လျှပ်စီးဖြင့်ရှော့တိုက်ခြင်း
Vol. 140 Ch. 1951
ဖူရှီသည် ပြီးခဲ့သည့်တစ်ခေါက်က ရှီမာယူယူ တစ္ဆေကြင်ယာတော်ကို မည်သို့အနိုင်ပိုင်းလိုက်ကြောင်းကို လန်ယွင် ပြောပြနေသည်ကို နားထောင်နေ ၏။ သူမ လုပ်ခဲ့သည့်အရာများကြောင့် ထိုလူတစ်စုကြောက်သွားကြသည်ကို ကြားသောအခါ အကူအညီမဲ့စွာ ရယ်မောလိုက်သည်။
သူမတွင် ဤကဲ့သို့ ဆိုးသွမ်းသောအမူအကျင့်ရှိလိမ့်မည်ဟု သူ ထင် မထားပေ။
“ဘာတွေ ရယ်မောနေကြတာလဲ” ရှီမာယူယူ လျှောက်လာပြီး ဖူရှီရယ် မောနေသည်ကို မြင်သောအခါ မေးလိုက်သည်။
“မင်းအကြောင်းပြောနေတာလေ” ဖူရှီ ပြောလိုက်သည် “မင်းက အဲဒီ စုန်းမအိုကြီးကို ထိခိုက်အောင်လုပ်တာကို သူမမှာ ထိုင်ပြီးတော့ပဲခံနိုင်တယ်.. စဉ်းစားလိုက်တာနဲ့ ပျော်စရာကြီးပဲ”
“မင်းက ရင်းနှီးတာလည်း မြန်လိုက်တာ” ရှီမာယူယူသည် ထိုအကြောင်း ကို တွေးကြည့်သည်နှင့် ပြုံးမိသွားသည်။
“ဘာလို့ ဒီလောက်မြန်မြန်ပြန်လာတာလဲ” ဟွမ် မေးလိုက်သည်။
“အဘိုးက တံခါးပိတ်ကျင့်ကြံနေတာလေ ငါ သူ့ကိုမနှောင့်ယှက်ချင်လို့” ရှီမာယူယူ ပြောလိုက်သည် “သူ ထွက်လာမှပဲပြောတော့မယ် အရင်ဆုံး မင်း ခန္ဓာကိုယ်ကို စမ်းသပ်ဦးမယ်”
သူမသည် အစောပိုင်းက သူ့အခြေအနေကို နားလည်ပြီးဖြစ်ကာ သူ့ဆရာ သူ့ကို လုပ်ပေးခဲ့သည်များကို ရှင်းလင်းနေပြီဖြစ်သည်။ သူမ လုပ်ရန်လိုသည်မှာ ယခုသူ့အခြေအနေကို နားလည်အောင်လုပ်ရန်ဖြစ်သည်။
“ငါ့ရောဂါကိုအရင်ကုချင်လို့လား” ဖူရှီသည် အနည်းငယ် အံ့ဩသွား သည်။
သူမ ခုနက အရမ်းစိတ်ပူနေတာမဟုတ်ဘူးလား။ အဲဒီကိစ္စကို ဖြေရှင်းပြီး မှ သူ့ကိုဆေးကုမယ်ထင်နေတာ။ တခြားကိစ္စကို အရင်ဘေးချိတ်ထားလိမ့်မယ် လို့ထင်မထားဘူး။
“အရင်ဆုံး ကြည့်ကြတာပေါ့.. အဘိုးထွက်လာမှပဲ တခြားကိစ္စကို ပြော ကြမယ်” ရှီမာယူယူသည် ဖူရှီကို အိမ်ထဲသို့ခေါ်သွားပြီး ယွိရှီနှင့် တခြားသူများ ကို စောင့်ကြပ်ထားရန် မှာလိုက်သည်။
သူမ၏ ဝိညာဉ်စွမ်းအင်မှာ သူ့ခန္ဓာကိုယ်အတွင်း သွားလာနေသည်ကို ဖူရှီ ခံစားမိသည်။ သူမသည် အမှောင်စွမ်းအင် ပိုင်ဆိုင်ထားသော်လည်း အေးစက် မနေပေ။ ထိုအစာား နွေးထွေးပြီး သက်တောင့်သက်သာရှိလှသည်။
အတန်ကြာပြီးနောက် သူမသည် စွမ်းအင်ပြန်ထုတ်လိုက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။
“ဘယ်လိုလဲ.. မျှော်လင့်ချက်ရှိလား” ဖူရှီသည် အဆိုးဘက်ရောက်သော အဖြေရလာမည်ကို စိုးရိမ်သဖြင့် သတိထားပြီး မေးလေသည်။
သူမသည် သူ၏နောက်ဆုံးမျှော်လင့်ချက်ဖြစ်သည်ဟု ဒုဆရာက ပြောခဲ့ သည်။ သူမသာ သူ့ကို သေမည့်စကားပြောလာပါက သူ့တွင် ထင်မြင်ချက်ပင် မရှိတော့ပေ။
“အခုတော့ ငါ့မှာ အဖြေမရှိသေးဘူး.. ဒါပေမဲ့ မင်းခန္ဓာကိုယ်က စွမ်းအင် က မကြာခင် အထိန်းအချုပ်မဲ့တော့မှာကို အာရုံခံမိတယ်၊ အချိန်တစ်ခုလောက် ဖိနှိပ်ထားဖို့ နည်းလမ်းကိုစဉ်းစားရမဘ်.. ပြီးမှ မင်းခန္ဓာကိုယ်ကို သန့်စင်ဖို့ နည်းလမ်းကူစဉ်းစားပေးမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီနှစ်တွေမှာ မင်းရဲ့ ဆရာက မင်းကို အရည်အသွေးမြင့်တဲ့ပစ္စည်းတွေ သုံးလာပေးလို့ မင်း ကံကောင်းတယ်.. အများစုက ခန္ဓာကိုယ်ရဲ့ တည်ဆောက်မှုကို အားဖြစ်စေလို့ ပြန်တိုက်ခိုက်ဖို့ အခွင့်အရေးရနေတာပဲ”
“အဲဒါကို ဘယ်လိုဖိနှိပ်မှာလဲ”
“အချိန်တစ်ခုလောက်တော့ ချိပ်ပိတ်ထားမယ်” ရှီမာယူယူ ပြောလိုက် သည် “ငါတို့ အဲလိုလုပ်ရင်တော့ ဒဏ္ဍာရီနဂါးစွမ်းအင်ကို မသုံးသင့်ဘူး”
“ငါ မသုံးနိုင်ဘူးဆိုရင် နန်းတော်ထဲမှာဆို ငါ့ကိုကာကွယ်ပေးရမယ်” ဖူရှီ သည် ယုံကြည်ချက်ရှိရှိ ပြန်ဖြေလေသည်။
ရှီမာယူယူ ပြုံးလိုက်သည် “အင်း ငါ မင်းကိုကာကွယ်မှာပါ”
“ဟုတ်ပြီ ဒါဆိုလည်း သွားတော့လေ ငါ တစ်နေကုန် စိတ်ပူမနေချင်ဘူး” ဖူရှီသည် ရဲရဲဝံ့ဝံ့ပြောသော်လည်း တုန်ယင်နေသော မျက်ခုံးများသည် သူ့စိတ ထဲမှ အကြောက်တရားကို ဖော်ပြနေသည်။
“ငါ မလုပ်နိုင်ဘူး မိုယွိလား လင်းယူလား တစ်ယောက်ရွေးလိုက်” ရှီမာယူယူ ပြောလိုက်သည်။
ဖူရှီသည် တွေဝေသွားပြီးနောက် နောက်ဆုံးတွင် မိုယွိကို ရွေးချယ်လိုက် သည်။ ဒီလူက သူ့ကိုတစ်ခါလှည့်စားဖူးလို့ မုန်းနေပေမဲ့ ဒီအချိန်မှာတော့ အကြွေးပြန်တောင်းမှာမဟုတ်ဘူး။ နောက်တစ်ယောက်ကတော့ အရမ်းကို သဝန်တိုလွန်းတယ်။ သူ သူမနဲ့ အတူရှိနေတဲ့အချိန် အဲလူဝမ်းနည်းသွားပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ရင် သူဘယ်လိုလုပ်ရတော့မလဲ။
ရှီမာယူယူသည် သူ့ရွေးချယ်မှုကို ထူးဆန်းသည်ဟု မထင်ပေ။ ထို့ကြောင့် မိုယွိကို ခေါ်ခိုင်းလိုက်သည်။
မိုယွိ ထိုအကြောင်းကို သိသောအခါ သဘောတူလေသည်။ ဖူရှီကြောင့် သာမဟုတ်လျှင် မြောက်မျက်နှာအံ့ဖွယ်ချိပ်စည်းကိစ္စမှာ ပြဿနာပင်ဖြစ်သည်။ ထို့ကြောင့် သူ့ကို ဤမျှလောက် ကူညီပေးရသည်မှာ ကိစ္စမရှိပေ။
အားအနည်းငယ် စိုက်ထုတ်လိုက်သည်နှင့် ဖူရှီ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင် မှာ ပိတ်သွားလေသည်။
“နောက်ဆုံးတော့ သက်သာသွားပြီ” ဖူရှီသည် သူ့ခန္ဓာကိုယ် ပေါ့ပါးသွား သည်ကို ခံစားမိပြီး နေ့စဉ်နေ့တိုင်း စိတ်ပူနေရန်မလိုတော့ပေ။
“အပျော်မစောနဲာ့း.. ဒါက လနည်းနည်းလောက်ပဲ ခံနိုင်မှာ.. ဒဏ္ဍာရီနဂါး စွမ်းအင်က မင်းခန္ဓာကိုယ်ထဲမှာ နည်းနည်းလေးရှိရင်တောင် ကိုင်တွယ်ရတာ ခက်တယ်” မိုယွိသည် သူ၏အပျော်ကို ရေအေးဖြင့် လောင်းချလိုက်သည် “ပြီးတော့ ဒီသုံးလေးလပြီးသွားလို့မှ ဖြေရှင်းဖို့ နည်းလမ်းရှာမတွေ့ဘူးဆိုရင် အိမ်ပြန်ပြီး မင်း မိသားစုကို သွားနှုတ်ဆက်တာ ကောင်းလိမ့်မယ်”
ဖူရှီသည် ထိုသတင်းမျိုးကြားရသည်ကို မအံ့ဩတော့ပေ။ သူသည် ခုံပေါ် တွင်ထိုင်ပြီး ခြေထောက်ကိုလွှဲယမ်းပြီး တည်ငြိမ်စွာပင် ပြောလေသည် “ဒီ အတွက်ကြောင့်မဟုတ်လည်း ဘယ်လိုပဲဖြစ်ဖြစ် အချိန်မရွေးသေမှာပဲလေ.. အနည်းဆုံးတော့ ဒီလိုဆိုရင် သုံးလေးလလောက်တော့ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်တာပေါ့”
ရှီမာယူယူသည် သူ့မျက်လုံးထဲမှ မှိုင်တွေနေမှုကို မြင်ရသော်လည်း နှစ်သိမ့်သည့်စကား ဘာမှမပြောတော့ပေ။ ယခုအချိန်တွင် သူ့ကို ကုသရန် နည်းလမ်းရှာပေးသည်ကလွဲပြီး တခြားစကားပြောလျှင်လည်း အသုံးမဝင်နိုင် ပေ။
“ငါ့မှာ အကြံရှိတယ်” နဂိုက နှုတ်ဆိတ်နေသော ဝူလင်းယူ ပြောလေ သည်။
“ဘာအကြံလဲ” အားလုံး ကြည့်လိုက်ကြသည်။
“မင်း မှတ်ဉာဏ်တွေထဲကဟာကို မှတ်မိတယ်.. လျှပ်စီးနဲ့ ရှော့တိုက်ပြီး နှလုံးခုန်မရပ်အောင်လုပ်တာလေ” ဝူလင်းယူ ပြောလိုက်သည်။
“လျှပ်စီးကုထုံးလုပ်ဖို့ ပြောနေတာလား” ရှီမာယူယူ မေးလိုက်သည်။
“သူ့ရဲ့ဒုဆရာက လျှပ်စီးသုံးနိုင်တဲ့ မင်းကိုရှာခိုင်းတယ်ဆိုတော့ ဒါက အကြောင်းအရင်းဖြစ်နိုင်တယ်.. ဒါပေမဲ့ ကိုယ် မှန်းကြည့်ရုံပဲမှန်းတာပါ” ဝူလင်းယူ ပြောလိုက်သည်။
“ဒါဆို ဘယ်လိုလုပ်မှာလဲ ဖူရှီကို မိုးကြိုးနဲ့ပစ်မှာလား” လန်ယွင်သည် စဉ်းစားလိုက်သည်နှင့် နာကျင်သွားသလိုပင်။
ဖူရှီသည် မိုးကြိုးအပစ်ခံရမည်ကို စဉ်းစားလိုက်သည်နှင့် ပြာဖြစ်သွား တော့မလိုကို ခံစားရသည်။ သူသည် ဝူလင်းယူကို စိုက်ကြည့်လိုက်သည်။ ဒီလူက တမင် ဒီစကားပြောတာ ဖြစ်ရမယ်။ ဘယ်သူက လူကယ်ဖို့ လျှပ်စီးကို သုံးလို့လဲ။ သူ့ကို ရှင်းပစ်ဖို့ သက်သက်ဆင်ခြေပေးတာပဲ။
သို့သော် ရှီမာယူယူ၏ မျက်လုံးများသည် အရောင်တောက်သွားပြီး ပျော်ရွှင်စွဦ ပြောလိုက်သည် “တကယ် အလုပ်ဖြစ်နိုင်တယ်”
“ယူယူ ငါ့ကိုမိုးကြိုးနဲ့ပစ်မှာတော့ မဟုတ်ဘူးမလား” ဖူရှီသည် ဒီအတိုင်း ပြောလိုက်သော စကားဖြစ်ရန် မျှော်လင့်ရင်း သူမအား အသနားခံသလို ကြည့် လေသည်။
“လင်းယူ ပြောတာဟုတ်တယ် လျှပ်စီးကုထုံးကလည်း မဆိုးဘူး” ရှီမာယူယူသည် သူ့ကို နှစ်သိမ့်ရင်း အကြံပေးလေသည် “လျှပ်စီးက လူတစ် ယောက် နှလုံးရပ်တာကို ပြန်ခုန်အောင်နိုင်တယ်.. ပြီးတော့ မင်း အရည်အချင်း ကြီးထွားလာဖို့ကိုလည်း ကူညီပေးနိုင်တယ်.. ငါတို့ စမ်းကြည့်သင့်တယ်”
“အာ.. တကယ်ကြီး မိုးကြိုးနဲ့ပစ်မလို့လား ငါ တစ်ချက်တောင် ခံနိုင်တာ မဟုတ်ဘူး ငါသေသွားမယ်ထင်တယ်” ဖူရှီသည် တခြားအကြံပေးလာရန် ပေးလာလိုငြား သူမကို ကြောက်လန့်တကြီး ကြည့်လေသည်။
“စိတ်ချပါ မင်းတွေးနေတဲ့ မိုးကြိုးမျိုးနဲ့မင်းကို မလုပ်ပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ဒါဆို ဘယ်လိုလုပ်မှာလဲ”
“အချိန်တန်ရင်သိလိမ့်မယ်.. အင်ဆုံး မင်းကို ဆေးပေးမယ်” ရှီမာယူယူ သည် ပြောပြီးသည်နှင့် ဆေးဖော်သည့်အခန်းသို့ ဖူရှီ ပြန်ကောင်းလာရန်နှင့် ကာကွယ်ရန်ဆေးများကို သန့်စင်ရန်သွားလေသည်။
သူမထွက်သွားသောအခါ ဖူရှီသည် ဝူလင်းယူကို စိုက်ကြည့်လေသည်။ သူ့မျက်လုံးများသည် နီရဲနေကာ ဆန္ဒပြလေသည်။
ဝူလင်းယူသည် သူ့အကြည့်ကို မမြင်ချင်ဟန်ပြုကာ ဘာမှမပြောဘဲ ထွက်သွားလေသည်။
လန်ယွင်နှင့် တခြားသူများသည် ဖူရှီကို သနားနေကြသည်။ သူသည် ရောဂါဖြစ်နေသည့်အပြင် မင်းသမီးလေး မိုးကြိုးပစ်တာကိုပါ ခံရဦးမည်။ သူက အရမ်းသနားစရာကောင်းတာပဲ။
သည်လိုနှင့် နောက်ရက်များတွင် ရှီမာယူယူ ထွက်လာသည်ကို စောင့်ကြ ပြီး သူတို့သည်လည်း ဖူရှီကို ကောင်းမွန်စွာ ဆက်ဆံပေးကြသည်။ သူတို့သည် သူ၏ တောင်းဆိုချက်များကို အကုန်လိုက်လုပ်ပေးပြီး ကလေးငယ်တစ် ယောက်သဖွယ် စောင့်ရှောက်ပေးလေသည်။
ရက်အနည်းငယ် ကြာပြီးနောက် ရှီမာယူယူထွက်လာသည်။ သူမ၏ မျက်လုံးများသည် ပျော်ရွှင်မှုများဖြင့် တောက်ပနေသည်ကို ဖူရှီမြင်သောအခါ လည်ပင်းပုဝင်သွားလေသည်။
“လာခဲ့ အခုစမ်းကြည့်ရအောင်” ရှီမာယူယူ ပြောလိုက်သည် “အရင်ဆုံး ဒါစားလိုက်”
ရှီမာယူယူ အလွန်လေးနက်နေသည်ကို ဖူရှီမြင်နေရသည်။ သူသည် ဆေး ကိုယူကာ သေတော့မည့်အတိုင်း အံကြိတ်ပြီးမှ စားလေသည်။
***