သတင်းပေါက်ကြားခြင်း
Vol. 140 Ch. 1949
ထိုသတ္တုတုံးကို မိုယွိမြင်သောအခါ မယုံနိုင်သော အကြည့်များဖြစ်သွား လေသည်။
ဒါက အစစ်ကြီးတော့ မဟုတ်လောက်ပါဘူးနော်။ ဒါပေမဲ့ ကြည့်ရ သလောက်တော့ သူ အရင်မြင်ဖူးတဲ့တစ်ခုနဲ့တူနေတယ်။
သူသည် သတ္တုတုံးကို ကောက်ယူပြီး အသက်ပြင်းပြင်းရှိုက်ကာ အောက် ဘက်ကိုလှည့်လိက်သည်။ အောက်တွင် ခပ်ရေးရေးဖြစ်နေသော “မြောက်” ဆို သည့်စာလုံးသည် သူ့မျက်လုံးကို မီးမြှိုက်လိုက်သလိုပင်။
“ဒါ အစစ်ကြီးပဲ ဒါကိုဘယ်ကနေတွေ့လာတာလဲ” သူသည် ပျော်ရွှင်စွာ မေးလိုက်သည်။
“အာ… ရွှံ့ထဲက ကောက်လာတာ” သူ ဘာကြောင့် ပျော်သွားသည်ကို ဖူရှီ မသိပေ။ သို့သော် သူသည် ရတနာတစ်ပါးကိုရလိုက်ရသလိုကို ဖြစ်နေသည်။
ရှီမာယူယူသည် မိုယွိကို ပို၍တအံ့တဩကြည့်သည်။ သူ ဘယ်တုန်းက ဒီလောက် ပျော်သွားတာလဲ။ ဝူလင်းယူပင်လျှင် မယုံနိုင်ဖြစ်နေပုံကို မြင်နေရ သည်။
“ဒါက ဘာလဲ ဒီလောက်ပျော်ရတဲ့ဟာလား”
သူမသည် မိုယွိလက်ထဲမှ ပစ္စည်းကိုယူပြီး ဝိညာဉ်စွမ်းအင်ထည့်ကြည့်ရာ မည်သည့်တုံ့ပြန်မှုမှမရသည်ကို သိလိုက်ရသည်။
ဒါက သုံးမရတဲ့ သတ္တုတုံးတစ်ခုပဲ မဟုတ်ဘူးလား။
ဖူရှီသည် သူမအား သိချင်စိတ်ဖြင့် ကြည့်ပြီး ပြောလေသည် “တကယ် လား တကယ်လား ဒါက ရတနာလား”
“မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းပဲ” မိုယွိ ပြောလိုက်သည် “ဒါကိုကြည့် လိုက်”
သူသည် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကို လှန်ပြီး အောက်ဘက်မှ ခပ်ရေးရေး ‘မြောက်’ ဆိုသည့်စာလုံးကို ထောက်ပြပြီး ပြောလိုက်သည်။ “အံ့ဖွယ်ချိပ်စည်းတွေက တစ်ပုံစံတည်းတွေပဲ မတူတာ တစ်ခုက အောက်ဘက် မှာရေးထားတဲ့စာပဲ”
“တကယ်ပဲ အဲဒီစာလုံးနဲ့တူတာပဲ” ရှီမာယူယူနှင့် ဖူရှီတို့ ပြေးလာကြ သည်။ သူတို့သည် ခပ်မှိန်မှိန်ဖြစ်နေသော စာလုံးကိုမြင်နေရသည် “ဒါပေမဲ့ ဒီ စာလုံးက မှတ်မိဖို့ခက်တယ်.. ဘယ်လောက်ပဲ ကြိုးစားကြည့်ကြည့် မသိသာ ဘူး.. ဒီအတိုင်းအလှဆင်ထားတာလို့ပဲ ထင်နေတာ”
“မိုယွိ ဒါက တကယ်ပဲ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းထဲက တစ်ခုလား” ရှီမာယူယူသည် မသေချာစွာမေးလိုက်သည်။ သူမ မည်မျှပင် ကြည့်စေကာမူ အသုံးမဝင်သည့် ပစ္စည်းနှင့်တူနေသည်။ သူမက အမေကို ကယ်ဖို့ ဒီပစ္စည်းကို တကယ်သုံးရမှာလား။
“ဒါက… ငါလည်း မသေချာဘူး” မိုယွိသည် အနည်းငယ် တုံ့ဆိုင်းနေသည် “ပြီးတော့ မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက ပျောက်သွားတာ နှစ်ပေါင်းအရမ်း ကြာနေပြီ”
“ဘာပြောလိုက်တယ်” ရှီမာယူယူ ရုတ်တရက် အသံကိုမြှင့်ပြောလိုက်ရာ အတွေးထဲနစ်မြောနေသော မိုယွိ လန့်သွားလေသည်။
ထိုအခါမှပင် မိုယွိသည် သူပြောလိုက်သည့် စကားကို သတိထားမိသွား သည်။ ဤမျှအရေးကြီးသည့်ကိစ္စကို ဝေဝါးနေသည့် သူ့ကိုယ်သူလည်း အပြစ် တင်မိသည်။
သူသည် ရယ်မောပြီး မသိချင်ယောင်ဆောင်သွားမည်ပြုသော်လည်း ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်နေကာ သူ့ကိုဖိအားပေး ဆက်ပြောခိုင်းနေ သည်။ သူသည် ဝူလင်းယူကို သနားခံသည့်အကြည့်ဖြင့်သာ ကြည့်လိုက်ရတော့ သည်။
ရှီမာယူယူသည် ဝူလင်းယူကို ကြည့်ပြီးပြောလိုက်သည် “ရှင်လည်း သိ တယ်မလား”
“သူက ငါ့ကိုအတင်းပြောခိုင်းတာပဲ” ဝူလင်းယူသည် သူမ၏ ရောင်ဝါ ပြောင်းလဲသွားသည်ကို မြင်သောအခါ အမြန်လျှောက်သွားပြီး သူမ၏ ပခုံးများ ကို ဆုပ်ကိုင်လိုက်သည်။ ထိုအချိန်တွင် သူမ၏ ခန္ဓာကိုယ်သည် အထိန်းအချုပ် မဲ့ တုန်ယင်နေသည် “ယူယူ ဒေါသမထွက်ပါနဲ့.. မင်းတွေ့ပြီးပြီမလား.. ဒါသာ အစစ်ဆိုရင် ဒီလိုတွေ့တာ မတိုက်ဆိုင်လွန်းဘူးလား”
“ဒါပေမဲ့ အစစ်မဟုတ်ရင်ရော ဘာဖြစ်လဲ.. ကြည့်လေ သုံးမရတဲ့ သတ္တု တုံးကြီးပဲ.. ဝိညာဉ်စွမ်းအင် အတက်အကျတောင်မရှိဘူး.. ရှေးဟောင်း အံ့ဖွယ် ပစ္စည်းနဲ့ ဘယ်မှာသွားတူနေလို့လဲ” ရှီမာယူယူသည် ခေါင်းမော့ပြီး သူ့ကိုကြည့် လေသည် “တကယ်လို့ ဒါကအစစ်မဟုတ်ရင် ဘာလုပ်နိုင်မှာလဲ.. အမေကရော ဘယ်လိုဖြစ်သွားမှာလဲ.. ထပ်ပြီး ရှေ့တိုးဖို့လိုဦးမှာလား”
သူမ၏ ယခုလိုပုံစံကို ဝူလင်းယူ မမြင်ဖူးသဖြင့် တခြားသူများကို ဂရုစိုက် မနေတော့ဘဲ သူမကိုဖက်လိုက်သည်။ သူသည် သူမ၏ကျောပြင်ကို ပုတ်ပြီး နှစ်သိမ့်ပေးလေသည် “ဒါကအစစ်မဟုတ်ရင်လည်း စိတ်ပူဖို့မလိုဘူး.. ကိုယ်တို့ မှာ အသက်ရှိနေသရွေ့ အဲဒီရှေးဟောင်းချိပ်ကိုဖျက်ပြီး မင်းအမေကို ကယ်မယ် မင်း ကိုယ့်ကို ဘယ်နနှစ်တောင် စောင့်ခိုင်းထားလဲကြည့်ဦး.. သူမကို ကယ်ပြီးမှ မင်းကိုလက်ထပ်ဖို့ ကိုယ်စောင့်နေတာလေ.. အဲတော့ ကိုယ့်လမ်းကို ဘယ်လို လုပ် ဒီလိုအဖြစ်ခံမှာလဲ.. ပြီးတော့ ဒါက အစစ်ဖြစ်ဖို့ ၈၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းလောက်ထိရှိတယ်”
“တကယ်လား”
“ဟုတ်တယ်လေ ဒီသစ်ချသီးတွေ ဘယ်လောက်မာလဲကြည့်လေ.. ကိုယ် ဝိညာဉ်စွမ်းအား သုံးတာတောင် မခွဲနိုင်ဘူး ဒါပေမဲ့ ဒီသတ္တုတုံးက တစ်ခါတည်း ခွဲနိုင်တယ်လေ.. သာမန်ပစ္စည်းက ဘယ်လိုလုပ် ဒီလောက်အားကောင်းမှာလဲ” ဝူလင်းယူ ခွဲခြမ်းစိတ်ဖြာလေသည် “အဲဒါကြောင့် ဒါအစစ်ဖြစ်မယ်လို့ထင်တယ်”
ပြောပြီးနောက်တွင် မိုယွိကိုကြည့်ရာ မိုယွိလည်း ချက်ချင်းပင် သဘောတူ လေသည် “ဟုတ်တယ်.. သာမန်ဝိညာဉ်ပစ္စည်းက ဒီလောက်အားမကောင်းဘူး အဲဒါကြောင့် စိတ်ပူမနေနဲ့ဦး အရင်ဆုံးစမ်းကြည့်ကြတာပေါ့”
ဖူရှီသည် ရှီမာယူယူ ပြောင်းလဲသွားသည်ကို မြင်သောအခါ ထိပ်လန့် ပျာပျာဖြစ်သွားသည်။ သူမေးလိုက်သည် “ယူယူ ဘာဖြစ်လို့လဲ ဒါယူချင်လို့လား ငါ မင်းကို ဒါပေးပါ့မယ် ဟုတ်ပြီလား ဒီလိုလုပ်မနေပါနဲ့”
ပြောပြီးနောက်တွင် သူသည် သူ၏လက်ထဲသို့ မြောက်မျက်နှာချိပ်စည်း ကိုထည့်ပြီး သူမ၏ မျက်နှာကိုပင် မော့ကြည့်လေသည်။
သူမ ဘာမှဖြစ်မှာမဟုတ်ဘူး။ သူ့ကိုကယ်နိုင်တာ သူမတစ်ယောက်ပဲရှိ တယ်။ သူမ တစ်ခုခုဖြစ်သွားရင် သူ ဘာလုပ်ရတော့မှာလဲ။
ရှီမာယူယူသည် လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကိုယူပြီး စိတ်အေးအောင် အသက်ပြင်းပြင်းရှုကာ ပြောလိုက်သည် “ဒါကို အစစ်ဆိုတာကို ဘယ်လို သေချာအောင်လုပ်မှာလဲ”
“မင်းအဘိုးကို အတည်ပြုခိုင်းရမယ်ထင်တယ်” မိုယွိ ပြောလိုက်သည် “အံ့ဖွယ်ချိပ်စည်းနှစ်ခုကို အတူထားလိုက်ရင် အစစ်ဟုတ်မဟုတ် ပေါ်လာနိုင် တယ်”
“ဒါဆိုလည်း နန်းတော်ကိုပြန်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဖူရှီ ငါနဲ့အတူ နန်းတော်ကိုလိုက်ခဲ့.. ဒါကိုအတည်ပြုပြီးရင် မင်းကိစ္စကိုဖြေရှင်း ကြမယ်.. အဆင်ပြေတယ်မလား”
ဖူရှီသည် သူမကို ကြည့်လိုက်သည် “ဒါက မင်းအတွက် အရမ်းအရေးကြီး လို့လား”
“ဟုတ်တယ် ငါ ဒီနှစ်တွေမှာ ဒါအတွက် တိုက်ခိုက်လာတာ.. ဒါသာ အတု ဆိုရင် ငါ…”
သူမ မည်သို့လုပ်ရမည်ကို မသိတော့ပေ။
“ဒါဆိုလည်း ကောင်းပြီလေ.. ငါ မင်းနဲ့လိုက်မယ်” ဖူရှီ ပြောလိုက်သည် “ဒါပေမဲ့ ငါဘေးကင်းအောင်တော့ မင်းလုပ်ပေးရမယ်”
ရှီမာယူယူသည် နွေးထွေးသောအပြုံးပြုံးပြီး ခေါင်းညိတ်လိုက်သည် “အင်း ငါ သေချာပေါက် မင်းကိုကာကွယ်မှာပါ”
သူမ စိတ်ငြိမ်သွားသည်ကို မိုယွိနှင့် ဝူလင်းယူတို့ မြင်သည့်အခါမှပင် သက်ပြင်းချနိုင်တော့သည်။
သူမ ရှာနေချိန်တွင် ဤပစ္စည်းပေါ်လာသည်မှာ ကောင်းသည့်ကိစ္စပင်။ အနည်းဆုံးတော့ သူမ၏ ဆန္ဒများကို ပြည့်မြောက်သွားစေသည်။ နောက်ပိုင်းမှ အတုဖြစ်သည်ကို သိခဲ့လျှင်တောင် သူမစိတ်ကိုကြိုတင်ပြင်ဆင်ထားလျှင် အနည်းဆုံး ပြိုလဲသွားတော့မည်မဟုတ်ပေ။
ကံကောင်းတယ်.. သူတို့က အရမ်းကံကောင်းတယ်။
သူ တွေးကြည့်လျှင် မိုယွိ ဖူရှီကိုကြည့်သည့်အကြည့်မှာ ပို၍နူးညံ့လာ သည်ကို သိလိုက်ရသည်။ သူတို့ သူ့ကို ကျေးဇူးတင်ရမယ်လေ။ သူသာ ဒီပစ္စည်း ကို အတူယူမလာရင် ဘာလုပ်ရမလဲဆိုတာ သူတို့သိကြမှာမဟုတ်ဘူး။
ဖူရှီသည် မိုယွိ၏ ကြင်နာသောအကြည့်ကို အာရုံခံမိသဖြင့် ထောင်လွှား စွာဖြင့် မေးမော့ထားလေသည်။ သူ့အဖြေကို မိုယွိစောင့်နေသည်ကိုပင် ဂရုမစိုက်ဘဲ လှည့်ထွက်လေသည်။
မိုယွိသည် နှုတ်ခမ်းတွန့်မိသည်။ ဒီကောင်လေးတော့နော်…
“ပြန်မယ်ဆိုမှတော့ အခုပဲပြန်ကြတာပေါ့” ရှီမာယူယူ ပြောလိုက်သည် “အမြန်ဆုံးနည်းလမ်းနဲ့ ပြန်ကြမယ်လေ”
မိုယွိတို့ စီစဉ်နေသည့်အချိန်တွင် ဖူရှီသည် အချိန်ကောင်းစောင့်ပြီး သူမ ကို မေးလိုက်သည် “ယူယူ အဲဒီလေးမျက်နှာအံ့ဖွယ်ချိပ်စည်းက မင်းအတွက် အရမ်းအရေးကြီးတာပဲလား ဘာလို့လိုတာလဲ”
“အဲဒါတွေက အရမ်းအရေးကြီးတယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ငါ့အမေက အသူရာငရဲမှာအချုပ်ခံထားရတယ်.. မကောင်းတဲ့လူတွေ ယုတ်မာ ကြလို့ ငါ့အမေကို ရှေးဟောင်းချိပ်စည်းနဲ့ပိတ်ထားတယ်.. ငါ အဲဒါကို လေး မျက်နှာအံ့ဖွယ်ချိပ်စည်းနဲ့မှ ဖျက်လို့ရမှာ.. အမေက အချုပ်ခံထားရတာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီ.. ငါလည်း အမေ့ကို ဖြစ်နိုင်သလောက် မြန်မြန်ကယ် ချင်တာလေ.. ဒါပေမဲ့ ငါ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းလေးခုရပြီး မရဏာစံတင် အဆင့်ကိုကျော်နိုင်မှပဲ အမေ့ကိုကယ်နိုင်မယ်လို့ ငါ့အဘိုးပြောခဲ့တာ.. အခု စဉ်းစားကြည့်တော့လည်း မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းက နှစ်တွေအများ ကြီး ပျောက်နေတာကို သူသိပြီးသားဖြစ်လိမ့်မယ် အဲဒါကြောင့် ငါ့ကို ပြေရာပြေ ကြောင်းပြောတာလေ.. သူက ငါ့ကိုစိတ်အားမငယ်စေချင်လို့နေမှာ”
“သိပြီ ဒီသတ္တုတုံးက အစစ်ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” ဖူရှီသည် သူမ ဝမ်းနည်းပက်လက်ဖြစ်ရသည့် အကြောင်းအရင်းကို အခုမှပင် သိသွား တော့သည်။ သူသာဆိုလျှင် တိုက်ခိုက်ပြီးမှ အလဟဿဖြစ်သွားလျှင်လည်း ယခုလိုပင် တုံ့ပြန်မိမည်ဖြစ်သည်။
“ကျေးဇူးတင်ပါတယ် ဖူရှီ” အစစ်ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ သူသည် ထိုပစ္စည်းကို သူမကိုပေးပေးခဲ့သည်။ သူ၏ ကြင်နာမှုကို သူမ ကျေးဇူး တင်ရဦးမည်။
***