← Chapters

ယွိဝမ်ဝမ်

Vol. 140 Ch. 1954

ယွိဝမ်ဝမ်

Vol. 140 Ch. 1954

ရှီမာယူယူသည် ယွိရှီကို ကြည့်လိုက်သည် “မင်းသမီး ၉၉ က ဘယ်သူလဲ ဒီမှာ မင်းသမီး ဘယ်နယောက်တောင်ရှိတာလဲ”

“မင်းသမီး ၉၉ က အရှင်ကိုယ်တိုင် မင်းသမီးဘွဲ့ပေးခဲ့တဲ့ မင်းသမီးလေးရဲ့ ဝမ်းကွဲညီအစ်မပါ” ယွိရှီ ရှင်းပြလေသည် “အရင်တုန်းက မင်းသမီး ၉၉ နဲ့ မင်းသမီးတို့က သက်တူရွယ်တူဆိုတော့ ရင်းနှီးခဲ့ကြတယ်.. ဒါပေမဲ့ သူမက မင်းသားနောက်လိုက်ပြီး တိုင်းပြည်ကိုပြန်သွားတော့ သိပ်ပြန်မလာခဲ့ဘူး”

“ဒါဆိုရင် သူမက ငါ့ကိုရှာဖို့ အထွေအထူးများရှိလို့လား” ရှီမာယူယူ မေးခွန်းထုတ်လိုက်သည်။

“မင်းသမီးလေး ပြန်လာတာကို သိလို့ တွေ့ချင်လို့ဖြစ်မယ်” ယွိရှီ ဆက် ပြောလေသည် “မင်းသမီးလေး သူမကို တွေ့ချင်လား”

“ငယ်ရွယ်ခြင်းနန်းတော်ကို ရောက်နေပြီဆိုမှတော့ သူမကိုတွေ့ကြတာ ပေါ့” ရှီမာယူယဓသည် ယွိရှီကို ခေါ်လာခိုင်းရန် အချက်ပြလိုက်သည်။

“မင်းသမီူး ၉၉ ကြွပါ”

ရှီမာယူယူသည် ယွိရှီ၏ အသံကိုကြားသည်နှင့် ခေါင်းမော့ကြည့်ရာ အနီ ရောင်ဝတ်စုံနှင့် ဖမ်းစားနိုင်လောက်သော အမျိုးသမီး လျှောက်ဝင်လာသည်ကို မြင်လိုက်ရသည်။

“ဒေါ်လေးလား” ယွိဝမ်ဝမ်သည် ရှီမာယူယူကို မြင်သောအခါ ငေးငိုင်သွား သည်။

“ယူယူ မင်းသမီး ၉၉ ကိုတွေ့ဆုံပါတယ်” ရှီမာယူယူသည် မတ်တတ်ထ ပြီး အသာအယာဦးညွှတ်သည်။

ယွိဝမ်ဝမ်သည် သတိပြန်ဝင်လာပြီး ပြုံးကာ ပြောလိုက်သည် “မင်းနဲ့ မင်း အမေတို့က တူတယ်လို့ ပြောကြတာ.. မင်းကိုမြင်လိုက်တာနဲ့ သူမလို့ထင်သွား သေးတာ.. မင်းတို့ နှစ်ယောက်လုံးက တကယ်တူကြတာပဲ”

“မင်းသမီး ၉၉ ရှင်…”

“ငါတို့က မျိုးဆက်တစ်ခုတည်းပြလေ.. ဝမ်းကွဲအစ်မဝမ်ဝမ်လို့ပဲခေါ်ပါ” ယွိဝမ်ဝမ် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဝမ်းကွဲအစ်မဝမ်ဝမ်” ရှီမာယူယူသည်လည်း ရှည်လျားသော ရာထူးအမည်နာမကြီးကို သဘောမတွေ့လှသဖြင့် ချက်ချင်းပင် လက်ခံလိုက် သည်။

“အရှင်၊ အဖေနဲ့ ငါက မင်းပြန်လာပြီဆိုတာကို သိတာကြာပြီ ဒါပေမဲ့ ပြိုင်ပွဲအတွက် ပြင်နေဆင်နေရတာနဲ့ စောစောလာမတွေ့နိုင်လိုက်ဘူး… မင်းကို ပြိုင်ပွဲမှာတွေ့ရမယ်ထင်နေတာ ဒါပေမဲ့ အဲအချိန်ကျ နန်းတော်ကနေ ထွက်သွားလိမ့်မယ်လို့ ထင်မထားဘူး.. အဲဒါကြောင့် သတင်းရတာနဲ့ ငါ အမြန် လာလိုက်တာ”

“ကျေးဇူးတင်ပါတယ် ဝမ်းကွဲအစ်မဝမ်ဝမ်” ရှီမာယူယူသည် တရိုတသေ ပြောလိုက်သည်။

“ပြန်စဉ်းစားကြည့်ရင် ငါနဲ့ ဒေါ်လေးက လက်ထပ်ပြီးရင် ကလေးအတူ မွေးဖို့ သဘောတူထားခဲ့ကြတာ… မင်းတောင် ဒီလောက် မြန်မြန်ကြီးလာလိမ့် မယ်လို့ ထင်မထားဘူး” ယွိဝမ်ဝမ်သည် သက်ပြင်းချပြီးပြောလသည်။

ရှီမာယူယူသည် ဘာပြောရမှန်းမသိတော့သဖြင့် ပြုံးလိုက်သည်။

ယွိဝမ်ဝမ်သည် သူမ၏ ဝမ်းကွဲအစ်မဖြစ်သော်လည်း လူကြီးတစ်ယောက် လေသံပေါက်နေသည်။

ယွိဝမ်ဝမ်သည် သတိမထားမိဘဲ တခြားကိစ္စများကိုပါ မေးနေသည်။ ရှီမာယူယူသည်လည်း သူမ မေးသမျှကို ပြန်ဖြေပေးလေသည်။

“မင်းက ဒေါ်လေးကို ကယ်ချင်လို့ လာတယ်လို့ကြားတယ်” ယွိဝမ်ဝမ် မေးလိုက်သည်။

ရှီမာယူယူသည် သံသယဝင်သွားသည်။ ဒီအကြောင်းကို သူမ ဘယ်လို သိတာလဲ။

“အဲလောက်ကြီး အံ့ဩသွားဖို့မလိုပါဘူး ဒိကျဲ့နဲ့ငါက ဒီကိစ္စကို အကောင်း မြင်ပါတယ်” ယွိဝမ်ဝမ် ရှင်းပြလေသည်။

ဤကဲ့သို့ လျှို့ဝှက်ကိစ္စများကို ပြောပြရာ သူတို့ မည်မျှ ရင်းနှီးကြသည်ကို ရှီမာယူယူ နားလည်သွားသည်။

ဒိကျဲ့လိုလူသည် ရင်းနှီးသူရှိသည်မှာ ရှားပါးကိစ္စဖြစ်သည်။

“အစတုန်းကတော့ ငါတို့လည်း မတည့်ကြပါဘူး” ယွိဝမ်ဝမ်ရှင်းပြလေ သည် “ငါတို့နှစ်ယောက်လုံးက ရပ်တည်ချက်မတူကြဘူး.. ဒါပေမဲ့ ဒေါ်လေးရဲ့ ပြဿနာပြီးသွားတဲ့နောက်တော့ ထိုင်ပြီးစကားကောင်းကောင်း ပြောခဲ့ကြ တယ် အဲနောက်တော့ ငါတို့တွေ သတင်းရတာနဲ့ ပြောခဲ့ကြတယ်”

အဲလိုကိုး.. သူတို့နှစ်ယောက်လုံးက အမေနဲ့ ရင်းနှီးကြပြီး အမေဒုက္ခဖြစ် တော့ အမေ့ကိုကယ်ဖို့အတွက် ထိုင်ဆွေးနွေးခဲ့ကြတာ။ ဆိုလိုတာက သူတို့တွေ က တစ်လှေတည်းစီးတဲ့သူတွေပဲ။

“ဟုတ်ပါတယ် ကျွန်မ အမေ့ကိုကယ်ချင်တာပါ” ရှီမာယူယူ ဝန်ခံလိုက် သည်။

“တစ္ဆေတစ်ရာအလံတော်က နင်နဲ့ရှိတယ်မလား” ယွိဝမ်ဝမ် မေးလိုက် သည်။

“တစ္ဆေတစ်ရာအလံတော် အကြောင်းလည်း သိတာလား” သူမသည် ထို ကိစ္စကိုပါ သိနေသည်။

“တစ္ဆေတစ်ရာအလံတော်ကိစ္စကို သိထားတာပေါ့.. အဲဒါကို ငါပဲ ဒိကျဲ့ကို တိုးတိုးတိတ်တိတ်ပေးထားတာ. အစတုန်းကတော့ သူ ထာဝရရှင်သန်ခြင်း နယ်မြေရောက်ရင် ရှေးဟောင်းဝိညာဉ်တွေစုဖို့ ပေးထားခဲ့တာ.. ဒါပေမဲ့ သူ ပြန် လာပြီးတော့ ပျောက်သွားပြီလို့ ပြောခဲ့တယ်… ဇွတ်မေးတော့မှ မင်းရှိတယ်ဆို တာကို ပြောပြခဲ့တာ” ယွိဝမ်ဝမ်သည် တစ္ဆေတစ်ရာအလံတော် ပျောက်သွား သည်ဟု ဒိကျဲ့လိမ်ခဲ့သည်ကို ပြန်တွေးပြီး မကျေနပ်ကာ အံကြိတ်နေသည်။

“တစ္ဆေတစ်ရာအလံတော်က ကျွန်မနဲ့အတူရှိနေပါတယ်” သူမသည် ဒိကျဲ့ဆီမှ သိထားပြီးဖြင့်သဖြင့် လျှို့ဝှက်မနေတော့ပေ။

“ဒါဆို ငါ့ကို ခဏလောက်ပေးပါ” ယွိဝမ်ဝမ် ပြောလိုက်သည်။

“အမေ့ကိုကယ်ရင် ဒါလိုတယ်လို့ ရင်လင်းပြောခဲ့ပါတယ် ဝမ်းကွဲအစ်မ ဝမ်ဝမ်က ဒါပြန်လိုချင်တယ်ဆို သဘောမတူနိုင်ပါဘူး”

“မင်းအတွေးလွန်နေပြီ.. ငါက ဘာမှမလုပ်ပါဘူး” ယွိဝမ်ဝမ် ဆက်ပြော လေသည် “ရှေးဟောင်းစစ်မြေပြင်တစ်ခုတွေ့ထားလို့ အဲဒီမှာ ဝိညာဉ်တွေရှိ သေးလားလို့ အတည်ပြုချင်တာ.. အဲဒါကြောင့် တစ္ဆေတစ်ရာအလံတော်သုံးပြီး သူတို့ကို ဖမ်းမလားလို့လေ.. အဲဒီမှာ ဝိညာဉ်တွေရှိသေးရင် ဒေါ်လေးကို ကယ် တဲ့နေရာမှာသုံးရင် ကောင်းတယ်လေ”

“ဝမ်းကွဲအစ်မဝမ်ဝမ်” ရှီမာယူယူသည် သူမ ထိုသို့လုပ်လိမ့်မည်ဟု ထင် မထားပေ။

“အဲဒီနေရာကို ဘယ်သူမှ မတွေ့သေးဘူး ဒါပေမဲ့ ဝိညာဉ်မျိုးနွယ်တွေက အဲဒီရှေးဟောင်းဝိညာဉ်တွေကို ရှာနေတာ.. အဲတော့ သူတို့တွေရှာတွေ့ရင် ပြဿနာဖြစ်လိမ့်မယ်.. အဲဒါ‌ကြောင့် ဒီအခွင့်အရေးမှာ အဲဒီကိုသွားရမယ်” ယွိဝမ်ဝမ် ပြောလိုက်သည်။

“ယွိဝမ်ဝမ်” ဒိကျဲ့၏ ပျာတိပျာယာနှင့် ဒေါသထွက်သော အသံသည် အပြင်မှ ဝင်လာရာ လှည့်ကြည့်လိုက်သောအခါ ဒိကျဲ့၏ မည်းနက်နေသော မျက်နှာကြီးကို တွေ့လိုက်ရလေသည်။

“ဘာတွေ အဲလာက် ဒေါသထွက်နေတာလဲ.. လန့်လို့သေတော့မယ်” ဒေါသထွက်နေချိန်တွင် ဒိကျဲ့၏ မျက်နှာမှာ ကြောက်စရာကောင်းနေသော် လည်း ယွိဝမ်ဝမ်သည် မကြောက်သလို သူ့ကိုကြည့်လိုက်သည်။

“ယူယူ့ကို ဒီအကြောင်းမပြောပါနဲ့လို့ နင့်ကို ဘယ်နခါပြောနေရမှာလဲ ဒါပေမဲ့ ချက်ချင်းကြီး နန်းတော်ကိုတောင် အပြေးရောက်လာသေးတယ် ငါ့စကားက နင့်အတွက် ဘာမှမဟုတ်ဘူးလား” ဒိကျဲ့ အော်လေသည်။

“တစ္ဆေတစ်ရာအလံတော်ရလိုက်တာနဲ့ အချိန်ကုန်သက်သာသွားမယ်” ယွိဝမ်ဝမ် ဆက်ပြောလေသည် “ဘာအတွက်သုံးမယ်ဆိုတာ သိတာနဲ့ ယူယူ လည်း ကျွန်မတို့ကိုပေးမှာပါ”

ဒိကျဲ့သည် သူမကို မျက်လုံးလှိမ့်ပြပြီး ဘေးတွင်ထိုင်နေသော ရှီမာယူယူ သည် ဘာမှမပြောပေ။

“ဝမ်းကွဲအစ်ကို ကျွန်မဆီက တစ္ဆေတစ်ရာအလံတော်ယူဖို့လာတာလား” ရှီမာယူယူ မေးလိုက်သည်။

“အင်း” ဒိကျဲ့သည် မပျော်ပေ။ ယွိဝမ်ဝမ်က သူမကို သေချာ သိတာလည်း မဟုတ်ဘဲနဲ့။

ပြီးတော့ သူမက ယွိဝမ်ဝမ်ကို တွေ့တွေ့ချင်း တစ္ဆေတစ်ရာအလံတော်ကို ပေးမှာမဟုတ်ဘူးလေ။ ဒါပေမဲ့ ဒိကျဲ့တောင်းရင်တော့ စဉ်းစားရင်စဉ်းစားလိမ့် မယ်။

“အဲဒီရှေးဟောင်းစစ်မြေပြင်က ဘယ်မှာလဲ” ရှီမာယူယူသည် ယွိဝမ်ဝမ် ကို မေးလိုက်သည်။

“လောကအသေးတစ်ခုထဲမှာ” ယွိဝမ်ဝမ် ဆက်ပြောလေသည် “အဲဒီ လောကအသေးက တစ္ဆေလောကကို ဆွဲဆောင်နိုင်တယ် အဲဒါကြောင့် ငါတို့ လည်းမတော်တဆတွေ့ခဲ့တာ”

“ဒါဆိုလောကအသေးက ဘယ်မှာလဲ”

“အဲဒါက…” ယွိဝမ်ဝမ်သည် စကားတန့်သွားပြီး သူမကို ကြည့်ကာ ပြော လေသည် “ဘာလို့ အသေးစိတ်မေးနေတာလဲ သွားချင်လို့လား”

“အဲအကြောင်းကို သိထားပြီးမှတော့ အဲဒီရှေးဟောင်းဝိညာဉ်တွေကို အလွတ်မပေးဘူး” ရှီမာယူယူ ပြောလိုက်သည်။

“ဘာ.. ဒီကိစ္စကို ငါတို့ကိုအပ်ထားလိုက်စမ်းပါ အဲဒီလောကအသေးက သွားဖို့မလုံခြုံဘူး” ယွိဝမ်ဝမ် ပြောလိုက်သည်။

“အဲဒီနေရာက အန္တရာယ်များတယ်ပေါ့” ရှီမာယူယူသည် ယွိဝမ်ဝမ်ကို မကြည့်ဘဲ ဒိကျဲ့ကို ပြောလိုက်သည် “ဒါဆိုရင် ကျွန်မကိုဖုံးကွယ်ပြီး တစ္ဆေ တစ်ရာအလံတော်နဲ့ ဝိညာဉ်တွေကို သွားစုမလို့ပေါ့ ဟုတ်လား”

“ဟုတ်တယ်”

အခုတော့ သူမကို ဘာမှဖုံးကွယ်လို့မရတော့ဘူး။

“ဝမ်းကွဲအစ်ကို အခုကိုအလုပ်များနေပြီ.. ဝိညာဉ်ဒေါကပြဿနာတွေနဲ့ တင်မလောက်သေးဘူးလေား ဒီကိစ္စကို ကျွန်မကိုအပ်ထားလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် ယွိဝမ်ဝမ်နှင့်မရင်းနှီးပေ.. သို့သော် သူမနှင့် စကားပြောပြီး သောအခါ လူကောင်းဖြစ်သည်ကို သိနေသဖြင့် မစွန့်စားစေလိုပေ။ ထို့ကြောင့် ရှေးဟောင်းစစ်မြေပြင်ကို သွားပြီး သူမကိုယ်တိုင် ရှေးဟောင်းဝိညာဉ်များကို စုဆောင်းသည်က အကောင်းဆုံးနည်းလမ်းဖြစ်နိုင်သည်။

***

All Chapters