လက်ငှားခြင်း
Vol. 140 Ch. 1957
“ဖေးယိကို ရှင်းဖို့ ဘယ်လောက်ပဲခက်ခက် ရှေးဟောင်းတိုက်ပွဲဝိညာဉ် တွေ ရှာတဲ့နေရာမှာ အတားအဆီးဖြစ်မှာမဟုတ်ဘူး” ရှီမာယူယူ ပြောလိုက် သည် “သူတို့တွေ ခြေလှမ်းသွက်နေကြပြီ.. သူတို့တွေလည်း ရှေ့ကအမြန်သွား ပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ်ကို ဦးအောင်ဖမ်းချင်လို့ထင်တယ်.. သွားရင်းနဲ့ လမ်းမှာ ထောင်ချောက်တွေချသွားနိုင်တယ်”
“ဒါဆို ကျွန်တော်တို့လည်း အရှိန်မြှင့်လိုက်ကြတာပေါ့… သူတို့တွေ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ အရင်ဖမ်းမိသွားရင် ဒီခရီးက အလဟဿဖြစ် သွားလိမ့်မယ်” အရိပ်မည်း ပြောလေသည်။
“အင်း ငါတို့လည်း အရှိန်တင်ရမယ်” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ငါတို့ ဒီလမ်းကနေ ဆက်မသွားဘူး”
“ဒီလမ်းကနေ ဆက်မသွားဘူးလား ဒါဆို ဘယ်လမ်းကသွားမှာလဲ”
“လမ်းလွှဲကသွားမယ်”
ဤကဲ့သို့ သေးသောနေရာတစ်ခုတွင် ဖေးယိနှင့် သူမတို့သည် တစ်ယောက်နှင့် တစ်ယောက်၏ တည်ရှိမှုကို အာရုံခံမိကြသည်။ သူတို့နောက် မှ လိုက်သွားပါက ဖေးယိအား သတ်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။ လမ်းလွှဲမှသွား ခြင်းသည် အချိန်ဖြုန်းသလိုဖြစ်သော်လည်း ပိုလုံခြုံကာ ဖေးယိသည် သူမ၏ နေရာအလိုက် သူတို့၏ အရှိန်ကိုလည်း အကဲဖြတ်၍မရတော့ပေ။
ထို့ကြောင့် တည့်တည့်မသွားတော့ဘဲ တခြားဘက်မှ ကွေ့ပတ်ပြီး ရှောင် သွားရမည်။
“သူတို့ ပျောက်သွားကြပြီ” ဖေးယိ ပြောလေသည်။
“ဆိုလိုတာက သူတို့တွေက ငါတို့ကို ခြေရာခံမလိုက်တော့ဘူးလား” ရှဲဟွမ် ပြောလိုက်သည် “သူတို့ကို မြန်မြန်ခါချနိုင်မှတော့ ကြည့်ရတာ သူတို့ရဲ့ တည်ဆောက်မှုသခင်က ဖေးယိနဲ့ ယှဉ်မရဘူးထင်တယ်”
ဖေးယိသည် သူ မြှောက်ပင့်ပြောသည်ကို လျစ်လျူရှုပြီး ယွင်ရာကို ပြော လိုက်သည် “ဖြစ်နိုင်ချေ နောက်တစ်ခုရှိတယ် သူတို့က ဒီလမ်းအတိုင်း မသွား တာပဲ”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. ငါတို့တွေ ဒီနေရာကို ဝင်နေပြီဆိုတာ သူတို့ သိမှာပဲ.. ငါတို့က သူတို့အရှေ့တင်ရှိတာကို သိမှတော့ ဒီလမ်းကနေမသွားရင် ဘယ်လိုလုပ် ငါတို့ကိုလိုက်မှီမှာလဲ” ရှဲဟွမ်သည် သဘောမတူစွာဖြင့် ပြော လိုက်သည်။
ဤလမ်းသည် စစ်မြေပြင်နှင့် အနီးဆုံးလမ်းဖြစ်သည်။ သူတို့သာ ဤလမ်း အတိုင်းမသွားဘဲ လမ်းလွှဲမှသွားပါက ခရီးပိုရှည်သွားမည်။ လက်ရှိအခြေအေ ကို အကဲဖြတ်ကြည့်ရသလောက် မဖြစ်နိုင်သည့်ပုံပင်။
“အခုတော့ သူတို့ကို ဂရုစိုက်မနေနဲ့တော့.. ရှေးဟောင်းတိုက်ပွဲဝိညာဉ် တွေကို သွားဖမ်းရအောင်” ယွင်ရာ ပြောလိုက်သည်။ ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်ကို ဖမ်းမိလျှင် ဤတစ်ခေါက်တာဝန် ပြီးမြောက်သွားပေမည်။
သူတို့ ဤလမ်းမှ သွားသည် မသွားသည်က အရေးမကြီးတော့ပေ။ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို ဖမ်းမိသည်နှင့် သူတို့ မည်သည့် လှည့်ကွက် ကစားစေကာမူ အသုံးမဝင်တော့ပေ။
သူတို့သည် ရှေ့သို့သာခရီးဆက်ခဲ့ကြသည်။ အလယ်ပိုင်းသို့နီးလေလေ လေဟာနယ်မှာ မတည်ငြိမ်လေလေဖြစ်သည်။ သူတို့သည် ရွေးချယ်စရာမရှိ တော့ဘဲ အရှိန်လျှော့ရတော့သည်။
သူတို့သည် ရက်အနည်းငယ်မျှ ဂရုတစိုက်လမ်းလျှောက်ရသည်။
“ငါတို့ အရင် တွက်ချက်ခဲ့သလောက်ဆိုရင် နေ့တစ်ဝက်လောက် ထပ်သွားလိုက်တာနဲ့ စစ်မြေပြင်ဗဟိုချက်ကို ရောက်လိမ့်မယ်.. အဲဒီကိုရောက် ရင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေနဲ့ တွေ့ရလိမ့်မယ်” ဖေးယိ ပြောလိုက်သည်။
“ဒါဆိုလည်း မြန်မြန်သွားကြမယ်လေ” ရှဲဟွယ်သည် ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များကို ရတော့မည်ဟု တွေးလိုက်သည်နှင့် သူ့ကိုယ်သူ မထိန်းချုပ်နိုင် တော့ပေ။
ယွင်ရာသည် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ရှောင်ဟော်သည် သူ့လို လူကို စစ်ဦးစီးအဖြစ် ရွေးချယ်သည်ကို သူ နားမလည်တော့ပေ။ သူသည် ထိပ်တန်း စစ်ဦးစီး ၁၀ ယော်ကိုမြင်ဖူးသည်။ သူတို့တစ်ယောက်ချင်းစီမှာ အလွန်ထူးချွန်ကြသည်။ အဲဒါကို သူ့ကိုဘာလို့ရွေးတာလဲ။
“ငါတို့ အရှိန်မြှင့်ချင်တိုင်း မြှင့်လို့မရဘူး” ဖေးယိ ပြောလိုက်သည် “ဒီနေရာက လေဟာနယ်က အရမ်းမငြိမ်ဘူး.. တစ်ခါလဲကျသွားတာနဲ့ ဒီ လောကအသေးက တောင့်ခံနိုင်မှာမဟုတ်ဘူး.. ဒီလောကအသေး ပြိုလဲသွား တာနဲ့ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေလည်း အတူပျောက်သွားလိမ့်မယ်”
ဟုတ်သည်။ ရှဲဟွမ် စကားထပ်မပြောလာတော့ပေ။ မည်သို့ပင်ဖြစ်စေ ကာမူ သူတို့ အရှိန်မမြှင့်လျျင်တောင် နောက်မှလူများသည် သူတို့ကိုလိုက်မမှီ တော့ပေ။
နေ့တစ်ဝက်ကြာပြီးနောက် သူတို့သည် စစ်မြေပြင်ဗဟိုချက်သို့ ရောက် လာကြသည်။ သူတို့ နယ်နိမိတ်သို့ဝင်လိုက်သည်နှင့် ရှေးဟောင်းတိုက်ပွဲဝိညာဉ် များ လွှင့်မျောနေသည်ကို မြင်လိုက်ရသည်။
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များနှင့် ဝိညာဉ်နယ်မြေမှလူများသည် ကွာခြားချက် ကြီးကြီးမားမားမရှိပေ။ သူတို့မျိုးနွယ်နှစ်ခုလုံးသည် အသက် ဆုံးရှုံးပြီးနောက် ပေါ်ထွက်လာသော ဝိညာဉ်များဖြစ်ကြသည်။ သို့သော် သူတို့ သည် ဤကဲ့သို့ သေးငယ်သောနေရာတစ်ခုတွင် ကြာရှည်စွာပိတ်မိနေသဖြင့် သူတို့၏ အသိစိတ်မှာလည်း ဝေဝါးနေပြီဖြစ်ရာ စဉ်းစားဉာဏ်မရှိဘဲ ပေါ်လော ပေါ်နေခြင်းဖြစ်သည်။ သူတို့ကိုသာ ထိန်းချုပ်ပြီး လက်အောက်ကို ဆွဲသွင်း လိုက်ပါက အသိစိတ်ဝင်လာသည့်အတိုင်အောင် သူတို့ကိုဆန့်ကျင်နိုင်တော့ မည်မဟုတ်ပေ။
“ယွင်ရာ ဒီကရှေးဟောင်းဝိညာဉ်တွေ ဘယ်လောက်ပဲရရ တစ်ဝက်စီ ခွဲဖို့ သဘောတူထားကြတယ်နော်… ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ ယူသွားပြီး ငါ သတင်းပို့မှာကို စစ်သူကြီးက စောင့်နေတုန်းပဲ အဲဒါကြောင့် ငါ ဒီနှစ်ကောင်ကို အရင်ဖမ်းလိုက်မယ်” ရှဲဟွမ် ပြောလိုက်သည်။
“မင်းသဘောပဲ” ယွင်ရာသည် ဤကဲ့သို့လူမျိုးနှင့် စကားများရမှာကိုပင် ပျင်းရိလာသည်။ ထို့အပြင် ရှေးဟောင်းတိုက်ပွဲဝိညာဉ် နှစ်ကောင်မျှသာ ဖြစ် သည်။
ရှဲဟွမ်သည် အဖြေအတိအကျရသည်နှင့် ဝိညာဉ်ကျောက်တုံးထုတ်ပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ် နှစ်ကောင်ကို ဖမ်းမည်ပြုသည်။
ဝိညာဉ်ကျောက်တုံးသည် ထိုရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို မည်သည့် သက်ရောက်မှုမှ မပြပေ။ ပုံမှန်ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် ဝိညာဉ် ကျောက်တုံးနှင့်တွေ့လျှင် ကျောက်တုံးအတွင်း အလိုလိုဝင်သွားရမည်ဖြစ် သည်။ သို့သော် ထိုရှေးဟောင်းတိုက်ပွဲဝိညာဉ်နှစ်ကောင်သည် ကျောက်တုံးကို ကြည့်ရုံသာကြည့်သော်လည်း ဝင်မသွားကြပေ။
“သူတို့က ဝိညာဉ်ကျောက်တုံးထဲဝင်ဖို့ ငြင်းနေကြတာပဲ” ရှဲဟွမ်သည် အံ့ဩသွားသည်။ ဝိညာဉ်ကျောက်တုံးသည် အသိစိတ်မရှိသော ရှေးဟောင်း တိုက်ပွဲဝိညာဉ်များကို ကြီးမားသော ဆွဲဆောင်မှုပြုနိုင်သည်။ သို့သော် ထိုနှစ် ကောင်သည် ထိုဖြားယောင်းမှုကို အံတုနေသည်။
မဟုတ်သေးဘူး.. ဒီဖြားယောင်းမှုလောက်က သူတို့အတွက် ဘာမှမဟုတ် တာဖြစ်ရမယ်။
ယွင်ရာနှင့် ဖေးယိတို့လည်း အံ့ဩသွားကြသည်။ သူတို့တွေက တကယ်ပဲ ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေလေ။ နှစ်တွေ အများကြီးကြာပြီးလို့ အသိစိတ် တွေဝေဝါးပြီး ယောင်ချာချာဖြစ်နေတာတောင် သန်မာနေတုန်းပဲ။
ယွင်ရာသည် ထိုရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို စတင်စိတ်ဝင်စားလာ သည်။ သူတို့သည် သူ၏ ရဲဘော်ရဲဘက်ဖြစ်ထိုက်သည်ဟု ခံစားရသည်။
“မင်းတို့တွေ တကယ်ခုခံနိုင်မယ်ဆိုတာကို မယုံဘူး” ရှဲဟွမ်သည် ပြော ရင်းနှင့် ဝိညာဉ်စွမ်းအင်ကိုသုံးကာ ဝိညာဉ်ကျောက်တုံးကို အထက်သို့ မြှောက် လိုက်သည်။ သူသည် ဝိညာဉ်စွမ်းအင်ထုတ်ပြီး သူတို့ကို ဖမ်းထည့်ချင်နေသည်။
သို့သော် ရှေးဟောင်းတိုက်ပွဲဝိညာဉ်နှစ်ကောင်သည် မလှုပ်မယှက်နှင့် မူလနေရာတွင် ရှိနေဆဲဖြစ်သည်။ သူတို့၏ မရဏာအရည်အချင်းမှာ သူတို့ကို သက်တောင့်သက်သာ မဖြစ်စေသော်လည်း ဝိညာဉ်ကျောက်တုံးအတွင်း ဝင်ရန် ငြင်းဆန်တုန်းပင်ဖြစ်သည်။
တကယ်တော့ သူတို့တွေ လေတွင်လွှင့်နေသည်မှာ မည်မျှကြာသလဲဆို သည်ကို မသိပေ။ ဤနေရာတွင် ဘာကြောင့်လွှင့်မျောနေသည်ကိုလည်း မသိ ပေ။ သို့သော် သူတို့သည် ကျောက်တုံးအမည်းသို့ ဝင်ရန်ဆန့်ကျင်နေကြသည်။ သူတို့ ထိုအရာထဲသို့ မဝင်သင့်၊ ဝင်လိုက်သည်နှင့် အန္တရာယ်တစ်စုံတစ်ရာ ဖြစ် တော့မည်ဟု သူတို့၏ အလိုလိုသိစိတ်မှပြောနေသည်။
ရှဲဟွမ်သည် သူ၏ဝိညာဉ်စွမ်းအင်ကို ထပ်တိုးမြှင့်လိုက်ရာ ရှေးဟောင်း တိုက်ပွဲဝိညာဉ်နှစ်ကောင်သည် မျက်မှောင်ကြုတ်ပြီး လက်ကိုဝေ့ယမ်းလိုက်ရာ ရှဲဟွမ်သည် ချက်ချင်းပင် လွှင့်ထွက်သွားသည်မှာ လေဟာနယ် ကွဲကြောင်းသို့ ကျသွားလုနီးပါးပင်ဖြစ်သည်။ နောက်ဆုံးအချိန် ယွင်ရာမှလှမ်းဆွဲလိုက်သဖြင့် ကယ်နိုင်သွားခြင်းဖြစ်သည်။
“ဒီရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေက အားကောင်းလိုက်ကြတာ” ရှဲဟွမ် သည် အနည်းငယ် ထိတ်လန့်သွားသော်လည်း စိတ်လှုပ်ရှားသလိုနှင့် သူ့ ရင်ဘတ်ကိုထိလိုက်သည်။ သူတို့သည် သန်မာသော ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များပင်။ အကယ်၍ သူတို့ကိုဖမ်းနိုင်ပါက သူ၏ စွမ်းရည်သည် တခြားသူ များထက်ပင် ကျော်လွန်သွားနိုင်သည်။
“သူတို့တွေက ကိုင်တွယ်ဖို့မလွယ်ဘူးပဲ” ဖေးယိသည် ယွင်ရာကို ပြော လေသည်။
“အမှန်ပဲ သူတို့ကို တိုက်ရိုက်ကြီး တိုက်ခိုက်ဖို့ မသင့်တော်ဘူး” ယွင်ရာ သည် ကျောက်စိမ်းပုလွေထုတ်ရင်း ပြောလေသည်။ သူသည် ပုလွေကို ပါးစပ် ဘေးတွင်တေ့ပြီး ညင်သာစွာ မှုတ်လိုက်သည်။
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ မျက်လုံးများသည် ကြည်လင်နေတုန်း ပင်။ ပုလွေသံနောက်လိုက်ရာ သူတို့၏ အမြင်အာရုံများသည် တဖြည်းဖြည်း ဝေဝါးလာပြီး သူတို့၏ မျက်လုံးများသည် ရီဝေလာသည်။ သူတို့၏ ခန္ဓာကိုယ် များသည် လက်မှိုင်ချသည့်အလား ဝိညာဉ်ကျောက်တုံးကိုကြည့်ပြီး ဝိညာဉ် ကျောက်တုံးဆီသို့ အတူပျံသန်းလာကြသည်။
ယွင်ရာ ကျောက်စိမ်းပုလွေကို ချလိုက်မှပင် ရှဲဟွမ်သည်လည်း ဂီတ တိုက်ကွက်မှ သတိပြန်ဝင်လာသည်။ သူသည် ချက်ချင်းပင် ဝိညာဉ်ကျောက် တုံးကို သွားကောက်လိုက်သည်။
“ဒီတစ်ခါ မင်းကိုကျေးဇူးတင်ရမှာပဲ” သူသည် ယွင်ရာကို ခေါင်းညိတ်ပြ လိုက်သည်။ ထိုစကားလုံးများသည် စိတ်ရင်းတော့မဟုတ်ပေ။
ယွင်ရာသည် သူ၏ လက်ရှိ အပြုအမူကို သရော်လိုက်သည်။ သူ၏ ရှည်လျားသော လက်ချောင်းများသည် ကျောက်စိမ်းပုလွေကို ကိုင်ပြီး တိုးညင်း စွာပြောလိုက်သည် “စစ်ဦးစိး.. ဒီမှာရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေရှိတာ မြင် ပြီးပြီပဲ.. မင်းက သူတို့တွေကို ကြောက်နေတာ.. မင်းအစွမ်းအစကိုလည်း ကြည့်ဦး.. ကြည့်ရတာ မင်းသူတို့ကိုမဖမ်းနိုင်ဘူးထင်တယ်”
ရှဲဟွမ်သည် သူ၏ ဝိညာဉ်ကျောက်တုံးကို ချက်ချင်းပင် ကျစ်ကျစ်ပါ အောင် ဆုပ်ကိုင်ပြီး သူ့ကို နိုးကြားစွာကြည့်လေသည် “မင်းဘာတွေပြောနေ တာလဲ ဒီနှစ်ကောင်က ငါ့ဟာဆိုတာကို သဘောတူပြီဂပြီလေ”
“ငါ မင်းဟာကို လုဖို့စိတ်ကူးမရှိဘူး” ယွင်ရာ ပြောလိုက်သည်။
“ဒါဆို မင်းက ဘာလုပ်ချင်တာလဲ”
“ငါပြောတာက အခုကစပြီး မင်းက ငါ့အကူအညီလိုလိမ့်မယ်.. အဲဒါ ကြောင့် မင်းလည်း ငါ့ကိုကူညီသင့်တယ်မဟုတ်လား” ယွင်ရာသည် ရှဲဟွမ်ကို မကြည့်ဘဲ သူ၏ ကျောက်စိမ်းပုလွေကို နူးညံ့စွာကိုင်နေသည်။
“မင်းကို ဘာကူညီပေးရမှာလဲ” သူသည် ရှေးဟောင်းတိုက်ပွဲဝိညာဉ်ကို လုယူခြင်းမပြုသည်ကို သိသည်နှင့် ရှဲဟွမ်သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
ယွင်ရာ ပြုံးပြီးပြောလိုက်သည် “တကယ်တော့ အထွေအထူးမဟုတ်ပါ ဘူး.. မင်းမှာ ချင်းဟွမ်ရဲ့ လေးမျက်နှာအံ့ဖွယ်ချိပ်စည်းရှိတယ်လို့ကြားတယ်… အဲဒီအံ့ဖွယ်ချိပ်စည်းက ဘယ်လိုပုံစံရှိလဲလို့ပဲ မေးချင်တာပါ”
***