← Chapters

စီးချင်းထိုးခြင်း

Vol. 140 Ch. 1959

စီးချင်းထိုးခြင်း

Vol. 140 Ch. 1959

ဝူရှန်းမြို့တွင်ဖြစ်ခဲ့သည့်ကိစ္စတွင် ညှို့ယူဂီတဂိုဏ်းမှာ ဆုံးရှုံးမှုကြီးမားခဲ့ သည်။

ဒိကျဲ့သည် အားလုံးနီးပါးကို ဖမ်းခဲ့သော်လည်း ညှို့ယူဂီတဂိုဏ်း၏ ခေါင်းဆောင်အနေနှင့် သိထားပြီးဖြစ်လေသည်။

ရှီမာယူယူသည် တစ္ဆေဘုရင်၏ အငယ်ဆုံးမြေးမဖြစ်ကာ သူကိုယ်တိုင် အချုပ်ချခဲ့သည့် မင်းသမီး၏ သမီးဖြစ်သည်။ သူမသည် ဝူရှန်းမြို့ရှိ ညှို့ယူဂီတ ဂိုဏ်းကို ဖြိုခွဲခဲ့သည်။

သူတို့ သူမကိုတွေ့လျှင် ညှဉ်းပန်းနှိပ်စက်ရန် နည်းလမ်းများစွာကို စဉ်းစားခဲ့ကြသည်။ သို့သော် ဤမျှ မြန်မြန်ရောက်လာလိမ့်မည်ဟု ထင်မထား ကြပေ။

“သခင်ယွင်ရာ ရှင်က ရှင့်ရဲ့ညှို့ယူဂီတဂိုဏ်းကို ကျွန်မတို့ တစ္ဆေလောက ကိုလွှတ်ခဲ့တယ်.. အဲတော့ ပေါ်သွားမှာကို ကြိုပြီးပြင်ဆင်သင့်တယ်မဟုတ်ဘူး လား” ရှီမာယူယူသည် သူ့ကိုမကြောက်ပေ။ သူမ၏ နှုတ်ခမ်းထောင့်မှာ အပြုံး အဖြစ်တွန့်သွားလေသည် “ကျွန်မမရှိရင်လည်း တခြားရှာတွေ့တဲ့လူရှိမှာပဲ.. အခုဖြစ်မလား နောက်ဖြစ်မလားဆိုတာပဲ မူတည်တယ်”

“မင်း ဘာတွေပြောနေတာလဲ၊ ငါ့ဂိုဏ်းကို မင်းဖျက်ဆီးလိုက်တာတောင် မင်းကို အပြစ်မတင်ရတော့ဘူးလား.. ငါကိုယ်တိုင်ပဲ ပြဿနာရှာနေတယ်ပေါ့” ယွင်ရာသည် ဒေါသထွက်သွားသည်။

ရှီမာယူယူပြန်ဖြေလိုက်သည် “ရှင်က နားလည်လွယ်သားပဲ”

ရှဲဟွမ်သည် ပြေးလာပြီး ယွင်ရာ မတိုက်ခိုက်သေးဘဲ ရှီမာယူယူနှင့် စကားပြောနေဆဲဖြစ်သည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူသည် ဒေါသ တကြီးအော်လေသည် “ယွင်ရာ အခုအခြေအနေကိုလည်းကြည့်ဦး.. မင်းက သူမနဲ့ အေးအေးလူလူစကားပြောနေတုန်းလား သူမကို မတားနိုင်ရင် ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေက သူမလက်ထဲပါသွားတော့မယ်”

“မင်း သူမကို နိုင်လား” ယွင်ရာသည် မေးခွန်းဖြင့် ပြန်ဖြေသည်။

“ငါ မနိုင်ဘူးလေ ဒါပေမဲ့ မင်းနိုင်တယ်လေ.. မင်း အခုမတိုက်ခိုက်ရင် စစ်သူကြီးက မင်းကိုအပြစ်တင်မှာပဲလေ.. အဲအချိန်မှ မင်း ဘယ်လိုလုပ်မှာလဲ ကြည့်ကြတာပေါ့”

“စစ်ဦးစီးရှဲ မင်း ဒါကိုမကြည့်နိုင်ဘူးဆိုလည်း ကိုယ့်ဘာသာ တိုက်ခိုက် လေ.. မင်းက သူတို့ကိုတောင် မနိုင်ဘဲနဲ့ အပြစ်ရှာပြီး အမိန့်လာပေးမနေနဲ့” ဖေးယိသည် သူ့ကို သည်းခံလာခဲ့သည်မှာ ကြာပြီဖြစ်ကာ သူတို့နှင့် မရပ်တည် သဖြင့် သည်းမခံတော့ရန် ဆုံးဖြတ်လိုက်သည်။

“စစ်ဦးစီး… စစ်သူကြီးဟုတ်လား” ရှီမာယူယူသည် သူတို့ ပြောစကား များကို ကြားလိုက်သည် “ဆိုလိုတာက ရှင်က ရှောင်ဟော်ရဲ့ စစ်ဦးစီး ထိပ်တန်း ၁၀ ယောက်ထဲက တစ်ယောက်ပေါ့”

“ဟုတ်တယ်… မင်း ဉာဏ်ဒီလောက်ကောင်းနေရင်လည်း ဒီလောက်နဲ့ ရပ်ပြီး တစ္ဆေတစ်ရာအလံတော်ကို ငါတို့လက်ထဲအပ်လိုက်တော့” ရှဲဟွမ်သည် မေးမော့ပြီး ဒေါင်းတစ်ကောင်သဖွယ် မောက်မာနေသည်။

ရှီမာယူယူသည် မိုယွိကို မေးလိုက်သည် “ရှောင်ဟော်ရဲ့ လက်အောက်က စစ်ဦးစီးတွေ အကုန်လုံးက အထင်ကြီးလောက်အောင် အရမ်းကိုကျွမ်းကျင် တယ်ဆို… ဘာလို့ သူ့လိုလူတွေပဲဖြစ်နေတာလဲ”

စစ်ဦးစီးတစ်ယောက်က ဒီလိုအဆင့်ဖြစ်နေတာ ရှောင်ဟော်က သူ့ဂုဏ် သူ ဖျက်ဆီးနေတာမဟုတ်ဘူးမလား။

မိုယွိလည်း သံသယဖြစ်မိသည် “ဒါက ရှောင်ဟော် လုပ်နေကျပုံစံမဟုတ် ဘူး.. သူ့ မိသားစု အဆက်အသွယ်ရှိလို့များလား”

အမှန်ပင် သူ မှန်းဆသည်မှာ တိကျသည်။ သို့သော် မိသားစု အဆက် အသွယ်အပြင် အရည်အချင်းမရှိသူသည် စစ်ဦးစီးဖြစ်လာစရာ အကြောင်းမရှိ ပေ။

“တကယ်ပါပဲ မိသားစုအဆက်အသွယ်ဆိုတာ နေရာတိုင်းမှာရှိတာပါပဲ လား” ရှီမာယူယူ သက်ပြင်းချလိုက်သည် “ဒါပေမဲ့ မိသားစုအဆက်အသွယ် ကြောင့်ဆိုရင်တောင် သူက ရှောင်ဟော်ရဲ့လက်အောက်မှာပဲ.. မတွေ့ရင်တော့ ကိစ္စမရှိဘူး တွေ့မှတော့ ဒီနေ့ ရှင် ကံမကောင်းဘူးလို့ပဲ တွေးလိုက်တော့”

“မင်းတို့ ဘာလုပ်မလို့လဲ” ရှဲဟွမ်သည် သူမ၏ မျက်လုံးမှတစ်ဆင့် လူသတ်တော့မည့် ရည်ရွယ်ချက်ကို အာရုံခံမိသဖြင့် ယွင်ရာ၏ အနောက်သို့ ဝင်ပုန်းလေသည်။

သူသည် ထိုမိန်းကလေးကို ဂရုမစိုက်ပေ။ သို့သော် မိုယွိသည် သူမနှင့် အတူရှိနေသည်။ အကယ်၍ သူသာ တိုက်ခိုက်လာပါက တိုက်ကွက်နှစ်ချက် ထက်ပို၍ တောင့်ခံနိုင်မည်မဟုတ်ပေ။ ယခု သူ ယွင်ရာကိုသာ မှီခိုရတော့မည်။

“ဘာမှလုပ်ဖို့ မရည်ရွယ်ပါဘူး ဒါတိုင်းစဉ်းစားကြည့်တာပါ.. ရှောင်ဟော် ရဲ့ ထိပ်တန်းစစ်ဦးစီးထဲက တစ်ယောက်က ကျွန်မ လက်အောက်ရောက်သွား ရင် ခံစားလို့ကောင်းမှာပဲလို့”

“အတင့်ရဲလိုက်တာ” ရှဲဟွမ် အော်လေသည် “မင်းမှာ တစ္တေတစ်ရာ အလံတော်ရှိတာနဲ့ပဲ ငါ့ကိုဖမ်းနိုင်မယ်လို့ မထင်နဲ့ မင်း ငါ့ကို ဆွဲခေါ်လို့မရဘူး”

“ရှင်သာ မပြောရင် ကျွန်မမေ့တော့မလို့.. ကျွန်မ ရှင့်ကို သတ်ဖို့တောင် မလိုဘူး.. ရှင်က ဝိညာဉ်ဖြစ်နေပြီးသားဆိုတော့ ဒီထဲကိုဆွဲခေါ်သွင်းလိုက်ရုံပဲ” ရှီမာယူယူသည် လက်ဝေ့ယမ်းလိုက်သည်နှင့် တစ္ဆေတစ်ရာအလံတော်သည် သူမ လက်အတွင်းသို့ ကျရောက်လာသည်။

သူမသည် တစ္ဆေတစ်ရာအလံတော်ကို လှုပ်ယမ်းလိုက်သည်နှင့် ရှောင်ဟွမ်မှာ သေလောက်အောင် ကြောက်ရွံ့နေလေသည်။

ယွင်ရာနှင့် ဖေးယိပင်လျှင် သူမကို ကြည့်နေသလား သူမ၏ လက်ထဲမှ တစ္ဆေတစ်ရာအလံတော်ကို ကြည့်နေသလား မသေချာပေ။

တစ္ဆေတစ်ရာအလံတော်သည် ဝိညာဉ်မျိုးနွယ်၏ ရန်သူဟု ဆိုနိုင်သည်။ အတိတ်ကဆိုလျှင် တစ္ဆေတစ်ရာအလံတော်သည် တစ္ဆေမျိုးနွယ်ဘုရင်၏ လက် ထဲတွင်ရှိခဲ့ခြင်းကြောင့် ဝိညာဉ်နယ်မြေကို ထိန်းချုပ်နိုင်ခဲ့သည်။ နောက်ပိုင်း တွင် တစ္ဆေတစ်ရာအလံတော်မှာ ပျောက်ကွယ်သွားရာ ဝိညာဉ်နယ်မြေသည် စတင် တိုးတက်လာခဲ့သည်။

ရှီမာယူယူ၏ အရည်အချင်းအရဆိုလျှင် တစ္ဆေတစ်ရာအလံတော်နှင့် သူတို့ကို စုပ်ယူနိုင်မည်မဟုတ်ဘဲ ထိန်းချုပ်နိုင်ရုံ၊ တိုက်ခိုက်မှု စွမ်းရည်ကို ကျဆင်းရုံသာရှိမည်။ တစ္ဆေတစ်ရာအလံတော်ကို သုံးသူမှာ မိုယွိသာဖြစ်ပါက သူတို့ ပြေးလွတ်နိုင်မည်မဟုတ်ပေ။

ထို့ကြောင့် တစ္ဆေတစ်ရာအလံတော်၏ ပိုင်ရှင်မှာ ရှီမာယူယူဖြစ်နေသည် ကို သူတို့ စိတ်သက်သာရာရကြသည်။

“ယွင်ရာ ဒီတစ္ဆေတစ်ရာအလံတော်က မင်းနဲ့ ဖေးယိကိုထိခိုက်နိုင်တယ် အဲတော့ ဘာလို့ သွားမလုတာလဲ.. ငါ့ကြောင့်မဟုတ်ရင်တောင် မင်းတို့နှစ် ယောက်အတွက် စဉ်းစားသင့်တယ်” ရှဲဟွမ်သည် ယွင်ရာကို ပြောလိုက်သည်။

ယွင်ရာသည် ကျောက်စိမ်းပုလွေကို ကျစ်ကျစ်ပါအောင် စုပ်ကိုင်ထားကာ တိုက်ခိုက်တော့မည့်ဟန်ဖြစ်နေသည်။ အရိပ်တစ်ခုသည် ရှီမာယူယူ၏ရှေ့တွင် ဖြတ်ခနဲပေါ်လာကာ ယွင်ရာကို ကြည့်လိုက်သည်။

အဓိပ္ပာယ်မှာရှင်းလင်းလွန်းသည်။ မင်း ပြိုင်ဘက်က ငါပဲ…

နှစ်ယောက်သည် စတင် တိုက်ခိုက်တော့သည်။

ဖေးယိသည် ယွင်ရာကို စိတ်ပူပြီး အကူအညီပေးမည်အပြုတွင် ဝူလင်းယူ တားခြင်းကို ခံလိုက်ရသည်။

“လေဟာပြင် ချိပ်ပိတ်မယ်” ဖေးယိသည် ဝူလင်းယူကို ပိတ်ထားချင်သော် လည်း သူ ချိပ်ပိတ်လိုက်သော လေဟာနယ်မှာ ဘာမှမရှိတော့ကာ ဝူလင်းယူပါ မရှိတော့သည်ကို သိလိုက်ရသည်။

“မြန်လိုက်တဲ့ တုံ့ပြန်ချက်ပဲ” ဖေးယိသည် ကိုယ့်အစွမ်းအစကိုယ် သိသည်။ ချိပ်စည်းကို အလွန်မြန်ဆန်စွာပင် ပြုလုပ်လိုက်သော်လည်း ဝူလင်းယူသည် လွယ်ကူစွာပင် ရှောင်ရှားနိုင်သည်မှာ လေဟာပြင်ထဲတွင် အပြောင်းအလဲရှိသည်နှင့် တုံ့ပြန်နိုင်သည်ဟု ဆိုလိုသည်။

ကြည့်ရသည်မှာ ထိုလူသည် သူနှင့် တူညီသောစွမ်းရည်ရှိကာ သူတို့အတွက် လမ်းပြလာသူဖြစ်နိုင်သည်။

ဝူလင်းယူသည် လေပေါ်တွင် ပေါ်လာပြီး ဖေးယိအား လှုံ့ဆော်လေ သည်။

သူရှိနေသောနေရာမှာ ချိပ်စည်းပိတ်ထားသော မျဉ်း၏အပြင်တွင် ရှိနေ သည်။ သူ့ဗျူဟာကို သိနေတာလို့ ပြောတာမဟုတ်ဘူးလား။

အဲလူက စွမ်းရည်သန်မာတာတင်မဟုတ်ဘဲ သူများတွေကို ရန်စတဲ့နေရာ မှာလည်း တော်တာပဲ။

“မင်းက တကယ်ပဲ သန်မာတဲ့ပြိုင်ဘက်ပဲ” ဖေးယိသည် စိတ်မရှည်မှုကို ဘေးချိတ်ထားကာ ဝူလင်းယူနှင့် စတင်တိုက်ခိုက်တော့သည်။

ရှီမာယူယူသည် တစ္ဆေတစ်ရာအလံတော်ကို ကိုင်ထားပြီး ထိုရှေးဟောင်း တိုက်ပွဲဝိညာဉ်များကို စုပ်ယူလိုက်သည်။ သူမသည် ရှဲဟွမ်အား မာန်ပါပါကြည့် ကာ ပြောလိုက်သည် “အခု ရှင်တစ်ယောက်ပဲ ကျန်တော့တယ်”

“မင်း ငါ့ကို တစ်ခုခုလုပ်နိုင်မယ်လို့ မထင်လိုက်နဲ့.. မင်းတစ်ယောက် တည်းနဲ့ ငါ့ကိုစုပ်ယူနိုင်မှာမဟုတ်ဘူး” ရှဲဟွမ်သည် သူ့ကိုယ်သူ အားတင်းလိုက် သည်။

ထိုတစ္ဆေတစ်ရာအလံတော်သည် ရှီမာယူယူ၏ ပိုင်ဆိုင်မှုဖြစ်သည်။ သူမ၏ အစွမ်းအဆနှင့်ဆိုလျှင် သူမသည် သူ့ကို ဆွဲယူရန်မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် ကြောက်နေရန်မလိုပေ။

“အခုတော့ မဖြစ်နိုင်ဘူး.. ဒါပေမဲ့ ခုခံနိုင်စွမ်းက ပျောက်နေပြီဆိုရင်ရော” ရှီမာယူယူသည် ရှဲဟွမ်ကို ရယ်မောလိုက်သည် “အရိပ်မည်း သူ့ အသက်ကို တော့ချန်ထားပေး”

“ဟုတ်ပြီ” အရိပ်မည်းသည် အမိန့်လက်ခံပြီးနောက် ရှဲဟွမ်ဆီသို့ ပျံသွား သည်။

ရှဲဟွမ်သည် အဆက်အသွယ်များကြောင့် စစ်ဦးစီးဖြစ်ခဲ့သော်လည်း စွမ်းရည်အဆင့် တစ်ခုတော့ ရှိသေးသည်။ ထို့ကြောင့် သူသည် အရိပ်မည်း လာ သည်ကိုမြင်သောအခါ သူ့ဆီသို့ ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်လေသည်။

ရှီမာယူယူသည် တိုက်ခိုက်ခြင်းမပြုပေ။ သူသည် မိုယွိနှင့်အတူ စစ်မြေပြင်အလယ်တွင်ရပ်ပြီး ရှေးဟောင်းတိုက်ပွဲဝိညာဉ်များကို တစ္ဆေတစ်ရာ အလံတော်မှ စုပ်ယူနေသည်ကို ကြည့်နေသည်။

“ဒါတွေအကုန်လုံးက သူတို့ အသိစိတ်လွတ်ပြီး ခုခံနိုင်စွမ်းမရှိတော့တာ ယွင်ရာရဲ့ အသံတိုက်ခိုက်မှု ကျေးဇူးကြောင့်ပဲ.. မဟုတ်ရင် သူတို့ ဒီလိုမျိုး လိမ်လိမ်မာမာ ဝင်ခိုင်းဖို့ဆိုတာ မလွယ်ဘူး” ရှီမာယူယူ သက်ပြင်းချလိုက် သည်။

ဤအချိန်တွင် လူလုံးထွက်ပြရန် ရွေးချယ်လိုက်ခြင်းသည် သူမအတွက် ကြီးမားသော အားသာချက်ဖြစ်သွားသည်။

“ဒါက မင်းအတွက် အမြတ်ထွက်သွားမယ်လို့ ယွင်ရာထင်ထားမှာမဟုတ် ဘူး” မိုယွိ ပြောလိုက်သည် “တစ်ယောက်ယောက် ရောက်လာမယ်ဆိုတာကို တော့ သူသိလိမ့်မယ်.. ဒါပေမဲ့ အဲလူမှာ တစ္ဆေတစ်ရာအလံတော်ရှိနေမယ်လို့ သိမှာမဟုတ်ဘူး… ဒါမရှိရင် သူထိန်းချုပ်ထားတဲ့ ရှေးဟောင်းတိုက်ပွဲဝိညာဉ် တွေက သူ့ရဲ့ တိုက်ခိုက်မှုစွမ်းရည်ကို တိုးလာစေမှာပဲ… တစ္ဆေတစ်ရာအလံ တော်ပေါ်လာတာနဲ့ အကုန်စားလိုက်မယ်လို့ ဘယ်သူသိမှာလဲ”

သူသည် ယွင်ရာကို စာနာမိသည်။ သူသာဆိုလျှင် သွေးပါအန်မိမည်ဖြစ် သည်။

ရှီမာယူယူမှာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်များ အားလုံးနီးပါး ဖမ်းကုန် တော့မည့်အချိန်၊ တိုက်ပွဲပြီးတော့မည့်အခါတွင် လေဟာနယ်မှာ စတင် တုန်ခါ လာသည်။

***

All Chapters