← Chapters

နောက်ဆုံးတော့ တိုက်ကိုတိုက်ရတော့မယ်

Vol. 18 Ch. 250

နောက်ဆုံးတော့ တိုက်ကိုတိုက်ရတော့မယ်

Vol. 18 Ch. 250

ကြမ္မာအဖိုးအို၏ အားပြတ်သွားသလိုခံစားလိုက်ရသည်။ သူ အန်လင်း၏ကံကြမ္မာကိုလည်း မမြင်နိုင်ခဲ့ပေ။

စုရှောင်လန်တွင် ကောင်းကင်နန်းတော်နှင့် ဆက်စပ်သော ကံကြမ္မာကိုသူရှာဖွေတွေ့ရှိခဲ့စဉ်က သူတွေ့ခဲ့ရသည့် အရာမှာ အင်အားကြီးမားသော ကံတရားကြောင့် ဖြစ်ပေါ်လာသောအတားအဆီးသာဖြစ်သည်။

ယခု အန်လင်း၏ ကံကြမ္မာအားဖတ်ရာတွင်မူ ဆန်းကြယ်မှုများနှင့် နားလည်ရခက်စွာ ရောထွေးနေခဲ့သည်။

အန်လင်း မနက်ဖြန် မည်သည့်အစာစားမည်ကိုပင် မမြင်နိုင်လေရာ သူ၏အချစ်ရေးကို မည်ကဲ့သို့ ဟောရတော့ မည်နည်း။

ဘာတွေဖြစ်ကုန်ကြတာလဲဟင် ငါဘာမှအာရုံခံလို့မရပါလား...

သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်လို့များ ငါဘာမှမမြင်ရတာလား ဒါပေမယ့် ဒီကောင်လေးရဲ့အဆင့်က စိတ်ဝိညာဉ်ပျိုးထောင်ခြင်းကနဦးအဆင့်ပဲ ရှိသေးတာလေ...

ကြမ္မာအဘိုးအိုသည် ထိုအကြောင်းအား ပိုစဉ်းစားလေ.. ပို၍ ထူးဆန်းလေလေဖြစ်ကာ  ပို၍ထိတ်လန့်လာလေ ဖြစ်နေသည်။

ကြမ္မာအဘိုးအို ထူးဆန်းသည့် ပုံစံကိုမြင်တွေ့လိုက်ရသောအခါ အန်လင်း သည် သူ၏ချစ်ခြင်းမေတ္တာ ခရီးလမ်းသည် ခရောင်းလမ်းများဖြင့်ပြည့်နှက်နေမည်ဟုတွေးထင်မိသွားသဖြင့် စိုးရိမ်ထိတ်လန့်သွားတော့သည်။

"ဘယ်လိုလဲ…ကျွန်တော်တာအိုလက်တွဲဖေါ်ဘယ်တော့ရမှာလဲ ”

ကြမ္မာအဘိုးအို တိတ်တဆိတ် တွံတွေး မျိုချလိုက်သည်။ အကယ်၍ သူသာ အမှန်တရားကိုပြောလိုက်ပါက လူလိမ်တစ်ယောက်လို့ သေချာပေါက်အထင်ခံရနိုင်ပြီး စိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းအား ပြန်ပေးရန် ပြောကြပေလိမ့်မည်။

သူကျေနပ်သွားအောင် လိမ်ပြောလိုက်ရမလား....

ကြမ္မာအဖိုးအိုသည် အချိန်ခနကြာသည်အထိ စဉ်းစားလိုက်ပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

“တောင်တန်းတွေဟာ အဝေးကကြည့်မှ အရောင်စုံပြီးလှပတယ်.. စမ်းချောင်းလေးကတော့ နီးကပ်နေလည်း တိတ်တဆိတ်စီးဆင်းနေတယ်.... လူငယ်လေး... မင်းရဲ့သတ်မှတ်ထားပြီးသား လက်တွဲဖေါ်က သိပ်မဝေးတော့ပါဘူး နှစ်ပေါင်းတစ်ရာကျော် ဆင်းရဲဒုက္ခသုံးခုကို အတူတကွကျော်လွှားပါ ဒါနည်းလမ်းတစ်ခုကပဲ မင်းနှလုံးသားကနေ တစ်ခြားတစ်ယောက်ကို ချစ်ခင်လာစေမှာဖြစ်တယ် မင်းနဲ့သူက တစ်ခြားသူတွေအားလုံး မနာလိုဖြစ်ရမဲ့ တာအိုလက်တွဲဖေါ်တွေဖြစ်လာကြလိမ့်မယ်...”

ကြမ္မာအဖိုးအို၏ မျက်နှာပြောင်သောစွမ်းရည်သည် ထိပ်ဆုံးဖြစ်ကြောင်း သံသယဖြစ်စရာမလိုပေ။ ထိုအရာသည် အမှန်တရားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ အန်လင်းသည် ကျေနပ်ပီတိဝေဖြာကာ ပြုံးဖြီးနေ တော့သည်။ ဝိညာဉ်ကျောက်တုံးတစ်သောင်းအတွက်မှာမူ သူသည် ထိုဝိညာဉ်ကျောက်တုံးများအား ကောင်းမွန်စွာ သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု ခံစားရသည်။

ထိုသို့ဖြင့် အန်လင်းနှင့် စုရှောင်လန်တို့သည် အသက်ဓါတ်နန်းတော်မှ ထွက်ခွါလာကြသည်။

အစပိုင်းတွင် အန်လင်းသည် ကြမ္မာအဘိုးအိုအား အခြားရှေ့ဖြစ်များကို ဆက်လက်မေးချင်နေဆဲဖြစ်သော်လည်း မမျှော်လင့်ဘဲ ကြမ္မာအဘိုးအိုသည် သူ၏တောင်းဆိုမှုကို ငြင်းပယ်ခဲ့သည်။ သူသည် လူတစ်ယောက်စီကို ရှေ့ဖြစ်တစ်ခုသာဟောပြောပြီး သူတို့အား ချက်ချင်းထွက်သွားခိုင်းခဲ့သည်။ အန်လင်းတွင် ရွေးခြယ်ခွင့် မရှိသဖြင့် ထိုအတိုင်းသာ နှုတ်ဆိတ်ထွက်ခွါလာခဲ့ရသည်။

"စုရှောင်လန် နင် အဲဒီလူကြီးရဲ့ ဟောကိန်းတွေ မှန်မယ်လို့ထင်လား” အန်လင်း ပီတိဖြစ်စွာမေးလိုက်သည်။

“အာ..” စုရှောင်လန်ခေါင်းလေးငုံံ့သွားပြီး သူမ၏လှပသောမျက်နှာလေး အနည်းငယ် နီမြန်းလာလေသည်။

"မှန်နိုင်ပါတယ်" ဟုသူမက အလေးအနက်ထားကာ ပြန်လည်ဖြေကြားလိုက်သည်။

"အဲလိုအကျင့်ပျက်ပြီး ငွေတွေလိမ်ဖို့အတွက်နဲ့တော့ အသက်ဓါတ်နန်းတော်ကို တည်ထောင်ခဲ့မှာ မဟုတ်လောက် ပါဘူး”  အန်လင်းလည်း စိတ်အားထက်သန်စွာဖြင့်ခေါင်းညိတ်လိုက်သည်။

"ငါ့ရဲ့ သတ်မှတ်ထားပြီးသား လက်တွဲဖေါ်ဟာ အနှစ်တစ်ရာအတွင်းမှာရောက်လာတော့မှာ... ရိုးရိုးသားသား ပြောရရင် ငါ အဲဒီအချိန်အကန့်အသတ်ကို ငါတော်တော်သဘောကျတယ် သိပ်လည်းမကြာသလို သိပ်လည်း မတိုလွန်းဘူး နော့”

စုရှောင်လန်လည်းခေါင်းညိတ်လိုက်သည်။  “လူတစ်ယောက်ကို ရှင်းရှင်းလင်းလင်း နားလည်ဖို့က နှစ်တစ်ရာလောက်တော့ သလိုမှာပဲလေ... နင်နဲ့ အမြဲအတူ ရှိနိုင်မဲ့သူကို ရှာဖို့အချိန်လုံလောက်ပါတယ်"

“အန်လင်း… လိုချင်တဲ့လက်တွဲဖေါ်ပုံစံကဘယ်လိုမျိုးလဲ" သူမခေါင်းကို မော့လိုက်ပြီး တောက်ပကာနူးညံ့သော မျက်လုံးများဖြင့် အန်လင်းကိုကြည့်သည်။

အန်လင်းသည် စုရှောင်လန်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး သူ၏နှလုံးခုန်သံများ မြန်လာသဖြင့် အကြည့်ကို မြန်မြန်လွှဲလိုက်သည်။

မဟုတ်သေးဘူး စိတ်ထိန်းထားရမယ် အလျင်စလိုလုပ်လို့မဖြစ်ဘူး မဟုတ်ရင် အလှနတ်သမီးလေးလန်လန်ကို ဆုံးရှုံးရလိမ့်မယ်

"အမ်...ငါငယ်ပါသေးတယ်" ဟုအန်လင်း ဆင်ခြေပေးလိုက်သည်။

"ငါအရင်က အဲဒီအကြောင်းကို တစ်ခါမှ မတွေးခဲ့ဖူးဘူး "

"အင်း မင်းကအရမ်း ငယ်သေးတယ်... ဘာလို့ အဲလောက် အဝေးကြီးကအကြောင်းတွေ ဘာကြောင့် စဉ်းစားနေတာလဲ ဒီအသက်အရွယ်မှာ မင်းက ဒီဖြုန်းတီးခြင်းအရှင် ခွေးနဲ့အတူ ဆောင်ကြာမြိုင်တွေဆီ သွားလည် သင့်တာကွ ဝုတ်...”

တပိုင်သည် သူတို့၏စကားဝိုင်းအတွင်းသို့ ရဲရင့်စွာဖြင့်မတွန့်မဆုတ် အတင်းကြားဖြတ်ပြောလိုက်သည်။

စုရှောင်လန်-“…”

"အန်လင်း နင်အရင်က ဆောင်ကြာမြိုင်တွေဆီသွားဖူးလား"

"ငါ့တစ်သက်လုံး တစ်ခါမှမသွားဖူးဘူး " အန်လင်းအလျင်အမြန်ပြောလိုက်သည်။ "ငါကဘာလို့ အဲလိုနေရာတွေသွားရမှာလဲ”

တပိုင်၏ မျက်နှာတွင် ညစ်ကျယ်ကျယ်အရိပ်တစ်ခု ဖြတ်ပြေးသွားပြီး "နွေဦးမြစ်အိမ်တော်က မမလန်ယွဲ့ကို မေ့သွားတာလား ဝုတ်... "

“ငလူးတပိုင် မင်းဒါကိုဘယ်လိုမျက်နှာနဲ့ပြောရဲတာလဲ ငါအဲဒီကိုသွားခဲ့တာက မင်းကိုဆွဲထုတ်ဖို့ပဲမလား ဒီလိုမှမဟုတ်ရင်ငါအဲဒီကိုသွားမယ်လို့ထင်နေတာလား”

အန်လင်း သွေးကြောများထောင်ထလာသည်အထိ ဒေါသချောင်းချောင်းထသွားပြီး တပိုင်ကို သင်ခန်းစာပေးရန် လက်သီးဆုပ်လိုက်သည်။

တပိုင်သည် လေတိုက်သလို လျင်မြန်စွာပြေးထွက်သွားသည်။

"မပြေးနဲ့"   အန်လင်းအော်လိုက်ပြီး တပိုင်နောက်ပြေးလိုက်သည်။

“မိအောင်လာဖမ်းလေ”   တပိုင်အော်ဟစ်ရင်းပြေးလာသည်။

"ငါ့ကိုမိအောင်ဖမ်းနိုင်ရင် အရိုက်ခံမယ် ဟီးဟီးဟီး..."

စုရှောင်လန်-“…”

စုရှောင်လန်မျက်မှောင်ကြုတ်လိုက်သည်။

ဒါဆို အန်လင်းအရင်က ဆောင်ကြာမြိုင်သွားဖူးတယ်ပေါ့...

နောက်ဆုံးတွင်အန်လင်းသည် တပိုင်ကိုဖမ်းမိသွားသည်။ တပိုင်ကိုရိုက်နှက်ပြီးတဲ့နောက် သူတို့ ရှေ့သို့ခရီး ဆက်ခဲ့ရာ အဝါရောင်နန်းတော်သို့ ရောက်သွားသည်။

နောက်ဆုံးနန်းတော်လေးခုအား ကြည့်ပြီးခန့်မှန်းရသလောက်မှာ “ ကောင်းကင်၊ မြေကြီး၊ အနက်ရောင်နှင့်အဝါရောင်” ဖြစ်လိမ့်မည်။

အမှန်တကယ်အားဖြင့် အန်လင်းသည် သင်္ချိုင်းပိုင်ရှင်သည်အခြားသော “စကြဝဠာ၊ အချိန်ကာလ၊ ခေးအော့စ် နှင့် အနိဌာရုံ” တို့ကို ထပ်မံထည့်ထားနိုင်သေးသည်ဟု ခံစားနေရသည်။  ထိုသို့တွေးမိပြီးနောက် ထိုနေရာသည် အလွန်အစွမ်းထက်နေလိမ့်မည်ဟု သူသဘောပေါက်သွားခဲ့သည်။ တောင်ပံနဂါးရှန်းယင်သည် ထိုနန်းတော်များကို အဘယ်ကြောင့် ထည့်သွင်းမထားကြောင်း နားလည်သွားသည်။

ထိုနန်းတော်သို့မ၀င်မီ အန်လင်းသည် ဂမ်ဒမ် ၁ နှင့် ၂ တို့ကို သူတို့အုပ်စုရှေ့မှ သွားစေခဲ့သည်။ ထိုအရေထူ လှသော စွမ်းအားပြည့်လှသော စက်ရုပ်များအား ဤကဲ့သို့သောစွန့်စားသောလုပ်ငန်းများတွင် ဦးဆောင် စေသည်မှာ အကောင်းဆုံးဖြစ်သည်။

နန်းတော်တံခါးကိုဖွင့်လိုက်သောအခါ နန်းတော်အတွင်းမှ အလွန်ဖိနှိပ်ချုပ်ခြယ်နိုင်စွမ်းရှိပြီး အားကောင်းသည့် အော်ရာများဖြန့်ကျက်ထွက်ပေါ်လာခဲ့သည်။ ထိုစွမ်းအားသည် သူတို့အပေါ်သို့ တောင်တစ်တောင်လို ဖိနှိပ်လာပြီး ဂမ်ဒမ် ၁ နှင့် ၂ တို့သည် သူတို့၏ အိုင်းယွန်းခံစစ်အကာအကွယ်ကို ချက်ချင်းအသက်သွင်းလိုက်သည်။

နန်းတော်အတွင်းရှိ သင်္ချိုင်းစောင့်သည် တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် သူတို့အား ချေမှုန်းရန်ကြိုးစားသည်ကို ကြည့်ခြင်းဖြင့် သူသည်ဖေါ်ရွေသည့်ပုံမပေါ်ပေ။

“မင်းတို့ ရှန်းယင်ရဲ့အမွေအနှစ်ကို လိုချင်တယ်ဆိုရင် သောက်ကောင်းကင်နန်းတော်ကိုပဲသွားလိုက် ဒီမှာငါ့ကို အနှောက်အယှက်လာမပေးနဲ့ ” ခက်ထန်ကြမ်းတမ်းသော အသံတစ်သံထွက်လာပြီး လေထုပင်တုန်ခါသွားသည်။

အန်လင်း၏ အာရုံများသည် သူတို့ရှေ့တွင် မတ်တပ်ရပ်နေသည့် အပေါ်ပိုင်းဗလာကျင်းနေပြီး ကြေးဝါရောင် ကြွက်သားတွေကို ထုတ်ဖော်ပြသထားသော ဆံပင်အနီရောင်နှင့်လူထံ ရောက်သွားသည်။

သူ၏ပတ်ဝန်းကျင်တွင် အလွန်အမင်းခြိမ်းခြောက်နိုင်စွမ်းရှိသော အနီရောင်မီးတောက်များဖုံးလွှမ်းနေသည်။ အန်လင်းသည် ရဲရဲဝံ့ဝံ့ပင်မေးလိုက်သည်။

“စီနီယာ... ဒီနေရာမှာ ဘာများရှိတာလဲ...”

“ဟ…” ဆံပင်အနီဖြင့်လူသည် အန်လင်းကို အေးစက်စွာကြည့်လိုက်သည်။

"မီးစိတ်ဝိညာဉ်ပုတီးစေ့....အဲဒါက ဒီနေရာမှာရှိတာ..မင်းအဲဒါကို ယူနိုင်စွမ်းရှိမယ်ထင်နေတာလား”

ဆံပင်နီနှင့်လူသည် သူ၏နှလုံးနေရာကို လက်ဖြင့်ပုတ်ပြလိုက်ပြီး  ထူးဆန်းသောအပြုံးဖြင့်မေးလိုက်သည်။

ယခင်လွယ်ကူသောအဆင့်မှသည် ယခုအခါ“ သားရဲကိုသတ်ကာ  ရတနာများအားရယူခြင်း” အဆင့်သို့ ပြောင်းလဲ သွားပြီဖြစ်ကြောင်း အန်လင်းနားလည်သွားသည်။

သူနှင့် စုရှောင်လန်တို့နှစ်ဦးလုံး အနည်းငယ်တွန့်ဆုတ်သွားကြသည်။ ထိုလူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ရှိသော အစွမ်းထက်ကျင့်ကြံသူဖြစ်ကြောင်း သိသာနေသည်။  သူထုတ်လွှင့်နေသော အော်ရာများအရ သူသည် အနည်းဆုံးတော့ ဝိညာဉ်ဖွဲ့စည်းခြင်းအလယ်အဆင့်ဖြစ်နိုင်နေပြီး စိတ်ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံးအဆင့်သို့ပင် ရောက်နေနိုင်သည်။

အကယ်၍များ တိုက်ပွဲဖြစ်ပွါးခဲ့မည်ဆိုလျှင် အလွန်အန္တရာယ်များသောတိုက်ပွဲတစ်ပွဲဖြစ်သွားပေမည်။

တင်းတောင်....

စနစ်၏ အထူးတာဝန်အပိုင်းသည် ရုတ်တရက်မှိတ်တုတ်မှိတ်တုတ်ဖြစ်လာသည်။ အန်လင်း ချက်ချင်း အာရုံစိုက်ပြီး သူစိတ်ထဲမှာ စနစ်ကိုဖွင့်လိုက်သည်။

"ပလက်ခံသူသည် မီးစိတ်ဝိညာဉ်ပုတီးစေ့ကို တွေ့ရှိခဲ့ကြောင်း ထောက်လှမ်းမိတာကြောင့် အထူးစစ်ဆင်ရေးတစ်ခု သတ်မှတ်လိုက်ပါတယ်... မီးစိတ်ဝိညာဉ်ပုတီးစေ့မှ မီးစွမ်းအင်အဆီအနှစ်အားလုံးကိုစုပ်ယူပါ :

တာဝန်အောင်မြင်လျှင် မီးဒြပ်စင်နည်းစနစ်ဖြစ်သော အစစ်အမှန်မီးတောင်ပံ ပထမအဆင့်ကို ရရှိမည်ဖြစ်ပြီး တာဝန်ကျရှုံးလျှင် တစ်လတိတိ သွက်ချာပါဒရောဂါ ခံစားရမည်ဖြစ်သည်။ ထိုကာလအတွင်း ချီစွမ်းအင်များ အသုံးမပြုနိုင်ပါ။

အချိန်ကန့်သတ်ချက်မှာနှစ်နာရီဖြစ်ပါသည်။”

ထိုမစ်ရှင်ကိုမြင်သောအခါအန်လင်း နာကျင်စွာခံစားလိုက်ရသည်။စနစ်သည် သူ့ကို အန္တရာယ်အရှိဆုံးအရာအား အတင်းအကျပ်ပြုလုပ်စေတတ်သော ၎င်း၏ သောက်ကျင့်ဆိုးကို မည်သည့်အချိန်မျှ ပြောင်းလဲနိုင်လိမ့်မည် မထင်ချေ။

ယခုအခါ အန်လင်းတွင် ယောက်ျားပီပီ တိုက်ခိုက်ဖို့ရွေးချယ်ခြင်းနှင့် သူရဲဘောကြောင်စွာဖြင့် တစ်လအကြာ လေဖြတ်စေခြင်းဟူ၍ ရွေးချယ်စရာနှစ်ခုသာရှိသည်။

ဟမ့်… တကယ်တမ်း တိုက်ခိုက်ဖို့ရွေးချယ်မယ်ဆိုရင်တောင် ဒီဆံပင်အနီနှင့်လူက သူ့ကိုသတ်ပစ်လိုက်နိုင်သည့် ကြောက်မက်ဖွယ်အလားအလာရှိနေသည်။

“ဒါဖြင့် မင်းငါနဲ့တိုက်မှာလား မတိုက်ဘူးလား မတိုက်ဘူးဆိုရင်လဲ မြန်မြန်လေးထွက်သွားကြ”

အနီရောင်ဆံပင်နှင့်လူသည် စိတ်မရှည်တော့သည့်ပုံပေါ်လာပြီး သူ၏ကိုယ်ခန္ဓာပတ်၀န်းကျင်မှ တောက်လောင် နေသည့် မီးတောက်များပင် ပို၍ ရန်လိုပုံပေါက်ကာ ကြီးမားလာသည်။

"ငါတိုက်မယ်ကွာ " အန်လင်း ရင်နာနာဖြင့်ပင် နောက်ဆုံး ဆုံးဖြတ်ချက်ချလိုက်သည်။

"စုရှောင်လန်… ငါတို့တိုက်ပွဲမှာဝင်မပါနဲ့ ငါတစ်ယောက်တည်းသူ့ကိုရင်ဆိုင်ပြီး မီးစိတ်ဝိညာဉ်ပုတီးစေ့ ကိုရယူမယ်”

စုရှောင်လန်သည် မီးစိတ်ဝိညာဉ်ပုတီးစေ့ မကလို့ တစ်ခြားဘာဖြစ်ဖြစ် ဂရုမစိုက်ပါ။ သူမ၏ ဇာမဏီငှက်ဂိုဏ်းတွင် ထိုသို့သောမီးစွမ်းအင်ဆိုင်ရာအရင်းအမြစ် ပစ္စည်းများ များစွာရှိသည်။

သို့သော်သူမ အန်လင်းနှင့် ပတ်သက်၍တော့ အနည်းငယ်စိုးရိမ်မိသည်။

"နင်တကယ်ငါ့အကူအညီမလိုဘူးလား”

အန်လင်းခေါင်းခါလိုက်ပြီးပြုံးလိုက်သည်။

"ငါတကယ် မလိုအပ်ဘူး" အန်လင်းသည်သူ၏ မိစ္ဆာရှင်းဓားကို ဆွဲထုတ်ကာ ရှေ့သို့ခြေလှမ်း လှမ်းလိုက်သည်။ သူ၏အော်ရာများကို မထိန်းချုပ်ထားတော့ဘဲ ဖေါ်ထုတ်လိုက်သည်။

“အိုး... မင်းကအတော်လေးအားနည်းပေမယ့် ပုံစံကိုကြည့်ရတာတော့ သူရဲကောင်းဆန်သားပဲ "

အနီဆံပင်လူကြီးသည် ရယ်မောလိုက်ပြီး သူ၏အော်ရာများကို ထုတ်ဖေါ်လိုက်သည်။  သူ့ခန္ဓာကိုယ်ပတ်၀န်းကျင် ရှိ အနီရောင်မီးတောက်များမှလည်း ဟုန်းဟုန်းမြည်သံ ထွက်လာပြီးပိုမိုတောက်လောင်လာသည်။

ထိုလူ၏အော်ရာသည် ချက်ချင်းကြောက်မက်ဖွယ်ကောင်းလာသည်။  သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း နောက်ဆုံး အဆင့်သို့ ရောက်နေပြီးဖြစ်သည်။

ထိုအစွမ်းထက်အော်ရာများသည် အန်လင်း၏ကိုယ်ခန္ဓာကိုယ်အား ထိုးနှက်တိုက်ခိုက်လိုက်သောကြောင့်  သူ၏ကြွက်သားများ ထိန်းချုပ်မရနိုင်ဘဲ တုန်လှုပ်သွားကြသည်။

“ဂမ်ဒမ် ၁ နဲ့ ၂ မင်းတို့နှစ်ယောက် ရှေ့တက်ပြီးတိုက်ကြစမ်း...”

“ တပိုင်နဲ့ ရှောင်ချိုး မင်းတို့က  ကူတိုက်ပေးလိုက်”

အန်လင်းက နောက်ဘက်မှာရပ်ပြီး ညွှန်ကြားချက်တွေကို အော်လိုက်သည်။ တပိုင်၏ ကြီးမားသောမျက်လုံးများ ပြူးကျယ်သွားသည်။

"ဒါဖြင့် အစ်ကိုကြီးအန်လင်းက ဘာလုပ်တော့မှာလဲ ဝုတ်..."

အန်လင်း ချောင်းတစ်ချက်ဟန့်လိုက်ပြီး “ငါကတပ်မှူးလုပ်မယ်လေ...” ဟုအေးဆေးစွာပြောလိုက်သည်။

တပိုင်-“…”

ရှောင်ချိုး-“…”

စုရှောင်လန်-“…”

ဆံပင်အနီနှင့်လူ -“ …”

***

All Chapters