ပထမဆုံးအကြိမ်
Vol. 140 Ch. 1952
ရှီမာယူယူသည် ချက်ချင်းပင် ပြုံးလိုက်ကာ သူ့ကို လက်ညှိုးဖြင့် ညွှန်ပြ လေသည် “ဒီလိုကြီးဖြစ်နေဖို့ မလိုဘူးလေ ဟုတ်တယ်မလား မင်းထင် သလောက်လည်း မနာဘူးရယ်”
“အာ…” ဖူရှီသည် အံ့ဩစွာဖြင့် မျက်တောင်ခတ်မိသည်။ သူ့ခန္ဓာကိုယ် မျာ တစ်ခုခုထူးခြားသွားသလိုခံစားရသည်။ သူ၏ လက်နှင့်ခြေထောက်များ သည် လိုသလိုလှုပ်ရှားမရပေ “ဘာ.. ဘာတွေဖြစ်နေတာလဲ”
ရှီမာယူယူသည် ခေါင်းခါပြီး ပြောလိုက်သည် “ငါ စပ်ထားတဲ့ဆေးစား လိုက်လို့လေ.. မင်းက မမေးမမြန်းစားလိုက်တာကိုး”
“အဲဒါကလည်း ငါ မင်းကိုယုံလို့မဟုတ်ဘူးလား” ဖူရှီ ပြောလိုက်သည် “ဒါပေမဲ့ ငါ့ကို ဘာစားခိုင်းလိုက်တာလဲ”
“ထုံးဆေးပဲ.. မင်းရဲ့ အာရုံကြောတွေ ယာယီ ထုံသွားလိမ့်မယ်.. လျှပ်စီးနဲ့ တိုက်နေတဲ့အချိန် ထုံနေတော့ နာမှာမဟုတ်ဘူး” ရှီမာယူယူ ရှင်းပြလိုက်သည်။
“အဲလိုဆေးမျိုးရှိတယ်ပေါ့”
“မင်းပဲ အကျိုးသက်ရောက်မှုကို ခံစားနေရပြီမလား” ရှီမာယူယူသည် သူ့ကို အိပ်ရာပေါ်သို့တင်ရန် ယန်ဟွေ့ကို ပြောလိုက်သည်။
“ယူယူ ငါ့ကို ဒီမှာလျှပ်စီးပစ်မယ်ဆို ငယ်ရွယ်ခြင်းနန်းတော်က ပျက်စီး သွားမှာမဟုတ်ဘူးလား.. အဲလူတွေကို ထပ်ပြီးခြောက်ချင်လို့လား”
“မင်း တွေးနေသလိုမျိုး မဟုတ်ဘူး” ရှီမာယူယူသည် အိပ်ရာဘေးတွင် ရှည်လျားသော ပစ္စည်းတစ်ခုထားပြီး သူ့လက်ကို ဆုပ်ကိုင်ကာ ပြောလိုက် သည် “ငါက မင်းခန္ဓာကိုယ်ကို ထုံအောင်လုပ်လိုက်ပေမဲ့ နာကျင်မှုကို အရှင်း ပျောက်အောင်တော့ မလုပ်နိုင်သေးဘူး အဲဒါကြောင့် တောင့်ခံထားရမယ်… ပြီးတော့ ဆေးပျယ်သွားတာနဲ့ ပြန်ပြီးနာလာလိမ့်မယ်”
“သိပါပြီ” ဖူရှီ ပြောလိုက်သည်။
“ပြီးတော့ စရင် မင်းရဲ့ ခံနိုင်စွမ်းကိုစမ်းသပ်ဖို့ အားအပျော့ဆုံးကို သုံးမယ် အဲအချိန်ကျရင် လင်းယူက မင်းအခြေအနေကို စောင့်ကြည့်ပေးလိမ့်မယ်.. တစ်ခုခုဖြစ်ရင် ငါ့ကိုပြောရမယ်” ရှီမာယူယူ ညွှန်ကြားလိုက်သည်။
“ဟုတ်ပြီ”
ဖူရှီသည် ထိုအကြောင်းများကို ကြားသောအခါ သူတွေးထင်နေသည့် မိုးကြိုးမျိုးမဟုတ်သည်ကို သိသွားပြီး စိတ်ပြေသွားကာ ကြောက်ရွံ့မနေတော့ ပေ။
ဝူလင်းယူသည် ဘေးတွင်ရပ်နေပြီး ရှီမာယူယူသည် ဖူရှီ၏ အဝတ်ကို ချွတ်လိုက်သည်နှင့် ဝူလင်းယူသည် ဝိညာဉ်စွမ်းအင်ကိုထည့်သွင်းပြီး အခြေအနေကို စောင့်ကြည့်နေသည်။
“အခု စတော့မယ်” ရှီမာယူယူသည် ပြောရင်းနှင့် လက်များအကြားတွင် လျှပ်စီးများကို ဖန်တီးလိုက်သည်။ သူမ လက်ဖဝါးများအလိုက် လျှပ်စီးများ ကခုန်နေသည်ကို ဖူရှီ ကြည့်ပြီး တံတွေးမျိုချမိသည်။ သူမ လက်လှုပ်ရှားသည် နှင့် လက်နှစ်ဖက်လုံးကို ရင်ဘတ်ပေါ်သို့ တင်ထားလိုက်သည်။
သူထင်ထားသည့် နာကျင်မှုရောက်လာသလို နည်းနည်းမှပင် မခံစားရ ပေ။ ထို့ကြောင့် လျှပ်စီးတိုက်ပြီးနောက် သူ့ခန္ဓာကိုယ် အပြောင်းအလဲဖြစ်မည် မဖြစ်မည်ကိုပင် မသိတော့ပေ။
“မင်းခန္ဓာကိုယ်အတွက် မင်းရဲ့ဆရာလုပ်ပေးခဲ့တဲ့ ကြံ့ခိုင်မှုရလဒ်တွေ ပြ နေပြီ” ရှီမာယူယူ ပြောလိုက်သည် “ငါ အခုအားကို ထပ်မြှင့်တော့မယ်”
အစောက လွှတ်ထားသည့်အားသည် သာမန်လူ ခံနိုင်ရည်ရှိသည့် ပမာဏ ဖြစ်သည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ တုံ့ပြန်လာခြင်းမရှိသဖြင့် လက်ရှိအားမှာ သူ့အတွက် အရာမရောက်သည်ကို ပြနေသည်။
သူမသည် အားကိုတိုးမြှင့်လိုက်ပြီး သူ၏ အတွင်းပိုင်း ပင်မအင်္ဂါများဆီသို့ ရောက်အောင် ထပ်လောင်းထည့်လိုက်သည်။
“အာ….”
ဆေးများသည် သူ၏ အာရုံကြောများကို ထုံကျင်အောင် လုပ်ထားသော် လည်း ဖူရှီသည် နာကျင်မှုကို ခံစားရဆဲပင်ဖြစ်သည်။ ထုံကျင်နေခြင်းကြောင့် သာ မဟုတ်လျှင် နာကျင်မှုကြောင့် သူ မေ့လဲသွားနိုင်သည်။
ရှီမာယူယူသည် နောက်တစ်လှိုင်းထုတ်လွှတ်ပြီး ခဏတာနားပြီးနောက် ဆက်လုပ်သည်။ အကြိမ်ပေါင်း ငါးကြိမ်ပြီးမှပင် ပြီးဆုံးသွားလေသည်။
ဝူလင်းယူသည် လက်ရှိတွင် ဖူရှီနှင့် ချိတ်ဆက်ထားသည်။ သူသည်လည်း လျှပ်စီးကိုထုတ်လွှတ်နိုင်သော်လည်း ရှီမာယူယူထုတ်လွှတ်သည့် လျှပ်စီးသည် သူ့ထက် အနည်းငယ် ပိုသန်မာသည်။
“လင်းယူ ပြီးပြီ နားလို့ရပြီ” သူ့ အသားအရေဖျော့နေသည်ကို မြင်သည် နှင့် ရှီမာယူယူ ပြောလိုက်သည်။
ဝူလင်းယူ ခေါင်းညိတ်ပြီးနောက် ဝိညာဉ်စွမ်းအင်ကို ပြန်ရုတ်သိမ်းကာ ဘေးတွင် သွားနားလေသည်။
ရှီမာယူယူသည် ဖူရှီကို စမ်းသပ်ကြည့်ရာ သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်း တိုင်းကို ကြီးထွားနှုန်းတားထားသည့်အရာသည် အနည်းငယ်တုံ့ပြန်လာသည် ကို သိလိုက်ရသည်။ သူသည် ကြီးထွားလာခြင်းမရှိသေးသော်လည်း ရလဒ် ထွက်လာသည်ကို သက်သေပြနေသည်။
သူ ဖူရှီကို ရလဒ်ပြောပြချိန်တွင် ဖူရှီ၏ မျက်နှာမှာ ပြုံးသွားလေသည်။ နောက်ဆုံးတော့ သူတို့ ဖြေရှင်းနည်းရှာတွေ့သွားပြီပဲ။
“ဒါကိုဘယ်တော့ထပ်လုပ်မှာလဲ” သူသည် ချက်ချင်းပင် ဖွံ့ဖြိုးချင်နေပြီ ဖြစ်သည်။
“အနည်းဆုံးတော့ ငါးရက်လောက် စောင့်ရဦးမယ်” ရှီမာယူယူ ပြောလိုက် သည်။
“အဲလောက် အကြာကြီးစောင့်ရမှာလား စောစောလုပ်လို့မရဘူးလား.. ငါ့ခန္ဓာကိုယ်က ဘာမှမဖြစ်ဘူးလေ ဘာလို့ အဲလောက် အကြာကြီးစောင့်ရမှာ လဲ”
“စိတ်မပူပါနဲ့ အောင်ပွဲခံဖို့က စောသေးတယ်” ရှီမာယူယူ ပြောလိုက်သည် “အခု ဘာမှမခံစားရပေမဲ့ ဆေးသက်ရောက်မှု ပျယ်သွားတဲ့အချိန်ထိ စောင့် ကြည့်လိုက်.. အဲအချိန်ကျရင် နာလိမ့်မယ်.. ငါးရက်ဆိုတာက ခန့်မှန်းပြောတာ ပဲ”
“အာ..” ဖူရှီ၏ မျက်နှာမှာ ရှစ်ခေါက်ချိုးသွားလေသည်။ အခု နေသာတာနဲ့ တင်ပြီးသွားပြီထင်နေတာ။
ရှီမာယူယူသည် ဆေးတစ်လုံးထုတ်ပြီး သူ့ကိုကျွေးကာ ပြောလိုက်သည် “ဒါက မင်းဒဏ်ရာတွေကို ကုဖို့ပဲ.. ဒါပေမဲ့ မင်းနာကျင်မှုကိုတော့ သက်သာစေ မှာမဟုတ်ဘူး”
“အိုး” ဖူရှီ ပြန်ဖြေလေသည်။ သူမသည် လေးနက်သလို ပြောနေသော် လည်း သူ ပျော်သည်။ ဒီလိုဖြစ်နေတာ နှစ်တွေဘယ်လောက်ကြာနေပြီလဲ။ သူ့ ခန္ဓာကိုယ် ပြန်ပြီးဖွံ့ဖြိုးနိုင်တော့မယ်။ တကယ်ပဲ စိတ်လှုပ်ရှားစရာပဲ။
သို့သော် ခဏအကြာတွင် သူ့ခန္ဓာကိုယ်မှာ နာကျင်မှုကြောင့် တုန်ယင် လာသဖြင့် ပြုံးပင်မပြုံးနိုင်တော့ပေ။ သူသည် မေ့လဲတော့မလိုပင် ခံစားရလေ သည်။
“ယူယူ ဘာလို့ အခုကိုနာနေရတာလဲ”
“ထုံဆေးတွေက ခန္ဓာကိုယ်အတွက် မကောင်းဘူး ကြာချိန်တိုလေ ကောင်းလေပဲ.. အဲဒါကြောင့် အကြာကြီးခံအောင် မလုပ်ထားတာ” ရှီမာယူယူ ပြောလိုက်သည် “ပြီးတော့ မင်းအတွက် ပထမဆုံးအကြိမ်လည်းဖြစ်နေတယ် သုံးရင်းနဲ့ အသားကျလာမှာပါ”
“ထပ်လုပ်ရင် ဒီလောက် မနာတော့မှာ သေချာလား” ဖူရှီသည် အံကြိတ် ထားသည်။ သူ လျှာကိုက်မိမည်ကို ရှီမာယူယူ စိုးရိမ်သဖြင့် အဝတ်စကို သူ့ ပါးစပ်ထဲထည့်ပေးလိုက်သည်။
“ငါလည်း ဒီလိုပဲ တောင့်ခံခဲ့ရတာပဲ” သူမသည် အတိတ်ကို ပြန်တွေးမိပြီး လွမ်းဆွတ်မိသည်။ “အခု မင်းကမှ လျှပ်စီးကို ငါကထိန်းချုပ်ပေးနေတာ.. ငါ ပထမဆုံး မိုးကြိုးမှန်တုန်းကဆိုရင် နှစ်ပိုင်းကြေပြီလို့ကိုထင်တာ.. နောက်တော့ ငါလည်း အသားကျသွားတာပါပဲ”
“မင်းက အရမ်းအားကောင်းတာပဲ”
“ငါက အားကောင်းတာမဟုတ်ဘူး.. ဒီအတိုင်း ကျင့်ကြံရုံအပြင်မရှိခဲ့တာ ပဲ.. ငါရပ်လိုက်ချင်တိုင်း ရပ်လိုက်လို့မရတဲ့ဟာပဲ” ရှီမာယူယူ ပြောလိုက်သည် “အလင်းဘက်မှာတော့ ငါက ခရမ်းလေးနဲ့ စာချုပ်တည်ထောင်ထားတဲ့အပြင် ငါ့စာချုပ်သားရဲတွေက ကူညီပေးခဲ့တယ်.. အဲဒါမှ မိုးကြိုးဘေးဒုက္ခကို ရင်ဆိုင် တဲ့အခါတိုင်း ပြာဖြစ်မသွားတာလေ.. ဒါပေမဲ့ အခုတော့ ငါ ဘေးဒုက္ခနဲ့ တွေ့ရင် ငါ့ခန္ဓာကိုယ်ကို မိုးကြိုးပစ်ခွင့်ပေးပြီး ချုပ်တည်းထားရတာပဲ”
ဖူရှီ၏ မျက်လုံးများ အရောင်တောက်သွားသည်။ သူလည်း နောက်ဆိုရင် အဲလိုလုပ်နိုင်မှာလား။
ရှီမာယူယူသည် သူ့အတွေးကို သိသဖြင့် ရယ်မောလိုက်သည် “အခု မင်း ကို ကုသပေးလိုက်မယ်… ဒါက မင်းခန္ဓာကိုယ် ခံနိုင်ရည်ကိုလည်း အထောက် အကူဖြစ်လိမ့်မယ်.. နောက်ဆိုရင် မိုးကြိုးကိုရင်ဆိုင်တဲ့အချိန် သူများတွေနဲ့ ယှဉ်ရင် မင်းက ကာကွယ်နိုင်စွမ်းပိုသန်မာလိမ့်မယ်”
“ကျေးဇူးတင်ပါတယ်” အဝတ်စကိုက်ထားသဖြင့် ဖူရှီ၏ အသံသည် မရှင်းလင်းပေ။
“မင်းခန္ဓာကိုယ်က ဖွံ့ဖြိုးမှုရပ်နေတာ ကြာပြီ.. နောက်ကို စပြီးဖွံ့ဖြိုးလာ တဲ့အချိန်ဆိုလည်း နာမှာကို ကြောက်ရတယ်… ဒါကို သိထားရမယ် အဲဒါမှ ကြုံလာခဲ့အချိန်ကို ပျာမသွားမှာ”
“အင်း ဟင်း ငါ ဖွံ့ဖြိုးရမယ်ဆို တစ်ချိန်လုံးနာရင်တောင် ကိစ္စမရှိဘူး” ဖူရှီ ပြောလိုက်သည်။
“မင်း ကောင်းကောင်းအနားယူလိုက်ဦး မင်းခန္ဓာကိုယ် ပြန်ကောင်းလာ တာနဲ့ ဆက်လုပ်ကြတာပေါ့”
“ဟုတ်ပြီ”
ခန္ဓာကိုယ်ကို ပျက်စီးစေလောက်သည့် ပြင်းထန်သော နာကျင်မှုသည် ကုသမှု နောက်တစ်ဆင့်တက်ရန် လက်လျော့စေလောက်သည်။ သူသာ ထပ် ကြုံတွေ့ရပါက အသက်ဆုံးရှုံးသွားနိုင်သည်။
ရှီမာယူယူ သူ့ကို လုပ်ပေးပြီးသည်နှင့် ဝူလင်းယူဆီသို့သွားကာ သူ့လက် ကိုဆွဲပြီး စမ်းသပ်ပေးလိုက်သည်။
“အရမ်းမဆိုးပါဘူး.. ဆေးသောက်ပြီး နားလိုက်ရင် ပြန်ကောင်းလာမှာပါ ဖူရှီ ကောင်းကောင်း အနားယူပါစေ သွားရအောင်”
ဝူလင်းယူ သူမနှင့် ထွက်သွားရာ ဖူရှီသည် သူတို့ထွက်သွားသည်ကိုကြည့် ပြီး ကျွဲမြီးတိုမိသည်။ ဒီလူက နည်းနည်းလေး အားကောင်းတာကလွဲပြီး စိတ်က လည်းပုပ်သေးတယ်။ ထားတော့ သူ့ကို မုန်းမနေတော့ဘူး။
ကျွတ်… နာလိုက်တာ.. သူ နောက်ထပ် အကြိမ်ပေါင်းများစွာ ထပ် ကျော်ဖြတ်ရဦးမည်ကို တွေးလိုက်သည်နှင့် စိတ်မချမ်းသာတော့ပေ။ သူ၏ ဆရာ ဤအကြောင်း သိမသိကို သူ ရုတ်တရက် သိချင်သွားသည်။ အဲဒါကြောင့် သူ့ကို ဘာမှမပြောလိုက်တာလား။
***