← Chapters

ရှေ့ဖြစ်ဟောသူအတုကြောင့်ထိတ်လန့်ခြင်း

Vol. 18 Ch. 249

ရှေ့ဖြစ်ဟောသူအတုကြောင့်ထိတ်လန့်ခြင်း

Vol. 18 Ch. 249

လူတစ်ယောက်နှင့် သားရဲနှစ်ကောင်တို့သည် တိတ်ဆိတ်သွားကြပြီး လက်ရှိအဆင့်တက်နေသော  စုရှောင်လန် ကို ကြည့်ပြီးသနားစိတ်များကုန်သွားပြီး စိတ်ထဲမှကျိတ်ကာ ကျိန်ဆဲမိလိုက်ကြသည်။

အန်လင်း၏စိတ်ထဲတွင်  ဒီနဂါးသင်္ချိုင်းအား  စုရှောင်လန်၏ မိသားစုကပိုင်ဆိုင်သည်ဟူသော ခံစားချက်များပိုမို ဖြစ်ပေါ်လာသည်။ လာခဲ့သမျှလူတိုင်းတွင် သူ့လောက်အကျိုးရှိသောသူ မရှိပေ။

ကောင်းကင်နှင့်မြေကြီးမှ ချီစွမ်းအင်များသည် ပိုမိုပြင်းထန်လာပြီး  စုရှောင်လန်၏ ခန္ဓာကိုယ်ထဲသို့ စတင် ဝင်ရောက်လာသည်။ စုရှောင်လန်သည် သန့်စင်သောချီစွမ်းအင်များကို စုပ်ယူပြီးနောက် သူမ၏ စိတ်ဝိညာဉ် အရင်းအမြစ်တွင် ရွှေမီးစေ့တစ်လုံး ပေါ်ပေါက်လာသည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံသည် အဆက်မပြတ် မြင့်တက်လာခဲ့ပြီးနောက်ဆုံးတွင် မမြင်နိုင်သောအတားအဆီးကို ချိုးဖျက်လိုက်သည်။

ဘန်း...!

သူမ၏ ခန္ဓာကိုယ်မှ အစွမ်းထက်သော အော်ရာများ လင်းလက်နေသည်။

သူမ မျက်လုံးများ ဖြည်းညင်းစွာပွင့်လာသည်။ သူမ၏ကြည်လင်သောမျက်လုံးများတွင် ရွှေရောင်တောက်နေသာ မီးတောက်လေးများသည် တားမြစ်စွမ်းအားတစ်မျိုးကို ဝင့်ကြွားစွာဖေါ်ပြနေသည့်နှယ် လင်းလက်တောက်ပ နေကြသည်။

"အဆင့်ချိုးဖျက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... ငါတို့ကို အခုမြန်မြန်လေး တစ်ဝိုင်းကျွေးသင့်တယ်”

အန်လင်းသည် စုရှောင်လန်၏ အော်ရာများမှ စိတ်ဝိညာဉ်ပျိုးထောင်ခြင်းနောက်ဆုံးအဆင့်ကို ချိုးဖေါက်ခဲ့ပြီး ဖြစ်ကြောင်း သိပြီးနောက် ဂုဏ်ပြုစကားဆိုလိုက်သည်။

စုရှောင်လန် ပြုံးကာ အန်လင်းဆီသို့ မီးတောက်များ အလုံးစုံ ပျက်ပယ်မသွားသေးသော တက်ကြွလွန်းသည့် မျက်ဝန်းများဖြင့် လှည့်ကြည့်လိုက်သည်။ သူမ၏ မြင့်မြတ်လှပသည့် မျက်ဝန်းများတွင် နားလည်ရခက်သောအရိပ်အယောင်များရှိနေသော်လည်း နွေးထွေးမှုများနှင့် နူးညံ့သိမ်မွေ့နေသည်။

"ငါနင်တို့ကို သတင်းကောင်းပြောပြစရာရှိတယ် ငါက အဆင့်ချိုးဖျက်ရုံတင်မကဘဲနဲ့ ငါ့ရဲ့ပိတ်နေတဲ့ သွေးကြောတွေပါဖွင့်လှစ်နိုင်ခဲ့တယ်”

“.......…”

"ဒါဆိုငါတို့ကို ပိုပြီးကျွေးသင့်နေပြီ.."

စုရှောင်လန် အတန်ကြာစဉ်းစားပြီးနောက် သူမထဲလက်တွင် ကတ္တီပါနီရောင်သစ်သီးတစ်လုံးပေါ်လာသည်။ ထိုအသီးအခွံပေါ်တွင် မီးနဂါးငယ်လေးများ ကူးခတ်ပြေးလွှားနေကြသည်။

“ရော့... ဒါကနဂါးသစ်သီးလို့ခေါ်တယ်..ဒါက အဆင့်သုံးစိတ်ဝိညာဉ်သစ်သီးပဲ အရမ်းအရသာရှိတယ် ကဲ.. ငါကျွေးပြီးပြီနော်”

“ကောင်းလိုက်တာ... ဒီနဂါးသစ်သီးက အရင်တုန်းက ငါစားဖူးတာနဲ့ဘာကြောင့် မတူရတာလဲ” အန်လင်း၏ မျက်လုံးများ အံ့သြမှုကြောင့် ပြူးကျယ်လာသည်။

ထိုနဂါးသစ်သီးကို ကောက်ယူကာ အခြမ်းကြီးကြီးကိုက်စားလိုက်သည်။

ဘုန်း!

သူ၏ပါးစပ်ထဲရှိအရသာဖုများမှတဆင့် ရူးမတတ်စပ်သည့်ခံစားမှုတစ်ခုကို ရလိုက်ပြီး ပါးစပ်အတွင်း ပေါက်ကွဲမှု ဖြစ်သွားသည်ဟုပင် ခံစားလိုက်ရသည်။

“ ငါလူး...ရေ.... ရေတစ်ခွက်မြန်မြန်ပေးပါ”

သူ၏ ပါးစပ်တွင် မီးလောင်နေသည်ဟု အန်လင်းခံစားနေရသည်။

"ရေမသောက်နဲ့" စုရှောင်လန်အကြံပေးလိုက်သည်။

“မျိုချလိုက်... မျိုချလို့ ဗိုက်ထဲရောက်သွားတာနဲ့ အစပ်ပြေသွားလိမ့်မယ်”

အန်လင်းသည် သူမ အကြံပေးသည့်အတိုင်း အသီးကို မျိုချလိုက်သည်။ သေချာတာပေါ့... ပြောသလိုပဲ  အစပ်ပြေသွားသည်...ထို့နောက်…

“ ငလူး.. ငါ့ဗိုက် ... ငါ့ကိုကယ်ပါဦး "

အန်လင်းသည် သူ့အစာအိမ်ထဲ မီးလောင်နေသလို ခံစားလိုက်ရသည်။ စက္ကန့်ပိုင်းအတွင်းတွင် သူ ပေါက်ကွဲ တော့မည်ဟုပင်ထင်ရသည်။

အန်လင်းဖြစ်ပျက်နေသည်များကို မြင်သောအခါ စုရှောင်လန်မအောင့်ထားနိုင်တော့ဘဲ ဝါးလုံးကွဲရယ်ချ လိုက်သည်။ သူမ၏ ငွေဆည်းလည်းသဖွယ် ရယ်သံလေးသည် နန်းတော်တလျှောက် ပဲ့တင်ထပ်နေပြီး နားဝင်ပီယံရှိလွန်းလှသည်။

အစပိုင်းတွင်အန်လင်းသည် အလွန်အမင်းစိုးရိမ်နေမိသော်လည်း မီးလောင်နေသည့်ခံစားချက်များ သူ၏ အစာအိမ်မှ ပျောက်ကွယ်သွားပြီးနောက် သူ၏ကိုယ်ခန္ဓာ ပတ်ဝန်းကျင်တွင် သန့်စင်သောမီးလျှံစွမ်းအင်တစ်ခု လှည့်ပတ် နေသည်ကို ခံစားခဲ့ရသည်။ သူသည်ချက်ချင်းပင် စိတ်အေးချမ်းမှုများခံစားလိုက်ရပြီး သူ၏ သွေးကြော ဆုံမှတ်များကို ဖွင့်ချလိုက်သည့်အလားဖြစ်သွားသည်ကို နားလည်လိုက်သည်။

အန်လင်း မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။ "ဒါကခါးပြီးမှချိုတာလား”

စုရှောင်လန်သည် နဂါးသစ်သီးတစ်လုံးကိုထုတ်ပြီး စားလိုက်သည်။

"မှားတယ်” သူမပြုံးစစဖြင့်ပြောလိုက်သည်။

"ဒါက သာယာမှုမလာခင် အစပ်အရင်လာတာ.. ဒါက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်ကို နည်းနည်း တိုးလာစေတယ်”

အန်လင်းခေါင်းညိတ်လိုက်သည်။ ထိုနဂါးသစ်သီးအရသာသည် ပေါက်ကွဲသကဲ့သို့ဖြစ်သော်လည်း ပူလောင်မှု များပြီးနောက် အလွန်ကောင်းမွန်သောခံစားမှုကို ရရှိပေမည်။ ထိုသည်က သူ့ကို ဆက်စားချင်စိတ်ကိုဖြစ်စေ၏။

ထို့ကြောင့်သူသည် နဂါးသစ်သီးကို ဆက်စားလိုက်ပြီး လောင်ကျွမ်းခြင်းနှင့် ပျော်မွေ့ခြင်းခံစားမှုကြားတွင် ကူးလူးသာယာနေမိသည်။

တပိုင်သည် ထိုလူနှစ်ယောက်ကို ကြည့်မရဖြစ်နေသည်။ သူတို့၏ ချစ်ခင်တွယ်တာမှုကြားထဲတွင် သူလုပ်နိုင်တာ ဘာမျှမရှိချေ။

နဂါးသစ်သီးစားပြီးနောက် သူတို့ခနတာ အနားယူကြပြီးနောက် သူတို့၏စွန့်စားမှုများကို ပြန်လည်စတင်ခဲ့ ကြသည်။

“ ဟမ်.. ဒီတစ်ခါကကျားနန်းတော်လား”

နန်းတော်တံခါးဝတွင်ရေးထိုးထားသည်ကိုကြည့်ကာ  အန်လင်းသည် ထိုနန်းတော်၏ အမွေအနှစ်သည် သားရဲ အမျိုးအစား အမွေအနှစ် ဖြစ်လိမ့်မယ်ဟု ထင်လိုက်မိသည်။

“ အရှင်နျန်ဖန်ပြောခဲ့တဲ့  ဆယ့်နှစ်ရာသီခွင်ပေါ့...”  စုရှောင်လန် ကရယ်ပြီးပြောလိုက်သည်။ "ဒီနန်းတော်က ဆယ့်နှစ်ရာသီခွင်နန်းတော်တွေထဲက တစ်ခုဖြစ်မယ်။ "

သူတို့နှစ်ဦးစလုံး နန်းတော်ထဲသို့ မျှော်လင့်ချက်အပြည့်ဖြင့် ဝင်လိုက်ကြသည်။

သို့သော်နန်းတော်တွင် မည်သည့်အရာမျှမရှိဘဲ အလွတ်ကြီးဖြစ်သည်ကိုတွေ့ရှိရသောကြောင့် သူတို့အံ့သြ သွားကြသည်။

“ဟမ်.... ကျားကဘယ်မှာလဲ” အန်လင်းမေးလိုက်သည်။

ထိုနန်းတော်ကိုစောင့်နေသော ကျားတစ်ကောင် သို့မဟုတ် တခြားဗီဇပြောင်းသားရဲတစ်ကောင် စောင့်ရှောက် နေမည်ဟု သူထင်ခဲ့သည်။

“အာ... ကြည့်ရတာ ဒီကအမွေအနှစ်ကို တခြားသူတစ်ယောက်ရသွားပြီထင်တယ် " စုရှောင်လန် စိတ်ပျက်စွာဖြင့် သက်ပြင်းချပြီးပြောလိုက်သည်။

နန်းတော်တစ်ခုလုံးကို ဂရုတစိုက်ဆန်းစစ်လေ့လာသော်လည်း ဖုံးကွယ်ထားသော အရာတစ်ခုမှ မတွေ့ကြ သောအခါ ဘာမျှမတတ်နိုင်တော့ဘဲ နောက်နန်းတော်တစ်ခုကို သွားရန် ဆုံးဖြတ်လိုက်သည်။

ယုန်နန်းတော်သည်လည်း ထို့အတူ ချန်ထားခဲ့လိုက်ရသည်။

နဂါးနန်းတော်၊ မြွေနန်းတော်၊ မြင်းနန်းတော်....

သူတို့သည် ရာသီခွင်နန်းတော် ဆယ့်နှစ်ခုလုံးကို ရောက်သောအခါ အားလုံးလွတ်နေပြီး မည်သည့်အရာမျှ မရှိတော့သည်ကို တွေ့လိုက်ရသည်။

ထိုနန်းတော် ဆယ့်နှစ်လုံးပြီးနောက် နောက်ဆုံးတွင် ရာသီခွင်နန်းတော်သို့ရောက်လာခဲ့သည်။ ဤနန်းတော်တွင် လူ့အရပ်တစ်ဝက်လောက်ရှိသော ရာသီခွင်ဆိုင်ရာ ပန်းပု ဆယ့်နှစ်ရုပ်ရှိနေသည်။ ထိုပန်းပုရုပ်များသည် လက်ရာမြောက်ပြီး သက်တမ်းကြာရှည်လှပြီဖြစ်ရာ အတော်အတန်တန်ဖိုးရှိပုံပေါ်သည်။ အန်လင်းသည် ၎င်းတို့အား သူ၏သိုလှောင်လက်စွပ်ထဲ ထည့်ရန်ကြိုးစားလိုက်သော်လည်း သူ မအောင်မြင်ခဲ့ပါ။

"သူတို့က တကယ်ပဲ ဆယ့်နှစ်ရာသီအမွေအနှစ်တွေကို ရသွားတာပဲ... အရင်အုပ်စုနှစ်စုက အတော် အားကောင်း ကြတယ်ထင်တယ် ဒါပေမယ့် သူတို့ကကောင်းကင်နန်းတော်ဆီကို ကျော်သွားခဲ့ကြတာထင်တယ် "

အန်လင်းသည် စိတ်ရှုပ်စွာဖြင့် မေးစေ့ကို  ပွတ်ကာစဉ်းစားလိုက်သည်။

"ဒီနဂါးသင်္ချိုင်းက အမွေအနှစ်ကို ဆက်ခံဖို့ ရေစက်ပါတဲ့သူတစ်ယောက်ကို ရှာနေတာဆိုရင် ရာသီခွင်နန်းတော်က အမွေဆက်ခံခဲ့တဲ့လူတွေကို သတ်ဖြတ်ပြီး အဲဒီအမွေအနှစ်တွေကို အလကားဖြုန်းပစ်လိုက်မှာ မဟုတ်ဘူး"

“မင်းမေ့သွားပြီလား အဲဒီသင်္ချိုင်းစောင့်တွေကလည်း တကယ်တော့ အလွန်ကောင်းတဲ့ဆက်ခံသူတွေပဲလေ”

ဟု စုရှောင်လန် ပြောလိုက်သည်။

“အဓိပ္ပာယ်ရှိတယ်... ပြောရမယ်ဆိုရင်ဒီအစောပိုင်းအမွေတွေအားလုံးဟာ ပဏာမအဆင့်ပဲရှိသေးတာပေါ့ အဲဒီ ကံစပ်ခဲ့တဲ့သူတွေက အမှန်တကယ်အရေးကြီးတဲ့သူတွေ မဟုတ်ဘူး တောင်ပံနဂါးရှန်းယင်ရဲ့ အမွေအနှစ်တွေ အမှန်တကယ် ရှိတယ်ဆိုရင် အဲဒါတွေက အဲဒီနေရာမှာပဲရှိနိုင်တယ် ”

အန်လင်းသည် အဖြူရောင်တောက်ပသော ရောင်ခြည်များ ဖြာထွက်နေသည့် အံ့ဖွယ်နန်းတော်သို့ မျှော်ကြည့် လိုက်သည်။

“ကောင်းကင်နန်းတော်”

ထိုနန်းတော်၏ နတ်ဘုရားအလင်းရောင်ကို ကြည့်ပြီး ထိုနေရာသို့ ဦးတည်သွားလိုသောပြင်းပြသော စိတ်ဆန္ဒက သူတို့နှလုံးသားထဲတွင် ဖြစ်ပေါ်လာသည်။

"ငါတို့ တခြား နန်းတော်တွေက တန်ဖိုးရှိအရာအားလုံးယူပြီးမှပဲ အဲဒီကိုသွားရအောင်ပါ"

အန်လင်းက စုရှောင်လန်အားပြောကြားခဲ့သည်။ သူနောက်တစ်ခေါက် ကောင်းကင်နန်းတော်ကို မကြည့်ဝံ့ တော့ပေ။ ထိုသို့ဖြင့် သူတို့နှစ်ဦး ရှေ့သို့ခရီးဆက်ခဲ့ကြသည်။

သူတို့ အသက်ဓာတ်နန်းတော်ဟု ခေါ်သောနေရာသို့ ရောက်လာကြသည်။

ဤနန်းတော်သည်အလွန်ထူးခြားလှသည်။ နန်းတော်အတွင်းတွင် ထူးဆန်းဆန်းပြားသောအပင်များအား ဖြင့်ပြည့်နှက်နေသည်။ အထူးသဖြင့် ရွှေပင်များ၊ သစ်ပင်များထက်ပင်ကြီးမားသောအရိုးပန်းများ၊ အရောင် ငါးမျိုးရှိသောမြက်ပင်များ… စသဖြင့် အန်လင်း တစ်သက်လုံးတွင်တစ်ခါမျှ မမြင်ဖူးသော အပင်များဖြစ်သည်။ ရောင်စုံလှပပင်နှင့်သတ္တုလက်စွဲစာအုပ်ထဲတွင်ပင် တစ်ခါမျှမတွေ့ဖူးခဲ့ချေ။

သူတို့၏ချီစွမ်းအင် အတက်အကျဖြစ်စေလောက်အောင် သန်မာလှသောထိုအပင်များသည်  သာမန်အပင် များတော့ မဟုတ်နိုင်ပေ။

ဒီအမွေအနှစ်က ထူးခြားဆန်းပြားသောအပင်များနှင့်ဆက်နွှယ်မှုရှိနေတာလား

အန်လင်းသည် သိချင်စိတ်ကို ထိန်းချုပ်ကာ အပင်များ၏ အတွင်းပိုင်းသို့ လျှောက်သွားလိုက်သည်။

ထို့နောက်တွင်မူ နမိတ်ဖတ် အရိုးများ၊ ကြေးနီဒင်္ဂါးများ၊ အဖြူရောင်ပန်းသေးသေးလေးများနှင့် အခြား ထူးဆန်းသောအရာများ ရှိသည့်စားပွဲတစ်ခု၏ ရှေ့တွင်ထိုင်နေသည့် တစ်ခေါင်းလုံးဖြူဖွေးနေသော လူအိုကြီး တစ်ယောက်ကို တွေ့လိုက်ရသည်။

“ကံကောင်းတဲ့လူငယ်လေးတွေကို အသက်ဓာတ်နန်းတော်ကနေကြိုဆိုလိုက်ပါတယ်...  ငါက ကြမ္မာအဘိုးအိုပါ ဒီနေရာက အမျှတဆုံး၊ အမှန်ကန်ဆုံးနှင့် အတိကျဆုံး စွမ်းအားတွေနဲ့ အနာဂတ်ဟောပြောတဲ့၀န်ဆောင်မှုကို ပေးပါတယ် မင်းတို့တွေ စိတ်ဝင်စားကြလား”

ခေါင်းဖြူအဘိုးအိုသည် သူတို့ထံသို့ အကြည့်တစ်ချက်ဝဲလိုက်ပြီး အကျိုးဆောင်စကား ဆိုလိုက်သည်။

အန်လင်း နှင့် စုရှောင်လန်တို့နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

အနာဂတ်ဟောပြောသူလား

"အမွေအနှစ်တွေ၊ စမ်းသပ်မှုတွေ၊  ရတနာတွေ အဲလိုဟာတွေမဟုတ်ဘူးလား" အန်လင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။

ကြမ္မာအဘိုးအို ဖြည်းညင်းစွာရယ်လိုက်၏။ “အသက်ဓါတ်နန်းတော်က ကံကြမ္မာကိုဟောပြောတဲ့ ၀န်ဆောင်မှုကိုပဲပေးပါတယ် ဒီ တာအိုဘုန်းတော်ကြီးက သင်္ချိုင်းကိုခြေတစ်ဖက်လှမ်းနေပါပြီ... မင်းကိုပေးဖို့ငါ့မှာဘာရတနာမှ မရှိပါဘူး.. ငါကံကြမ္မာကိုဘယ်လို ဖတ်ရမယ်ဆိုတာကိုပဲ ငါသိတယ် စျေးနှုန်းကတော့ မင်းမေးချင်တဲ့ အကြောင်းအရာအပေါ် မူတည်ပြီးတော့ ဝိညာဉ်ကျောက်သုံး တစ်သောင်းကသုံးသောင်းသုံးသောင်းအထိကျသင့်ပါမယ်…”

အန်လင်း ဆွံ့အသွားသည်။

စောင်အဘိုးကြီး...လာနောက်နေတာလား ခင်ဗျားက သင်္ချိုင်းကို ခြေတစ်လှမ်း လှမ်းပြီးပြီဆိုရင် ဘာဖြစ်လို့ ဝိညာဉ်ကျောက်တုံးတွေကိုလဲ ကျောက်ခဲသလဲလိုသဘောမထားနိုင်ရတာလဲ

သူနောက်ပြန်လှည့်ပြီးထွက်ခွာရန် စဉ်းစားနေချိန်တွင် စုရှောင်လန်သည် အဘိုးအိုဆီရောက်နှင့်နေပြီဖြစ်သည်။ သူမပြုံးလိုက်ပြီး “ဟုတ်ပြီလေ...ဒါဆို ကောင်းကင်နန်းတော်မှာ လိုအန္တရာယ်မျိုးရှိနေသလဲဆိုတာ ကျေးဇူးပြုပြီး အဘိုး ပြောပြနိုင်မလား”

“ဟမ်... လုံမလေး... မင်းလွတ်လမ်းရှာတဲ့နေရာမှာ အတော်လေး တော်တာပဲ” ကြမ္မာအဘိုးအိုသည် အေးဆေးတည်ငြိမ်စွာပြန်လည်ဖြေကြားခဲ့သည်။

“ဒါပေမယ့် မင်းရဲ့မေးခွန်းက မှားနေတယ်.. ငါခန့်မှန်းတာက လူတစ်ယောက်ရဲ့ကံဇာတာပဲ နေရာတစ်ခု မဟုတ်ဘူးလေ မင်း အသက်ဓါတ်နန်းတော်ကို သွားတဲ့အခါ မင်း ကြုံတွေ့ရနိုင်တဲ့ အန္တရာယ်တွေကိုပဲ ကြိုတင် ဟောကိန်းထုတ်ပေးနိုင်ပါလိမ့်မယ်။"

စုရှောင်လန် အတန်ငယ်စဉ်းစားလိုက်သည်။ သူမရင်ဆိုင်ရသော အန္တရာယ်များမှာ အန်လင်းရင်ဆိုင်ရမည့် အန္တရာယ်များလည်းဖြစ်လာနိုင်သည်။ သူမ သိချင်သောအရာနှင့်သိပ်မကွာလှသောကြောင့် ခေါင်းညိတ်လိုက် သည်။

“ကောင်းပါပြီ... ကျွန်မကို ကြိုတင်ဟောကိန်းထုတ်ပေးပါ”

“ငွေအရင်ရှင်းရပါမယ်... ဒီခန့်မှန်းတွက်ချက်မှုက ဝိညာဉ်ကျောက်တုံးပေါင်းသုံးသောင်းကုန်ကျလိမ့်မယ်” ကြမ္မာအဘိုးအိုသည် သူတို့ဘက်သို့ လက်ဖြန့်တောင်းလိုက်သည်။

အန်လင်း-“…”

ထိုလူအိုကြီးသည် သူအမြဲကြုံတွေ့ဖူးသမျှကံကြမ္မာဖတ်သူများ အတိုင်းပင်ဖြစ်သည်။

စုရှောင်လန်သည် သူမနှုတ်ခမ်းကို ကိုက်လိုက်ပြီး သူမသိုလှောင်လက်စွပ်ထဲမှ ချီကျောက်တုံး သုံးတုံးကို ထုတ်ယူကာ ကြမ္မာအဘိုးအို လက်ထဲသို့ ထည့်လိုက်သည်။

ကြမ္မာအဘိုးအိုသည် စုရှောင်လန်၏လက်ကောက်ဝတ်ပေါ်တွင် အဖြူရောင်ချည်ကြိုးနှင့်ချည်လိုက်ပြီး  မျက်လုံး များကိုပိတ်လိုက်သည်။ စားပွဲပေါ်ရှိ နမိတ်ဖတ်အရိုးများနှင့် ကြေးနီဒင်္ဂါးများသည် သူ့အလိုလို လှုပ်ရှားလာ ကြသည်။

ခနကြာသောအခါတွင်သူသည်အံ့သြစွာဖြင့် စုရှောင်လန်ကိုကြည့်လိုက်သည်။

“မင်းကကောင်းကင်နန်းတော်နဲ့ ချိတ်ဆက်မှုနည်းနည်းရှိနေတာပဲ... ဒီလိုအင်အားကြီးမားတဲ့ ကမ္မကြမ္မာဟာ ဖျက်ဆီးလို့ တားဆီးလို့မရနိုင်ဘူး ပြီးတော့ ငါ့ရဲ့အမြင်တွေကိုလဲပိတ်ပင်ထားတယ်.. မင်း… အရှင်မရှန်းယင်  ဘယ်လိုပတ်သက်နေတာလဲ”

စုရှောင်လန် စိတ်ရှုပ်ထွေးသွားသည်။

“ဘယ်လိုပတ်သက်မှုမှ မရှိပါဘူး... ဒါနဲ့ ကောင်းကင်နန်းတော်ကို သွားတဲ့အခါ ကျွန်မ ဘယ်လို အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာလဲ ”

ကြမ္မာအဘိုးအိုခေါင်းခါလိုက်သည်။

“မဖတ်နိုင်ဘူး...ဖတ်လို့မရဘူး”

စုရှောင်လန်-“…”

အန်လင်း-“…”

“ငွေပြန်အမ်းပေးလို့ရမလား” စုရှောင်လန်အသက်မဲ့သောမျက်နှာဖြင့် မေးလိုက်သည်။

အန်လင်းလည်း အဘိုးအိုကို အေးစက်စွာကြည့်လိုက်သည်။   ဒီဘီးကြဲက တကယ့်ကိုလူလိမ်ပဲဖြစ်ရမယ်...

သေစမ်း..ဘီးကြဲကြီး.. ခင်ဗျားဘာမှဟောကိန်းမထုတ်နိုင်ဘဲနဲ့များ မျက်နှာပြောင်တိုက်ပြီး ကျုပ်တို့ဝိညာဉ် ကျောက်တုံးတွေ လက်ခံရဲတယ်ပေါ့ ခင်ဗျားကဓါးပြပဲဖြစ်ရမယ် ဟုတ်တယ်မလား...

ကြမ္မာအဖိုးအိုသည် သူတို့၏ပြင်းထန်သောအကြည့်များကြောင့် နေရခက်စွာဖြင့် အလျင်အမြန်ရှင်းပြလိုက်သည်။

“ငါဟောပြောဖို့အတွက် ငါ့စွမ်းအင်တွေအများကြီးအသုံးပြုရလို့ ဝိညာဉ်ကျောက်တုံးတွေနဲ့ငါ့စွမ်းအားတွေကို ပြန်ဖြည့်ပေးရတယ် ဒါကြောင့် ငါပြန်အမ်းမပေးနိုင်တော့ဘူး ငါသာပြန်အမ်းလိုက်ရင် နောက်ထပ်တစ်ခါ ငါထပ်ပြီး ကံကြမ္မာဖတ်နိုင်တော့မဟုတ်ဘူး”

ကြမ္မာအဘိုးအိုသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်သူ့မျက်လုံးများပင်နီရဲကာ ပြောလိုက်သည်။ထိုဖြေရှင်းချက်ကြောင့် အန်လင်းနှင့် စုရှောင်လန်တို့ဒေါသများ အတော်အတန်လျော့နည်းသွားသည်။

"ဒါဆိုလဲ ဟုတ်ပါပြီ... ကျွန်တော့်ကိုရောဟောပေးနိုင်မလား ရိုးရှင်းတဲ့တစ်ခုခုပေါ့ ကျွန်တော်ဘယ်တော့ ရည်းစားရမလဲဆိုတာ ဟောပေးနိုင်လား”

အန်လင်းသည် အစောပိုင်းတွင် ကြမ္မာအဘိုးအိုအား ကောင်းကင်နန်းတော်တွင် သူကြုံတွေ့နိုင်သည့် အန္တရာယ်များကို မေးလိုခဲ့သော်လည်း သူသည်လည်း စုရှောင်လန် ခံလိုက်ရသလို ဆင်ခြေမျိုးသုံးသွားမည်ကို စိုးရိမ်သဖြင့်  ပို၍ လက်တွေ့ကျသောအရာကို မေးရန်ဆုံးဖြတ်လိုက်သည်။

"ရည်းစားကဘာလဲ" ကြမ္မာအဘိုးအို၏ စိတ်ရှုတ်ထွေးသည့်ပုံဖြင့် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ မေးလိုက်သည်။

အန်လင်း သတိဝင်သွားပြီး ပြန်ပြင်ပြောလိုက်သည်။ “ကျွန်တော် ဘယ်တော့တာအိုလက်တွဲဖေါ်ရမလဲဆိုတာ ဟောပေးပါ”

ထိုအရာကိုကြားသောအခါ စုရှောင်လန်၏ လှပသောမျက်နှာလေး အရောင်အနည်းငယ်မှိန်သွားပြီး အကြည့်လွှဲ သွားသည်။

ကြမ္မာအဘိုးအို အားရပါးရ အော်ရယ်လိုက်သည်။ ထိုအရာများသည် သူကျွမ်းကျင်သည့်အပိုင်း ဖြစ်နေသည့် အတွက် ချက်ချင်းပြန်ပြောလိုက်သည်။

“ရပါတယ် ပြဿနာမရှိပါဘူး  ဒီအတွက်က ဝိညာဉ်ကျောက်တုံး တစ်သောင်းပဲကျပါတယ်”

အန်လင်းခေါင်းညိတ်ပြီး အဘိုးအိုအား ချီကျောက်တုံးတစ်တုံးပေးလိုက်သည်။ ကြမ္မာအဘိုးအိုသည် အန်လင်း၏ လက်ကောက်ဝတ်တွင် အဖြူရောင်ကြိုးချည်လိုက်ပြီး ကံကြမ္မာဖတ်ခြင်းကို စတင်လိုက်ပြီး အတန်ငယ် ကြာသောအခါ ချွေးများပြန်လာသည်။

***

All Chapters