နန်းတော်သို့ပြန်ခြင်း
Vol. 140 Ch. 1950
ဖူရှီသည် ရှီမာယူယူ၏ လေးနက်သော အကြည့်များကို မြင်သောအခါ ရယ်လိုက်သည် “ငါ မင်းကို တကယ်သဘောကျတယ် မင်းကို ကူညီပေးရရင် ငါ ပျော်မှာပဲ”
ရှီမာယူယူသည် သူ့ခေါင်းကို ပွတ်သပ်လိုက်သည် “မင်းပြဿနာကို ဖြေရှင်းဖို့ ငါ သေချာပေါက် နည်းလမ်းရှာမှာပါ”
“အင်း ငါ မင်းကိုယုံတယ်” ဖူရှီလည်း အလေးအနက်ထားကာ ခေါင်းညိတ် လေသည်။
သူသည် သိသည်မှာ မကြာသေးသည့် သူမကို ယုံသည်။ အရင်ကလိုသာ ဆိုလျှင် ထူးဆန်းနေလိမ့်မည်။ သို့သော် ယခုအချိန်တွင် သူ အမှန်တကယ် ယုံ ကြည်သည်။
အနောက်မှ ထိုလူများသာ ထိုအကြောင်းသိပါက သေချာပေါက် မျက်အိမ် များပြူးကျယ်လာမည်ဖြစ်သည်။
လျင်မြန်စွာင် မိုယွိပြန်လာကာ ထွက်သွားရန်အသင့်ဖြစ်ကြောင်း ပြော လေသည်။ ဤကဲ့သို့ မြန်မြန်ပြန်ကြမည်ဟု သိသောအခါ အရိပ်မည်းနှင့် ဟွမ်တို့ အံ့ဩကြသည်။ သို့သော် ဘာမှထပ်မမေးဘဲ သူမနှင့်အတူ ထွက်ခဲ့ကြ သည်။
သူမ အပြင်သွားပြီး အတွေ့အကြုံယူမည်ဟု ပြောထားသဖြင့် နှစ်ပေါင်း ဆယ်ဂဏန်းမျှ ပြန်တွေ့နိုင်မည်မဟုတ်ဟု နန်းတော်မှလူများထင်ထားကြ၏။ သို့သော် ဤမျှမြန်မြန်ဆန်ဆန် ပြန်လာလိမ့်မည်ဟုထင်မထားပေ။
“မင်းသမီးလေး” ယွိရှီသည် ရှီမာယူယူအား ပျော်ရွှင်စွာ ကြည့်လေသည်။
“မင်းသမီးလေး ပြန်လာပြီ” လန်ယွင်သည် ပျော်ရွှင်စွာပြေးလာပြီး သူမ ကို အရိုအသေပြုလေသည်။ သူမသည် ဦးညွှတ်ပြီးသည်နှင့် အရှေ့တွင်ရပ်နေ ကာ လက်ကို ထားစရာနေရာမရှိဖြစ်နေသည်။
“မင်းသမီးလေး” ယန်းဟွေ့နှင့် တခြားသူများသည် ချုပ်တည်းနိုင်သည်။ သို့သော် သူတို့၏ အပြုံးမှာ ခံစားချက်ကိုတော့ ဖုံးထားမရပေ။
သူတို့အားလုံး ခြေလက်အစုံအလင်နှင့် အဆင်ပြေနေသည်ကို တွေ့သော အခါ စိတ်မပူတော့ပေ။
“သူတို့တွေ လာပြီးပြဿနာမရှာဘူးမလား”
“မရှာပါဘူး တစ္ဆေဘုရင်က စကားပါးလိုက်တာပါ.. မင်းသမီးလေးထွက် သွားပြီးတော့ ငယ်ရွယ်ခြင်းနန်းတော်ကို ဘယ်သူမှ အဝင်အထွက်မလုပ်ရဘူး တဲ့.. အစပိုင်းတော့ မင်းသားလေးက လာချင်သေးတာ ဒါပေမဲ့ တစ္ဆေကြင်ယာ တော်ရဲ့လူတွေက သူ့ကိုပြန်ခေါ်သွားတယ်” ယွိရှီ ပြန်ဖြေလေသည်။
“အိုး” တစ္ဆေကြင်ယာတော်သည် ယွိဟောက်ကို ပြန်ခေါ်သွားလိမ့်မည်ဟု ထင်မထားပေ။ သို့သော် သူမ၏ အတွေးကို ခန့်မှန်း၍ရနေသည်။
သူမ အပြင်၌ရှိစဉ်တွင် သတ်လိုက်ပါက ကောင်းကင်ကြီးမှာ ကျယ်ဝန်းပြီး ဘုရင်နှင့်လည်း ဝေးလွန်းသည်။ မည်သို့ပင်ဖြစ်စေကာမူ တစ္ဆေဘုရင်သည် သူမကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် သူ့တွင် သက်သေမရှိပေ။ သို့သော် နန်းတော်အတွင်း၌ ပြဿနာရှာပါက တစ္ဆေဘုရင်၏ မျက်စိအောက် တွင် ဆင်ခြေပေးရန် ခက်ခဲသွားမည်။
ထို့အပြင် သူမနေရာမှ ကြည့်လျှင်လည်း အပျိုတော်အချို့လောက်နှင့် အချိန်ကုန်မခံနိုင်ပေ။
“မင်းသမီးလေး.. အပြင်မှာ အတွေ့အကြုံယူပြီးမှ ပြန်လာမယ်လို့ စကား ပါးထားတာမဟုတ်ဘူးလား ဘာလို့ ဒီလောက် အစောကြီးပြန်လာတာလဲ” ယွိရှီ သည် ရှီမာယူယူမှ သူတို့ကို စိတ်ပူနေခြင်းမျိုး မဖြစ်စေလိုသဖြင့် မေးလိုက်ခြင်း ဖြစ်သည်။
“ကိစ္စတစ်ခုရှိလို့ စောစောပြန်လာလိုက်တာပါ” ရှီမာယူယူ ပြောလိုက် သည် “အဘိုးရော တံခါးပိတ်ကျင့်ကြံတုန်းလား”
“ဟုတ်ပါတယ် မင်းသမီးလေး ထွက်သွားပြီးတော့ အရှင်လည်း တံခါးပိတ် ကျင့်ကြံနေတာပါ.. သူက ပြီးခဲ့တဲ့ တိုင်းပြည်တွင်းပိုင်ပွဲကို အကဲဖြတ်ဖို့တောင် ထွက်မလာဘူး.. အရင်တုန်းက ဒီလိုမဖြစ်ဖူးဘူး” လန်ယွင် ပြောလိုက်သည် “အရင်တုန်းကဆိုရင် သူ ဘယ်လောက်ပဲအလုပ်များများ အဝေးမှာရောက်ရင် တောင် အကဲဖြတ်ဖို့ အပြေးလာတတ်တယ်.. ဒါပေမဲ့ ဒီတစ်ခေါက်က သူ အဆင့် တက်တော့မှာကို အာရုံခံမိလို့လား မသိဘူး တံခါးပိတ်ကျင့်ကြံနေတာ.. ဒါပေမဲ့ အဲလိုမဟုတ်ဘူးထင်ပါတယ်.. အရှင်က ဧကရာဇ်အဆင့်တစ်ဝက်ကိုတောင် ဝင် နေပြီ အဲထက်တော့ အဆင့်မတက်နိုင်လောက်တော့ဘူး”
အမှန်ပင်ဖြစ်သည်။ ကမ္ဘာကြီးတစ်ခုလုံး၏ အမြင်အရ ထိုအတိုင်းပင် ဖြစ် သည်။ ဤလောကတွင် ဧကရာဇ်မရှိပေ။ ဧကရာဇ်အဆင့်သို့ တစ်ဝက်တက်ပြီး လျှင် ထပ်အဆင့်တက်ရန် လမ်းမရှိတော့ပေ။ ထိုအရာမှာ ကမ္ဘာပေါ်မှလူ အားလုံး သိထားသည့် အရာဖြစ်သည်။
ထုံးစံအတိုင်းပင် တစ္ဆေဘုရင် တံခါးပိတ်ကျင့်ကြံနေသဖြင့် တစ္ဆေကြင် ယာတော်သည် စိုးရိမ်ခြင်းမရှိပေ။ မည်မျှပင် ကြိုးစားပြီး ကျင့်ကြံစေကာမူ သူ သည် အဆင့်တက်စရာအကြောင်းမရှိတော့ပေ။
ထို့ကြောင့်ပင် သူ့ကိုယ်သူ ဖိအားပေးချင်လျှင် ပေးနိုင်သည်။ မည်သို့ပင် ဖြစ်စေကာမူ သူမရှိလျှင် သူမသည် ပို၍လွှမ်းမိုးနိုင်သည်။
တိုင်းပြည်ပြိုင်ပွဲမှာ အရင်ကလိုပင်။ နောက်ဆုံးတွင် ယှဉ်ပြိုင်သူ အများစု မှာ သူမလူများဖြစ်ကြသည်။ ဘုရင်ကိုထောက်ခံသူအများစုမှာ သူမ လက်အောက်သို့ ရောက်ကုန်ကြသည်။ သူ တိုင်းပြည်တွင်းပြိုင်ပွဲသို့ သွားလျှင် လည်း အကူအညီမဲ့သွားနိုင်သည်။
ဤကမ္ဘာတွင် ဧကရာဇ်အဆင့်ရှိသည်ကို သိသည်မှာ ရှီမာယူယူ တစ်ယောက်တည်းသာဖြစ်သည်။ ဖန်ရူယန်သည် လျှို့ဝှက်နည်းကိုသုံးပြီး အဆင့်တက်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ကောင်းကင်မှ အသိအမှတ်ပြုခြင်းမခံရ သော်လည်း အမှန်တကယ် ဧကရာဇ်အဆင့်သို့ ရောက်ခဲ့သည်။ သူမပင်လျှင် လုပ်နိုင်သဖြင့် သူလည်း လုပ်နိုင်လိမ့်မည်။
သို့သော် သူ မအောင်မြင်ခင်တွင် သူမ တစ်ခွန်းမှဟ,လိမ့်မည်မဟုတ်ပေ။
ထို့အပြင် သူတို့ ဤအတိုင်း စဉ်းစားသည်လည်းကောင်းသည်။ အနည်း ဆုံးတော့ သူ ကျင့်ကြံရာတွင် နှောင့်ယှက်တော့မည်မဟုတ်ပေ။
“အဲတော့ မင်းက တကယ်ပဲ တစ္ဆေလောကရဲ့ မင်းသမီးလေးပေါ့” ဖူရှီ သည် ငယ်ရွယ်ခြင်းနန်းတော်ကို လှည့်ပတ်ကြည့်ပြီး ပြောလိုက်သည် “ဒီက ပစ္စည်းတွေက ရိုးရှင်းပေမဲ့ တန်ဖိုးရှိတာပဲ.. တစ္ဆေလောကမှာ မင်းရာထူးက မြင့် သားပဲ အာ.. ဒါဆို မင်းက တစ္ဆေလောကမှာ လုပ်ချင်သလိုလုပ်လို့ရတယ်လို့ ဆိုလိုတာပေါ့”
“ငါ့ကို အဲလိုလူပုံပေါက်နေလို့လား” ရှီမာယူယူ ပြုံးလိုက်သည်။
“မပေါက်ပါဘူး တကယ်ကို ရန်သူကြီးရှိနေတဲ့ပုံ ပေါက်တယ်” ဖူရှီ ပြော လိုက်သည်။
“မင်းမှန်းတာမှန်တယ် အခု နန်းတော်မှာ အဲဒီရန်သူကြီးရှိတယ်”
“ဘာ.. နန်းတော်မှာဟုတ်လား”
“ဟုတ်တယ် နန်းတော်မှာ အားအကောင်းဆုံးမိန်းမပဲ”
“ဘာ.. ယူယူ.. ဒါဆို ဘာလို့ပြန်လာနေသေးတာလဲ ကိုယ့်သေတွင်းကိုယ် တူးနေတာပဲ”
“စိတ်ချပါ ဒီမှာဆို သူ ငါ့ကို မထိရဲဘူး” ရှီမာယူယူသည် ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ဘာလို့လဲ”
“မင်းလည်း သိထားရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ဒီမှာရှိ နေတုန်းပဲ မထိရဲတာ အပြင်ရောက်သွားရင် မတူတော့ဘူး”
“မင်းသမီးလေး ဒီကလေးက…” ယွိရှီ မေးလိုက်သည်။
“သူ့နာမည်က ဖူရှီ ငါအပြင်မှာရှိတုန်းက ခေါ်လာတဲ့ကလေးပဲ သူ ခဏ တော့ ဒီမှာနေလိမ့်မယ် ယွိရှီ.. သူ့အတွက် နေဖို့ပြင်ပေးလိုက်ပါား လင်းယူတို့နဲ့ အတူနေခိုင်းလိုက်ပါ” ရှီမာယူယူ ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့ပါ မင်းသမီးလေး” ယွိရှီသည် ဖူရှီအကြောင်းကို အလွန်သိချင် နေသည်။ သို့သော် ရှီမာယူယူသည် ပြောပြရန် အစီအစဉ်ရှိပုံမပေါ်သဖြင့် ဘာမှ ထပ်မမေးတော့ပေ။ ထိုအစား ဖူရှီကိုပြောလိုက်သည် “ကောင်လေး မင်း အနား ယူဖို့ ခေါ်သွားပေးမယ်”
ဖူရှီသည် ရှီမာယူယူကို ကြည့်ပြီး ထွက်သွားရန် တွန့်ဆုတ်နေသည်။ ရှီမာယူယူသည် အရိပ်မည်းနှင့် ဟွမ်တို့ကို ပြောလိုက်သည် “မင်းတို့ သူနဲ့နေ လိုက်ကြပါ.. ဖူရှီ တစ္ဆေကြင်ယာတော်က ဒီနန်းတော်မှာ ဘာလို့ငါ့ကိုမထိရဲတာ လဲသိချင်လား.. သူတို့နဲ့လိုက်သွားရင် ပြောပြလိမ့်မယ်”
ဖူရှီသည် သူမဆီမှထွက်မသွားချင်သော်လည်း ထိုအကြောင်းအရင်းကို လည်း သိချင်နေသည်။ ထို့ကြောင့် လန်ယွင်တို့နှင့် ထွက်သွားလိုက်သည်။
သူထွက်သွားပြီးနောက် ရှီမာယူယူသည် ယန်းဟွေ့ကို ပြောလိုက်သည် “အဘိုးကို အခုသွားတွေ့လို့ရလား”
“အရှင်က တစ်ချိန်လုံး ကျင့်ကြံနေပြီးတော့ ဘယ်သူ့ကိုမှ တွေ့ခွင့်ပေး မထားပါဘူး.. မင်းသမီးလေးပြန်လာရင်တောင် တွေ့ခွင့်ပေးပါ့မလားမသိဘူး” ယန်းဟွေ့သည် မသေချာစွာပြောလေသည်။
သည်တစ်ကြိမ်တွင် ဘုရင်ကြီးသည် တင်းကြပ်စွာ ကျင့်ကြံနေပြီး မည်သူ့ ကိုမှ တွေ့ခွင့်မပေးခြင်းဖြစ်မည်။ တွေ့ဆုံပွဲကြီးရှိသည့်အခါနှင့် တစ္ဆေကြင်ယာ တော်မှ လာရှာသောအခါတွင်လည်း ထွက်မတွေ့ခဲ့သဖြင့် တခြားမည်သူကိုမှ မတွေ့ဟုလည်း အဓိပ္ပာယ်သက်ရောက်သည်။
သို့သော် မင်းသမီးလေးသည် ဘုရင်ကြီးအတွက် ထူးခြားသည်။ ထို့ကြောင့် သူမကို တွေ့သည် မတွေ့သည်မှာ မသေချာပေ။
ရှီမာယူယူသည် အနည်းငယ် တွေဝေသွားသည်။ လေးမျက်နှာအံ့ဖွယ် ချိပ်စည်းသည် သူမအတွက် အလွန်အရေးကြီးနေကာ ရလဒ်ကိုလည်း လုံးဝ အဖြေရှာမရသေးပေ။ သို့သော် တစ္ဆေဘုရင်အတွက် ကျင့်ကြံခြင်းမှာလည်း အရေးကြီးနေပြန်သည်။ ထို့အပြင် သူ့ကျင့်ကြံခြင်းမှာ မည်သည့်အဆင့်ရောက် နေပြီကိုလည်း မသိပေ။ သူ အရေးကြီးသည့် အချိန်ဖြစ်နေပါက သူမ သွား နှောင့်ယှက်မိလျှင် နှောင့်နှေးသွားနိုင်သည်။ ထိုအခါလည်း မဖြစ်သေးပေ။
အတန်ကြာ တွေဝေပြီးနောက်တွင် တစ္ဆေဘုရင် ကျင့်ကြံနေသည့်နေရာ သို့ သွားရန် ဆုံးဖြတ်လိုက်သည်။ သည်တစ်ခေါက်တွင် တံခါးတွင်စောင့်နေ သည့် ကိုယ်ရံတော်များသည် လူလဲထားကြသည်။ သူမကို မြင်သောအခါ တရိုတသေ ဦးညွှတ်ကြလေသည်။
“မင်းသမီးလေး”
“အဘိုးက ကျင့်ကြံနေတုန်းလား” ရှီမာယူယူ မေးလိုက်သည်။
“ဟုတ်ပါတယ်”
“အဘိုးက ငါထွက်သွားကတည်းက ထွက်လာလား”
“မထွက်လာပါဘူး”
“အိုး” သူမသည် တံခါးရှိရာဘက်သို့ ကြည့်ပြီး တုံ့ဆိုင်းနေမိသည်။ နောက်ဆုံးတွင် သူမ မသွားတော့ပေ။ သူသည် ကိုယ်ရံတော်များကို ပြောလိုက် သည် “အဘိုးထွက်လာတာနဲ့ ငါပြန်လာပြီဆိုတာ ပြောပေးပါ”
“ဟုတ်ကဲ့ပါ မင်းသမီးလေး”
ရှီမာယူယူသည် နောက်တစ်ခေါက်ပြန်ကြည့်ပြီး ဝမ်းနည်းစွာဖြင့် ထွက်ခဲ့ လိုက်သည်။
သူ ထွက်လာသည်အထိ စောင့်ပြီးမှ ပြောသည်က ပိုကောင်းလိမ့်မည်။
**