ကျောင်းအုပ်ကြီးဟောင်း၏ သတင်း
Vol. 139 Ch. 1945
ရှီမာယူယူသည် သူ ပြောလိုက်သည့် စကားကိုကြားသောအခါ သင်္ကာမကင်းဖြစ်သွားသည်။
မိုးကြိုးကိုထုတ်တဲ့လူ ဟုတ်လား။ သူက သူမအကြောင်းပြောနေတာ တော့ မဟုတ်လောက်ပါဘူးနော်။
အဲလူတွေ ပြောသလိုပဲ သူ တစ်ချိန်လုံးရှာနေတာက သူမပဲလား။ မဟုတ် လောက်ပါဘူးနော်။
ရှီမာယူယူ သတိပြန်မကပ်ခင်မှာပင် ကောင်လေးသည် ရုတ်တရက် ခြင်္သေ့ပေါ်မှ ခုန်ဆင်းကာ သူမဆီသို့ ပြေးလာသည်။ သူ ခေါင်းမော့ပြီး သူမကို ကြည့်လေသည် “မိန်းကလေး မင်းက အဲဒီဘက်ကလာတာဆိုတော့ မိုးကြိုး ထုတ်တဲ့လူကို တွေ့မိသေးလား”
“မင်းက ငါ့ကိုမကြောက်ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
ခုနကကျ အဲလူတွေကို အရမ်းသတိထားနေပြီးတော့ သူမဆီကျ ဘာလို့ ဒီလောက်လွယ်လွယ်နဲ့ ပြေးလာတာလဲ။
“မင်းက ငါ့ကို သတ်ဖို့ကြိုးစားနေတာမှမဟုတ်တာ ဘာလို့ ကြောက်ရမှာ လဲ” ကောင်လေး ပြောလေသည် “မိုးကြိုးကို ဘယ်သူပစ်လွှတ်လိုက်လဲဆိုတာ ပြောပြရင် မင်းကို သစ်ချသီးတွေပေးမယ်လေ ဘယ်လိုလဲ”
ပြောပြီးနောက် သူသည် သစ်ချသီးတချို့ထုတ်ကာ ရှီမာယူယူ၏ လက်ထဲသို့ ထည့်လိုက်သည်။
ရှီမာယူယူသည် သူ့လက်ထဲမှ သစ်ချသီးများကိုမြင်သောအခါ မြစ်ဘေး တွင် တွေးခဲ့သည့် သစ်ချသီးများနှင့် တူသည်ကို သိလိုက်ရသည်။
သူမသည် သစ်ချသီးများကိုယူပြီး မစားဘဲနှင့် လက်ထဲ၌ပင် ကိုင်ထားပြီး မေးလိုက်သည် “မင်း သိချင်တာကို ငါ ပြောပြလို့ရတယ်.. ဒါပေမဲ့ သူမကို ဘာလို့ရှာတာလဲဆိုတာ ငါ့ကိုအရင်ပြောဦး.. မင်းက ဒီလောက် အကြီးအကျယ် တွေ ပြဿနာရှာထားတာ သူမကို ရှာဖို့အတွက်ပဲလား”
“ဟုတ်တယ်” ကောင်လေး ခေါင်းညိတ်လေသည် “မင်းက ငါ့သစ်ချသီး တွေယူပြီးသွားပြီဆိုတော့ သူမ ဘယ်မှာလဲဆိုတာ မြန်မြန်ပြောတော့”
“သူမကို ဘာလို့ရှာချင်တာလဲဆိုတာ မင်းငါ့ကိုမပြောရသေးဘူး” ရှီမာယူယူ ပြောလိုက်သည်။
“သူမကို အသက်တစ်ချောင်းကယ်ခိုင်းမလို့” ကောင်လေး ပြန်ဖြေလေ သည်။
“အသက်ကယ်ခိုင်းမယ်ဟတု်လား.. သူမကို ဘာလို့အသက်ကယ်ခိုင်း မှာလဲ.. မင်းနဲ့ သူမက တစ်ခါမှမတွေ့ဖူးကြတာ သူမက မင်းကိုကယ်ပေးမယ်လို့ ဘယ်လိုသိမှာလဲ”
“ဘာလို့လဲဆိုတော့…” ကောင်လေးသည် ရုတ်တရက် တုံ့ပြန်ပြီး ခေါင်းခါ လေသည် “ငါ မင်းကိုမပြောနိုင်ဘူး အဲလူက ဘယ်မှာလဲဆိုတာ မြန်မြန်ပြော တော့.. သူတို့တွေ သွားကြတော့မယ်.. သူမကို ရှာဖို့ နည်းလမ်းကိုတောင် ခက်ခက်ခဲခဲစဉ်းစားထားတာ”
ရှီမာယူယူသည် သူ မျက်မှောင်ကြုတ်ပုံကိုမြင်သောအခါ သူ အလောကြီး နေသည်ကို သိလိုက်ရသဖြင့် သူ့ကို မစနောက်တော့ဘဲ ပြောလိက်သည် “ငါက မိုးကြိုးပစ်လွှတ်တာပဲ ငါက မင်းရှာနေတဲ့လာပဲ အခု ပြောလို့ရပြီလား”
“မင်းလား” ကောင်လေးသည် နောက်သို့ ခြေလှမ်းနှစ်လှမ်းဆုတ်ပြီး သူမ ကို ခေါင်းအစခြေအဆုံးစစ်ကြည့်လေသည်။ “မင်းက သူများတွေပြောတာနဲ့ မတူဘူး.. တကယ်ပဲ မိုးကြိုးပစ်လွှတ်တဲ့လူဟုတ်ရဲ့လား”
ရှီမာယူယူသည် မိုးကြိုး ပစ်လွှတ်ပြလိုက်သည်။ သူမလက်ထဲမှ ထိုးထွက် သွားရာ ကောင်လေးသည် အလွန်ပင် ပျော်သွားလေသည်။
“ဝါး.. တကယ်ပဲ မင်းကိုရှာတွေ့ပြီ ရွှတ် ရွှတ် မင်းကိုရှာရတာ တော်တော် ကြာသွားတယ်.. ငါတောင် သေတော့မလို့” ကောင်လေးသည် ငိုရင်းနှင့် ပြော လေသည်။ ရှီမာယူယူ သူ့ကို တားလိုက်ခြင်းကြောင့်သာမဟုတ်လျှင် သူသည် သူမ အပေါ်သို့ ခုန်တက်နေလောက်ပြီဖြစ်သည်။
ရှီမာယူယူသည် သူ့ကို နားမလည်စွာ ကြည့်လိုက်သည်။ သူ အငိုရပ်သည် နှင့် သူမ မေးလိုက်သည် “ငါက မင်းကိုကယ်နိုင်ပါတယ်လို့ ဘယ်သူက ပြော လိုက်တာလဲ”
“ငါ့ရဲ့ ဒုတိယဆရာလေ.. သူက အရမ်းကိုအားကောင်းတဲ့ ဂမ္ဘီရပညာရှင်ပဲ” ကောင်လေး ပြောလေသည် “မင်းကပဲ ငါ့ကိုကယ်နိုင်မယ်လို့ သူပြောလိုက်တာ”
“ဘာလို့ မင်းကို ငါကကယ်ရမှာလဲ” ရှီမာယူယူသည် ခရမ်းလေးကို ဖက် ထားရင်းနှင့် သူ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ မေးလိုက်သည်။
“မင်းကို ဒါပြလိုက်တာနဲ့ မင်း သဘောတူမှာပါလို့ လူတစ်ယောက်က ပြောလိုက်တယ်” ကောင်လေးသည် ကျောက်စိမ်းပြားတစ်ခုထုတ်ပြီး ရှီမာယူယူအား ပေးလိုက်သည်။
ရှီမာယူယူသည် ကျောက်စိမ်းပြားကို မြင်သောအခါ ချက်ချင်းပင် မှင်တက်သွားသည်။ သူမ ယူပြီး အနီးကပ်စစ်ဆေးကြည့်သည် “ဒါ မင်းကို ဘယ်သူပေးတာလဲ”
“ငါ့ဆရာရဲ့ဘေးကလူပဲ.. မင်းကို တွေ့တာနဲ့ ဒါကိုပြလိုက်လို့ရတယ်လို့ သူ ပြောလိုက်တာ.. သူ ဘေးကင်းတယ်ဆိုတာကိုလည်း မင်းကိုပြောပေးစေချင် တယ်တဲ့... ဒါပေမဲ့ အချိန်တစ်ခုလောက်တော့ သူ ပြန်မလာဘူးတဲ့” ကောင်လေးသည် သူမအား မျှော်လင့်တကြီး ကြည့်လေသည် “မင်း ငါ့ကို ကူညီ မယ်မလား”
ရှီမာယူယူ မျက်ရည်များကျလာသည် “အင်း ကူညီမယ်”
“ကျေးဇူးတင်ပါတယ်” ကောင်လေးသည် ပျော်ရွှင်စွာ ခုန်ပေါက်ကာ သစ်ချသီးများထပ်ထုတ်ပြီး သူမကို ပေးလိုက်သည် “မင်းကို သစ်ချသီးတွေ ထပ်ပေးမယ်”
သူ ပျော်သွားသည်ကို မြင်သောခါ ရှီမာယူယူသည် လက်ထဲမှ ကျောက်စိမ်းပြားကို ငုံ့ကြည့်ရင်းနှင့် မျက်ရည်များကျလာသည်။
သူ အဆင်ပြေနေတယ်.. အချိန်တစ်ခုလောူက် ပြန်မလာနိုင်ဘူးလို့ပဲ ပြောလိုက်တာပဲ။
နှစ်တွေအများကြီး ကြာပြီးမှ သူ့သတင်းကို ပြန်ရလာပြီပဲ။
“ဆရာဦးလေး.. ဆရာဦးလေး သတင်းပါးလိုက်တာကို ဆရာသိရင်တော့ သူ ဘယ်လောက်ပျော်လိုက်မလဲ” သူမသည် တိုးညင်းစွာ ရေရွတ်လိုက်သည်။
ကျောက်စိမ်းပြားသည် ကောင်းကင်ဂိုဏ်း၏ ကျောင်းအုပ်ဟောင်း၊သူမ၏ ဆရာဦးလေး ယွင်ရှောင်ကျယ်၏ ပစ္စည်းဖြစ်သည်။ ထိုကျောက်စိမ်းပြားပေါ်မှ ရင်းနှီးသောရောင်ဝါကို အာရုံခံမိရာ မရေမတွက်နိုင်သော အမှတ်တရများကို သတိရသွားသည်။ သူမ ရှုဂျင်းနှင့် ထွက်လာကတည်းကပင် သူတို့၏ သတင်းကို မရခဲ့ပေ။ ဤထူးဆန်းသော ကောင်လေးသည် ဤအထောက်အထားပစ္စည်းနှင့် သူမကို ရှာနိုင်လိမ့်မည်ဟု ထင်မထားပေ။
ရှီမာယူယူသည် သူတို့ပတ်ပတ်လည်မှ မရဏာသားရဲများကို မြင်သော အခါ ပြောလိုက်သည် “မင်း ငါ့ကိုရှာတွေံမှတော့ ဒီမရဏာသားရဲတွေကို ပြန် ခိုင်းလိုက်ပါ”
ကောင်းလေးသည် ငြိမ်ကျသွားကာ ပြောလေသည် “ဟုတ်ပါတယ်လေ မင်းတို့ ပြန်ကြတော့”
“ဝူး”
“ဝေါင်း”
မရဏာသားရဲများသည် မျိုးစုံသောအသံများထွက်ပြီး ပြန်ဖြေလေသည်။ ထို့နောက် သူတို့ လှည့်ထွက်သွားလေသည်။
“ဟုတ်ပြီ” ကောင်လေးသည် လက်ခုပ်တီးကာ ရှီမာယူယူရှေ့သို့ ခုန် ရောက်လာသည် “ငါ့နာမည်က ဖူရှီ မင်းနာမည်ကရော”
“မင်းက ငါ့နာမည်ကိုမသိဘူးလား”
“မသိဘူး ဒုဆရာက ငါ့ကိုမပြောဘူး.. သူက မင်းတို့ကမ္ဘာကို ငါ့ကိုလွှတ် ပြီး မင်းက မိုးကြိုးသုံးနိုင်တယ်၊ ငါ့ကိုကယ်နိုင်တယ်လို့ပဲ ပြောလိုက်တာ.. တခြား ဘာမှမပြောလိုက်ဘူး” ဖူရှီ ပြောလေသည် “ဒုဆရာက လျှို့ဝှက်ဆန်း ကြယ်သလို ဟန်ဆောင်ရတာကို ကြိုက်တာလေ.. သူက အမြဲတမ်း မရေမရာ ပြောတာ.. မင်း ဘယ်သူလဲဆိုတာ သူ ပြောလိုက်ရင် မင်းကိုရှာဖို့ ဒီလောက် ဒုက္ခခံနေရမှာလား.. ကောင်းကင်ရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို မထုတ်ဖော် ရဘူးဆိုတဲ့ စကားတွေ ပြောရတာကိုကြိုက်တာလေ.. ဒါပေမဲ့ အဲဒါအကုန် ဟန်ဆောင်တာတွေပဲ”
ရှီမာယူယူသည် သူဒေါသထွက်နေသည့် အမူအရာကိုမြင်ပြီး သူ ကျိန်ဆဲ နေသည်ကို ကြားသောအခါ ရယ်မောလိုက်သည်။
အဲလိုပဲမဟုတ်ဘူးလား။ ဂမ္ဘီရပညာရှင်တွေက လူတွေကို အဲလိုစကား တွေနဲ့ ရှုပ်ထွေးအောင် လုပ်ရတာကို ကြိုက်တာမဟုတ်ဘူးလား။ သူတို့တွေက တကယ်ပဲ ပြောမရတာလား သူတို့ပါမသိတာလားကိုတော့ မသိပေ။
သို့သော် ကျောင်းအုပ် သူမကိုပေးလိုက်သည့် ကျောက်စိမ်းပြားအရတော့ သူမ မည်သူမည်ဝါဖြစ်သည်ကို သူတို့ သိလောက်သည်။ သူ့ကို မပြောပြချင်ရုံ သာဖြစ်လိမ့်မည်။
“ငါ့နာမည်က ရှီမာယူယူ” ရှီမာယူယူ ပြောလိုက်သည် “မင်းက တစ္ဆေ လောကကိုရောက်နေတာ ကြာပြီပဲ.. ငါ့နာမည်ကို တစ်ခါမှမကြားဖူးဘူးလား ငါ လျှပ်စီးထုတ်နိုင်တဲ့ အရည်အချင်းအကြောင်းကိုလည်း မသိဘူးလား”
ကောင်လေးသည် ခေါင်းခါလေသည် “ငါက မရဏာသားရဲတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို မတော်တဆပြမိသွားတယ် အဲဒါနဲ့ ငါ့မှာ ဒဏ္ဍာရီ နဂါးအမိန့်ရှိတယ်လို့ သူတို့ထင်သွားကြတော့ ၂ နှစ်လောက် တောင်ထဲမှာ ပုန်း နေခဲ့ရတယ်.. နောက်တော့ မင်းကို ငါ့ဆီရောက်လာအောင် နည်းလမ်းစဉ်းစားမိ သွားတယ်.. ငါလည်း အကြံကုန်နေပြီ.. မင်းကို ရှာဖို့ထပ်ကြာနေရင် ငါ သေသွား နိုင်တယ်”
“အဲလောက်တောင် ပြင်းထန်တာလား” ရှီမာယူယူ သူ့ကို ကြည့်လိုက် သည်။ သူ၏ အသားအရေမှာ ကောင်းနေသေးသည်။ သေတော့မည့် ပုံမပေါက် ပေ။
“ဟုတ်တယ်” ဖူရှီ ပြောလိုက်သည် “ငါ ကြည့်ကောင်းနေတာကြောင့်နဲ့ အလိမ်မခံလိုက်နဲ့ အချိန်မရွေးသေသွားနိုင်တယ်”
“မင်းခန္ဓာကိုယ်ကို အရင်စမ်းသပ်ကြည့်ဦးမယ်” ရှီမာယူယူသည် သူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး စစ်ဆေးကြည့်သည်။ သူမ ရှင်းလင်းအောင် စစ်ဆေးကြည့်ပြီးနောက် မျက်လုံးများမှာ တအံ့တဩ ပြူးကျယ်လာသည်။
“မင်း အသက်ဘယ်လောက်လဲ”
“ဒီနှစ်ဆိုရင် ၂၅၀ ရှိပြီ” ဖူရှီ ရေရွတ်လိုက်သည်။ သူသည် ထိုကိန်းဂဏန်း များကို အမှန်တကယ်ပင် မုန်းတီးသည်။
“ဒဏ္ဍာရီနဂါးအမိန့်ကို ဘယ်တုန်းက ရလိုက်တာလဲ”
“၇ နှစ်လောက်ကပဲ.. အဲတုန်းကတည်းက ငါ့ခန္ဓာကိုယ်က ဆက်ပြီး မကြီးထွားတော့ဘူး.. ဆရာတို့က ကူပြီး အဖြေရှာမပေးရင် အခုထိတောင် အသက်ရှင်မှာမဟုတ်ဘူး” ဖူရှီသည် ဝမ်းနည်းစွာဖြင့် ပြောလေသည် “တစ်ခု ကောင်းတာက လွန်ခဲ့တဲ့နှစ်တွေတုန်းက ဒုဆရာက သူနည်းလမ်းရှာတွေ့ပြီလို့ ပြောလာတယ်.. ပြီးတာနဲ့ ငါ့ကို ဒီကိုလွှတ်လိုက်တာပဲ”
ရှီမာယူယူသည် သူ့ခန္ဓာကိုယ်ထဲမှ ပြဿနာကိုရှာတွေ့သည်။ သူတို့သာ နည်းလမ်းများစွာကို မစဉ်းစားခဲ့လျှင် ယနေ့အထိ အသက်ရှင်နိုင်မည်မဟုတ် ပေ။
“ဒါဆိုရင် မင်းကို ဘယ်လိုကယ်ရမလဲဆိုတာ မင်းရဲ့ဆရာပြောလိုက်လား”
***