ရှေးဟောင်းစစ်မြေပြင်
Vol. 140 Ch. 1956
ဤနေရာမှ ရှေးဟောင်းစစ်မြေပြင်သည် ထာဝရရှင်သန်ခြင်းနယ်မြေမှ စစ်မြေပြင်နှင့်ယှဉ်လျှင် အန္တရာယ်များတုန်းပင်ဖြစ်သည်။ အစပိုင်း၌ ထိုရောင်ဝါ များတွင် ဝိညာဉ်အသိစိတ်ရှိသည်။ ထို့နောက်တွင် ပျံ့ကျဲသွားကာ လေဟာပြင် သို့ ထိုးဖောက်ဝင်ရောက်လာသည်။ အနည်းငယ် အာရုံလွတ်သွားလျှင်တောင် ထိုပျံ့ကျဲနေသော လေဟာနယ်များသည် သူတို့ကိုအပိုင်းပိုင်း ဆုတ်ဖြဲပစ်နိုင် လိုက်သည်။
“သတိထား”
ရှီမာယူယူသည် ကျယ်လောင်စွာအော်လိုက်ပြီး သူမ၏ ဝိညာဉ်စွမ်းအား ကို ကြိုးတစ်ချောင်းအသွင်ပြောင်းလိုက်သည်။ သူမသည် အရှေ့မှ ယွိဝမ်ဝမ်နှင့် လူလေးယောက်တို့ကို အတူပူးချီလိုက်ပြီး အားသုံးကာ ပြန်ဆွဲလိုက်သည်။
အရှေ့မှလျှောက်သွားသော တပ်သားများ၏ အဝတ်များမှာ ရုတ်တရက် လွှင့်လာပြီး အလယ်မှစတင် ကွဲထွက်သွားလေသည်။ အလယ်တွင် ရှုပ်ထွေး နေပြီးအားလုံးသည် ထိုအပိုင်းပိုင်းပြတ်သွားသော အဝတ်များ ပျောက်ကွယ် သွားသည်ကို ကြည့်နေရသည်။
ယွိဝမ်ဝမ်သည် ရှေးဟောင်းစစ်မြေပြင်အတွင်းပိုင်းသို့ ဝင်ဖူးသဖြင့် ဤ နေရာမှ အခြေအနေကို မရင်းနှီးပေ။ သူမ ထိုကွဲပျံ့နေသော လေဟာပြင်ထဲတွင် လဲကျသွားမလို အကြိမ်ကြိမ်ကြုံရလေသည်။ သည်တစ်ကြိမ်တွင်လည်း ရှီမာယူယူမှ သူမကို ကယ်ရပြန်သည်။
“ကျေးဇူးပဲ ယူယူ.. မင်းကြောင့်သာမဟုတ်ရင် ငါ ဒီနေရာကနေ အသက် ရှင်လျက် ပြန်နိုင်မှာမဟုတ်ဘူး” ယွိဝမ်ဝမ်သည် ကျေးဇူးတင်စွာဖြင့် ပြောလေ သည်။
“ရပါတယ်.. ဘယ်လိုပဲဖြစ်ဖြစ် အစ်မလည်း ကျွန်မအမေအတွက် လုပ်ပေးနေတာပဲလေ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှေးဟောင်း စစ် မြေပြင်ကို အခုမှဝင်တာကို လေဟာနယ်တွေကလည်း ဒီလောက်ကွဲနေတာ… အလယ်နားကိုရောက်တာနဲ့ ဒီထက်ပိုများလာမှာကိုပဲ ကြောက်ရတယ်”
“အန္တရာယ်များပေမဲ့ ဒီကနေအကျိုးအမြတ်လည်းရှိပါတယ်” ဝူလင်းယူ ပြောလိုက်သည် “ဒီလိုဆိုရင် ယွင်ရာတို့လည်း မြန်မြန်မလှုပ်ရှားနိုင်လောက်ဘူး”
“ဟုတ်တယ်” ရှီမာယူယူသည် သူ့စကားကို သဘောတူပြီး ယွိဝမ်ဝမ်ကို ပြောလိုက်သည် “ဝမ်းကွဲအစ်မဝမ်ဝမ် ရှေ့လျှောက်လမ်းက ပိုအန္တရာယ်များ တော့မှာ.. အစ်မတို့က လေဟာနယ်တွေနဲ့မရင်းနှီးတော့ ဘာလို့နောက်ပြန် မဆုတ်ကြတာလဲ.. လာခဲ့တဲ့လမ်းအတိုင်း ပြန်ရင် ဘေးကင်းမှာပါ”
သူမ၏ စကားများသည် တည့်မဟုတ်သော်လည်း သူမဆိုလိုသည်ကို အားလုံးနားလည်ကြသည်။ သူတို့သည် လေဟာနယ်များကို အာရုံခံမပါးကြ သဖြင့် ယခုလိုထပ်ဖြစ်ရန် လွယ်ကူနိုင်သည်။ ပထမအချက်မှာ အန္တရာယ်ပိုများ လာနိုင်ပြီး ဒုတိယအချိက်မှာ သူတို့သည် ဝန်ထုပ်ဝန်ပိုးဖြစ်သွားစေနိုင်ကာ ခရီး ဖင့်သွားစေနိုင်သည်။ ယွင်ရာတို့သာ အမြန်မသွားနိုင်လျှင် သူတို့ တတ်နိုင် သလောက် မြန်မြန်သွားသည်နှင့် လိုက်မှီနိုင်သည်။ လူငါးယောက် ခေါ်သွားရ သည်မှာ အဆင်မပြေဖြစ်တုန်းပင်။
ယွိဝမ်ဝမ်သည် ရှီမာယူယူကို စိတ်ပူနေသေးသော်လည်း သူမ နေခဲ့လျှင် လည်း အကူအညီမဖြစ်နိုင်သည်ကို နားလည်သည်။ ထို့ကြောင့် သူမသည် ချက်ချင်းပင် သဘောတူလိုက်သည် “ဟုတ်ပြီ ငါတို့ လိုက်ပြီး ဝန်ပိအောင်မလုပ် တော့ဘူး… ယွင်ရာက ကိုင်တွယ်ဖို့မလွယ်ဘူး.. မင်း သတိထားနော်”
“သတိထားလိုက်ပါမယ်.. လာတဲ့လမ်းအတိုင်း ပြန်သွားဖို့ သတိရနော်” ရှီမာယူယူသည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သည့် ထိုဝမ်းကွဲအစ်မကို ပိုသဘောကျသွားသည်။
“ဟုတ်ပြီ”
ယွိဝမ်ဝမ်သည် သူမ လူများကို ခေါ်သွားပြီး လာရာလမ်းအတိုင်း ပြန်သွား ကြသည်။ ရှီမာယူယူနှင့်အဖွဲ့သည် ရှေ့ဆက်သွားကြ၏။ ယွင်ရာ မည်သည့် လမ်းမှ သွားသည်ကို သူမ မသိပေ။ ထို့ကြောင့် အရှိန်တင်ရန် လိုနေသည်။
လူငါးယောက်လျော့သွားသောအခါ သူတို့အဖွဲ့၏ လုပ်နိုင်စွမ်းမှာ များစွာ တက်လာခဲ့သည်။ လေဟာနယ် ကွာခြားချက်များသည့်နေရာတွင် ပိုအဆင်ပြေ လာသည်။ သူတို့ ကွာခြားချက်ကို တွေ့သည်နှင့် အမြန်တုံ့ပြန်ပြီး ရှောင်ရှားနိုင် ကြသည်။
တစ်ချိန်တည်းမှာပင် ကီလိုမီတာရာဂဏန်းမျှ ဝေးသောနေရာတွင် ယွင်ရာသည် လူနှစ်ယောက်ကို ဦးဆောင်ပြီး အလွယ်ပိုင်းသို့ ဦးတည်သွားနေ သည်။
“ယွင်ရာ ငါတို့ လျှောက်လာတာ ရက်တွေအများကြီးကြာနေပြီ.. ဒါပေမဲ့ ဘာမှလည်းမမြင်ရဘူး.. ဒီမှာတိုက်ပွဲဝိညာဉ်ရှိတာ သေချာရဲ့လား” ရှဲဟွမ်သည် ဝေဖန်ရင်းနှင့် ပြောလိုက်သည်။
“မင်း ငါ့ကိုမယုံရင်လည်း နောက်ကလိုက်မလာနဲ့လေ” ယွင်ရာသည် အမှု မထားသလို ပြောလေသည်။ သူသည် ရှဲဟွမ်ကို ဂရုမစိုက်ပေ။
“ယွင်ရာ မင်းသဘောထားက ဘယ်လိုလဲ.. ငါတို့က တာဝန်ထမ်းဆောင် နေကြတဲ့ စစ်သူကြီးတွေလေ.. မင်း ဒီကိစ္စကို ရှုပ်အောင်လုပ်ရင် စစ်သူကြီးက မင်းကို အလွတ်မပေးဘူးဆိုတာ သတိရလိုက်” ရှဲဟွမ် အော်လေသည်။
ယွင်ရာသည် သူ့ကို တစ်ချက်ပင်မကြည့်ပေ “မင်းက ရှောင်ဟော်ရဲ့ အမိန့် အောက်မှာပဲ ငါကတော့ မဟုတ်ဘူး.. တစ်ခုခုဖြစ်ရင် ရှောင်ဟော်က ငါ့ကို အပြစ်တင်မှာမဟုတ်ဘူး.. မင်းကိုယ်တိုင်က တည်ဆောက်မှုသခင်မဟုတ်ဘူး လား.. မင်းကိုယ့်ဘာသာသွားလေ.. ငါတို့နဲ့ တွဲလိုက်နေဖို့မလိုပါဘူး”
“ငါ့ဘာသာသွားနိုင်ရင် မင်းကို ဘာလို့လိုတော့မှာလဲ” ရှဲဟွမ်သည် ယွင်ရာ ဘေးမှ ဖေးယိကိုကြည့်လိုက်သည်။ ဤလူသည် တည်ဆောက်မှုများနှင့် ပတ်သက်လျှင် ကျွမ်းကျင်လှသည်ကို ဝိညာဉ်နယ်မြေမှ လူများအားလုံး သိကြ သည်။ ဤသို့လာရာလမ်းတွင် သူသည် လေဟာနယ် ကွဲပျံ့ခြင်းများနှင့် ကွာဟ ခြင်းများစွာကို ရှာတွေ့ခဲ့ပြီး သူ့အသက်ကို အကြိမ်ပေါင်းများစွာ ကယ်ခဲ့သည်။ သူသာ သူ့စံနှုန်းအတိုင်း မလိုက်ပါက နှစ်မီတာအကွာထိပင် ရောက်နိုင်မည် မဟုတ်ပေ။
ယွင်ရာစကားကို နားထောင်ပြီး စစ်သူကြီးကို ငြင်းဆန်တတ်သည့် ထို အရည်အချင်းရှိသော လူကို သူ မုန်းသည်။ မဟုတ်ရင် ဒီနေရာကိုလာဖို့ကို ဘာလို့ ယွင်ရာကိုလိုဦးမှာလဲ။
ယွင်ရာ မောက်မာပုံကို စဉ်းစားရင်းနှင့် ဒေါသထွက်လာသည်။ တစ်နေ့ကျ ရင် သူ့ကို ခြေထောက်အောက်မှာ နင်းချေပစ်ဦးမယ်။
“တခြားလူတွေလည်း လာနေကြပြီ” အခုထိ နှုတ်ဆိတ်နေခဲ့သော ဖေးယိ သည် ရုတ်တရက် ပြောလာသည်။
ရှဲဟွမ်သည် ဘေးပတ်ပတ်လည်ကို အာရုံခံလိုက်သည်။ မည်သူမှမရှိပေ။ ထို့ကြောင့် သူ မယုံကြည်စွာဖြင့် ပြောလိုက်သည် “ဒီနားမှာ လူရှိတယ်လို့ မခံစားမိပါဘူး.. မင်း ဘယ်လိုသိတာလဲ”
“လေဟာနယ်ထဲမှာ ဖရိုဖရဲတွေဖြစ်နေတယ်” ဖေးယိ ပြောလေသည်။
“ဟုတ်ပြီ ဒီကောင်က ဒီလိုပြောမှတော့ အမှန်ဖြစ်နိုင်တယ်”
“အဲလူကို အာရုံခံနိုင်မှတော့ အဲလူကလည်း အားကောင်းတဲ့ တည်ဆောက်မှုသခင်ဖြစ်တဲ့ပုံပဲ” ယွင်ရာ ပြောလိုက်သည် “ဘယ်သူပါလိမ့်”
“ဒိကျဲ့နဲ့ ယွိဝမ်ဝမ်တို့ဖြစ်မလား.. သူတို့သာဆိုရင် ဒီနေရာက လေဟာ ပြင်ကွာခြားချက်ကို သုံးပြီး သူတို့ကိုရှင်းလို့ရတယ်.. တစ္ဆေလောကသာ ဒိကျဲ့ ကိုဆုံးရှုံးလိုက်ရရင် သူတို့စွမ်းရည်တွေ တဟုန်ထိုးကျသွားမှာပဲ” ရှဲဟွမ်သည် စိတ်လှုပ်ရှားစွာ ပြောလေသည်။
အစောပိုင်း သူတို့တွေ့ခဲ့သောလူများသည် ယွိဝမ်ဝမ်၏ လူများဖြစ်သည်။ သူသည် သူတို့အားလုံးကို ရှင်းလိုက်ချင်သည်။ သို့သော် ဤနေရာတွင် အချိန် ဖြုန်းနေမည့်အစား တိုက်ပွဲဝိညာဉ်တွေကို အမြန်စုရန် ယွင်ရာမှပြောခဲ့သဖြင့် သူ လက်လျော့ခဲ့သည်။ ဒိကျဲ့နှင့် ယွိဝမ်ဝမ်တို့ ထပ်လာခဲ့ပါက သူ အခွင့်အရေး ကို လက်လွှတ်ခံမည်မဟုတ်ပေ။
ယွင်ရာသည် ဖေးယိကိုကြည့်လိုက်သည်။ သို့သော် ဖေးယိသည် ခေါင်းခါ ပြသည်။ တစ်ယောက်ယောက် လာနေသည်ဟုသာ ခံစားရသည်။ မည်သူမည်ဝါဖြစ်သည်ကိုတော့ သူလည်း အာရုံခံမရပေ။
သို့သော် ယွင်ရာပြောသလိုပင် သူတို့ လိုက်မှီလာသည်ကို အကဲဖြတ်ရဲ တွင် သူတို့တွင်လည်း အလွန်တော်သည့် တည်ဆောက်မှုသခင်လိုက်ပါလာခြင်း ဖြစ်မည်။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ထိုတည်ဆောက်မှုသခင်ကို တွေ့ချင်သည်။
“ဒီကနေစောင့်ကြတာပေါ့” ရှဲဟွမ် ပြောလိုက်သည်။
“မဟုတ်ဘူး ရှေ့ဆက်သွားရမယ်” ယွင်ရာသည် သူ၏ အကြံပြုချက်ကို ငြင်းဆန်လိုက်သည် “မင်း ဒိကျဲ့ကို သတ်ချင်နေတာ ငါသိတယ်.. ဒါပေမဲ့ လာ နေတဲ့လူက ဒိကျဲ့မဟုတ်ဘူး.. ငါတို့ အရင် တိုက်ပွဲဝိညာဉ်တွေကို ဖမ်းရမယ်.. သူတို့ ဒီနေရာကို ရောက်လာပြီဆိုတော့ သူတို့လည်း တိုက်ပွဲဝိညာဉ်တွေကို ဖမ်း ဖို့လာတာပဲဖြစ်ရမယ်.. ငါတို့ ဒီရှေးဟောင်းစစ်မြေပြင်က တိုက်ပွဲဝိညာဉ်ကို ယူပြီးတာနဲ့ သူတို့ရောက်လောက်ပြီ”
“ဟုတ်တယ်.. အလယ်ကိုသွားပြီးမှ သူတို့ကိုစောင့်ကြမယ်”
ရှဲဟွမ် သဘောတူလိုက်သဖြင့် သူတို့သုံးယောက်သည် ရှေ့ဆက်သွားကြ သည်။ ဖေးယိသည် အရင်ကထက် ပိုလေးနက်နေသည်။ အန္တရာယ်များစွာကို ရှောင်ရှားရင်းနှင့် အရှိန်တင်လိုက်ကြသည်။
တစ်ချိန်တည်းမှာပင် ရှီမာယူယူသည်လည်း သူတို့တည်ရှိမှုကို ခံစားမိ သည်။
“ယွင်ရာတို့က ရှေ့လေးတင်ပဲ.. သူတို့လည်း ကျွန်မတို့ကို သိသွားတဲ့ပုံပဲ အရှိန်တင်နေကြတယ်” သူမ ပြောလိုက်သည်။
“သူတို့ ဖေးယိကိုခေါ်လာတဲ့ပုံပဲ” မိုယွိ ပြောလိုက်သည်။
“ဖေးယိက ဘယ်သူလဲ”
“သူက ဝိညာဉ်နယ်မြေက အတော်ဆုံးတည်ဆောက်မှုသခင်ပဲ.. သူက ဘယ်သူ့လွှမ်းမိုးမှုကိုမှ မခံဘူး.. သူက ယွင်ရာ့သူငယ်ချင်းလေ ယွင်ရာပြောတာ ကိုပဲ နားထောင်တယ်.. ချင်းဟွမ်ရဲ့စကားတောင် သူ့ကိုမသက်ရောက်ဘူး”
“ချင်းဟွမ်က အဲလိုလူရှိတာကို ခွင့်ပြုတယ်ပေါ့” ရှီမာယူယူသည် အနည်း ငယ် အံ့ဩသွားသည်။
သူသည် မည်သည့်လွှမ်းမိုးမှုမှ မခံပေ။ အုပ်ချုပ်သူကပင် ဤမျှ အရည် အချင်းရှိသူကို လက်လွှတ်မခံနိုင်သဖြင့် ချင်းဟွမ်သည် ညှို့ယူဂီတဂိုဏ်း၏ ဒုသခင်နှင့် သူ့ကိုရင်းနှီးခွင့်ပြုထားရသည်။
“သူ့ကိုဖမ်းဖို့ အမိန့်ထုတ်ခဲ့ပေမဲ့ တပ်တစ်တပ်လုံး ရှုံးသွားတာလေ” မိုယွိ ရှင်းပြလေသည်။
အလုပ်များအားလုံးထဲတွင် တည်ဆောက်မှုသခင်များသည် အား အကောင်းဆုံး စွမ်းရည်ရှိသူများဖြစ်ကြသည်။ လူတစ်ယောက်တည်းနှင့် အများအပြားကို သတ်နိုင်သည်။ ထို့အပြင် သူတို့သည် တစ်ပြိုင်နက် ခုခံ တိုက်ခိုက်နိုင်သည်။ သူတို့၏ တိုက်ခိုက်မှုစွမ်းရည်မှာလည်း ပြောင်မြောက်လာ သည်။
ကြည့်ရတာတော့ ဖေးယိကလည်း တကယ် တော်တာပဲ။
***