← Chapters

ရွှေရောင်သွေး

Vol. 139 Ch. 1946

ရွှေရောင်သွေး

Vol. 139 Ch. 1946

“သူ မပြောလိုက်ဘူး” ဖူရှီ ခေါင်းခါလေသည် “ဒါပေမဲ့ မိုးကြိုးထုတ်နိုင်တဲ့ လူကိုရှာလိုက်ပါတဲ့ အဲဒါက ဒီရောဂါနဲ့ ဆက်စပ်နေမှာတဲ့”

“မင်းကို မိုးကြိုးနဲ့ ပစ်စေချင်တာလား” ရှီမာယူယူ မေးလိုက်သည်။

“မဖြစ်နိုင်တာ အဲလိုဆို အရမ်းနာမှာပေါ့” ဖူရှီသည် သူမကို ကြောက်လန့် တကြားကြည့်လေသည်။ သူမ ရုတ်တရက် မိုးကြိုးဖြင့် ပစ်လိုက်မည်ကို သူ ကြောက်သွားသည်။ အဲလိုဆိုရင် သူ သေချာပေါက် သေသွားမှာပဲ။

“စိတ်ချပါ မင်းမှာ ငါတို့ကျောင်းအုပ်ကြီးရဲ့ ကျောက်စိမ်းပြားရှိနေတော့ မင်းကို လွယ်လွယ်နဲ့ မသတ်ပါဘူး” ရှီမာယူယူသည် သူ့ခေါင်းကိုပုတ်လိုက် သည် “ငါ သေချာ စမ်းသပ်ပြီးမှ လုပ်မှာပါ”

“မင်း အပြုံးက နည်းနည်းကြောက်ဖို့ ကောင်းတယ်လို့ ခံစားရတယ်” ဖူရှီ သည် ခေါင်းပုဝင်သွားပြီး ဆရာဖြစ်သူ ရှာခိုင်းလိုက်သူကို မယုံကြည်နိုင်သေး ပေ။

“ငါက ဘယ်လိုလုပ် ကြောက်ဖို့ကောင်းရမှာလဲ.. ငါက မင်းကို စိတ်ဝင်စား ရုံတင်ပါ” ရှီမာယူယူ ပြုံးလိုက်သည် “မင်းလိုမျိုး အခြေအနေကို မြင်ဖူးတာ ပထမဆုံးအကြိမ်လေ အဲဒါကြောင့် ငါလည်း ကြည့်ချင်တာပေါ့”

“မင်းက ငါ့ကို စမ်းသပ်ပြီးကုချင်တာလား” ဖူရှီ အော်လိုက်သည်။

ရှီမာယူယူသည် သူ့ကို စိုက်ကြည့်လိုက်သည် “မင်းမှာ တခြားအကြံရှိ သေးလို့လား”

“….”

ဟုတ်ပြီ။ သူ့မှာ တစ်ခုမှမရှိဘူး။ သူ မတတ်သာစွာနဲ့ပဲ သူမရဲ့ အစမ်းသပ် ခံလေးဖြစ်ရတော့မယ်။

“အဲလောက် ကြောက်နေဖို့မလိုဘူး.. မိုယွိကလည်း ဒဏ္ဍာရီနဂါးအမိန့် အကြောင်းကို နည်းနည်းသိထားတယ်… သူ ဒီကိုလာတာနဲ့ ဘာလုပ်ရမလဲဆို တာ သိနိုင်တယ်” ရှီမာယူယူသည် သူ့အပြုံးမှာ ရှုံ့မဲ့သွားသည်ကို ကြည့်ပြီး ရယ်မောရင်း ပြောလိုက်သည်။

“မိုယွိလား.. အဲဒီမိုယွိကို ပြောနေတာတော့ မဟုတ်လောက်ပါဘူးနော်” ဖူရှီ၏ အမူအရာသည် စိုးရိမ်သွားကာ သူ သိထားသည့် မိုယွိနှင့် တစ်ယောက် တည်းမဖြစ်စေရန် မျှော်လင့်နေသည်။

သို့သော် ရှီမာယူယူသည် ပြုံးပြုံးကြီးဖြင့် သူ့မျှော်လင့်ချက်ကို ဖျက်ဆီး လိုက်သည် “အရင်က မင်းလှည့်စားလိုက်တဲ့ မိုယွိအမှန်ပဲ”

“သူ့ကို ဘယ်လိုလုပ်သိတာလဲ.. သူမပါဘဲ ဘာလို့သွားလို့မရတာလဲ.. အခုပဲ သွားကြမယ်” ဖူရှီသည် မိုယွိ ရုတ်တရက် ပေါ်လာသည်ကို စိုးရိမ်သဖြင့် ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်နေသည်။

“ဟားဟား မင်းက သူ့ကို ဘာလုပ်ခဲ့လို့ အဲလောက် ကြောက်နေတာလဲ” ရှီမာယူယူသည် သူတို့နှစ်ယောက်ကြားမှ အဖြစ်အပျက်ကို အလွန်သိချင်သွား သည်။ တစ်ယောက်မှာ အလွန်အမင်းကြောက်ရွံ့နေပြီး ကျန်တစ်ယောက်မှာ ရေဆုံးမြေဆုံး လိုက်ရှာနေသည်။ သာမန်ရန်ငြိုးရန်စတော့ မဟုတ်နိုင်ပေ။

“တကယ်တော့ ဘာမှမဟုတ်ပါဘူး” ဖူရှီ ပြောလိုက်သည် “သူ့ကို အရမ်း ထူးခြားတဲ့ပစ္စည်းလေးရောင်းလိုက်ရုံတင်ပါ.. မရောင်းခင် ရတနာပါဆိုပြီးတော့ ပြောလိုက်တာ.. အဲဒါကို ဈေးတင်ပြီးရောင်းလိုက်မိတာရယ်.. သူက အဲဒီပစ္စည်း ကို တစ်ခါမှမမြင်ဖူးဘူးတဲ့ ငါ့ဝိညာဉ်စွမ်းအင်နဲ့ကျ သာမန်ပစ္စည်းမဟုတ်ဘူးလို့ သူ ထင်သွားတာ ဒါပေမဲ့ သေချာစစ်ဆေးကြည့်လိုက်ရင် ဘာမှအသုံးမဝင်တဲ့ ပစ္စည်းဆိုတာကို သိသွားမှာပဲ”

မိုယွိ ဒေါသထွက်နေရသည့် အကြောင်းအရင်းကို ရှီမာယူယူ နားလည် သွားသည်။ သူသည် တစ္ဆေလောကတွင် အလွန်အားကောင်းသည့် ပုံရိပ်ရှိ၏။ သို့သော် ဤကဲ့သို့လူငယ်လေးဆီမှ လှည့်စားခြင်းခံလိုက်ရသဖြင့် ကိစ္စကြီးကြီး မားမားမဟုတ်သော်လည်း သူ့အတွက် အရှက်ရစရာဖြစ်နေသည်။

“နောက်တော့ သူ့နာမည်ကို ပြောနေကြတာကို ကြားလိုက်တယ်.. အဲတော့မှ ဒီလောက်အားကောင်းတဲ့လူကို လိမ်မိသွားပြီဆိုတာကို သိလိုက်တာ အဲလူက ပိုက်ဆံကိုဂရုမစိုက်တာကို သိပါတယ် ဒါပေမဲ့ သူ့ဂုဏ်သိက္ခာကိုတော့ ဂရုစိုက်တယ်လေ.. အဲဒါကြောင့် ငါ့ကိုတွေ့တာနဲ့ သေချာပေါက် ပြဿနာရှာမှာ ပဲ.. အဲဒါကြောင့် ယူယူ မြန်မြန်ထွက်သွားရအောင်” ဖူရှီသည် သူမအား အသနား ခံလေသည်။

ရှီမာယူယူသည် ပခုံးတွန့်လိုက်သည် “နောက်ကျသွားပြီ သူပြန်တောင် လာပြီ”

“အာ…” ဖူရှီသည် အလန့်တကြား ခုန်တက်ပြီး သူ့ဘေးပတ်ပတ်လည်ကို ကြည့်လိုက်သည်။ နောက်ဆုံးတွင် သူ သူမနောက်သို့ ပြေးသွားပြီး ခေါင်းကို ပုဝင်ကာ မေးလိုက်သည် “ဘယ်မှာလဲ ဘယ်မှာလဲ”

ရှီမာယူယူ မိုးပေါ်သို့ ညွှန်ပြရာ ဖူရှီ ခေါင်းမော့ကြည့်လိုက်သည်နှင့် လူတချို့မှာ မိုးပေါ်မှ ဆင်းလာသည်ကို တွေ့လိုက်ရသည်။

မိုယွိသည် ဖူရှီကိုမြင်သည်နှင့် ချက်ချင်းပင် ပြေးလာပြီး ဖမ်းလေသည်။ သူ့ မျက်နှာသည် ရေအိမ်ထဲမှ အီးပုံလိုပင် မည်းနက်ပြီး ပုပ်သိုးနေသည်။

“ကောင်စုတ်လေး မင်းက ငါ့ရှေ့ကို ပေါ်လာရဲသေးတယ် မင်းကို ဘယ်လို လုပ်မလဲကြည့်လိုက်” သူ ပြောပြီးနောက် ဖူရှီ၏ တင်ပါးကို ရိုက်လေသည်။

“အာ.. ယူယူ သူ ငါ့ကိုသေအောင် ရိုက်တော့မယ် ကယ်ပါဦး” ဖူရှီ အော် လေသည်။

“မင်းက ကလေးမှမဟုတ်တာ ငိုနေလည်း အပိုပဲ” မိုယွိသည် သူ့ကို အကြိမ်အနည်းငယ် ထပ်ရိုက်သည်။

“သူ့ကို ပြင်းပြင်းကြီးမရိုက်ပါနဲ့ သူ့ကိုမခိုက်မိစေနဲ့” ရှီမာယူယူသည် မိုယွိ ကို မြည်တွန်လေသည်။

“ယူယူ.. ယူယူ.. အခု ငါက မင်းလူဖြစ်နေပြီ မင်းသာမကယ်ရင် ငါ သေ တော့မယ်” ဖူရှီအော်ပြီး ရှီမာယူယူအား သနားစဖွယ်ပြောလေသည်။

သို့သော် ထိုစကားများသည် သူတို့ဘေးတွင်ရပ်နေသော ဝူလင်းယူကို ရုပ်တည်သွားစေသည်။

“မင်းက သူမလူဖြစ်နေပြီလို့ ပြောလိုက်တာလား” ထိုအရိုးထဲထိ အေးစိမ့် သွားစေသည့် အသံသည် ဖူရှီကို ချွေးအေးများပျံသွားစေသည်။

ဒါက ဘယ်သူလဲ။ ဘာလို့ ဒီလောက်တောင် ကြမ်းတမ်းတာလဲ။

“ယူယူက ခုနလေးတင် ငါ့ကိုခေါ်ထားဖို့ ကတိပေးလိုက်ပြီ သေချာပေါက် သူမလူပေါ့” မိုယွိ အရိုက်ရပ်စေရန် ဖူရှီသည် ဝူလင်းယူအား ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

သူ့အမြင်အရ ဝူလင်းယူသည် မိုယွိလောက် အန္တရာယ်မများပေ။ ထို့ကြောင့် သူ၏ အသက်လေးကိုကယ်ရန်က ပိုအရေးကြီးနေသည်။

ဝူလင်းယူ ပေါက်ကွဲတော့မည်အပြုတွင် ရှီမာယူယူသည် သူ့ကိုဆွဲပြီး အဆက်မပြတ်ရိုက်နေသော မိုယွိကို ပြောလိုက်သည် “သူ့ခန္ဓာကိုယ်က အခု အားနည်းနေသေးတယ်.. နောက်ထပ်ရိုက်နေရင် သေသွားနိုင်တယ်”

“ဟုတ်တယ် ဟုတ်တယ် အများဆုံးတော့ မင်းကို အဲဒီပစ္စည်းပေးလိုက် တာပဲလေ” ဖူရှီသည် ခေါင်းညိတ်ရင်း ထပ်ပြောလေသည်။

သူ ထိုစကားကို မပြောလျှင် အဆင်ပြေသေးသည်။ သို့သော် အနည်ထိုင် နေသည့် မိုယွိ၏ ဒေသမှာ ပြန်ပေါက်ကွဲလာပြီး အနည်းငယ်ထပ်ရိုက်ပြီးမှ သူ့ကို လွှတ်ပေးလိုက်လေသည်။

ရှီမာယူယူသည် ဝူလင်းယူကို ကျောင်းအုပ်ကြီး၏ ကျောက်စိမ်းပြားကို ပြပြီး ပြောလိုက်သည် “ဒါကို သူယူလာတာပဲ”

“ဒီအဘိုးကြီးက အသက်ရှင်သေးတာပဲ” ဝူလင်းယူသည် ကျောက်စိမ်း ပြားကိုမြင်သောအခါ သူ၏ အေးစက်နေသော မျက်နှာထားသည် နောက်ဆုံး တွင် ပြောင်းလဲသွားတော့သည်။

ရှီမာယူယူသည် ဖူရှီ ပြောခဲ့သည့် စကားများကို ပြောပြလိုက်သည်။ ထိုအခါမှပင် အားလုံးသည် အခြေအနေကို နားလည်သွားကြသည်။

သူလုပ်လိုက်သောကိစ္စကြောင့် သူတို့၏ အချိန်များကုန်သွားရသည်။ အသတ်ခံရလုနီးပါးပင်ဖြစ်သွားသည်။ သို့သော် သူကြောင့်မဟုတ်လျှင် ကျောင်းအုပ်ကြီးဟောင်း၏ သတင်းကိုသိရမည်မဟုတ်ပေ။

“မိုယွိ ရှင်က ဒဏ္ဍာရီနဂါးအမိန့်နဲ့ ရင်းနှီးတယ်.. သူ့ကို ဘယ်လို ကယ်ရ မလဲဆိုတာ သိလား” ရှီမာယူယူ မေးလိုက်သည်။

“ကယ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ.. သူ့လိုလူက အလိမ်တွေပြည့်နေ တာ သေဖို့ပဲတန်တယ်” မိုယွိသည် သဲ့သဲ့ ပြောလိုက်သည်။

ဖူရှီသည် သူဆွဲကိုင်ထားသည်မှ ရုန်းထွက်ပြီး ရှီမာယူယူ၏ ဘက်ဆီသို့ ပြေးကာ မိုယွိကို လျှာထုတ်ပြလေသည်။

“‌တော်ပြီ အခု ဒီမှာ အရမ်းလေးနက်နေတာနော်” ရှီမာယူယူသည် ဖူရှီကို ကာကွယ်ထားသည်။ သူသည် အသက် ၂၅၀ ရှိနေပြီဖြစ်သော်လည်း သူကြည့် နေသည့်အကြည့်မှာ အမှန်တကယ်ပင် အလိမ်ခံလိုက်ရနိုင်သည်။ ပြီးနောက် သူသည် သူမ၏ ကျောင်းအုပ်ပြီး မိတ်ဆက်ပေးသူဖြစ်ရာ ရွေးချယ်စရာမရှိတော့ ဘဲ သူ့ကို ကူညီပေးရမည်ဖြစ်သည်။

“အရင်ဆုံးပြောပါဦး မင်းက ဘယ်ကနေလာတာလဲ” မိုယွိ မေးလိုက် သည်။

“အဲဒါ လျှို့ဝှက်ချက်ပဲ ပြောပြလို့မရဘူး” ဖူရှီ ပြောလိုက်သည်။

“ဘာလို့ ပြောလို့မရတာလဲ”

“ငါ့လိုလူက လာတဲ့နေရာနာမည်ကို ပြောလို့မရဘူး ဒါက စည်းကမ်းပဲ” ဖူရှီသည် ထိုအကြောင်းနှင့် ပတ်သက်လျှင် ခေါင်းမာနေသည် “အဲဒါကလွဲပြီး တခြားဟာ မေးလို့ရတယ်”

“ဒါပေမဲ့ ငါက အဲဒီနေရာကို စိတ်ဝင်စားတယ်.. မင်း လာတဲ့နေရာကို သိထားမှ မင်းခန္ဓာကိုယ်က ငါတို့နဲ့ တူမတူဆိုတာကို သိရမှာ”

“အဲဒါက…” ဖူရှီသည် တွေဝေသွားကာ ပြောလိုက်သည် “အဲလိုဆိုရင် တော့ အဲနေရာက မင်းတို့အခုရှိနေတဲ့နေရာထက် နည်းနည်းအဆင့်မြင့်တယ် အဲဒါကိုတော့ သိထားရမယ်”

ရှီမာယူယူနှင့် တခြားသူများသည် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ထက်တောင် အဆင့်မြင့်တဲ့ တိုက်ကလား။ အဲအကြောင်းကို သူများကို သာမာန်ကာလျှံကာလည်းမပြောဘူး။ ဒါဆိုရင် အဲနေရာက…

ဝူလင်းယူသည် ဖူရှီ၏ လက်ကိုဆွဲပြီး ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်။ သူ့လက်ဖဝါးတွင် ချက်ချင်းပင် အပေါက်ပေါ်လာသည်။

ဖူရှီသည် လက်ဖဝါးမှ ရွှေရောင်သွေးများ စီးလာသည်နှင့် သူ့လက်ကို ဆုပ်ကိုင်ပြီး ကျယ်လောင်စွာအော်လေသည်။ ထွက်လာသောသွေးမှာ အနည်း ငယ်သာဖြစ်သော်လည်း ထိုနေရာမှလူများကို မှင်တက်စေသည်။

“ထင်ထားတဲ့အတိုင်းပဲ” ဝူလင်းယူနှင့် မိုယွိတို့သည် တစ်ပြိုင်တည်းပြော လိုက်ကြသည်။ သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြရာ သူတို့မျက်လုံးထဲ မှ အကြည့်များမှာ အတူတူပင်။

သူတို့သည် ဖူရှီ ပြောသည့်နေရာကိုသိကြသည်။ ထိုနေရာမှာ ဒဏ္ဍာရီဆန် သောအရာများသည် ရှိသည့်နေရာဖြစ်သည်။

***

All Chapters