← Chapters

သတ္တုတုံး

Vol. 140 Ch. 1948

သတ္တုတုံး

Vol. 140 Ch. 1948

သူတို့နောက်သို့ လိုက်သူများမှာ များပြားလှသည်။ ထိုအရာကိုလည်း သူတို့ သိသည်။ အတင့်ရဲလွန်းသည်ဟု မတတ်သာဘဲပြောရမည်ဆိုသော်လည်း ရတနာသည် လူများကိုဖြားယောင်းတတ်သည်ကိုတော့ နားလည်ထားသည်။ ထိုလူများ ယခုလိုလုပ်သည်မှာလည်း ထူးဆန်းလှသည်တော့မဟုတ်ပေ။

ထို့ကြောင့်ပင် သူတို့သည် ထိုလူများ၏ အသက်ကို တိုက်ရိုက်မနှုတ်ပေ။ သို့သော် တည်းခိုဆောင်တွင် နှစ်ရက်ကြာအောင်နေပြီးနောက် တိတ်တဆိတ် ခြေရာဖျောက်လိုက်ကြသည်။

သူတို့ ပျောက်သွားသည့်နေရာကိုတော့ မည်သူမှမသိကြပေ။

သူတို့နောက်သို့ ခြေရာခံလိုက်နေသောလူများသည် သူတို့ကိုရှာမတွေ့ သောအခါ မကျေမနပ်ဖြစ်ရုံမှတစ်ပါး ရွေးချယ်စရာမရှိတောာ့ပေ။ သို့‌သော် ထိုလူများသည် လက်မလျော့ကြပေ။ သူတို့သည် တခြားနေရာများကို သွားရှာ ကြသည်။

အားလုံးထွက်သွားကြသောအခါ ရှီမာယူယူ၏ အဖွဲ့သည် တည်းခိုဆောင် တွင် ပြန်ပေါ်လာသည်။

“ဟုတ်ပြီ အခု နားအေးသွားပြီ” အားလုံးထွက်သွားသည်ကို သိပြီးနောက် ရှီမာယူယူသည် ဖူရှီကို ပြောလိုက်သည်။ “အခု မင်းအခြေအနေကို ကြည့်ရ အောင်”

“ဟုတ်ပြီ”

ဖူရှီသည် ထိုအကြောင်းကို စဉ်းစားထားသည်မှာ ကြာပြီဖြစ်သည်။ ယခု သူမသည် သူ့အခြေအနေကို စတင်ကြည့်တော့မည်ဖြစ်သဖြင့် ပျော်ရွှင်စွာ မျှော်လင့်မိသည် “ယူယူ ငါဘာလုပ်ရမလဲ”

“မင်း အရင်က ဘယ်လိုတွေဖြစ်ခဲ့လဲ ပြောပြ… ပြီးရင် မင်းရဲ့ ဆရာတို့ ကြိုးစားကြည့်ခဲ့တာတွေကို ပြောပြ” ရှီမာယူယူ ပြောလိုက်သည်။

“ငါ ၇ နှစ်တုန်းက လူတစ်ယောက်နဲ့ အလောင်းအစားလုပ်ခဲ့တယ်.. ငါတို့ နှစ်ယောက်ထဲက တစ်ယောက်က အပျက်အစီးတွေကြားထဲကို ပြေးရမယ်.. ပြီးတော့ အဲဒီနေရာမှာ ဒဏ္ဍာရီနဂါးအမိန့်ကို တွေ့ခဲ့တာပဲ.. ပြီးမှပဲ အဲဒီနေရာက ဒဏ္ဍာရီနဂါးအပျက်အစီးရှိတဲ့ နေရာဆိုတာကို အဖေက ပြောခဲ့တာ.. ဒါပေမဲ့ တခြားသူတွေက အဲဒီနေရာကို အကြိမ်ပေါင်းများစွာသွားခဲ့ပေမဲ့ ဒဏ္ဍာရီနဂါး အမိန့်ကိုရှာမတွေ့ကြဘူး… ငါ ဘယ်လိုလုပ် ရှာတွေ့ခဲ့လဲဆိုတာတောင် မသိ လိုက်ဘူး” ဖူရှီသည် ထိုအကြောင်းနှင့် ပတ်သက်ပြီး ဆွံ့အမိသည်။ ဒဏ္ဍာရီနဂါး အမိန့်ကို တခြားသူများရှာတွေ့လျှင် ကောင်းသည်။ ယခုလို နှစ်ပေါင်းများစွာ သူ ခံစားနေရမည်မဟုတ်ပေ။

ရှီမာယူယူသည် ထိုစကားများကို ကြားသောအခါ မျက်ခုံးပင့်ပြီး မေး လိုက်သည် “မိုယွိ ပြောသလိုဆိုရင် ဒဏ္ဍာရီနဂါးအမိန့်က အံ့ဖွယ်နဂါးရဲ့ အားကို ထိန်းသိမ်းထားတယ်တဲ့.. ပြီးတော့ သခင်ရဲ့အမိန့်ကို နာခံတဲ့ အသိစိတ်လည်းရှိ တယ်တဲ့.. ဘယ်သူသိမလဲ သူက မင်းကိုရွေးတာလည်းဖြစ်နိုင်တာပဲ.. မဟုတ် ရင် တခြားသူတွေ ဒီလောက်အများကြီးရှာတာတောင် မတွေ့ဘဲ မင်းလိုမျိုး ၇ နှစ် ၈ နှစ်အရွယ်ကလေးက ရှာတွေ့မှာလဲ”

“ဟူး ဆရာတို့လည်း အဲလိုပြောတာပဲ” ဖူရှီ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ အဲဒါက ငါ့ကို တကယ်ရွေးချယ်တယ်ဆိုရင် ငါ့ခန္ဓာကိုယ်ကို ဘာလို့ သက်ညှာမပေးတာလဲ”

သူ ဒဏ္ဍာရီနဂါးအမိန့်နှင့် စာချုပ်တည်ဆောက်ပြီးကတည်းကပင် သူ့ ခန္ဓာကိုယ်သည် ကြီးထွားမှုရပ်တန့်ခဲ့သည်။ အခုချိန်ထိပင် သူသည် ၇ နှစ် ၈ နှစ် အရွယ်ကလေးလို ဖြစ်နေသည်။ အကြောင်းမှာ ဒဏ္ဍာရီနဂါးအမိန့်သည် အလွန် အားကောင်းလွန်းသဖြင့် သူ့ခန္ဓာကိုယ်မှ ခံနိုင်ရည်မရှိခြင်းဖြစ်သည်ဟု ဆရာမှ ပြောပြခဲ့သည်။ သူ့ခန္ဓာကိုယ် ဖွံ့ဖြိုးလာမည့်အစား ဖိနှိပ်ခံထားရသဖြင့် ဖွံ့ဖြိုးမှု ရပ်တန့်ခဲ့သည်။

“သူလည်း အကြာကြီးစောင့်ခဲ့ရလို့ဖြစ်မှာပါ ဒါပေမဲ့ ဒီအကြောင်းကို စဉ်းစားနေဖို့မလိုတော့ဘူး” ရှီမာယူယူ ခန့်မှန်းလိုက်သည် “မင်းဆရာတွေက မင်း အတွက်ဘာမှလုပ်မပေးဘူးလား”

“တကယ်တော့ ငါ့ခန္ဓာကိုယ်အတွက် ဆေးပင်တွေနဲ့ အာဟာရဖြည့်လာ တာ.. ဒါက ငါ အရင်ကသုံးဖူးတဲ့ ပစ္စည်းစာရင်းပဲ” ဖူရှီသည် စာရွက်တစ်ထပ် လိုက်ထုတ်ပေးလေသည်။ အထဲတွင် ဆေးပင်တချို့နှင့် ဆေးညွှန်းတချို့ရှိ သည်။

ရှီမာယူယူသည် ဆေးညွှန်းများကို တအံ့တဩကြည့်မိသည်။ ထို ဆေးညွှန်းများမှာ ဆေးအောင်မြင်မှုနှုန်း၊ လိုအပ်သည့် ဆေးများနှင့် နည်းလမ်း များကို ရေးသားထားသည်။

“ဒါက…”

“ဆရာပြောလိုက်တာတော့ မင်းက ကူညီနိုင်မှတော့ ဒါကို ငါတို့ရဲ့ ကျေးဇူးဆပ်တဲ့ လက်ဆောင်အဖြစ်ယူလိုက်ပါတဲ့.. မင်း ငါ့ကိုကုပေးနိုင်ရင် ဒီ့ထက်ကြီးတဲ့ လက်ဆောင်ရှိသေးတယ်” ဖူရှီ ပြောလိုက်သည်။

ရှီမာယူယူသည် သူ၏ ကျေးဇူးဆပ်သည့်လက်ဆောင်ကို မျှော်လင့်မထား ပေ။ သို့သော် သူမသည် ဆေးညွှန်းများကို အလွန်သဘောကျသည်။ သူမသည် ဆေးညွှန်းများကို အာရုံစိုက်ကြည့်ရာ သူမ အခုလိုအပ်နေသည့် ခန္ဓာကိုယ် အတွက် အားဖြည့်ပေးစေသည့် ဆေးများဖြစ်သည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုဆေးညွှန်းများကို လေ့လာနေရန်အချိန်မဟုတ်သေးပေ။ သူမသည် ကျန်ဆေးပင်များကို ဆက်ကြည့်ရာ အလွန်ပင်ဩချရလောက်သည့် ဆေးပင်များလိုအပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုဆေးပင်များသည် သူမ အရင်ကတွေ့ဖူးသည့် ဆေးပင်များထက် များစွာ အားကောင်းသည်။

“မင်းရဲ့ဆရာက တကယ်ကို စိတ်ရင်းပါတာပဲ.. အခု ဒီဆေးညွှန်းကို မြင် လိုက်ပြီဆိုတော့ မင်းကို ကောင်းကောင်းကုမပေးလို့ မရတော့ဘူး” ရှီမာယူယူ သည် စာရွက်ကိုစားပွဲပေါ်တင်ပြီး ညာဘက်လက်ဖြင့် အသာခေါက်နေသည်။

“ဟီးဟီး ဆရာလည်း အရင်က ဒီလိုပြောဖူးတယ်” ဖူရှီသည် သူမရှေ့တွင် ထိုင်လိုက်သည်။ သူသည် သစ်ချသီးတချို့ထုတ်ပြီး သူမရှေ့သို့တင်လိုက်သည်။ ထို့နောက်တွင် နှစ်လုံးယူကာ အသားကိုစားနေသည်။

“မင်းက တကယ်ပဲ သစ်ချသီးကြိုက်တာပဲ” ရှီမာယူယူသည် သစ်ချသီး များကို ကြည့်လိုက်သည်။ သူမသည် သူအရင်ကပေးသည့် သစ်ချသီးများကိုပင် မစားရသေးပေ။

“အရင်တုန်းက ဆရာက အတင်းစားခိုင်းတာလေ.. ငါက အမြဲတမ်း ဦးနှောက်မသုံးတော့ ဒါတွေစားတာကောင်းတယ်တဲ့.. နောက်တော့ စားနေကျ ဖြစ်ပြီး ကြိုက်သွားတာပဲ” ဖူရှီ ပြောလိုက်သည် “စားကြည့် တကယ် စားကောင်း တယ်”

ရှီမာယူယူ တစ်ခုယူလိုက်သည်။ သူသည် ဟ,ရုံသာဟ,ထားသဖြင့် အခွံ ဖွင့်ရန်ကိုပင် အားသုံးလိုက်ရသည်။ သူမသည် အထဲမှသစ်ချသီးအသားကို ကိုက်ကြည့်ရာ အမှန်တကယ်ပင် အရသာရှိလေသည်။ သူမ ဝါးမျိုလိုက်ချိန် တွင် ကြံ့ခိုင်သောဝိညာဉ်စွမ်းအင်သည် သူမခန္ဓာကိုယ်ထဲဝင်သွားသည်ကို ခံစား မိလိုက်သည်။ သူမကို အံ့ဩစေသည်မှာ ဝိညာဉ်စွမ်းအင်သည် တွေ့ကရာ နေရာသို့ ပျံ့သွားခြင်းမဟုတ်ဘဲ သူမ၏ အရိုးများထဲသို့ တည့်တည့်တင်သွား ခြင်းဖြစ်သည်။

ဖူရှီ၏ဆရာသည် သူ့ခန္ဓာကိုယ် အားတိုးလာစေရန်အတွက် ပေးသည့်ပုံ ပင်။

“အခွံတွေကတော့ အရမ်းမာတယ် အခွံနွှာဖို့ကို ခက်တယ်” ဖူရှီ ပြော လိုက်သည် “ဒါပေမဲ့ ဟိုးတလောက သံတုံးတစ်ခုတွေ့ထားတယ်.. မထင်ရဘူး သုံးရတာလွယ်တယ်.. အဲဒါကြောင့် ပျင်းတဲ့အချိန်ဆို အဲဒါနဲ့ထုပြီးစားတာ”

“အခွံတွေကို လေ့လာဖို့ ငါ့ကိုပေးလို့ရမလား” ရှီမာယူယူ ပြောလိုက် သည်။

“ရတာပေါ့ မဟုတ်လည်း ငါမှမသုံးတော့တာ” ဖူရှီသည် တည့်တိုးပင် ပြန်ဖြေလိုက်သည် “အဲဒါကို လက်နက်အဖြစ်သုံးဖို့ လေ့လာမလို့လား.. ဖြစ်နိုင် တယ်လို့ထင်တာပဲ.. ဒါပေမဲ့ တစ်ခါမှတော့ မကြိုးစားဖူးဘူး”

ရှီမာယူယူသည် အမှန်တကယ်ပင် လက်နက်သန့်စင်ရာတွင် သုံးကြည့် ချင်သည်။

“ဒါ အရင်တစ်ခေါက်က ငါ ရထားတာတွေပဲ မင်းအတွက် ခွဲပေးမယ်” ဖူရှီ သည် အခွံမနွှာရသေးသည့် သစ်ချသီးအပုံလိုက်ထုတ်လိုက်ပြီးနောက် အမည်း ရောင် စတုရန်းသတ္တုတုံးတစ်တုံးထုတ်လိုက်သည်။ ပွတ်သပ်ပြီးသည်နှင့် ထုခွဲ လိုက်ရာ သစ်ချသီးအခွံတွင် အက်ရာပေါ်လာသည်။ နှစ်ချက်လောက် ထုပြီး နောက်တွင် ထက်ပိုင်းကွဲသွားလေသည်။

ရှီမာယူယူသည် ထိုပစ္စည်း အလွန်မာသည်ကို တွေ့သောအခါ အနည်း ငယ် အံ့ဩမိသည်။ အခုမှပင် သစ်ချသီးအခွံမှာ မည်မျှမာကြောင်း သိလိုက်ရ သည်။ မိုယွိနှင့် တခြားသူများပင်လျှင် မခွဲနိုင်ခဲ့ပေ။ သို့သော် ထိုသတ္တုတုံးသည် နှစ်ချက်တည်းနှင့် ထက်ပိုင်းကွဲသွားစေသည်။ ထိုသတ္တုတုံးမှာ မည်မျှ အားကောင်းကြောင်းမှာ ရှင်းလင်းနေသည်။

ဖူရှီသည် ထိုအပုံလိုက်ကြီးကို အခွံနွှာလေသည်။ ပြီးနောက် ရှီမာယူယူ ရှေ့သို့ ပို့ကာ ပြောလိုက်သည် “ဒါတွေက မင်းအတွက်ပဲ”

ရှီမာယူယူသည် ထိုသစ်ချသီးများကို ကြည့်ပြီး ပြောလိုက်သည် “ဒီ သစ်ချ သီးတွေက ဈေးမပေါဘူးမလား ငါ့ကို ဒီလိုမျိုးပဲ ပေးလိုက်မှာလား”

“တခြားသူတွေအတွက်တော့ ဒါရဖို့ခက်လိမ့်မယ်.. ဒါပေမဲ့ ငါ့မှာ အများ ကြီးရှိတယ်.. ငါ့ရှေ့မှာ ဟိတ်ဟန်များနေစရာမလိုပါဘူး” ဖူရှီသည် ပြောပြီး သည်နှင့် ရယ်လိုက်သည်။

“ဘာတွေပြောနေကြတာလဲ” ဝူလင်းယူနှင့် မိုယွိတို့သည် ခြံဝန်းထဲမှ ထွက်လာသည်။ သူတို့နှစ်ယောက် အဆောင်ငယ်တွင် ပျော်ရွှင်စွာ ရယ်မောပြီး စကားပြောနေကြသည်ကို မြင်သောအခါ လျှောက်လာပြီး မေးလေသည်။

“ဒီသစ်ချသီး အကြောင်းကိုပြောနေတာပါ” ရှီမာယူယူသည် သစ်ချသီး အခွံများကို ညွှန်ပြလိုက်သည် “ဒါတွေကို လက်နက်အဖြစ် သန့်စင်လို့ရမလား လို့ စမ်းကြည့်ချင်လို့ သူက ပေးနေတာ”

“ဒါတွေက အရမ်းမာတယ် ခွဲဖို့က မလွယ်ဘူး” မိုယွိ ပြောလိုက်သည်။

“သူ့မှာ သတ္တုတုံးရှိတယ်.. တော်တော်လေးအသုံးဝင်တယ် နှစ်ချက် သုံးချက်လောက် ထုလိုက်တာနဲ့ ကွဲသွားတာ” ရှီမာယူယူ ပြောလိုက်သည်။

“အိုး အများစုက အဲလောက် မမာပါဘူး ကောင်လေး.. မင်း သစ်ချသီး အခွံ ခွဲဖို့တော့ အံ့ဖွယ်ပစ္စည်းကို မသုံးဘူးမလား” မိုယွိ မေးလိုက်သည်။

“မဟုတ်လောက်ပါဘူး.. ငါ ဘယ်လောက်ပဲကြည့်ကြည့် အဲဒါက အံ့ဖွယ် ပစ္စည်းနဲ့ကိုမတူဘူး.. အံ့ဖွယ်ပစ္စည်းဖြစ်ရင်တောင် ဘယ်လောက် သုံးကြည့် သုံးကြည့် သုံးလို့မရဘူး.. ဘာတုံ့ပြန်မှုမှမရဘူး.. ဝိညာဉ်စွမ်းအင် နည်းနည်း တောင်မရှိဘူး.. အဲဒါကြောင့် ဒီအတိုင်းသတ္တုတုံးကြီးပဲ” ဖူရှီသည် ပြောပြီး နောက် ထိုသတ္တုတုံးထုတ်ပြီး အားလုံးရှေ့ကို ချလိုက်သည်။

ထိုသတ္တုတုံးကို မြင်သောအခါ မိုယွိသည် ပင့်သက်ရှိုက်မိသည်။

***

All Chapters