← Chapters

အံ့ဖွယ်သားရဲကြီးလေးကောင်

Vol. 140 Ch. 1953

အံ့ဖွယ်သားရဲကြီးလေးကောင်

Vol. 140 Ch. 1953

ဖူရှီသည် နှစ်ရက်ကြာသည်အထိ အိပ်ရာပေါ်တွင် လဲလှောင်းနေရာ နာကျင်မှုသည် တဖြည်းဖြည်းလျော့သွားလေသည်။ သို့သော် ရှီမာယူယူသည် လျှပ်စီးကုထုံး နောက်တစ်ဆင့် ကုသခြင်းကို ချက်ချင်းမစတင်ပေ။ သူမသည် ရက်အနည်းငယ်ထပ်စောင့်သည်။ သူ့ခန္ဓာကိုယ် အပြည့်အဝပြန်ကောင်းလာ ချိန်တွင် ကုသမှုနောက်တစ်ချီကို စတင်သည်။

ဒုတိယအကြိမ်ကုသမှုပြီးသွားပြီးနောက် မိုယွိ ရောက်လာသည်။ ဝူလင်းယူသည် ဘေးတွင်အနားယူနေပြီး ဖြူဖျော့နေသော ဖူရှီကို ရှီမာယူယူမှ ကြပ်စည်းပေးနေသည်ကို သူတွေ့လိုက်သည်။

“ယူယူ”

ရှီမာယူယဓ ခေါင်းမော့ပြီး မိုယွိကို ကြည့်လိုက်သည် “လာပြီလား”

“ဒါက ဒုတိယအကြိမ်မလား ဘယ်လိုနေလဲ” မိုယွိ မေးလိုက်သည်။

“ကိုယ့်ဘာသာပဲ ကြည့်လိုက်တော့” ရှီမာယူယူ ပြောလိုက်သည်။

မိုယွိသည် မျက်ခုံးများ ပင့်တက်သွားပြီး ဖူရှီဘေးသို့ လာလိုက်သည်။ သူ သည် လက်ကိုပင့်ကိုင်ကာ စမ်းသပ်ပြီး ပြောလေသည် “မဆိုးပါဘူး ဒီလောက် အချိန်တိုအတွင်းမှာ စပြီးတိုးတက်နေပြီ.. မကြာခင် စပြီးဖွံ့ဖြိုးတော့မယ် ထင် တယ်”

“အမှန်ပဲ” ရှီမာယူယူ ခေါင်းညိတ်ပြီး ဖူရှီ၏ ဖြူဖျော့နေသော မျက်နှာကို ကြည့်လိုက်သည်။ သူမ အနည်းငယ် နားမလည်သလို ပြောလိုက်သည် “တကယ်တော့ ဖူရှီရဲ့အခြေအနေက ပြဿနာရှိတယ်ဆိုပေမဲ့ ရိုးရှင်းပါတယ်.. သူက ဒဏ္ဍာရီနဂါးရဲ့ စွမ်းအားကြောင့် ပိတ်နေတာကို ဖွင့်လိုက်ရင် ပြန်ပြီး ဖွံ့ဖြိုး လာမှာပါ”

“ဟုတ်တယ်”

“ဒါပေမဲ့ ကျွန်မတို့တောင် ဒီဖြေရှင်းနည်းကို စဉ်းစားနိုင်တာကို သူ့ဆရာ တွေက ဘာလို့မစဉ်းစားနိုင်တာလဲ.. အဲဒါတော့ မဖြစ်နိုင်ဘူးမလား.. သူတို့က ဒီနေရာကလူတွေထက် ပိုပြီးအားကောင်းတယ်မလား.. သူတို့ မစဉ်းစားမိတာ များလား” ရှီမာယူယူသည် ရှုပ်ထွေးစွာဖြင့် မေးပြန်သည်။

“ဆရာ.. ဆရာ ပြောတာက…” ဖူရှီ၏ မျက်လုံးများ ပွင့်လာပြီး အားလျော့ စွာ ပြောလေသည် “သူတို့က ငါ့ခန္ဓာကိုယ်ထဲက စွမ်းအားကို ထိလို့မရဘူး အံ့ဖွယ်သားရဲ စွမ်းအားကို သုံးတဲ့လူမှ လုပ်လို့ရမယ်တဲ့”

“အံ့ဖွယ်သားရဲကြီးလေးကောင်လား”

“ဟုတ်တယ်” ဖူရှီ ပြောလိုက်သည် “မင်းမှာ အံ့ဖွယ်သားရဲရှိတယ်မလား အဲဒါကြောင့် မင်းက စွမ်းအားတွေကို တစ်နေရာတည်းမှာ စုပေါင်းနိုင်ပြီး မိုယွိ ကို ချိပ်ပိတ်ခိုင်းတာပဲ”

“အဲလိုကိုး.. မင်းတို့တွေ အပြင်ထွက်ပြီး တခြားအံ့ဖွယ်သားရဲတွေကို လိုက်မရှာဘူးလား”

“အဲနှစ်က အံ့ဖွယ်သားရဲကြီးလေးကောင် ဘာဖြစ်သွားလဲတော့ မသိဘူး ဒါပေမဲ့ အံ့ဖွယ်နဂါးကသေသွားပြီး စွမ်းအားအကုန်လုံးကို ဒဏ္ဍာရီနဂါးအမိန့်ထဲ ကို ထည့်ခဲ့တယ်.. တခြားအံ့ဖွယ်သားရဲတွေလည်း ကမ္ဘာအနှံ့ပျံ့သွားတယ်.. နှစ်တွေ ထောင်ချီကြာပြီးသွားတော့ တခြားအံ့ဖွယ်သားရဲတွေကို ရှာဖို့မလွယ် တော့ဘူး” ဖူရှီ ရှင်းပြလေသည်။

“မင်းပြောတာက အဲတုန်းက တိုက်ပွဲက မင်းတို့ကမ္ဘာမှာ ဖြစ်ခဲ့တာပေါ့” ရှီမာယူယူ မေးလိုက်သည်။

“ဟုတ်တယ်” ဖူရှီ ပြောလေသည် “ဆရာ ပြောသလိုဆို အဲဒီတိုက်ပွဲပြီး သွားတော့ အံ့ဖွယ်သားရဲတွေက ဒဏ်ရာအပြင်းအထန်ရသွားပြီးမှ ထွက်သွားခဲ့ တာတဲ့… သူတို့ ဘာသာထွက်မလာရင် သူတို့ကို ဘယ်သူမှရှာရမှာမဟုတ်ဘူး”

“မင်းဆရာက မင်းရဲ့ရောဂါကို အံ့ဖွယ်သားရဲရှိထားတဲ့လူမှ ကုလို့ရမယ် ဆိုတာကို ကြိုသိထားခဲ့တာပဲ.. ဆိုလိုတာက မင်းရဲ့ ဆရာက တကယ့် ကလိမ်ကကျစ်လူကြီးပဲ”

“ဘာလို့လဲ.. ငါ့ဒုဆရာက အမြဲစနောက်တတ်ပေမဲ့ တခြားကိစ္စတွေကျ မှန်တတ်ပါတယ်” ဖူရှီ ပြောလိုက်သည်။

“ကြည့်လေ အံ့ဖွယ်သားရဲသုံးကောင်ကို ပိုင်ဆိုင်တဲ့လူကပဲ မင်းကိုကုနိုင် မယ်ဆိုတာကို သူသိနေတယ်.. ဒါဆိုရင် မင်းက အံ့ဖွယ်သားရဲတွေကို ခြေရာခံရ မယ်လေ.. ပြီးတော့ ငါတို့ကျောင်းအုပ်ဆရာက မင်းတို့ဘက်ကိုရောက်သွားပြီး မင်းရဲ့ ဒုဆရာနဲ့ပါ သူငယ်ချင်းဖြစ်သွားကြတယ်.. အဲလိုဆို ငါ့မှာ အံ့ဖွယ်သားရဲ ရှိတာ သူ မသိလောက်ဘူးလား” ရှီမာယူယူ ခွဲခြမ်းစိတ်ဖြာပြသည်။

“ဒါပေမဲ့ မင်း တစ္ဆေလောကကို လာမယ်မှန်း ဆရာမသိဘူးလေ ပြီးတော့ မင်းမှာ အံ့ဖွယ်သားရဲရှိတာကို မင်းရဲ့ကျောင်းအုပ်ကြီးကလည်း ပြောမှာမဟုတ် ဘူး”

“ဟုတ်တော့ဟုတ်တယ်” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ အဲလိုမျိုး ဆက်စပ်တဲ့လူနဲ့တွေ့ဖို့ဆိုတာက ဂမ္ဘီရပညာရှင်ကလည်း ကြားလူပဲ.. ကျောင်းအုပ်ကြီးက ကြားလူလည်းဖြစ်နိုင်တယ်”

“အဲဒါလည်းဖြစ်နိုင်တယ်” ဖူရှီသည်လည်း ထိုအမြင်ကို လက်ခံသည် “ဒုဆရာလည်း အရင်ကပြောတာ ကြားဖူးတယ်”

“ကျန်တဲ့အံ့ဖွယ်သားရဲ နှစ်ယောက်က ဘယ်မှာလဲမသိဘူး” ရှီမာယူယူ သည်  မေးစေ့ကိုပွတ်လိုက်သည် “တခြားအံ့ဖွယ်သားရဲနှစ်ကောင်ကိုလည်း သိ ချင်လိုက်တာ”

“အခု ကိုယ်တို့နဲ့ မရှိလောက်ဘူးထင်တယ်” ဝူလင်းယူ ပြောလိုက်သည် “မင်းမှာ အံ့ဖွယ်သားရဲရှိတာကို လူတိုင်းသိနေကြတာပဲ… ဒီအကြောင်းကို သူတို့သာသိရင် မင်းကိုလာရှာနိုင်တယ်”

“ဟုတ်တယ် ကျွန်မပဲ သူတို့နဲ့တွေ့ဖို့ ကံမပါဘူးထင်ပါတယ်” ရှီမာယူယူ သည် အနည်းငယ် သနားစဖွယ်ပြောလေသည်။

“မသေချာတာတော့ မဟုတ်ဘူး မင်း ငါနဲ့ အဲဒီကို လိုက်ခဲ့ရုံပဲ” ဖူရှီ ပြော လိုက်သည်။ “အံ့ဖွယ်သားရဲကြီး လေးကောင်က အနာဂတ်မှာပြန်လာလိမ့်မယ် လို့ ဆရာပြောခဲ့တယ်.. အဲအချိန်ကျရင် သူတို့နဲ့တွေ့လို့ရတယ်”

“သူတို့ ပြန်လာမယ်ဟုတ်လား” ရှီမာယူယူ ခေါင်းခါလိုက်သည် “ကြက်သွေးရောင်မီးတောက်က တစ်ခါမှမပြောဖူးပါဘူး”

“ကြက်သွေးရောင်မီးတောက်လား မင်းရဲ့စာချုပ်သားရဲက ကြက်သွေး ရောင်မီးတောက်လား အံ့ဖွယ်ဟင်္သပဒါးငှက်လေ” ဖူရှီသည် စိတ်လှုပ်ရှားလွန်း သဖြင့် ထထိုင်ချင်မိသည်။ သို့သော် ခန္ဓာကိုယ်မှ နာကျင်မှုကြောင့် အံကြိတ် ထားရသည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။ သူ၏ မျက်လုံးများ တောက်ပ သွားသည်ကို မြင်သောအခါ ချက်ချင်းပင် ငြင်းဆန်လိုက်သည် “မင်း သူ့ကို တွေ့လို့မရဘူး.. ပြီးခဲ့တဲ့တစ်ခေါက် ငါ သေလုနီးပါးဖြစ်သွားတုန်းက သူ့ကို ကယ်လိုက်နိုင်ပေမဲ့ ငါ့စာချုပ်သားရဲတွေအကုန် ဒဏ်ရာအပြင်းအထန်ခဲ့တာ.. ကြက်သွေးရောင်မီးတောက်က တံခါးပိတ်ကျင့်ကြံနေတာလေ ငါ သူ့ကို နှောင့်ယှက်လို့မရဘူး”

ပြီးနောက် သူ့ကိုတွေ့ချင်သူတိုင်း တွေ့ရမည်ဆိုပါက သူ့မှာလည်း အေးချမ်းသည့်ဘဝရှိတော့မည်မဟုတ်ပေ။

ဖူရှီသည် ‘အို’ ဆိုသည့် စကားကို မှိုင်တွေစွာပြောပြီးနောက် ထပ်မံ‌ ပျော်ရွှင်စွာ ပြောလေသည် “မင်းရဲ့ မီးတောက်ရော ဘယ်လိုလဲ ကြက်သွေး ရောင်မီးတောက်က အရမ်းအားကောင်းတယ်ဆို.. အဲဒါကို ပြပေးလို့ရမလား”

ထိုတောင်းဆိုချက်မှာ ဖြည့်ဆည်းပေးရန် လွယ်ကူသဖြင့် သူမ လက်ကို ဖြန့်လိုက်သည်နှင့် လက်ဖဝါးပေါ်တွင် ဟင်္သပဒါးငှက်သည် ကခုန်နေသည်။

ဖူရှီ၏ မျက်လုံးများသည် ပြူးကျယ်လာကာ လက်ဆန့်ထုတ်ပြီး ထိဟန် ပြုလေသည်။ သို့သော် ရှီမာယူယူသည် သူ့ကိုတားပြီး ငေါက်လိုက်သည် “မင်း လက်ကိုမလိုချင်တော့ဘူးလား”

“ဟီးဟီး ပျော်လို့ မေ့သွားတာပါ” ဖူရှီသည် လက်ကိုပြန်ရုတ်ကာ အိပ်ရာ ပေါ်သို့ ပြန်လှဲလိုက်သည် “ငါ နိဗ္ဗာန်မီးကိုမြင်ရလိမ့်မယ်လို့ တကယ်ကို ထင် မထားဘူး.. ကျွတ် ကျွတ် အဲလူတွေက တစ်နေကုန် သူတို့အားကောင်းကြောင်း ပြောပြီး သူတို့မီးသူတို့ ချီးကျူးနေကြတာ.. သူတို့ မင်းနဲ့တွေ့ရင်တော့ ဘယ်လို တောင် ရှက်သွားကြမလဲမသိ”

“နောက်အကြောင်းကို နောက်မှပြောမယ်.. အခု မင်း သေချာအနားယူ လိုက်ဦး” ရှီမာယူယူ ပြောလိုက်သည် “တကယ်ပြောတာ.. မင်းဒဏ်ရာတွေက မင်းလှုပ်ရှားတာနဲ့ နာလာမှာပဲ ဒါပေမဲ့ အဲဒါကိုသွားထိရဲသေးတယ်… မင်း ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ကောင်းလာပြီး လက်တစ်ဖက်က ငုတ်တိုဖြစ် သွားရင် ဘယ်လိုလုပ်မှာလဲ”

“ဟီး ဟီး ငါပျော်သွားလို့ပါ ပျော်သွားလို့” ဖူရှီသည် အစောက သူလုပ်ခဲ့ သည်ကို အခုမှအနည်းငယ် လန့်သွားသည်။ ရှီမာယူယူ သတိရှိပြီး တားလိုက် သဖြင့် ချက်ချင်းဖယ်လိုက်၍တော်သေးသည်။

“ဟုတ်ပြီး နားလိုက်ဦး” ရှီမာယူယူသည် ပျော်နေသောသူ့ကို တစ် ယောက်တည်ထားပြီး ဝူလင်းယူနှင့်အတူ ထွက်သွားလေသည်။

ရှီမာယူယူသည် သူမ၏ နန်းတော်ပြန်ရောက်သည်နှင့် ကြက်သွေးရောင် မီးတောက်အကြောင်း စဉ်းစားနေရာ တစ်ချိန်လုံးနှုတ်ဆိတ်နေမိသည်။

သူမသည် ကြက်သွေးရောင်မီးတော်ကို သွားရှာပြီး အနာဂတ်တွင် ထိုနေရာသို့ သွားမည်မသွားမည်ကို မေးချင်မိသည်။ သို့သော် သူသည် သူတို့ အကြောင်း တစ်ခါမှ လိုလိုလားလားမပြောခဲ့ဖူးပေ။ သူ့ကို မေးလိုက်လျှင် တောင် သူ ပြန်ဖြေမည်မဟုတ်ပေ။

သူမသည် အတိတ်က သူတုံ့ပြန်ပုံကို ပြန်တွေးလိုက်သည်။ သူ့အကြည့် မှာ တဝဲလည်လည်ဖြစ်သည့် အချိန်များရှိသည်။ ဆိုလိုသည်မှာ သူသည် လက်စားချေရန် ပြန်ချင်သည့်အခါလည်းရှိမည်။

အကယ်၍ သူသာ လက်စားချေရန် ပြန်ချင်ပါက သူမလည်း သူနှင့် အတူ သွားရလိမ့်မည်။ သူတို့ပြိုင်ဘက်မှာ မည်သူဖြစ်ပါစေ သူမသည် သူနှင့်အတူ ထို လမ်းကိုလျှောက်ရလိမ့်မည်။

“စိတ်ပူနေဖို့မလိုပါဘူး ကြက်သွေးရောင်မီးတောက်က ဆင်ခြင်မဲ့လုပ် တတ်တဲ့လူမဟုတ်ဘူး.. သူဆုံးဖြတ်မယ်ဆိုလည်း သေချာစဉ်းစားမှာပါ” ဝူလင်းယူသည် သူမကိုနှစ်သိမ့်လေသည်။

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “ဒါပေမဲ့ သူ့အကျင့်နဲ့ဆိုရင် ကျွန်မကို ဘာမှပြောမှာမဟုတ်ဘူး”

“အဲနှစ် အံ့ဖွယ်သားရဲလေးကောင်ကြားက ဖြစ်ခဲ့တဲ့ တိုက်ပွဲက သူတို့ ပြိုင်ဘက်တွေလည်း ဆုံးရှုံးမှုကြီးမားခဲ့တယ်.. သူ့ပြိုင်ဘက်က ဘယ်သူပဲဖြစ် ဖြစ် သူတို့ရှိသေးရဲ့လားလည်း မသိနိုင်ဘူး” မိုယွိ ပြောလိုက်သည် “ငါတို့တွေ အခြေအနေကို ရှင်းရှင်းလင်းလင်းမသိခင်တော့ မင်းနဲ့ ကြက်သွေးရောင်မီး တောက်တို့ မစဉ်းစားဘဲနဲ့ ဘာမှမလုပ်နဲ့”

“ကြက်သွေးရောင်မီးတောက်က လုပ်မှာမဟုတ်ဘူး”

ထိုအချိန်တွင် ယွိရှီသည် အပြင်မှဝင်လာပြီး ဦးညွှတ်ကာ ပြောလေသည်  “မင်းသမီးလေး မင်းသမီး ၉၉ လာပါတယ်”

***

All Chapters