့အားလုံးက မကောင်းတဲ့ လူတွေ ငါ့ဒဏ္ဍာရီနဂါးအမိန့်ကိုပဲ လုချင်နေကြတာ.. ဟင်း မင်းတို့ကို ပေးစရာ အကြောင်းမရှိဘူး” ကောင်လေးသည် မရဏာခြင်္သေ့ ကျောပေါ်တွင် ရပ်နေ သည်။ သူသည် လက်တစ်ဖက်ကို ခါးထောက်ထားပြီး နောက်တစ်ဖက်ဖြင့် လက်ညှိုးထိုးလိုက်သည် “သွား သူတို့ကိုစားလိုက်”
“ဝေါင်း”
မရဏာသားရဲများ အပြုံလိုက်တက်သွားသည်။ သို့သော် သူတို့သည် လည်း သာမန်လူများမဟုတ်ကြပေ။ သူတို့သည် လူနည်းစုဖြစ်သော်လည်း အားကောင်းကြသည်။ ထိုမျှများပြားလှသော မရဏာသားရဲများနှင့် ရင်ဆိုင်ရ သော်လည်း ချက်ချင်း အသတ်မခံရပေ။ ထိုအစား သူတို့သည် ကျွမ်းကျင်စွာပင် ကိုင်တွယ်နိုင်လေသည်။
“ဒီမရဏာသားရဲတွေကို ထိန်းချုပ်နိုင်တာနဲ့တင် ရပြီလို့ထင်နေတာလား မင်းက ဒဏ္ဍာရီနဂါးအမိန့်ရဲ့ အားကိုတစ်ခါမှမရဖူးဘူး.. မင်းလက်ထဲမှာဆို အလကားပဲဖြစ်မှာ လိမ်လိမ်မာမာနဲ့ပဲ ပေးလိုက်တော့”
“အိပ်မက်မက်နေလိုက်” ကောင်လေးသည် မျက်လုံးမှိတ်လိုက်သည်နှင့် သူ့ဘေးမှ လေထုသည် သူနှင့်အတူ ငြိမ်သက်သွားသလိုပင်။ တစ်ခဏအတွင်း မှာပင် သူ ရုတ်တရက် မျက်လုံးများပွင့်လာသည်နှင့် သူနှင့်အတူ ချောက်ထဲမှ တက်လာသော သားရဲများသည် စတင်မာန်ဟိန်းတော့သည်။
“အံ့ဖွယ်စံတင်သားရဲ” သူတို့ မျက်နှာမှ အမူအရာများသည် ချက်ချင်းပင် ပြောင်းသွားကြသည်။ သူ အံ့ဖွယ်စံတင်သားရဲကိုပင် ထိန်းချုပ်နိုင်လိမ့်မည်ဟု ထင်မထားပေ။
“မင်းတို့သာ ဉာဏ်ရှိရင် ဘေးဖယ်နေလိုက် ငါက မိုးကြိုးထုတ်နိုင်တဲ့လူ ဆီသွားမလို့.. ငါ လူရှာတာကို တားရင် မင်းတို့အကုန်လုံးကို အခုပဲ သတ်ပစ် လိုက်မှာ” လူငယ်လေးသည် ခြိမ်းခြောက်လေသည်။
အံ့ဖွယ်စံတင်သားရဲများ၏ ရောင်ဝါထွက်လာသည်မှာ သူတို့သာ မနာခံ လျှင် ချက်ချင်းပင် ပြေးလာမည်ဟု ပြသနေသလိုပ်င။ အတန်ကြာ တွေဝေပြီး နောက်တွင် သူတို့သည် သူတို့လူများကိုခေါ်ပြီး ထွက်သွားလေသည်။
ဒဏ္ဍာရီနဂါးအမိန့်မှာ အရေးကြီးသည်။ သို့သော် သူတို့အသက်မှာ ပို အရေးကြီးသည်။ သည်တစ်ခေါက်တွင် သူတို့ လူလုံလောက်အောင် မခေါ်ခဲ့ရ ပေ။ နောက်တစ်ခါတွင်တော့ သေချာပေါက် လူလောက်အောင် ခေါ်ရမည်။
***