← Chapters

လက်ဦးမှုယူခြင်း

Vol. 140 Ch. 1958

လက်ဦးမှုယူခြင်း

Vol. 140 Ch. 1958

ရှဲဟွမ်သည် ကြောက်လန့်တကြား နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ယွင်ရာအား ကြောက်ရွံ့စွာဖြင့် ကြည့်လေသည် “မင်းက သခင့်ရဲ့ အံ့ဖွယ်ချိပ် စည်းကိုလိုချင်နေတာလား မင်း သေချင်နေတာလား”

ယွင်ရာ ရယ်မောလိုက်သည် “ဘာတွေ အဲလောက်စိတ်လှုပ်ရှားနေတာ လဲ အဲဒီပစ္စည်းက ဘယ်လိုပုံစံလဲလို့ပဲ ငါမေးတာပါ.. အဲဒါက ဘယ်လိုလုပ် လို ချင်တယ်ဖြစ်ရတာလဲ သခင့်ကို ဘယ်သူကဆန့်ကျင်ရဲလို့လဲ”

“ဟုတ်ပါတယ်လေ.. ယွင်ရာက သန်မာပေမဲ့ သခင့်ကို ဘယ်လိုလုပ် ဆန့်ကျင်ရဲမှာလဲ” ရှဲဟော် ပြောလိုက်သည် “ဒါပေမဲ့ မင်းက လေးမျက်နှာ အံ့ဖွယ်ချိပ်စည်း အကြောင်းကြားမိမယ်မထင်ဘူး.. မင်းသာ သခင့်ကို ပြစ်မှားမိ ရင် မင်းတင်မဟုတ်ဘူး မင်းရဲ့ညှို့ယူဂီတဂိုဏ်းတောင် ရှိတော့မှာမဟုတ်ဘူး”

ယွင်ရာ၏ လက်ချောင်းထိပ်များသည် ကျောက်စိမ်းပုလွေ၏ အပေါက် များအတိုင်း ရွေ့လျားနေသည်။ သူ ပြောလိုက်သည့်စကားကို ကြားသောအခါ စိတ်ပျက်သွားခြင်း အလျဉ်းမရှိပေ။ သူသည် ရှေ့ကိုသာကြည့်ကာ ပြောလေ သည် “ငါတို့ ရှေ့ဆက်သွားကြတာပေါ့”

သူ ဘာမှထပ်မမေးတော့သည်ကို မြင်သည်နှင့် ရှဲဟွမ်သည် လျှောက်လာ ပြီး သူတို့နှင့်အတူ ရှေ့ဆက်သွားလေသည်။

သခင်ချင်းဟွမ်၏ ကိစ္စကို သူ့ကို မည်သူမှ မမေးလာလျှင် ကောင်းမည်။ အကယ်၍ အနည်းငယ်ပင် အရေးမစိုက်မိပါက သူ ခေါင်းပြတ်သွားနိုင်သည်။

ယွင်ရာသာ သခင်ကြီးကို ဆန့်ကျင်ရန် စီစဉ်နေပါက အနာဂတ်တွင် ယွင်ရာ မည်သို့သေသွားမည်ကို မည်သူမှ မသိနိုင်ပေ။ သို့သော် သူနှင့်တော့ ဘာမှမဆိုင်ပေ။ ယခုအချိန်တွင် သူသည် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကိုသာ ဖမ်းရန်လိုနေသည်။

ဖေးယိသည် ယွင်ရာအား စိုးရိမ်တကြီး ကြည့်လိုက်သည်။ ယွင်ရာသည် အဓိပ္ပာယ်မပါသည့် အကြည့်ဖြင့် ပြန်ကြည့်သည်။

ဒီတစ်ခါ သူ ဒီအကြောင်းကို ပြောရဲတာ ရှဲဟွမ် ဘာလုပ်ထွက်မလဲဆိုတာ ကို မကြောက်ဘူးလား။

သူတို့သည် ဗဟိုချက်ဆီသို့ ရှေ့ဆက်သွားကြသည်။ သွားရင်းနှင့် ရှေးဟောင်းတိုက်ပွဲဝိညာဉ် တချို့ကိုတွေ့လေသည်။ အကြိမ်တိုင်းတွင် ယွင်ရာ သည် ရှဲဟွမ်ကိုကူဖမ်းပေးသည်။ သို့သော် ရှဲဟွမ်သည် ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များကို ခွဲဝေယူမည်ဆိုသည့် သဘောတူချက်ကို မေ့ပျောက်ကာ သူ ဘာသာသိမ်းဆည်းလေသည်။

ယွင်ရာနှင့် ဖေးယိတို့သည် ကြည့်ရုံသာ ကြည့်နေခဲ့သည်။ သူတို့သည် ဘာမှမပြောပေ။ စစ်ဦးစီးတစ်ယောက် ဤကဲ့သို့ပြုမူသည်မှာ အဆင့်အတန်း နိမ့်ကျသည်ဟု ခံစားရကြလေသည်။

“ရှေ့မှာ အများကြီးပဲရှိတယ်” ဖေးယိ ပြောလေသည်။

“ဒါဆို အမြန်သွားကြတာပေါ့” ရှဲဟွမ်သည် ရှေ့သို့ အမြန်နှုန်းဖြင့် သွားလေသည်။ သူ့တွင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ ရှိထားသဖြင့် ခံစားချက် ကောင်းကောင်းဖြင့် ပျံသွားလေသည်။

ယွင်ရာနှင့် ဖေးယိတို့သည် အနောက်မှ လိုက်လာခဲ့ကြသည်။

“ဘာလို့ သူ့ကိုပေးလိုက်တာလဲ.. သူက သူ့အဆက်အသွယ်တွေကြောင့် ထိပ်တန်းစစ်ဦးစီး ၁၀ ယောက်ထဲမှာပါလာတာ.. ဒါပေမဲ့ သူ့မှာ ဘာစွမ်းရည်မှ ရှိတာမဟုတ်ဘူး.. သူ့ကို ဘာလို့ တလေးတစားလုပ်ပေးနေတာလဲ” ဖေးယွိ သည် ယခုအခြေအနေကို ကြည့်မနေနိုင်တော့ပေ။ သည်လိုလူတစ်ယောက် ကြောင့်နှင့် သူတို့၏ တန်ဖိုးမှာ ကျသွားနိုင်သည်။

“စိတ်လျှော့လိုက် သူ အကြာကြီး ထောင်လွှားနိုင်မှာမဟုတ်ဘူး” ယွင်ရာ သည် အမှုမထားသလို ပြောလေသည်။

“မင်း လုပ်ချင်နေတာလို့ မပြောနဲ့…”

“မဟုတ်ဘူး ငါ သူသေသွားတာကို စိတ်မရှိပေမဲ့ တချို့ကိစ္စတွေမှာ သူ့ အကူအညီလိုသေးတယ်” ယွင်ရာ ပြောလိုက်သည် “မင်း နည်းနည်းတော့ သည်းခံလိုက်ဦး”

“မင်းကြောင့်မဟုတ်ရင် ငါ ဒီနေရာကိုတောင် ရောက်လာမှာမဟုတ်ဘူး” ဖေးယိ ပြောလိုက်သည် “သူ့ကိုတော့ လျစ်လျူရှုထားလိုက်မယ် ဒါပေမဲ့ လေဟာနယ်က ကျိုးပဲ့လွယ်တယ်.. မင်းသတိထားရမယ် ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်တွေနဲ့ တိုက်ရိုက်သွား ရင်မဆိုင်လိုက်နဲ့.. သူတို့ စွမ်းအားကတွေက အရမ်းမသန်မာဘူး.. သူတို့ကို အားပြင်းပြင်းသွားထိလိုက်ရင် လေဟာနယ်က ပြိုကျသွားလိမ့်မယ်”

“ငါသိပါတယ် ငါ့မှာ စည်းရှိပါတယ်” ယွင်ရာ ပြောလိုက်သည်။

ယွင်ရာသည် ချင့်ချိန်ပြီးလုပ်ကိုင်တတ်သည်ကို ဖေးယိသိသဖြင့် ဘာမှ ထပ်မပြောတော့ပေ။ သူသည် သူ့နောက်မှလိုက်လာပြီး အန္တရာယ်ရှိလျှင် သတိ ပေးသည်။

“အားကောင်းလိုက်တဲ့ ရောင်ဝါပဲ” အရှေ့မှ လျှောက်သွားသော ရှဲဟွမ် သည် ရုတ်တရက် အေးစိမ့်မှုကို ခံစားလိုက်ရပြီး ပျော်ရွှင်သွားလေသည် “ဒီနား မှာ ပင်မစစ်မြေပြင်ရှိတယ်ထင်တယ်”

ပင်မစစ်မြေပြင်နားရောက်နေသည်မှာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်ပိုများ နိုင်သည်ဟု ဆိုလိုသည်။

ယွင်ရာ၏ မျက်လုံးများလည်း ပိုအရောင်တောက်လာသည်။ သူသည် ကျပန်းရလာသော အနည်းငယ်လောက်ကိုစိတ်မဝင်စားသော်လည်း အဖွဲ့လိုက် ကိုတော့ သဘောတွေ့သည်။

ဝူး… ဝူး…

အရှေ့မှ သူတို့ဆီသို့ လေပြင်းများတိုက်ခတ်လာသည်။ အရိပ်မည်းများ သည် အဘက်ဘက်မှပေါ်လာသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

“ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ အများကြီးပါလား.. အရင်က ဘယ်လို စစ်ပွဲမျိုးဖြစ်ခဲ့တာမို့လို့ ဒီလောက်အများကြီး သေသွားခဲ့တာလဲ.. ” ဖေးယိသည် ထိတ်လန့်နေသည်။

“အခု သူတို့ ဘာစစ်ပွဲဖြစ်ခဲ့တာလဲလို့ ဂရုစိုက်မနေနဲ့တော့ ငါတို့ ရည်ရွယ် ချက်က ရှေးဟောင်းတိုက်ပွဲဝိညာဉ်ကို ဖမ်းဖို့ပဲ” ရှဲဟွမ်သည် ယွင်ရာကို ပြော လိုက်သည် “ဒီလောက်အများကြီးကို အကုန်လုံး ကိုင်တွယ်နိုင်လို့လား”

ဤမျှများပြားလိမ့်မည်ဟု ယွင်ရာလည်း ထင်မထားပေ။ အရိပ်မည်းများ အဖွဲ့လိုက်ဖြစ်နေသည်မှာ အနည်းဆုံး ရာချီ၊ ထောင်ချီရှိလောက်မည်။ သူတို့ အားလုံးမှာ အားကောင်းပါက တပ်ဖွဲ့တစ်ဖွဲ့နှင့်ပင် ယှဉ်ရနိုင်သည်။

“ငါ စမ်းကြည့်မယ်” ဤမျှ များပြားနေသဖြင့် သူ ဘာကိုမှာ အာမ,မခံနိုင် ပေ။ သူသည် ကျောက်စိမ်းပုလွေကို နှုတ်ခမ်းတွင် တော့ပြီး စတင်တီးမှုတ်တော့ သည်။

ပုလွေအသံမှာ ရီဝေဝေဖြစ်နေသော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ မျက်လုံးများကို တဖြည်းဖြည်း အာရုံစိုက်လာစေသည်။ သူတို့ ပုလွေမှုတ်သူကို ရှာနေပြီး အတိတ်ကို ပြန်ပြောင်းကြည့်သကဲ့သို့ တစ်ပြိင်နက်တည်း လိုက်ရှာ ကြလေသည်။ ပုလွေသံသည် ဝမ်းနည်းပူဆွေးသံအဖြစ် တဖြည်းဖြည်းပြောင်း သွားရာ သူတို့ရင်များကို နာကျင်သွားစေသည်။

သူတို့သည် ရင်နာစေသည့် တစ်စုံတစ်ရာကို ကြုံတွေ့ဖူးသလို ခံစားမိကြ သော်လည်း ဘာကိုမှ မမှတ်မိကြပေ။

ဝမ်းနည်းဖို့ ကောင်းလိုက်တာ… ဝမ်းနည်းစရာကြီးပဲ…

သူတို့သည် သူတို့၏ အတိတ်ကို ပြန်ပြောင်းတွေးတောချင်သော်လည်း သူတို့မှာ မည်သူဖြစ်သည် မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မသိကြ ပေ။ အခု.. သူတို့သည် မည်သည့်နေရာသို့ ရောက်သွားစေကာမူ ပုလွေအသံ နောက်ကိုပင် လိုက်ချင်နေကြသည်။ သူတို့သည် မည်သူမည်ဝါဖြစ်သည်ကို ဂရု မစိုက်တော့ပေ။ ပုလွေသံကြားရနောက်သို့ လိုက်လျှင် ဝမ်းနည်းတော့မည် မဟုတ်ပေ။

ရှဲဟွမ်သည် ဝိညာဉ်ကျောက်တုံး အပုံလိုက်ကြီးတစ်ပုံထုတ်လိုက်သည်။ ဖေးယိလည်း တစ်ပုံယူလိုက်သည်။ သူသည် ကျောက်တုံးများကို ကျပန်းပစ် လိုက်ရာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် ဗလာကျင်းနေသော လေဟာ နယ်ထဲသို့ ပျံလာကြသည်။ ဝိညာဉ်ကျောက်တုံးများသည် စက်ဝိုင်းပုံသဏ္ဍာန် ဖြစ်ပေါ်လာပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို အလယ်တွင် ချောင်ပိတ်ထား လေသည်။

ယွင်ရာ၏ ပုလွေဂီတသံသည် ဆက်တိုက်ထွက်ပေါ်နေသော်လည်း ရှေးဟောင်းတိုက်ပွဲဝိညာဉ်များသည် ဝိညာည်ကျောက်တုံးများထဲသို့ မဝင်သွား ပေ။ သီချင်းတစ်ပုဒ်ပြီးသည်နှင့် သူ နောက်တစ်ပုဒ်တီးမှုတ်သည်။

ဖေးယိသည် သီချင်းသံကိုကြားသည်နှင့် စိတ်ပူလာကာ တားမည်ပြု သည်။ သို့သော် သူ ကိုယ်ရှိန်သပ်လိုက်သည်။ သူ့ကို ယခုအချိန်တွင် နှောင့်ယှက်လိုက်ပါက ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ စတင်နိုးထလာမည်ဖြစ် သည်။

“လာတော့မယ် လာတော့မယ်” ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ၏ မျက်လုံးများသည် စတင်ဝေဝါးလာပြီး ပုလွေသံတွင် နစ်မျောနေပြီဖြစ်သည်ကို ရှဲဟွမ် မြင်နေရသည်။ ခဏအကြာတွင် သူတို့သည် ဝိညာဉ်ကျောက်တုံးများထဲ သို့ နာခံစွာပင် ဝင်သွားကြလေသည်။

ထိုအခိုက်တွင် မျက်နှာချင်းဆိုင်ဘက်မှ ကြည်လင်ပြီး ချစ်စဖွယ်ကောင်း လှသော အသံတစ်သံထွက်လာသည်။

“တစ္ဆေတစ်ရာအလံတော် သူတို့ကို ယူလိုက်”

သူတို့ ကြည့်လိုက်ကြသည်။ လေဟာနယ်ထဲတွင် တစ္ဆေအလံတော်ရှိနေ သည်ကိုပင် သူတို့မသိခဲ့ကြပေ။ အားကောင်းသော စုပ်ယူမှုသည် နေရာပျောက် နေသော ရှေးဟောင်းတိုက်ပွဲဝိညာဉ်များအားလုံးကို စုပ်ယူလေသည်။ တစ်ခဏ အတွင်း၌ပင် တစ်ဝက်ပင်မကျန်တော့ပေ။

“ဘယ်သူလဲ” ရှဲဟွမ်သည် အလန့်တကြားအော်လိုက်သည်။ ခဏအကြာ တွင် သူသည် တစ္ဆေတစ်ရာအလံတော်ကို တိုက်ခိုက်လေသည်။ သို့သော် သူ၏ တိုက်ကွက်သည် ရုတ်တရက်ပေါ်လာသော အရိပ်မည်းတားလိုက်သဖြင့် တစ္ဆေ တစ်ရာအလံတော်အနား ရောက်ခင်မှာပင် ပျောက်ကွယ်သွားလေသည်။

“ငါတို့ သခင်မလေးက ဝိညာဉ်တွေ စုပ်ယူနေတုန်းပဲ.. လူတကာ အနားကို ကပ်လို့မရဘူး” အရိပ်မည်းသည် ပြောရင်းနှင့် ရှဲဟွမ်ကို ရိုက်လိုက်ရာ လွှင့်သွား လေသည်။ ပြီးနောက် သူသည် ခပ်မာမာဖြင့် ခါးထောက်လိုက်သည်။

ယွင်ရာသည် တီးမှုတ်နေရာမှ ရပ်ပြီး တစ္ဆေတစ်ရာအလံတော်နောက် တွင် ရပ်နေသည့် အရိပ်မည်းကိုကြည့်ပြီး သူ၏သူငယ်အိမ်မှာ ကျဉ်းမြောင်းသွား လေသည် “တစ္ဆေတစ်ရာအလံတော်လား”

“ဘာ” ဖေးယိသည် တစ္ဆေတစ်ရာအလံတော်ကို ကြည့်ပြီး အံ့အားသင့် သွားလေသည်။

“တစ္ဆေတစ်ရာအလံတော်တွေ ဘာတွေကို ဂရုမစိုက်ဘူး.. မြန်မြန်တား လိုက် မဟုတ်ရင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ အလုခံလိုက်ရလိမ့်မယ်” ရှဲဟွမ် အော်လိုက်သည်။

ယွင်ရာသည် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည် “တစ္ဆေ တစ်ရာအလံတော်ပွင့်သွားရင် သခင်ကပဲ တားနိုင်မှာ… တခြားဟာ မတောင်း ဆိုခင် လူကိုအရင်ရှာလိုက်”

ဖေးယိသည် မျက်လုံးမှိတ်ပြီး လေထုကို အာရုံခံလိုက်သည်။ သူသည် ချက်ချင်းပင် မျက်လုံးပွင့်လာပြီး ဘာမှမရှိသော လေဟာနယ်ကို တိုက်ခိုက် တော့သည်။ ထိုနေရာရှိ လေဟာနယ်မှာ ကြွတ်ဆပ်လှသဖြင့် အားထည့်မထား ပေ။ သို့သော် ရှီမာယူယူနှင့် တခြားသူများ လေဟာပြင်ထဲမှ ထွက်လာကြ သည်။

“မိုယွိလား” ယွင်ရာ၏ မိုးထိနေသော ယုံကြည်မှုသည် မိုယွိကိုမြင်ပြီး နောက် သုံးဆင့်မျှ ကျသွားလေသည်။

ယွင်ရာ၏ အာရုံမှာ အရိပ်မည်းဆီသို့ မရောက်တော့ပေ။ သူသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူသည် အစောက မိန်းကလေးအသံကို မမေ့ ပေ။ ဆိုလိုသည်မှာ တစ္ဆေတစ်ရာအလံတော်သည် ဤမိန်းကလေး ပိုင်ဆိုင်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။

“တစ္ဆေတစ်ရာအလံတော်က နှစ်တွေအများကြီးပျောက်သွားပြီးမှ မင်းနဲ့ အတူပေါ်လာမယ်လို့ ထင်မထားဘူး… တစ္ဆေမျိုးနွယ်မင်းသမီး”

“ကြည့်ရတာ ငါ့ကိုမှတ်မိတဲ့ပုံပဲ”

ယွင်ရာသည် သူမ၏ ပြုံးနေသော မျက်လုံးကိုစိုက်ကြည့်လိုက်သည် “ငါ့ရဲ့ ညှို့ယူဂီတဂိုဏ်းခွဲတစ်ခုကို ဖျက်ဆီးလိုက်တဲ့လူပဲ ဘယ်လိုလုပ် မမှတ်မိဘဲနေ ပါ့မလဲ”

***

All Chapters