← Chapters

ယွင်ရာ

Vol. 140 Ch. 1955

ယွင်ရာ

Vol. 140 Ch. 1955

ဒိကျဲ့ သူမကို ဘာကြောင့်အမှန်အတိုင်း မပြောခိုင်းသည်ကို ယခုမှပင် ယွိဝမ်ဝမ် နားလည်သွားလေသည်။

“ယူယူ ငါ အမှန်အတိုင်းပြောမယ်.. အဲဒီနေရာက အရမ်းကိုအန္တရာယ်များ တယ်.. မင်း အဲဒီကိုမသွားတာကောင်းလိမ့်မယ်.. မင်းမှာ အားကောင်းတဲ့ ကိုယ်ရံတော်တွေရှိပေမဲ့ အန္တရာယ်ကိုကြိုမသိနိုင်ဘူးလေ” ယွိဝမ်ဝမ် ပြော လိုက်သည်။

အကယ်၍တစ်စုံတစ်ရာဖြစ်ပါက သူမ၏ ကိုယ်ရံတော်များလည်း သူမကို မကာကွယ်နိုင်လျှင် သူတို့ ဘာလုပ်ရမည်ကိုမသိတော့ပေ။

“ဝမ်းကွဲအစ်မဝမ်ဝမ်.. ကျွန်မ သိသွားရင် တားလို့မရမှာကိုကြောက်လို့ ဝမ်းကွဲအစ်ကိုက မပြောခိုင်းတာပါ.. အဲတော့ တခြားဘာမှမပြောနဲ့တော့ လောကအသေးအကြောင်းကိုပဲ ပြောပြပါ… ကျွန်မ မြန်မြန်သွား မြန်မြန်ပြန် လာခဲ့မယ်” ရှီမာယူယူ ပြောလိုက်သည်။

ယွိဝမ်ဝမ်သည် ဒိကျဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာမှာ မည်းနက်သွားသည်ကို သူမ မြင်နေရသည်။ ပြီးနောက် သည်တစ်ကြိမ်တွင် သူမ မှားသွားသည်ကို သိလိုက်ရသည်။

“ငါ မင်းနဲ့အတူလိုက်မယ်.. အဲဒီနေရာက ရှာဖို့မလွယ်ဘူး” ယွိဝမ်ဝမ် သည် ရှီမာယူယူကို ပြောလေသည် “ဘယ်လိုပဲဖြစ်ဖြစ် အစကတည်းက သွားဖို့ စီစဉ်ထားတာပဲ”

“ဒါပေမဲ့…”

“သူမကို လိုက်ခွင့်ပေးလိုက်.. သူမက လူကောင်းတော့မဟုတ်ပေမဲ့ တစ်ခါတလေတော့ အကူအညီဖြစ်ပါတယ်”

ယွိဝမ်ဝမ်သည် သူ့ကို မျက်လုံးလှိမ့်ပြလိုက်သည်။ သူသည် သူမကို ချီးကျူးစကားပြောချင်သော်လည်း စကားအကောင်းမပြောပေ။

ရှီမာယူယူသည် ခေတ္တမျှတွေဝေသွားပြီး ခေါင်းညိတ်လိုက်သည် “ဒါဆို လည်း ဝမ်းကွဲအစ်မကိုပဲ ဒုက္ခပေးရတော့မှာပဲ”

“တစ်ခုခုပြင်စရာရှိလား.. ဘယ်တော့စထွက်ကြမလဲ” ယွိဝမ်ဝမ် မေး လိုက်သည်။

“တချို့ကိစ္စလေးတွေ လုပ်စရာရှိသေးလို့ ခဏတော့ စောင့်ပေးပါ” ရှီမာယူယူသည် ပြောပြီးသည်နှင့် နန်းတော်သို့ သွားလိုက်သည်။ သူမသည် နန်းတော်မှ ထွက်သွားမည့်အကြောင်းကို မိုယွိတို့ကိုရှာပြီး ကိုယ်တိုင်ပြောရန် ဆုံးဖြတ်လိုက်သည်။

“ကျွန်တော်တို့ကတော့ သွားဖို့ ဘာပြဿနာမှမရှိပါဘူး ဒါပေမဲ့ ဖူရှီလည်း သွားမှာလား” အရိပ်မည်း ပြောလိုက်သည်။

“ဖူရှီ…” ရှီမာယူယူသည် မျက်လုံးနှစ်လုံး ပြူးကျယ်ပြီးကြည့်နေသည့် ကလေးကိုကြည့်ပြီး မိုယွိကို ပြောလိုက်သည် “ဖူရှီ.. မိုယွိနဲ့ ခဏလောက် နေခဲ့ လိုက်နော်.. ငါ ပြန်လာတာကို စောင့်ပေး ငါ ပြန်လာခဲ့မယ်”

ဖူရှီသည် တစ္ဆေမျိုးနွယ်မဟုတ်သလို သူ့ခန္ဓာကိုယ်တွင် ဒဏ္ဍာရီနဂါးအမိန့် ရှိနေသည်။ အကယ်၍ ဒဏ္ဍာရီနဂါးအမိန့်ကို ချိပ်စည်းပိတ်မထားပါက သူ့ကို ကာကွယ်နိုင်သေးသည်။ သို့သော် တစ္ဆေကြင်ယာတော်သည် သူတို့ကို စောင့် ကြည့်နေဆဲဖြစ်သဖြင့် သူ နန်းတော်မှ ထွက်သွား၍မဖြစ်ပေ။

သူ့ကို စစ်မြေပြင်သို့ ခေါ်သွားရသည်မှာလည်း လက်တွေ့မဆန်ပေ။ ပြီးနောက် သွားသည့်နေရာတိုင်း သူ့ကို ဂရုစိုက်ရမည်ဆိုလျှင်လည်း လမ်းလွဲ သွားတော့မည်။ သူသည် လျှပ်စီးကုထုံးနှင့် ကုရမည်ဖြစ်သဖြင့် သူ့ကို ကြာကြာ ခေါ်သွား၍မဖြစ်ပေ။

သူမအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေမည်ကို ဖူရှီလည်း သိသည်။ ထို့ကြောင့် သူမ စီစဉ်ပေးသည့်အတိုင်း သဘောတူလိုက်သည်။

“ဒါပေမဲ့ ဒီလိုဆိုရင် သူ နလန်ထူတာကို သက်ရောက်မှုမဖြစ်နိုင်ဘူးလား” မိုယွိ မေးလိုက်သည်။

“အစတုန်းတော့ ဒုတိယကုသမှုပြီးတာနဲ့ စမ်းသပ်ပြီး နောက်ကုသမှုတွေ ဆက်လုပ်မလို့ပဲ ဒါပေမဲ့.. ပြန်နလန်ထူက ကြာနေပြီး လုပ်ငန်းစဉ်ကလည်း ဒါ တွေပဲထပ်တလဲလဲဖြစ်နေတာဆိုတော့ ဒီလောက်အချိန်တိုအတွင်း သက်ရောက်မှုဖြစ်မှဦမဟုတ်ဘူး ကျွန်မ ၂ လအတိုင်းအမြန်ပြန်လာပါမယ်” ရှီမာယူယူ ပြောလိုက်သည်။

ဖူရှီ၏ ခန္ဓာကိုယ်ကို ကုသရန်မှာ နှစ်တစ်ဝက်ကျန်နေသေးသဖြင့် အချိန် ဆွဲနေရန် အချိန်မရှိပေ။ သို့သော် သူမသည် စိုးရိမ်နေတုန်းပင်။ တစ်ခုခုသာ ဖြစ်သွားရင် ဖူရှီတော့…

ဝူလင်းယူ လျှောက်လာပြီး သူမလက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည် “တကယ်တော့ သူ့ကို ကိုယ့်လောကအသေးထဲမှာ ထည့်ထားလို့ရပါတယ်.. ပြဿနာတစ်ခုခုဖြစ်လာရင် ကိုယ် မင်းကို ချက်ချင်းအသိပေးမယ်လေ”

“အဲလိုလုပ်ပေးနိုင်မလား” ရှီမာယူယူသည် ဝူလင်းယူကို ပျော်ရွှင်စွာ ကြည့်လေသည်။ သူ သဘောတူသည်နှင့် ပြဿနာမှာ ဖြေရှင်းပြီးသားဖြစ်သွား လေသည်။

“ကိုယ် အဲကောင်စုတ်လေးကို သဘောမကျပေမဲ့ မင်းက ကုပေးချင်တယ် ဆိုမှတော့ ကိုယ်လည်း မင်းကိုထောက်ပံ့ပေးရမှာပေါ့” ဝူလင်းယူ ပြောလိုက် သည်။

“ကျေးဇူးတင်ပါတယ် လင်းယူ” ရှီမာယူယူသည် သူ့ကို ကျေးဇူးတင်သော အပြုံးဖြင့် ပြုံးပြပြီး ပြောလိုက်သည် “ဖူရှီ ဒါဆို မင်း လင်းယူရဲ့ လောကအသေး ထဲကို ဝင်လိုက်ခဲ့လိုက် အဲလိုဆိုရင် ငါတို့လည်း အချိန်မကြာတော့ဘူး”

“ဟုတ်ပြီ”

ခဏအကြာတွင် ဝူလင်းယူသည် လောကအသေးကို ဖွင့်ပြီး ဖူရှီဝင်လိုက် သည်။ ထို့နောက် ရှီမာယူယူသည် သူတို့ကိုဦးဆောင်ပြီး ဝမ်ဝမ့်ကိုဿွားရှာကာ ခရီးထွက်ကြသည်။

ယွိဝမ်ဝမ်သည် လူအများအပြား မခေါ်လာပေ။ အားလုံးပေါင်းလျှင် အရေ အတွက်မှာ အယောက် ၂၀ သာရှိသည်။ သို့သော် ထိုလူများသည် ကိုယ်ပိုင် အရည်အသွေးများရှိကာ အယောက်တစ်ရာလောက်ကို အနိုင်ယူနိုင်သည်ဟု ဆိုသည်။

ယွိဝမ်ဝမ်၏ အစီအစဉ်အရဆိုလျှင် သူတို့သည် လောကအသေး အဝင် ပေါက်သို့ရောက်ရန် ရက်အနည်းငယ်သာ ကြသည်။

“သူတို့က ဒီလောကအသေးကို မတော်တဆတွေ့ခဲ့တာ… သူတို့တွေကို စစ်မြေပြင်ကို သွားရှာခိုင်းတာ.. သူတို့တွေ တစ်လမ်းလုံးရှာလာပြီးမှ ဒီနေရာမှာ လာတွေ့မယ်လို့ ထင်မထားဘူး” ယွိဝမ်ဝမ် ရှင်းပြလေသည် “ငါလည်း သတင်း ကြားတာနဲ့ ဒီကိုလာပြီး စစ်ကြည့်သေးတယ်.. တကယ်ပဲ ရှေးဟောင်းဝိညာဉ် တွေရှိနေတယ်.. ဒါပေမဲ့ ဒီလောကအသေးက ဝိညာဉ်နယ်မြေနဲ့လည်း ဆက်စပ် နေတယ်လို့ အထဲက စောင့်ကြပ်နေတဲ့လူတွေ ပြောတယ်.. အဲဒါကြောင့် သူတို့ တွေလည်း ဝင်လို့ရတယ်တဲ့… ဒီမတိုင်ခင်ကတော့ လောကနှစ်ပါးလုံးကလူ တွေလည်း တွေ့နေကျပဲ”

“ဝိညာဉ်မျိုးနွယ်ကလူတွေကလည်း ဝိညာဉ်တွေကို တော်တော်တပ်မက် ကြတယ်.. ဒီမှာရှေးဟောင်းဝိညာဉ်တွေရှိတာကို သိရင် သူတို့လည်း လာလုမှာ ကိုစိုးရတယ်” လာရသည်ကို မိုယွိသည် ပျင်းရိလာသည်။

“အမှန်ပဲ အဲဒါကြောင့် ရှေးဟောင်းစစ်မြေပြင်က ဝိညာဉ်တွေ အကုန်လုံး ကို ဖမ်းဖို့ တစ္ဆေတစ်ရာအလံတော်ကို လိုချင်တာလေ” ယွိဝမ်ဝမ် ပြောလိုက် သည်။

သူမသည် နယ်နမိတ်ဖျက်ကျောက်တုံးကိုသုံးပြီး လောကအသေးကို ဖွင့် လိုက်သည်။ သူတို့ ဝင်သွားသည်နှင့် မျိုးနွယ်မှ အဆင့်မြင့်သော လူတချို့ကို တွေ့လိုက်ရသည်။

ထိုလူများသည် သူမကို မြင်သည်နှင့် ချက်ချင်းပင် ရောက်လာပြီး ဦးညွှတ် ကြသည် “မင်းသမီး”

“လောကအသေးက အခြေအနေက ဘယ်လိုလဲ” ယွိဝမ်ဝမ် မေးလိုက် သည်။ သူမ သူတို့၏ ဒဏ်ရာများကိုမြင်သောအခါ မျက်မှောင်ကြုတ်လိုက် သည် “ဘာဖြစ်ထားကြတာလဲ”

“မင်းသမီးကို ပြန်ဖြေပါတယ်.. ဝိညာဉ်မျိုးနွယ်ကလူတွေလည်း ရောက် နေပါပြီ” တပ်သားသည် ခေါင်းငုံ့ထားပြီး ပြောလေသည် “ပြီးတော့ ရှေးဟောင်း စစ်မြေပြင်ကိုလည်း ရောက်နေကြပါပြီ”

“ဘာပြောလိုက်တယ်.. မင်းတို့က ဒီနေရာကို စောင့်ကြပ်နေကြတာ မဟုတ်ဘူးလား”

“ဝိညာဉ်နယ်မြေကလာတဲ့သူက ယွင်ရာပါ”

“ယွင်ရာက တကယ်လာတာလား” ယွိဝမ်ဝမ်၏ စိတ်မှာ ညစ်ညူးသွား သည်။ သူတို့ စိတ်ဓာတ်ကျနေသည်ကို မြင်သောအခါ ပြောလိုက်သည် “ထား လိုက်ပါတော့ သူနဲ့တွေ့ပြီးသွားရင် မင်းတို့လည်း အသက်ရှင်နေဖို့ မလွယ်ဘူး”

“ယွင်ရာက ဘယ်သူလဲ” ရှီမာယူယူ မေးလိုက်သည်။

“သူက ညှို့ယူဂီတဂိုဏ်းရဲ့ ဒုသခင်လေ” မိုယွိ ပြောလိုက်သည် “သူ့ရဲ့ အသံသိုင်းက အရမ်းပြည့်စုံတယ်.. သူ့လက်ထဲကို သစ်ရွက်ကျလာရင်တောင် အဲဒါကိုလက်နက်အဖြစ်သုံးပြီး လူသတ်နိုင်တယ်”

“ရှင်တောင် အဲလိုပြောမှတော့ သူက ရိုးရှင်းတဲ့လူမဟုတ်ဘူးပဲ.. ညှို့ယူ ဂီတဂိုဏ်းရဲ့ ဒုသခင်… ဝူရှန်းမြို့မှာဖြစ်ခဲ့တာတွေကို သူသိလားမသိဘူး” သူမ သည် ညှို့ယူဂီတဂိုဏ်းနှင့် အဆင်မပြေတော့သည်ကို ရှီမာယူယူ ခံစားမိသည်။

“သူ သိတာမသိတာ ကိစ္စမရှိဘူး.. သူက ငါတို့ပြစ်မှားသင့်တဲ့လူမဟုတ် ဘူး သတိထားရမယ်” ယွိဝမ်ဝမ် ပြောလိုက်သည်။

တကယ်တော့ ယွင်ရာ ဤနေရာသို့ ရောက်နေသည်ဟု သိသည်နှင့် ရှီမာယူယူကို ချက်ချင်းပြန်ခိုင်းလိုက်စေချင်သည်။ သို့သော် ဒိကျဲ့ ပြောလိုက် သည့်စကားကို ပြန်တွေးမိသဖြင့် မေ့ထားရန်ကိုသာ ဆုံးဖြတ်လိုက်သည်။ သူမ ထိုအကြောင်း ပြောလိုက်လျှင်လည်း ရှီမာယူယူ နားမလည်နိုင်သည်ကို သိလိုက်သည်။

“သူတို့တွေ လူဘယ်လောက် ခေါ်လာတာလဲ.. သူတို့ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ” ရှီမာယူယူ‌ မေးလိုက်သည်။

“လူအများကြီးတော့ ခေါ်မလာဘူး.. သုံးယောက်တည်းရယ် ဒါပေမဲ့ သုံးယောက်လုံးက အရမ်းကိုအားကောင်းတယ်.. သူတို့ရောက်တာတော့ နေ့ တစ်ဝက်နီးပါးလောက်ရှိပြီ”

“ဒါဆို အခုသွားရင် သူတို့ကိုလိုက်မှီနိုင်တာပဲ” ရှီမာယူယူသည် ဆက်ပြော လေသည် “ဝမ်းကွဲအစ်မဝမ်ဝမ် ပြိုင်ဘက်က ဂီတကိုသုံးပြီး တိုက်ခိုက်မှတော့ အစ်မလူတွေကို ခေါ်မသွားသင့်ဘူး”

အသံတိုက်ခိုက်မှုသည် အဖွဲ့လိုက်ဆိုလျှင် ပိုသက်ရောက်မှု အားကောင်း သည်။ သူတို့သာ ထိုလူများကို ခေါ်သွားလျှင် အသုံးမဝင်သည့်အပြင် ယဇ်ပူဇော် သလိုဖြစ်သွားမည်။

ယွိဝမ်ဝမ်လည်းနားလည်သည်။ ထို့ကြောင့် ခေတ္တမျှစဉ်းစားပြီးသည်နှင့် သဘောတူလိုက်သည်။

အမှန်ပင် အသံတိုက်ခိုက်မှုသည် တခြားအရာများနှင့် မတူပေ။ သူတို့ ဝင်သွားပြီး ရန်ရှာလျှင်လည်း အလုပ်မဖြစ်နိုင်ပေ။ သူတို့ကို ခေါ်သွားရန် အကြောင်းမရှိတော့ပေ။ နောက်ဆုံးတွင် လူလေးယောက်ကိုရွေးပြီး ခေါ်သွား လိုက်သည်။

ရှီမာယူယူတို့အဖွဲ့သည် လူလေးယောက် ဦးဆောင်သည့်နောက်မှ လိုက် လာပြီး တခြားသူများသည် နောက်မှလိုက်လာကြသည်။ သူတို့ ရှေးဟောင်း စစ်မြေပြင်သို့ ဝင်သည်နှင့် အပူချိန်ကျဆင်းသွားပြီး ကြောက်လန့်ဖွယ်ကောင်း လောက်အောင် အေးစိမ့်နေသော ချီသည် သူတို့နားသို့ ဝိုင်းလာသည်ကို ခံစားမိ ကြသည်။ တချို့မှာ သူတို့ကိုမြင်သည်နှင့် ဝိညာဉ်အသိစိတ်စွမ်းအင်များစုစည်း ပြီး လက်ဦးမှုရယူကာ ဦးစွာတိုက်ခိုက်သည်။ သို့သော် သူတို့မှာ ရှီမာယူယူ၏ မီးတောက်နှင့် ချေမှုန်းခြင်းကိုခံလိုက်ရတော့သည်….

***

All Chapters