← Chapters

နတ်ဘုရားများနေထိုင်သည့်နေရာ

Vol. 140 Ch. 1947

နတ်ဘုရားများနေထိုင်သည့်နေရာ

Vol. 140 Ch. 1947

ရှီမာယူယူသည် သူ့ကို နားမလည်စွာကြည့်လိုက်သည်။ သူတို့ ဘာသိ လိုက်တာလဲ။

ဖူရှီသည် ပို၍ပင် အံ့ဩမိသည်။ သူသည် သူတို့နှစ်ယောက်လုံးကိုကြည့် ပြီး မေးလိုက်သည် “ဘယ်လိုသိတာလဲ”

“အရမ်းရိုးရှင်းပါတယ်.. ဒဏ္ဍာရီတွေအရ အဲဒီနေရာကလူတွေပဲ ရွှေရောင် သွေးရှိကြတာ” မိုယွိ ပြောလိုက်သည် “မင်းက တကယ်ပဲ အဲဒီနေရာကလာမယ် လို့ ထင်မထားဘူး”

ထို့ကြောင့်ပင် ဖူရှီ ထုတ်ပေး‌သော ပစ္စည်းကို မိုယွိ မသိခြင်းဖြစ်သည်။ ထိုပစ္စည်းများကို အရင်က မည်သူမှလည်း မမြင်ဖူးကြပေ။

“ငါဘာမှမပြောဘူး ငါဘာမှမပြောဘူး ငါ့ကို ဘယ်လောက်ပဲမေးမေး ပြန်မဖြေဘူး” ဖူရှီသည် ပါးစပ်အုပ်ထားပြီး သူတို့ မေးလျှင်တောင် မတုန်လှုပ် သလိုပြုမူသည်။

“အဲဒီနေရာက ဘယ်နေရာလဲ” ရှီမာယူယူ မေးလိုက်သည်။

“အဲဒီနေရာက နတ်ဘုရားဗိမာန်တွေရှိတဲ့နေရာလို့ ပြောကြတယ်” ဝူလင်းယူ ပြောလိုက်သည် “အဲဒါကဒဏ္ဍာရီလို့ထင်နေတာ.. တကယ်ရှိမယ်လို့ ထင်မထားဘူး”

ရှီမာယူယူသည် ကစဥ့်ကလျားမြစ်တွင် မြင်ခဲ့သည့် မြင်ကွင်းကို ပြန်စဉ်းစားမိသွားသည်။ မြစ်ထဲမှလာသော သတ္တဝါများသည် နောက်ဆုံးတော့ ထွက်သွားကြရသည်။ သူတို့ ရောက်သွားသည့်နေရာကိုတော့ လက်ရှိခေတ်လူ များ မသိကြပေ။ အကယ်၍ သိသည်ဆိုဦးတော့ ကိုးခုမြောက်မရဏာမျိုးနွယ်မှ လွဲပြီး တခြားသူများ သူတို့ကိုမြင်ဖူးကြမည်မဟုတ်ပေ။

သူတို့သည် အဆင့်အတန်းမြင့်သော နေရာသို့ အမှန်တကယ်ရောက်သွား ခြင်းဖြစ်ရမည်။

“မင်းလာတဲ့နေရာက ဒီနေရာထက် အဆင့်အတန်းမြင့်မှတော့ မင်းရဲ့ ပြဿနာကို ဘာလို့ကိုယ့်ဘာသာမဖြေရှင်းလဲ ”

“ဟူး.. ပြောလိုက်ရင်ကို စိတ်ဓာတ်ကျသွားပြီ ဒါပေမဲ့ သူတို့မှာ ဘာအကြံ မှမရှိမှတော့ ငါလည်း လုပ်နိုင်တာဘာမှမရှိဘူး” ဖူရှီ သက်ပြင်းချလိုက်သည် “ဖြစ်နိုင်တာတော့ ငါ့အခြေအနေနဲ့ ဒီနေရာကိုလာရင် နေရာတင်ပဲ သေသွားနိုင် တယ်.. အခုထိ အသက်ရှင်နိုင်မှာမဟုတ်ဘူး”

“အမှန်ပဲ.. ဒါဆိုလည်း ငါပြန်သွားတာနဲ့ စမ်းသပ်ကြည့်ပါဦးမယ်.. မင်းရဲ့ ပြဿနာကို ရှင်းလို့ရမရ ကြည့်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အဲလူတွေ အကုန်လုံးကို သတ်လိုက်ပြီလား”

“မသတ်ဘူး”

ထိုအဖြေကို ရှီမာယူယူ ထင်မထားပေ။  ဒီလူတွေက စိတ်များပြောင်းသွား ကြတာလား။

“အဲလူတွေက သူ့ရဲ့မိတ်ဆွေဟောင်းတွေမို့လို့ ဒဏ်ရာအပြင်းအထန်ရ အောင်ပဲလုပ်လိုက်တာ.. ဒါပေမဲ့ ဒီတစ်ခါပဲရမယ်လို့ မိုယွိ ပြောတယ်” ဝူလင်းယူ ပြောလိုက်သည်။

“ဒီတစ်ခေါက်ကိစ္စကို တစ္ဆေကြင်ယာတော်ကိုပဲ ပြန်ဆပ်ခိုင်းရမယ်.. အဲဒါမှ နောက်ဆိုရင် ယူယူ့ကို ပြဿနာမရှာရဲကြတော့မှာ” မိုယွိ ရှင်းပြလေ သည်။

“ဒီလိုထပ်ဖြစ်ရင် သူတို့တွေသေချာပေါက် သေမယ်” မိုယွိ ကြိမ်းမောင်း ပြန်သည်။

“အရင်ဆုံး ဒီနေရာကနေ ထွက်သွားရအောင် လူတွေအများကြီး လာနေ ကြပြီ” ရှီမာယူယူ ပြောလိုက်သည်။

“ဟုတ်ပြီ”

သူတို့သည် ပျံတက်ရန် အသင့်ပြင်နေချိန်တွင် ဖူရှီသည် ရှီမာယူယူ၏ အင်္ကျီကို ဆွဲထားကာ သနားစဖွယ် ပြောလေသည် “ငါ့ကိုခေါ်ဦး ခေါ်ဦး ငါ မပျံ နိုင်ဘူး”

ဝူလင်းယူသည် ချက်ချင်းပင် သူ့လက်ကိုဆုပ်ကိုင်ကာ ဆွဲဖယ်ချပြီး အေးစက်စွာ ပြောလေသည် “ငါ မင်းကိုခေါ်သွားပေးမယ်”

ဖူရှီသည် လည်ပင်းပုဝင်သွားကာ စိတ်ထဲမှတွေးမိလိုက်သည် “ဒီလူက ဘာလို့ ဒီလောက်အေးစက်နေရတာလဲ ကြောက်ဖို့ကောင်းလိုက်တာ”

သူသည် ခေါ်သွားမည်ဆိုသည့် စကားကို ငြင်းဆန်ချင်သော်လည်း ရှီမာယူယူသည် ပျံသွားနှင့်ပြီဖြစ်သည်။ မိုယွိနှင့် ကျန်နှစ်ယောက်ကို မြင်လိုက် ချိန်တွင် စကားများလျှင်လည်း အသုံးမဝင်ဟုထင်မိသည်။ မိုယွိက လမ်းတစ် ဝက်ရောက်မှ သူ့ကို ပစ်ချရင် ဘယ်လိုလုပ်မလဲ။ ဒီလူရဲ့ အကျင့်က စိတ်ချရတာ မဟုတ်ဘူး။  အဲအစား ဒီရေခဲတုံးပြီးနောက်ကို လိုက်သွားတာမှ ကောင်းသေး တယ်။

သူတို့သည် အမှောင်တိမ်တိုက်တောင် လူအုပ်ကြားမှ ထွက်လာပြီး နောက် မိုယွိသည် ငှက်နီလေးကိုခေါ်ထုတ်ကာ တိုက်ရိုက်ပင် ပျံခဲ့လိုက်သည်။

သူတို့ အတန်ကြာပျံသန်းပြီးနောက် မြင်သာထင်သာရှိသည့် မြို့လေးတစ် မြို့သို့ ရောက်လာလေသည်။

သူတို့သည် တည်းခိုစရာ တည်းခိုဆောင်ကိုရှာတွေ့ရာ မိုယွိသည် သူရဲကောင်းဆန်ဆန်ပင် တည်းခိုဆောင်တစ်ခုလုံးကို ငှားလိုက်သဖြင့် တာဝန်ခံ မှာ အလွန်ပျော်ရွှင်သွားလေသည်။

ဖူရှီသည် ရှီမာယူယူနောက်လိုက်ကာ ပြောလေသည် “ယူယူ ငါ့ကို ဘယ်တော့ကူညီမှာလဲ”

လတ်တလောတွင် သူသည် သူ့အားကို ပိုပို၍ထိန်းချုပ်နိုင်စွမ်းမဲ့လာသည် ဟု ခံစားရသည်။ သူ လာမည့်ရက်များတွင် သေဆုံးမည်ကို ကြောက်ရွံ့မိသည်။

သူ မည်မျှစိတ်ပူနေသည်ကို ရှီမာယူယူ နားလည်သည်။ ထိုအခြင်းအရာ သည် သူမ၏ အင်အားကြီးထွားခဲ့စဉ်က စိုးရိမ်မှုနှင့် ဆင်တူသည်။ အချိန်မရွေး ပေါက်ကွဲနိုင်သည့် ချိန်ကိုက်ဗုံးတစ်လုံးလိုပင်ဖြစ်သည်။

“စိတ်ချပါ ငါ မင်းကို ကတိပေးပြီးပြီဆိုတော့ အကောင်းဆုံးတွေကိုပဲ မင်း ကိုပေးသွားမယ်” သူမသည် သူ့ခေါင်းကိုပုတ်လိုက်သည် “ဒါပေမဲ့ အခုတော့ ငါ မလုပ်နိုင်သေးဘူး”

“ဘာလို့လဲ”

“အရင်ဆုံး ငါတို့နောက်ကို နောက်ယောင်ခံလိုက်နေတာတွေကို ခါထုတ် ရဦးမယ်.. တည်ငြိမ်တဲ့ပတ်ဝန်းကျင်မရှိရင် မင်းကိုကုသမှုစတာနဲ့ မင်းအတွက် မကောင်းတာတွေပဲဖြစ်လာလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့တွေ နောက်ယောင်ခံလိုက်နေတာ အန္တရာယ်မကြီးပေမဲ့ တော်တော်တော့ အနှောင့် အယှက်ဖြစ်တယ်”

“ငါတို့နောက်ကို လိုက်နေကြတဲ့လူတွေလား.. သူတို့က မင်းနဲ့မိုယွိကို မကြောက်ကြဘူးလား” ဖူရှီမေးလိုက်သည်။

သူတို့နှစ်ယောက်ရဲ့ သရုပ်မှန်တွေက သာမန်မှမဟုတ်ကြတာ။ သူတို့ နောက်ကို ဒီလိုမျိုးနောက်ယောင်ခံလိုက်နေတာ သေမှာမကြောက်ဘူးလား။

“ဒဏ္ဍာရီနဂါးအမိန့်ကိုရဖို့ဆို အန္တရာယ်ကို ရင်ဆိုင်ချင်တဲ့လူတွေလည်း ရှိ ကြတာပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်းက ငါ့ဆရာ ထောက်ခံပေးလိုက်တဲ့ သူပဲ အဲဒါကြောင့် ငါ မင်းလုံခြုံအောင်လုပ်ပေးရမှာပဲ”

ဖူရှီသည် သူမ၏ စကားကိုကြားသောအခါ ငေးပြီး ကြည့်မိသည်။ သူမ ပြုံးလိုက်သောအပြုံးသည် စိတ်ချမှုကိုဖြစ်စေသည်။ သူမသည် စကားကို စိတ်အားထက်သန်စွာမပြောသော်လည်း သူမ၏ စိတ်ရင်းကို သူ ခံစားမိသည်။

သူမ သူ့ကိုကာကွယ်မည်ဟု ပြောခဲ့သည်။ သူ သူမကိုယုံကြည်သည်။

သူ သူမကိုပြုံးပြလိုက်ရာ သူ၏လုံးဝန်းသောမျက်လုံးများသည် အပေါ်သို့ ကွေးတက်သွားပြီး လခြမ်းသဖွယ်ဖြစ်သွားလေသည်။ ထိုအပြုံးမှာ စစ်မှန်သည် ကို သူနှင့်ရင်းနှီးသူများ သိကြလိမ့်မည်။

“ဒီရက်တွေမှာ ကောင်းကောင်းမနားရသေးဘူးမလား.. အခန်းထဲသွားပြီး ကောင်းကောင်းနားလိုက်ဦး.. အဲလူတွေကို ရှင်းပြီးတာနဲ့ မင်းကိုခေါ်လိုက်မယ်” ရှီမာယူယူ ပြောလိုက်သည်။

“ယူယူ ငါ့ကို ဘာလို့ ဒီလောက်ကောင်းကောင်းဆက်ဆံတာလဲ” ဖူရှီသည် ခေါင်းမော့ပြီးမေးလေသည်။

“မင်းက ကျောင်းအုပ်ကြီး မိတ်ဆက်ပေးတဲ့လူပဲ.. ငါ သူ့ကိုယုံတယ်.. သူက လူတကာနဲ့ မိတ်ဆက်ပေးမှာမဟုတ်ဘူး.. ပြီးတော့ မင်း ခံစားနေရတဲ့ ပူပန်မှုတွေနဲ့ စိုးရိမ်မှုတွေကို ငါနားလည်တယ်” ရှီမာယူယူသည် ပြုံးပြီးပြန်ဖြေ လေသည်။

“မင်း.. နားလည်တယ်လား”

“ဟုတ်တယ်.. ခန္ဓာကိုယ်ထဲက စွမ်းအားတွေ မတည်ငြိမ်တာက ဘယ်လို ခံစားရလဲဆိုတာ ငါသိတယ်”

“ဘာလို့လဲ မင်းလည်း ကြုံဖူးလို့လား”

“ဟုတ်တယ် ငါ အရင်ကကြုံဖူးတယ်.. ငါ တစ္ဆေလောကကို ဘာလို့ ရောက်လာလဲသိလား.. ငါ့ခန္ဓာကိုယ်ထဲက ဆန့်ကျင်နေတဲ့စွမ်းအားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိလို့ ပေါက်ကွဲသွားစေတာပဲ.. အဲဒါကြောင့် ငါ အဲဒီခံစားချက် ကိုသိတယ်.. မင်းကိုလည်း အဲဒီနာကျင်မှုကို ခံစားစေမှာမဟုတ်ဘူး” ရှီမာယူယူ သည် စိုးရိမ်မှုများပျောက်သွားစေရန် သူ့ကိုနှစ်သိမ့်ပေးလေသည်။

သူ ငြိမ်းချမ်းမှုကို မခံစားရတာ.. ဘယ်လောက်ကြာပြီလဲ။

သူသည် သူမလျှောက်သွားသည်ကို ကြည့်ပြီး နှုတ်ခမ်းများ တွန့်မိသည်။ သူ၏ ဖြူစင်သော မျက်လုံးများသည် မှောင်မိုက်သွားတော့သည်။

သူမက သူထိုးဖောက်မမြင်နိုင်တဲ့ မိန်းကလေးတစ်ယောက်ပဲ။

သို့သော် သူသည် သူမကိုသဘောကျသည်။ သူမနှင့် နီးစပ်ချင်သည်။

သူမက တခြားလူတွေနဲ့ မတူဘူးလား။

ဝူလင်းယူသည် သူ့ရှေ့မှပိတ်ရပ်ပြီး သူ့အကြည့်ကိုကာလိုက်ကာ အေးစက်သောအကြည့်ဖြင့် ကြည့်လေသည်။

ဖူရှီသည် သူ့ကို ပြောလိုက်ချင်သော်လည်း ကြည့်ရုံသာကြည့်ကာ ထွက် သွားလေသည်။

“အဲလူကလည်း တကယ်ကြိုက်တတ်လိုက်တာ” ဖူရှီ ရေရွတ်လိုက်သည် “ငါက ကလေးတစ်ယောက်ပဲကို ဘာလို့ ငါ့ကိုဒီလောက်ကြမ်းတမ်းနေတာလဲ”

ထိုသို့ပြောလိုက်သော်လည်း သူ ထိုကဲ့သို့မခံစားမိပေ။

“ဖြစ်နိုင်တာက ငါ့ခန္ဓာကိုယ်ကို မကုနိုင်ရင်တောင် ဆုတော့ရမယ့်ပုံပဲ”

သူသည် ပြုံးပြီး သီချင်းညည်းကာ ခုန်ပေါက်ရင်းနှင့် အခန်းသို့ သွားနားလေသည်။

ရှီမာယူယူ ပြောသလိုပင် သူသည် အချိန်ယူပြီး အနားယူသည်။ သူ ခရီး သွားရာတွင် မရဏာသားရဲများ ကာကွယ်ခဲ့ကြသော်လည်း သေချာအနားမယူခဲ့ ရပေ။ သူ့ကို တခြားတစ်ယောက်မှ သတ်မည်ကို စိုးရိမ်စရာမရှိဘဲ ပေါက်ကွဲ မည်ကိုသာ စိုးရိမ်ရသည်။

ယခုအချိန်တွင် သူမ ရှိနေသဖြင့် သူ စိတ်အေးရသည်။ သူ အေးအေး ချမ်း ချမ်း အိပ်စက်နိုင်တော့မည်။

သူမ ဘာမှမတွေးသည်မှာ သူ့ကို လက်ခံလိုက်ခြင်းကြောင့် ဖြစ်မည်။

“အင်း ငါ အခွံနွှာထားတဲ့ သစ်ချသီးတွေတောင် စားလို့ကုန်သွားပြီ ပြန် ရောက်လို့ အချိန်ရရင် ထပ်အခွံနွှာပြီး သူမတို့ကို ကျွေးရမယ်”

***

All Chapters