← Chapters

တခြားလူကို ကယ်ဆယ်ခြင်း

Vol. 140 Ch. 1960

တခြားလူကို ကယ်ဆယ်ခြင်း

Vol. 140 Ch. 1960

“ဘာဖြစ်တာလဲ” အရိပ်မည်းသည် အသက်မျှင်းမျှင်းမျှသာ ရှိတော့သော ရှဲဟွမ်ကို ကိုင်ဆွဲပြီး ပြန်လာသည်။ တုန်ခါနေသော လေဟာနယ်သည် သူ့စိတ် ကိုပါ တုန်ယင်စေသည်။

“လေဟာနယ်က ပြိုကျတော့မယ်.. မင်းတို့ စွမ်းအားတွေ သက်ရောက် သွားလို့ဖြစ်မယ်” ရှီမာယူယူသည် အဝေးတွင် တိုက်ခိုက်နေကြသော လူလေး ယောက်ကို ကြည့်လိုက်သည်။

“ပြိုကျဖို့ ဒီလောက်တောင် လွယ်တာလား” မိုယွိ မျက်မှောင်ကြုတ်လိုက် သည်။ လေဟာနယ်သာ ဤအချိန်တွင် ပြိုကျသွားပါက ဖိအားများနိုင်သည်။ သူတို့သာ အနည်းငယ်ပင် သတိလွတ်သွားပါက ကြီးမားစွာ ထိခိုက်သွားနိုင် သည်။

“ဟုတ်တယ် ကျွန်မတို့ မြန်မြန်သွားရမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူမသည် တစ္ဆေတစ်ရာအလံတော်ကိုယူပြီး ရှဲဟွမ်ကို ဆွဲထည့်လိုက်သည်။ ထို့နောက် သူတို့သုံးယောက်သည် ဝူလင်းယူတို့ရှိရာသို့ ပျံသွားလိုက်ကြ သည်။

“သတိထား”

လေဟာနယ်မှာ တုန်ခါနေပြီး အရင်ကွဲအက်နေသော အက်ကြောင်းများ သည် ပိုကြီးလာသည်။ သူတို့ ပျံလာချိန်တွင် အရိပ်မည်းသည် သတိလွတ်သွား ကာ ကျတော့မလိုဖြစ်သွားသေးသည်။ နောက်ဆုံးအချိန်မှပင် ရှီမာယူယူ သူ့ကို အချိန်မှီဆွဲလိုက်နိုင်ခဲ့သည်။

“အက်ကြောင်းတွေက ပိုပိုကြီးလာပြီ.. အကြာကြီးမခံနိုင်လောက်တော့ ဘူး မြန်မြန်သွားရမယ်” မိုယွိ ပြောလိုက်သည်။

ရှီမာယူယူသည် အနည်းငယ် စိုးရိမ်မိသည်။ ဝူလင်းယူနှင့် တခြားသူများ သည် လေဟာနယ် မူမမှန်တော့သည်ကို သတိထားမိသော်လည်း ရန်တန့်ရန် ရည်ရွယ်ချက်မရှိပေ။ ယခု လေဟာနယ်ထဲမှ အက်ကြောင်းမှာ ပိုပိုကြီးလာ သည်။ သူတို့၏ တိုက်ကွက်နှစ်ချက်ကိုပင် ခံနိုင်ရည်မရှိတော့ပေ။

သို့သော် အခြေအနေမှာ ရပ်လိုက်သူသည် အသတ်ခံလိုက်ရနိုင်သည်။ ထို့ကြောင့် သူတို့သည် တိုက်ခိုက်ခြင်းကို မရပ်သလို ထွက်သွားခြင်းလည်း မပြု ကြပေ။

“မလုပ်နဲ့တော့ ဒီလိုနဲ့ အကုန်သေကုန်လိမ့်မယ်” ရှီမာယူယူသည် အရိပ် မည်းနှင့် မိုယွိကို ပြောလိုက်သည် “အခု စမ်းကြည့်မှပဲ ရတော့မယ်”

“ဘာ…”

အရိပ်မည်း မေးခွန်းမဆုံးခင်မှာပင် ရှီမာယူယူသည် သူနှင့် မိုယွိကို ဝိညာဉ် စေတီအတွင်းသို့ ဆွဲသွင်းလိုက်သည်။

လေဟာနယ် ကွဲသွားသည်ကိုကြည့်ပြီး သူမ အသက်ပြင်းပြင်းရှုကာ မျက်လုံးမှိတ်လိုက်သည်။ သူမသည် မူလနေရာမှပျောက်သွားပြီး ဝူလင်းယူ၏ ဘေးတွင် ပေါ်လာသည်။

သူမသည် ဖေးယိကို စိုက်ကြည့်လိုက်သည်။ သူ တုံ့ပြန်လာသည်ကိုပင် အခွင့်အရေးမပေးဘဲ ဝူလင်းယူ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး သူ့ရှေ့မှ ပျောက် ကွယ်သွားလေသည်။

ဖေးယိ၏ သူငယ်အိမ်မှာ ကျဉ်းမြောင်းသွားလေသည်။ ရှီမာယူယူမှာ ဤမျှ တိတ်ဆိတ်စွာ ပျောက်သွားလိမ့်မည်ဟု သူ ထင်မထားပေ။ ထို့အပြင် လက်ရှိလေဟာနယ် အခြေအနေနှင့် ဤသိုင်းကိုသုံးသည်မှာ အလွန်အန္တရာယ် များလွန်းသည်။ သို့သော် သူမသည် သုံးရဲသည်။

ဝူလင်းယူသည် တော်လွန်းသော တည်ဆောက်မှုသခင်ဖြစ်သည်ဟု သူ ထင်ခဲ့သည်။ တကယ်အားကောင်းသူမှာ သူမ ဖြစ်လိမ့်မည်ဟု ထင်မထားပေ။

“ဖေးယိ” ယွင်ရာသည် သူ့ဆီသို့ ပျံလာပြီး ကြည့်လေသည်။ ရှီမာယူယူ သည် ယွင်ရာရှိသော နေရာမှ ဟွမ်ကို ခေါ်လာပြီးဖြစ်သည်။

သူမသည် သူတို့တိုက်ပွဲပြီးသည်နှင့် ဤနည်းလမ်းသုံးရလောက်အောင် သတ္တိရှိလှသည်။ သို့သော် ယခုမှာ သက်ပြင်းချနေရန် အချိန်မရှိပေ။

“ဒီလေဟာနယ်က ပြိုလဲသွားတော့မယ် ငါတို့မြန်မြန်ထွက်ရမယ်” သူ သည် ယွင်ရာဆီသို့ ပျံသွားသည်။

“ဝင်ပေါက်ထိ ပြန်ဖို့ အချိန်မရှိတော့ဘူး.. လေဟာနယ်ကိုပဲ ဆွဲခွဲပြီး ထွက်ကြမလား” ယွင်ရာ မေးလိုက်သည်။

“ငါ စမ်းကြည့်လိုက်မယ်” ဖေးယွိသည် လေဟာနယ်ကို ဖွင့်ရန် ကြိုးစား ကြည့်သည်။ သို့သော် အသုံးမဝင်ပေ။ ထိုအစကား လေဟာနယ်မှာ ပို၍ပင် တုန်ခါလာသည်။

ရှီမာယူယူ၏ ဘက်တွင် သူမသည် လေဟာနယ်ကို ဖွင့်ရန် အစွမ်းအစမရှိ သော်လည်း သူမဘေးမှ လူနှစ်ယောက်မှာ လုပ်နိုင်ကြသည်။

ဝူလင်းယူသည် သူ၏ စွမ်းအင်ကို စုစည်းပြီး လေဟာနယ်ကို ဖွင့်ပြီး ရှီမာယူယူကို နှစ်ယောက်သား ဆွဲကာ ပျံထွက်လာခဲ့လိုက်ကြသည်။ ဖေးယိနှင့် ယွင်ရာတို့သည် အဝေးတွင်ရှိနေကြပြီး နှစ်ယောက်လုံးမှာ ဒဏ်ရာရထားသော ကြောင့် သူတို့ထွက်သွားသည်ကိုသာ ကြည့်နေရတော့သည်။

သူတို့ နောက်ဆုံးမျှော်လင့်ချက် ကုန်ဆုံးတော့မည့်အချိန်တွင် ကြိုးတစ် ချောင်းသည် ထွက်ပေါ်မှ ပျံဝဲလာပြီး သူတို့နှစ်ယောက်ကို ဆွဲပိတ်ကာ အပေါက် မပိတ်ခင် တစ်စက္ကန့်အလိုတွင် ဆွဲခေါ်ထုတ်လိုက်လေသည်။

“ဘုန်း”

သူတို့ လွတ်ကင်းအောင် မထွက်နိုင်ခင်မှာပင် လေဟာနယ်သည် ပြိုကျ သွားပြီဖြစ်သည်။

“ဖူး”

သူတို့ငါးယောက်သည် လေဟာနယ်ပြိုကျချိန်တွင် ထွက်ပေါက်ကို မြင် လိုက်ရပြီဖြစ်သည်။ ငါးယောက်သားမှာ ခြေပစ်လက်ပစ်ကျသွားရာ မြေပေါ်သို့ လဲကျသည်နှင့် ဒဏ်ရာအပြင်းအထန်ရသွားသဖြင့် လှုပ်မရကြပေ။

ကံကောင်းစွာပင် အားလုံးအသက်ရှင်ကြသည်။

ယွင်ရာနှင့် ဖေးယိသည် မြေပေါ်တွင် လှဲနေကြသော်လည်း ကြောက်ရွံ့မှု ကျန်ရှိတုန်းပင် ဖြစ်သည်။ သူတို့သည် သူတို့၏ နှလုံးခုန်သံနှင့် အသက်ရှုသံတို့ ကိုခံစားရကာ ထိုမိနစ်ပိုင်းမျှသည် သူတို့အတွက် ထူးခြားသလိုခံစားရသည်။

သူတို့ကို ကယ်လိုက်တာပဲ။

သူတို့ ခေတ္တမျှ အနားယူပြီးနောက် မြေပေါ်မှ ပထမဆုံးထ,လိုက်သူမှာ ဝူလင်းယူ ဖြစ်သည်။ သူသည် ဆေးတစ်လုံးထုတ်ကာ ရှီမာယူယူကိုပေးလိုက် သည်။ ပြီးနောက် ဟွမ်ကိုတစ်လုံးထုတ်ပေးကာ သူကိုယ်တိုင်လည်း တစ်လုံး သောက်လိုက်သည်။ ကျန်လူနှစ်ယောက်အတွက်နှင့်တော့ ဆေးမဖြုန်းတီးရန် ဆုံးဖြတ်လိုက်သည်။

ရှီမာယူယူသည် တစ်ကိုယ်လုံးမှ နာကျင်မှုကိုခံစားရသည်။ သူတို့သည် လေဟာနယ် ပြိုလဲချိန်တွင် ထွက်ပေါက်သို့ ရောက်နေပြီဖြစ်သည်။ သူတို့မှာ လေဟာနယ်အတွင်း သို့မဟုတ် လမ်းကြောင်း၌ရှိနေခဲ့ပါက အားလုံးမှာ အစိတ် စိတ်အမွှာမွှာဖြစ်သွားနိုင်သည်။

“လေဟာနယ် ပြိုကျသွားတာကို ပထမဆုံးမြင်ထူးတာပဲ… ခန္ဓာကိုယ် ကြီး တစ်စစီဖြစ်သွားတော့မလိုပဲ” သူမ လှုပ်ရှားလိုက်သည်နှင့် ခန္ဓာကိုယ် တစ်ခုလုံးမှာ တစ်စစီဖြစ်သွားတော့မလိုပင်။

“မလှုပ်နဲ့ ခန္ဓာကိုယ် သက်သာလာတဲအထိ စောင့်ဦး” ဝူလင်းယူသည် သူမကို တားပြီး ဘေးသို့သွားကာ သူမ၏ဦးခေါင်းကို သူ့ပေါင်ပေါ်တင်ကာ သက်တောင့်သက်သာဖြစ်စေရန် လုပ်ပေးလိုက်သည်။

“သူတို့ကို ဘာလို့ကယ်ချင်တာလဲ” ဝူလင်းယူ သူမကို မေးလိုက်သည်။

နောက်ဆုံးအချိန်တွင် သူမသည် ဝိညာဉ်စွမ်းအင် ကြိုးတစ်ချောင်းအသွင် စုစည်းပြီး သူတို့နှစ်ယောက်ကို လေဟာနယ်လမ်းကြောင်းထဲသို့ ဆွဲယူခဲ့သည်။ သူမကြောင့်သာမဟုတ်လျှင် ယွင်ရာနှင့် ဖေးယိတို့သည် ထိုနေရာတွင် သေသွား နိုင်သည်။

ယွင်ရာနှင့် ဖေးယိတို့ လေဟာနယ်လမ်းကြောင်းသို့ ဝင်သည်နှင့် ရှီမာယူယူသည် ကြိုးကို ဝိညာဉ်စွမ်းအင်အဖြစ် ရုတ်သိမ်းလိုက်သည်ကို မြင်တွေ့ခဲ့သည်။ သူတို့ကို ကယ်လိုက်သူမှာ သူမဖြစ်ကြောင်းကို သူတို့လည်း သိကြသည်။ သူမ ဘာကြောင့် ကယ်တင်သည်ကို သူတို့လည်း သိချင်ကြသည်။

“သူတို့ကို ကယ်ရမယ်လို့ ခံစားရလို့” ရှီမာယူယူ ပြန်ဖြေသည်။

“ကိုယ် မယုံဘူး” ဝူလင်းယူသည် သူမ နဖူးကို တောက်လိုက်သည် “သူ့ စွမ်းအားအကြောင်းကို တည်ဆောက်မှုသခင်အနေနဲ့ ဆွေးနွေးချင်လို့မလား”

“ရှင်သိနေမှတော့ ဘာလို့မေးနေသေးတာလဲ” ရှီမာယူယူ မငြင်းပေ “တကယ်တော့ သူနဲ့ ရှင်တိုက်ခိုက်နေတာကို မြင်လိုက်တယ်… သူ့စွမ်းအားက အရမ်းတူာပဲ.. ဒါပေမဲ့ အဲဒါဘာလဲဆိုတာကို မမှတ်မိဘူး အဲဒါကြောင့် သူတို့ကို ကယ်ဖို့ ဆုံးဖြတ်လိုက်တာ”

“အဲဒီ ကျေးဇူးမသိတတ်တဲ့လူနှစ်ယောက်ကို ကယ်သင့်ရဲ့လားတောင် မသိတော့ဘူး” ဝူလင်းယူသည် အေးစက်စွာ နှာမှုတ်သည်။

“အဲလိုမဖြစန်ိုင်ငပါဘူး” ရှီမာယူယူသည် အားယူပြီး ထရာ ဝူလင်းယူ လည်း သူမကိုထူပြီး မှီစေလိုက်သည်။

ရှီမာယူယူ ထိုင်ပြီးနောက်တွင် မြေပေါ်တွင် လှဲနေသော လူနှစ်ယောက် ကို ကြည့်ပြီး ပြောလိုက်သည် “ရှင်တို့နှစ်ယောက် ဒဏ်ရာက ကျွန်မထက် တောင် ပြင်းသေးတယ်… ကျွန်မတို့ကို လက်စားမချေဘူးဆိုရင် ရှင်တို့နှစ် ယောက်လုံးကို ကယ်ပေးမယ်”

ဖေးယိနှင့် ယွင်ရာတို့သည် နှုတ်ဆိတ်နေကြသည်။

“ကြည့်.. ရှေးဟောင်းတိုက်ပွဲဝိညာဉ်ကိစ္စက ပြီးသွားပြီ ဘယ်လိုပဲဖြစ်ဖြစ် ရှင်တို့ သူတို့ကိုဖမ်းလို့မရတော့ဘူး.. ဝူရှန်းမြို့ကဖြစ်ခဲ့တာအပြင် ကျွန်မတို့မှာ ဘာရန်ငြိုးမှရှိတာမဟုတ်ဘူး.. ရှင်တို့နှစ်ယောက်လုံးက ဝိညာဉ်မျိုးနွယ် လက်အောက်က မဟုတ်သလို ရှောင်ဟော်ရဲ့လက်အောက်ကလည်း မဟုတ်ဘူး အဲဒါကြောင့် ကျွန်မတို့က ရန်သူလည်းမဟုတ်ဘူး” ရှီမာယူယူ ပြော လိုက်သည် “ပြီးတော့ ဝူရှန်းမြို့မှာဖြစ်ခဲ့တဲ့ကိစ္စက ရှင်တို့အမှားပဲ”

ယွင်ရာသည် နာကျင်မှုကို အံကြိတ်ခံကာ ထထိုင်ပြီး ရှီမာယူယူကို မျက်လုံးပင့်ကြည့်လိုက်သည်။ သူမ၏ခန္ဓာကိုယ်တွင် ဒဏ်ရာအပြည့်ရှိနေသော် လည်း သူမ၏ မျက်လုံးတစ်စုံလုံးမှာ တောက်ပနေတုန်းပင်။ အကြည့်ခံရသူမှာ ညို့ယူခံရလောက်နိုင်သည်။

“မင်းပြောတာမှန်ပါတယ် ငါတို့က ဆန့်ကျင်ဘက်တော့မဟုတ်ကြဘူး” ဒဏ်ရာများမှာ မခံနိုင်လောက်အောင် ဖြစ်သဖြင့် သူ့နှုတ်ခမ်းကိုတွန့်သွားစေ သည်။

ရှီမာယူယူပြောသလိုပင် သူသည်ဝိညာဉ်မျိုးနွယ် လက်အောက်ကမဟုတ် သလို ရှောင်ဟော်၏ လူလည်းမဟုတ်ပေ။ ထိုကိစ္စကိုရှင်းနေရန် အကြောင်း မရှိပေ။ သူတို့တွင်ရှိသည့် ရန်ငြိုးမှာ ဝူရှန်းမြို့ကကိစ္စပင်ဖြစ်သည်။

သို့သော် ထိုဆုံးရှုံးမှုလေးသည် သူနှင့် ဖေးယိ၏ အသက်နှင့်ယှဉ်လျှင် ဘာမှမဟုတ်ပေ။

ရှီမာယူယူသည် သူတို့ကိုကယ်ပြီး ထွက်ပေါက်ပေးခဲ့သည်။ ငယ်ရွယ် သော လူတစ်ယောက်အနေနှင့် သူသည် သူမ သတ္တိရှိသည်ကို လေးစားမိသည်။

ဖေးယိသည် ရှီမာယူယူနှင့် ရန်ငြိုးရန်စမရှိခဲ့သော်လည်း ဆန့်ကျင်ဘက် တွင် ရပ်တည်ခဲ့သည်။ ယခုယွင်ရာမှ ဤသို့ပြောလာသဖြင့် သူလည်း ငြင်းဆန် စရာမရှိတော့ပေ။

ထို့အပြင် သူမ၏ လေဟာနယ်အကြောင်း နားလည်မှုကို သူ လေးစား သည်။ သူလိုလူတစ်ယောက်နှင့် ရန်သူဖြစ်မလာသည်က ကောင်းမည်။

သူတို့နှစ်ယောက်၏ ထိုပုံံစံကို မြင်သည်နှင့် ရှီမာယူယူသည် ဆေးတစ် ပုလင်းထုတ်ကာ သူတို့ဆီသို့ ပစ်ပေးလိုက်သည်… ယွင်ရာသည် ဖေးယိကို ဆေးတစ်လုံးပေးလိုက်ပြီး သူကိုယ်တိုင်လည်း တစ်လုံးသောက်လိုက်သည်။

***

All Chapters