← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း ၁၅၁ ..... ထိုက်တန်ခြင်း

"ရှောင်ကျူးတောင်ထိပ်ကို သွားလည်မယ် ဟုတ်လား.............."

ဤစကားကို ကြားသည်နှင့် လျိုကျင်းခန်းမအတွင်းရှိ တောင်ထိပ်အသီးသီးမှ ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ထူးဆန်းသော အရိပ်အယောင်များ ပေါ်လာသည်။

တကယ်ပဲ... တကယ့်ကိုပဲ။

ဒါက သွေးချောင်းစီးမယ့် ရန်ပွဲကို ဖိတ်ခေါ်နေတာလား.......

ဂရန်းမာစတာရွှယ်ယွဲ့သည် မျက်မှောင်ကြုတ်သွားသည်။ ဤအေးစက်စက်နှင့် တည်ငြိမ်လှသော တာအိုသခင်မသည် ကျင့်ပင်အာကို အနည်းငယ် ဇဝေဇဝါဖြင့် ကြည့်ကာ စဉ်းစားနေမိသည် ..... 'မင်းက ငါ့ရဲ့ ရှောင်ကျူးတောင်ထိပ်ကို လာရဲတဲ့ သတ္တိရှိသေးတာပဲလား.......'

"ဘာဖြစ်လို့လဲ......."

"မင်းက ရွှယ်ချီနဲ့ ထိပ်တိုက်တွေ့ချင်နေတာလား......."

စူးရူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူမသည် ကျင့်ပင်အာကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာပင် ဂရန်းမာစတာရွှယ်ယွဲ့က သဘောတူညီသည့်အနေဖြင့် ခေါင်းငြိမ့်လိုက်သည်ကို မြင်လိုက်ရ၏။

"တူမလေး ကျင့်ပင်အာက ငါ့ရဲ့ ရှောင်ကျူးတောင်ထိပ်မှာ ဧည့်သည်အဖြစ် လာချင်တယ်ဆိုမှတော့... ရှောင်ကျူးတောင်ထိပ်က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်"

အေးစက်တည်ငြိမ်သော တာအိုသခင်မသည် အနည်းငယ် ခေါင်းငြိမ့်ပြသည်။ သူမက ကြိုဆိုသည်ဟု ဆိုသော်လည်း လုရွှယ်ချီက ကြိုဆိုခြင်း ရှိ၊ မရှိမှာမူ နောက်ကိစ္စတစ်ခုသာ ဖြစ်ပေသည်...။

"ကျေးဇူးတင်ပါတယ် ဒေါ်လေး ရွှယ်ယွဲ့" ကျင့်ပင်အာက လိမ္မာယဉ်ကျေးစွာ ပြောလိုက်သည်။

စူးရူ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားသည်။ ကျင့်ပင်အာ ရှောင်ကျူးတောင်ထိပ်သို့ သွားခြင်းကို သူမ တားဆီး၍ မရနိုင်မှန်း သိသဖြင့် သက်ပြင်းသာ အသာချလိုက်မိတော့သည် .....

"ဟူး....."

စူးရူသည် ဂရန်းမာစတာရွှယ်ယွဲ့ကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ "အစ်မကြီး... ကျွန်မ ရှောင်ကျူးတောင်ထိပ်ကို မပြန်ဖြစ်တာ ကြာပြီ။ အခုပဲ အတူတူပြန်ပြီး ခဏလောက် ထိုင်ကြရအောင်"

သူမသည် ဂျိချန်းဖန်အတွက် အလွန်ပင် စိုးရိမ်နေခဲ့ရသည်.......

"ကောင်းပြီလေ" ဂရန်းမာစတာရွှယ်ယွဲ့က အသာအယာ ခေါင်းငြိမ့်သည်။ သူမ၏ ချောမောသော မျက်နှာတွင် နူးညံ့သည့် အမူအရာ ပေါ်လာကာ ..... "ရှောင်ကျူးတောင်ထိပ်က မင်းရဲ့ အိမ်ပဲ။ မင်း ဘယ်အချိန်ပြန်ချင်ပြန်ချင် ရပါတယ်"

"မေမေ....."

ကျန့်လင်းအာက နှုတ်ခမ်းဆူကာ စူးရူ၏ လက်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။

"သမီးလည်း ရှောင်ကျူးတောင်ထိပ်ကို လိုက်ချင်တယ်"

ထိုစကားကို ကြားလျှင် ဘေးနားရှိ ကျန့်ပူယီက ချက်ချင်းပင် ငေါက်လိုက်တော့သည်။ "ဘယ်ကို သွားမှာလဲ....... ထိုက်ကျိဂူကို ပြန်ပြီး သေသေချာချာ ကျင့်ကြံစမ်း....... မင်းရဲ့ စီနီယာအစ်မ လုရွှယ်ချီကို ကြည့်ဦး... သူက ရှန်ကျင်းနယ်ပယ်ကိုတောင် ရောက်သွားပြီ......."

"မင်းကတော့ အခုထိ ယူကျင်း အဆင့် (၈) မှာပဲ ရှိသေးတယ်......."

ထိုစကားကြောင့် ကျန့်လင်းအာသည် ချက်ချင်းပင် ဝမ်းနည်းသွားသည့် အမူအရာ ပေါ်လာသည်။ သူမလည်း အင်မတန် ကြိုးစားနေခြင်းဖြစ်သည်....... တံခါးပိတ်ကျင့်ကြံပြီး လအနည်းငယ်အကြာမှာ သူမရဲ့ ကျင့်စဉ်က တစ်ဆင့် တိုးတက်လာခဲ့ပြီးဖြစ်သည်။ ဤကျင့်ကြံမှုနှုန်းမှာ မနှေးလှပေ။ အနည်းဆုံးတော့ ကျင်းယွမ်ကလန်အတွင်း ထိပ်တန်းအဆင့်မှာ ရှိနေသည်။

တကယ်တော့လည်း... လောလောဆယ် ကျင်းယွမ်ကလန်တွင် ဂျိချန်းဖန်နှင့် လုရွှယ်ချီတို့မှလွဲ၍ ယူကျင်း အဆင့် (၈) သို့မဟုတ် အဆင့် (၉) သို့ ရောက်ရှိနေသူ မည်မျှရှိပါသနည်း..............

ပတ်ဝန်းကျင်မှ တောင်ထိပ်ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကျန့်ပူယီသာ မပြောလျှင် သူတို့ သတိထားမိကြမည် မဟုတ်ပေ။

ရှောင်ကျူးတောင်ထိပ်မှ လုရွှယ်ချီသည် တံခါးပိတ်ကျင့်ကြံမှု တစ်နှစ်ခွဲအကြာတွင် ရှန်ကျင်းနယ်ပယ်သို့ ရောက်ရှိသွားသည့် သတင်းမှာ ကျင်းယွမ်ကလန် တစ်ခုလုံးသို့ ပျံ့နှံ့နေပြီ ဖြစ်သည်။

ယခု လုရွှယ်ချီ ကျင့်စဉ်မှ ထွက်လာပြီဆိုသည်မှာ သူမသည် ရှန်ကျင်းနယ်ပယ်သို့ အမှန်တကယ် ရောက်ရှိသွားပြီဟု ဆိုလိုခြင်းလော....... တောင်ထိပ်အသီးသီးမှ ခေါင်းဆောင်များသည် သူတို့ရှေ့မှ အေးစက်လှသော တာအိုသခင်မထံမှ အဖြေအမှန်ကို သိချင်နေကြသည်။

တောက်ရွှမ်း သည် သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးကာ မေးလိုက်သည်။ "ညီမလေး ရွှယ်ယွဲ့... တူမလေး လုရွှယ်ချီက ရှန်ကျင်းနယ်ပယ်ကို တကယ်ပဲ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီလား......."

ထိုစကားကို ကြားသော် ဂရန်းမာစတာရွှယ်ယွဲ့က အသာအယာ ခေါင်းငြိမ့်ပြသည်။

လုရွှယ်ချီအကြောင်း ပြောလိုက်လျှင် သူမ၏ လှပသော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာတတ်မြဲပင်။

"ဂိုဏ်းချုပ် ... ကျွန်မ ဒီ လျိုကျင်းခန်းမကို မလာခင်ကပဲ ရွှယ်ချီ ကျင့်စဉ်ကနေ ထွက်လာခဲ့တာပါ။ တစ်နှစ်ခွဲကြာ ဂူအောင်းပြီးတဲ့နောက်မှာ သူဟာ ရှန်ကျင်းနယ်ပယ်ကို တက်လှမ်းနိုင်ခဲ့ပြီလို့ ပြောလို့ရပါတယ်"

ထိုစကားကို ကြားသည်နှင့် ပတ်ဝန်းကျင်မှ တောင်ထိပ်ခေါင်းဆောင်များ အံ့အားသင့်သွားကြသည်။ သူမ တကယ်ပဲ ရှန်ကျင်းနယ်ပယ်ကို ရောက်သွားတာလား.......

"ဟူး....." စီနီယာဦးလေးကျန့်က သက်ပြင်းအသာချရင်း ..... "ဒီမျိုးဆက်သစ် တပည့်တွေက တကယ်ကို ထူးခြားတာပဲ။ သူတို့ ကျင့်ကြံတာ ဘယ်နှစ်နှစ်ရှိသေးလို့လဲ....... သူတို့ရဲ့ ကျင့်စဉ်တွေက ငါတို့လို လူအိုကြီးတွေကိုတောင် အမီလိုက်နေပြီ"

ဤသို့ တွေးမိသည်နှင့် တောင်ထိပ်ခေါင်းဆောင်များသည် ဂျိချန်းဖန်ကိုပါ ပြန်လည် မြင်ယောင်မိကြသည်။ သူသည် ဂိုဏ်းထဲဝင်လာသည်မှာ ၆ နှစ်ပင် မပြည့်သေးသော်လည်း သူ၏ကျင့်စဉ်မှာ ကမ္ဘာမြေကို တုန်လှုပ်စေနိုင်သည့်အဆင့် ရှိနေပြီး နတ်ဆိုးဂိုဏ်းမှ ဂိုဏ်းချုပ်အဆင့်ရှိသူကိုပင် တစ်ဦးတည်း သတ်ဖြတ်နိုင်ခဲ့သည်။ သူသည် တောင်ထိပ်ခေါင်းဆောင်ဖြစ်သော သူတို့ကိုပင် အနည်းငယ်မျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။

ရှီဟောင်၏ အမူအရာမှာမူ ထူးထူးခြားခြား ပြောင်းလဲခြင်း မရှိပေ။ လုရွှယ်ချီ ရှန်ကျင်းနယ်ပယ်သို့ ရောက်သွားသည့် သတင်းကို ကြားသောအခါ သူသည် ခဏမျှသာ အံ့အားသင့်သွားပြီး မနာလိုစိတ် မရှိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ရှန်ကျင်းနယ်ပယ်သို့ တက်လှမ်းရန် နီးစပ်နေပြီ ဖြစ်သောကြောင့်ပင်။

နတ်ဘုရားနယ်မြေ၏ ပထမအတွဲ အကူအညီဖြင့် သူသည် စောစောစီးစီး ရှန်ကျင်းသို့ ရောက်နိုင်သော်လည်း မကြာသေးမီက လုံရှိုတောင်ထိပ်၏ ကိစ္စရပ်များကို လွှဲပြောင်းယူနေရသဖြင့် ကျင့်ကြံချိန် နည်းပါးသွားခဲ့သည်။ ထိုသို့သာ မဟုတ်လျှင် သူသည်လည်း ယခုအချိန်တွင် ရှန်ကျင်း ကျွမ်းကျင်သူတစ်ဦး ဖြစ်နေလောက်ပြီဖြစ်၏။

"တကယ်ပါပဲ... နောက်လှိုင်းက ရှေ့လှိုင်းကို တွန်းထုတ်နေတာပဲ......." တောက်ရွှမ်းည် ခေါင်းခါရင်း စဉ်းစားဟန်ဖြင့် ပြောလိုက်သည် ..... "ငါတို့ လူအိုကြီးတွေကတော့ ဒီလူငယ်လေးတွေအတွက် နေရာဖယ်ပေးရတော့မယ် ထင်တယ်။ ဒီဂိုဏ်းချုပ်ရာထူးကလည်း ငါ့ဆီမှာ သိပ်ကြာကြာ ရှိနေမှာ မဟုတ်တော့ဘူး..."

ထိုသို့ပြောပြီးနောက် သူ၏မျက်နှာတွင် ကျေနပ်သည့် အမူအရာ ပေါ်လာသည်။ သူသည် ဂိုဏ်းချုပ်အဖြစ် တာဝန်ယူခဲ့သည်မှာ ကြာပြီဖြစ်၍ အနားယူလိုနေပြီ ဖြစ်သည်။ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် ဂျိချန်းဖန်ကို ရာထူးလွှဲပေးနိုင်မည်ဟု သူ တွေးနေမိသည်။

ဤစကားကို ကြားသောအခါ တောင်ထိပ်ခေါင်းဆောင်များသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသော်လည်း မည်သူမျှ ပြန်မပြောကြပေ။ တောက်ရွှမ်း က နောက်ပြောင်နေခြင်းလား သို့မဟုတ် အတွင်းအဓိပ္ပာယ် ပါနေခြင်းလားဆိုသည်ကို သူတို့ မဝေခွဲနိုင်သောကြောင့် ဖြစ်သည်။

"ညီမလေးနဲ့ တူမလေး ကျင့်ပင်အာ... ငါတို့ ရှောင်ကျူးတောင်ထိပ်ကို သွားပြီး ထိုင်ကြရအောင်" ဂရန်းမာစတာရွှယ်ယွဲ့က ညင်သာစွာ ပြောလိုက်သည်။ ရွှမ်ချာဂိုဏ်း တည်ထောင်ရေးနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးပြီးစီးသွားပြီ ဖြစ်သဖြင့် လျိုကျင်းခန်းမတွင် ဆက်နေရန် မလိုတော့ပေ။

စူးရူသည် ခေါင်းငြိမ့်ပြပြီး ကျင့်ပင်အာကို ခေါ်ကာ ဂရန်းမာစတာရွှယ်ယွဲ့နှင့်အတူ ထွက်ခွာသွားတော့သည်။

...

ရှောင်ကျူးတောင်ထိပ်၊ လကြည့်မျှော်စင်။

နေရောင်ခြည်အောက်တွင် လူငယ်တစ်ဦးနှင့် မိန်းကလေးတစ်ဦးသည် ကမ်းပါးယံထက်၌ တစ်ဦးကိုတစ်ဦး ပွေ့ဖက်ထားကြသည်။ သူတို့၏ အဖြူရောင်ဝတ်ရုံများမှာ ရောယှက်နေပြီး မျက်လုံးများသည် အဝေးတစ်နေရာသို့ ငေးကြည့်နေကြသည်။

အေးစက်တည်ငြိမ်လှသော တာအိုသခင်မလေးသည် အဖြူရောင်ဝတ်လူငယ်လေး၏ ရင်ခွင်တွင် မှီနွဲ့နေပြီး သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေသည်။ သူမ၏ ကြည်လင်သော နားသယ်စပ်လေးများမှာ ပန်းရောင်သန်းနေကာ ကြည့်ရသူကို အသည်းယားစေလှသည်...။

"စီနီယာအစ်ကို ဂျိ......."

"ရှင် ဘာလုပ်နေတာလဲ.............."

လုရွှယ်ချီသည် ဂျိချန်းဖန်ကို အနည်းငယ် စိတ်ဆိုးသလို မော့ကြည့်လိုက်သည်။ သူမ၏ ကြည်လင်သော မျက်လုံးများတွင် ရှက်ရွံ့မှုနှင့်အတူ ချစ်စဖွယ် ငြင်းဆန်လိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။ မိန်းကလေးသည် သူမ၏ ခါးဆီသို့ ရောက်နေသော လက်ကို ပုတ်ထုတ်လိုက်ပြီးနောက် ပါးလေးနှစ်ဖက် ဖောင်းကာ ဂျိချန်းဖန်ကို စိုက်ကြည့်လိုက်သည်။

သူမသည် ဂျိချန်းဖန်နှင့် အနည်းငယ် ဝေးရာသို့ ရွှေ့ထိုင်ရန် ကြိုးစားသော်လည်း သူ၏ ဖိညှပ်ထားခြင်းကို ခံလိုက်ရသည်။

"ဟဲဟဲ"

ဂျိချန်းဖန်သည် အရှက်မရှိဘဲ လုရွှယ်ချီကို ကပ်တွယ်ထားကာ သူမ၏ ခါးလေးကို ညင်သာစွာ ပွေ့ဖက်လိုက်ပြီး နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် .....

"ရွှယ်ချီ... ငါက ငါတို့ရဲ့ အနာဂတ်ကလေးတွေအတွက် ရိက္ခာတိုက်ကို တိုင်းတာကြည့်ရုံတင်ပါ၊ တခြား ဘာမှမဟုတ်ပါဘူး"

သူတို့ ခွဲခွာနေခဲ့သည်မှာ တစ်နှစ်ခွဲသာ ရှိသေးသော်လည်း လုရွှယ်ချီ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေး ဖွံ့ဖြိုးလာခဲ့သည်။ အစပိုင်းတွင် သူမသည် အနည်းငယ် စိမ်းနေသေးသော်လည်း ယခုမူ ပို၍ ဆွဲဆောင်မှု ရှိလာကာ ကိုယ်လက်လှုပ်ရှားမှုတိုင်းတွင် ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အေးစက်စက် အလှတရားများ ကိန်းအောင်းနေသည်။

"ရိ.....ရိက္ခာတိုက်......."

ထိုစကားကို ကြားသောအခါ လုရွှယ်ချီ ခဏမျှ ကြောင်သွားသည်။ ထို့နောက် သူမ၏ မျက်နှာသည် ချက်ချင်း နီမြန်းသွားကာ မျက်လုံးများတွင် ဒေါသအရိပ်အယောင် အနည်းငယ်နှင့်အတူ ဂျိချန်းဖန်ကို စိုက်ကြည့်ရင်း ..... "မရဘူး..."

သူမ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ရင်ခုန်သံမြန်စေသည့် အနမ်းပြင်းပြင်းတစ်ခုက သူမကို တိုက်ရိုက် လွှမ်းမိုးသွားတော့သည်။

"အွန်း"

အေးစက်တည်ငြိမ်လှသော တာအိုသခင်မလေး၏ ကိုယ်လုံးလေးမှာ တုန်ယင်သွားသည်။ သူမသည် အလိုလို ပျော့ခွေသွားပြီး ဂျိချန်းဖန်ကို ပြန်လည် ပွေ့ဖက်ထားကာ သူနှစ်သက်သလို လုပ်ခွင့်ပြုလိုက်တော့သည်...။

"စီနီယာအစ်မ လု......."

ထိုအချိန်မှာပင် တိုးညင်းသော အသံလေးတစ်ခု ထွက်ပေါ်လာသည်။ ပွေ့ဖက်နမ်းရှုံ့နေကြသော နှစ်ဦးစလုံး အနည်းငယ် တောင့်တင်းသွားကြသည်။ လုရွှယ်ချီသည် အလွန်ပင် ရှက်ရွံ့သွားကာ ဂျိချန်းဖန်ကို အမြန်တွန်းထုတ်လိုက်ပြီး တစ်ချက်စိုက်ကြည့်ကာ အဝတ်အစားများကို ပြန်လည် ပြင်ဆင်လိုက်သည်။

မျှော်စင်အပြင်ဘက်သို့ ကြည့်လိုက်ရာ မိန်းကလေးတစ်ဦးသည် လုရွှယ်ချီကို ရှာနေသကဲ့သို့ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေသည်ကို မြင်လိုက်ရ၏။

"ရှောင်ရှီ....... မင်း ဘာလို့ ဒီကို ရောက်နေတာလဲ......."

လုရွှယ်ချီသည် လကြည့်မျှော်စင် ဘေးဘက်မှ ထွက်လာသည်။

"စီနီယာအစ်မ လု......."

ရှောင်ရှီ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။ သူမသည် လုရွှယ်ချီရှိရာသို့ ခုန်ပေါက်ပြေးလာပြီး သူမ၏လက်ကို ဆွဲကာ .....

"စီနီယာအစ်မ....... ဆရာမ ပြန်ရောက်နေပြီ၊ ဒေါ်လေး စူးရူလည်း ပါလာတယ်"

"ပြီးတော့ ကျင့်ပင်အာ ဆိုတဲ့ အစ်မကြီးတစ်ယောက်လည်း ကျွန်မတို့ ရှောင်ကျူးတောင်ထိပ်ကို ဧည့်သည်အဖြစ် ရောက်နေတယ်။ ဆရာမက အစ်မကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်လို့..."

အခန်း ၁၅၂ မိန်းကလေးနှစ်ဦး ထိပ်တိုက်တွေ့ခြင်း

ထိုစကားကို ကြားလိုက်ရသဖြင့် လုရွှယ်ချီ အနည်းငယ် တုန်လှုပ်သွားသည်။

ကျင့်ပင်အာက ရှောင်ကျူးတောင်ထိပ်ကို ရောက်နေတယ် ဟုတ်လား.....

ဤသတင်းကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ အလွန်အမင်း အေးစက်လှသော အရှိန်အဝါများ ပျံ့နှံ့သွားတော့သည်။ အေးစက်လှသော မိန်းကလေးသည် လကြည့်မျှော်စင်၏ ထောင့်တစ်နေရာသို့ တည်ငြိမ်စွာ ပြန်လည်ကြည့်ရှုလိုက်သည်။

သူမ၏ မျက်လုံးများတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ပြည့်နှက်နေပြီး နဂိုက ချိုမြိန်နေခဲ့သော နှလုံးသားမှာလည်း တစ်ဖန် ပြန်လည်အေးစက်သွားပြန်သည်။

သို့သော်ငြားလည်း သူမသည် နောက်ဆုံးအထိ ဘာမှမပြောခဲ့ပေ။

သူမသည် ရှောင်ရှီ၏ ခေါင်းကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး တိုးညင်းစွာ ပြောလိုက်၏။ "ရှောင်ရှီ... ဒါဆို သွားကြရအောင်....."

ထိုသို့ပြောပြီးနောက် လုရွှယ်ချီသည် ရှောင်ရှီ၏လက်ကို ဆွဲကာ သူမ၏ အမှောင်ဆီးနှင်းဓားကို ကိုင်ဆောင်လျက် ကျင့်ကျူးဆောင် ဆီသို့ တည်ငြိမ်စွာ လျှောက်လှမ်းသွားတော့သည်။

ဟုတ်ပါသည်။ သင်ဖတ်လိုက်သည်မှာ မမှားပါ။

သူမသည် အမှောင်ဆီးနှင်းဓားကို ကိုင်ဆောင်သွားခြင်း ဖြစ်သည်။

...

လကြည့်မျှော်စင်။

ဂျိချန်းဖန်၏ မျက်နှာအမူအရာမှာ အနည်းငယ် တောင့်တင်းသွားသည်။ သူ၏ မျက်လုံးများမှာ ဝေဝါးနေပြီး နှလုံးသားမှာလည်း ရုတ်တရက် တုန်လှုပ်သွားတော့သည်။

ဘာ.....

ကျင့်ပင်အာက ရှောင်ကျူးတောင်ထိပ်ကို လာတယ်.....

သူမက ဘယ်လိုတောင် သတ္တိရှိရတာလဲ.....

လုရွှယ်ချီရဲ့ ခုတ်ပိုင်းတာကို ခံရမှာကို တကယ်ပဲ မကြောက်ဘူးလား.....

ထိုသို့ဖြစ်နိုင်ခြေမှာ နည်းပါးလှသော်လည်း... သူသည် "ရှူရာကွင်းပြင်" အခြေအနေကို ရင်ဆိုင်ရန် အဆင်သင့် မဖြစ်သေးပေ..... ဂျိချန်းဖန်၏ မျက်နှာမှာ အနည်းငယ် လေးနက်နေသည်။

ယခုအချိန်တွင် သူ၏ ဦးနှောက်မှာ အလျှင်အမြန် အလုပ်လုပ်နေပြီး မကြာမီ ပေါက်ကွဲတော့မည့် ဤပြဿနာကို မည်သို့ ဖြေရှင်းရမည်နည်းဟု စဉ်းစားနေမိသည်။

ခဏအကြာတွင်မူ...

သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်လိမ်သွားသည်။

ဖြေရှင်းနည်း ရှိသလား.....

မရှိပါ.....

လုံးဝ ဖြေရှင်းရန် မဖြစ်နိုင်သလောက်ပင်.....

အဘယ်ကြောင့်ဆိုသော် ဤပြဿနာမှာ ရုတ်တရက်ကြီး ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။ သူ့ကို ပြင်ဆင်ရန် အခွင့်အရေး တစ်စက်ကလေးမျှ မပေးခဲ့ပေ။ သူသည် လုရွှယ်ချီကို အမှန်အတိုင်း ဝန်ခံပြီးကာစ၊ ချော့မော့လို့ မနည်းအဆင်ပြေရုံရှိသေးချိန်တွင် ကျင့်ပင်အာက ရှောင်ကျူးတောင်ထိပ်သို့ တန်းတန်းမတ်မတ် လာရောက်ကာ ထိပ်တိုက်ရင်ဆိုင်တော့မည်လား..........

ရှူး.....

ဂျိချန်းဖန်သည် အမှတ်မထင် သူ၏ ရင်ဘတ်ကို ထိကြည့်လိုက်သည်။

သွားပြီ၊ သွားပြီ.....

ငါတော့ နိမိတ်မကောင်းတော့ဘူး ထင်တယ်..........

"ကံကောင်းတာက ဂရန်းမာစတာ စူးရူ ပါလာတာပဲ။ သူမက လုရွှယ်ချီနဲ့ ကျင့်ပင်အာကို စောင့်ကြည့်ပေးပြီး တကယ်တမ်း မတိုက်မိအောင် တားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ..."

ဂျိချန်းဖန် အနည်းငယ် ကူရာကယ်ရာမဲ့နေမိသည်။ တကယ်တော့ သူသည် မျှော်လင့်ချက်အားလုံးကို စူးရူအပေါ်၌ပဲ ပုံမချထားနိုင်ပေ။ သူကိုယ်တိုင်လည်း တစ်ခုခုတော့ လုပ်ရပေမည်။

ထိုသို့တွေးပြီး ဂျိချန်းဖန်၏ ကိုယ်လုံးသည် လျှပ်ခနဲ ပျောက်ကွယ်သွားသည်။

သူသည် လကြည့်မျှော်စင်မှ ချက်ချင်းထွက်ခွာကာ ရှောင်ကျူးတောင်ထိပ်၏ တောင်တံခါးဝသို့ ရောက်ရှိသွားပြီး လမ်းသွားလမ်းလာ စီနီယာအစ်မတစ်ဦးကို အကြောင်းကြားပေးရန် အကူအညီတောင်းလိုက်သည်။ သူကိုယ်တိုင် ကျင့်ကျူးဆောင်သို့ သွားရောက်ကာ ထိုရန်ပွဲကို ဖြန်ဖြေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

အခြားနည်းလမ်း မရှိပေ။ သူ၏ ကျင့်စဉ်အဆင့်အတန်းဖြင့် လကြည့်မျှော်စင်ထဲသို့ တိတ်တဆိတ် ခိုးဝင်နိုင်သော်လည်း ရှောင်ကျူးတောင်ထိပ်၏ ပင်မခန်းမဖြစ်သော ကျင့်ကျူးဆောင်သို့မူ ပေါ့ပေါ့ဆဆ မချဉ်းကပ်ရဲပေ...။

အဘယ်ကြောင့်ဆိုသော် ဂရန်းမာစတာရွှယ်ယွဲ့ မှာ လူကြီးသူမတစ်ဦး ဖြစ်သောကြောင့်ပင်။ သူသည် သူမအပေါ်တွင်လည်း အတော်လေး လေးစားကြောက်ရွံ့မှု ရှိသည်။

"ဂျူနီယာမောင်လေး ဂျိ... ခဏစောင့်ပါဦး၊ ငါ အခုပဲ ဆရာမဆီ သွားပြီး သတင်းပို့ပေးပါ့မယ်"

တောင်စောင့်တာဝန်ကျနေသော တပည့်မလေးသည် ဂျိချန်းဖန်ကို အနည်းငယ် သနားသကဲ့သို့ ကြည့်လိုက်သည်။ သူမ၏ အကြည့်မှာ ..... 'ရှင်တော့ သွားပြီ.....' ဟု ပြောနေသကဲ့သို့ပင်။

အကြောင်းမှာ ကျင့်ပင်အာနှင့် အခြားသူများမှာ အခုလေးတင် ဝင်သွားကြခြင်းကြောင့် ဖြစ်သည်။ မကြာမီ လုရွှယ်ချီလည်း ကျင့်ကျူးဆောင်သို့ ရောက်လာလိမ့်မည်ဟု ခန့်မှန်းရသည်။

ဂျိချန်းဖန်သည် တောင်တံခါးအပြင်ဘက်တွင် တည်ငြိမ်စွာ ရပ်နေသည်။ အပြင်ပန်းတွင် တည်ငြိမ်နေပုံရသော်လည်း အမှန်တကယ်တွင်မူ... သူ၏ စိတ်အစဉ်မှာ ရှုပ်ထွေးနေပြီ ဖြစ်သည်။

သူသည် နတ်ဘုရားနယ်မြေတစ်ခုလုံးတွင် ကျော်ကြားလှသော ဟုန်လူ ဓားနတ်ဘုရားဖြစ်စေ၊ ကျင်းယွမ်ကလန်၏ အနာဂတ် ဂိုဏ်းချုပ်ဖြစ်စေ၊ ဘာဖြစ်ပါစေဦးတော့... ဤကဲ့သို့သော အခြေအနေမျိုးကို ရင်ဆိုင်ရချိန်တွင် သူသည်လည်း ဘာမှမတတ်နိုင်ပေ.....

သူ မျှော်လင့်နိုင်သည်မှာ ကျင့်ပင်အာက အလွန်အမင်း မာနမကြီးဖို့သာ ဖြစ်သည်။

မဟုတ်လျှင်မူ...

သူသည် မိသားစု စည်းကမ်းအတိုင်း ဆုံးမရန်သာ ရှိတော့သည်။

"ဟူး....."

ဂျိချန်းဖန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

...

ကျင့်ကျူးဆောင်။

ပတ်ဝန်းကျင် လေထုမှာ ခဏတာ တိတ်ဆိတ်နေသည်။ ရှောင်ကျူးတောင်ထိပ် တပည့်တစ်စုမှာ ခန်းမထဲတွင် ထိုင်နေကြပြီး တစ်ဦးကိုတစ်ဦး ကြည့်ကာ စကားတစ်ခွန်းမှ မပြောကြပေ။ အဘယ်ကြောင့်ဆိုသော် ဘာဖြစ်တော့မည်ကို အားလုံးက သိနေကြသောကြောင့် ဖြစ်သည်...။

အရေးအကြီးဆုံးဖြစ်သော 'ဇနီးကြီး' သာလျှင် ပေါ်မလာသေးခြင်း ဖြစ်သည်။

ကျင့်ပင်အာသည် စူးရူနှင့်အတူ တစ်ဖက်တွင် ထိုင်နေသည်။ ဂရန်းမာစတာ ရွှယ်ယွဲ့ ကမူ အဓိကထိုင်ခုံတွင် ထိုင်နေ၏။ သူမသည် မျက်လုံးများကို အနည်းငယ် မှိတ်ထားကာ သူမ၏ အပြစ်ပြောစရာမရှိလှသော လှပသည့် မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ပေ။ သို့သော် သူမ၏ စိတ်ထဲတွင်မူ အတင်းအဖျင်း သတင်းများကို စပ်စုလိုစိတ်များ တိတ်တဆိတ် ပေါ်ပေါက်နေသည်။

သူမ၏ အမြင်အရ ကျင့်ပင်အာကသာ လုရွှယ်ချီကို ထိပ်တိုက်ရင်ဆိုင်ရန် ဇွတ်တရိုး လုပ်မည်ဆိုပါက... ရလဒ်မှာ သံသယဖြစ်ဖွယ်မရှိဘဲ ကျင့်ပင်အာသည် အနိုင်ရရန် လုံးဝ အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

ထိုသို့ဆိုလျှင် မည်သူက သူမကို သတ္တိပေးလိုက်သနည်း..... ရှောင်ကျူးတောင်ထိပ်သို့ ကိုယ်တိုင်ကိုယ်ကျ လာရဲအောင် မည်သူက မြှောက်ပင့်ပေးလိုက်သနည်း.....ဂရန်းမာစတာ ရွှယ်ယွဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်။

သို့သော် ဤကဲ့သို့သော ကိစ္စမျိုးကို တိုက်ရိုက်မေး၍ မရနိုင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ...

ထိုနေရာမှာတင် အေးအေးဆေးဆေး စောင့်ကြည့်ဖို့ပင် ဖြစ်သည်.....

ကျင့်ပင်အာတွင် အမှန်တကယ် မည်သည့်အရာကို အားကိုးအားထားပြုထားသနည်း ဆိုသည်ကို သူမ မြင်ချင်နေသည်။ ဤသို့တွေးပြီးနောက် အပြင်ပန်းတွင် အေးစက်နေသော်လည်း အတွင်းစိတ်တွင် စပ်စုလိုစိတ်များ တောက်လောင်နေသော ဤ တာအိုသခင်မသည် သူမ၏ တပည့် ရောက်လာမည့်အချိန်ကို စောင့်မျှော်နေတော့သည်။

ရှူရာကွင်းပြင် ပေါက်ကွဲမည့်အချိန်ကို သူမ မျှော်လင့်နေသည်။

ဒေါက်.....

ထိုအချိန်မှာပင် ကျင့်ကျူးဆောင် အပြင်ဘက်မှ ခြေသံများ ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ တပည့်များမှာ အသက်ကို အောင့်ထားကြပြီး ခန်းမအဝင်ဝကို စူးစိုက်ကြည့်နေကြသည်။ 'ဇနီးမကြီး' ပေါ်လာပြီလား ဆိုသည်ကို သူတို့ မြင်ချင်နေကြသည်။

သို့သော် ကံမကောင်းစွာပင်... ပေါ်လာသူမှာ သူမ မဟုတ်ချေ။

တောင်စောင့်တာဝန်ကျသော တပည့်မလေးသာ ဖြစ်သည်။ သူမသည် ကျင့်ကျူးဆောင်အတွင်းသို့ ဝင်လာသည်နှင့် ဂရန်းမာစတာရွှယ်ယွဲ့ ကို ရိုသေစွာ ဂါရဝပြုပြီး ပြောလိုက်၏ .....

"ဆရာမကို ဂါရဝပြုပါတယ်....."

"အင်း..." အေးစက်တည်ငြိမ်သော တာအိုသခင်မလေးသည် အနည်းငယ် ခေါင်းငြိမ့်ပြသည်။ သူမသည် ရှေ့မှ တပည့်ကို တည်ငြိမ်စွာ ကြည့်ပြီး မေးလိုက်၏ .....

"ဘာကိစ္စရှိလို့လဲ....."

ထိုစကားကို ကြားသော် တပည့်မလေးသည် ဘေးနားရှိ စူးရူနှင့် ကျင့်ပင်အာတို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် တိုးညင်းစွာ ပြောလိုက်သည် .....

"ဆရာမ... တိုက်ကျူးတောင်ထိပ် က ဂျူနီယာ‌ေမာင်လေး ဂျိ (ဂျိချန်းဖန်) က အခု တောင်တံခါးအပြင်မှာ စောင့်နေပါတယ်။ သူက ဆရာမနဲ့ တွေ့ချင်တဲ့ အရေးကြီးကိစ္စရှိတယ်လို့ ပြောပါတယ်..."

ဤစကား ထွက်လာသည်နှင့် ရှိနေသူအားလုံး၏ အမူအရာမှာ ထူးဆန်းသွားတော့သည်။ စူးရူ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားကာ တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း...

အေးစက်တည်ငြိမ်လှသော တာအိုသခင်မကမူ သူမ၏ မျက်ခုံးများကို ပင့်လိုက်ပြီး သူမ၏ ညီမဖြစ်သူ စူးရူ၏ အမူအရာကို ဂရုမစိုက်ဘဲ တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် .....

"ရှောင်ကျူးတောင်ထိပ်ဟာ အမျိုးသားတပည့်တွေအတွက် တားမြစ်နယ်မြေ ဖြစ်တယ်....."

"ဂျိချန်းဖန်က တိုက်ကျူးတောင်ထိပ်မှာ မနေဘဲ ငါ့ရဲ့ ရှောင်ကျူးတောင်ထိပ်ကို ဘာကိစ္စ ပြေးလာတာလဲ..... ငါ သူ့ကို မတွေ့နိုင်ဘူး..... သူ့ကို လာရာလမ်းအတိုင်း ပြန်သွားခိုင်းလိုက်....."

ထိုသို့ပြောပြီးနောက် ရွှယ်ယွဲ့ ဂရန်းမာစတာသည် သူမ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ကာ မျက်လုံးများကို ပြန်မှိတ်ထားလိုက်တော့သည်။

နောက်နေတာလား.....

အကယ်၍ သူမက ဂျိချန်းဖန်ကို အထဲပေးဝင်လိုက်လျှင်... သူမ မည်သို့ အေးအေးဆေးဆေး စောင့်ကြည့် နိုင်တော့မည်နည်း..........

စူးရူ၏ နှုတ်ခမ်းများမှာ အနည်းငယ် လှုပ်ရှားသွားသော်လည်း နောက်ဆုံးတွင် ဘာမှမပြောတော့ဘဲ စိတ်ထဲမှသာ သက်ပြင်းအသာချလိုက်မိသည်။

'ဟူး..... ဂိုဏ်းချုပ်လောင်း ဂျိချန်းဖန်ရေ.....

'စီနီယာအဒေါ်ကတော့ မင်းအတွက် အကောင်းဆုံး ကာကွယ်ပေးဖို့ ကြိုးစားပါ့မယ်.....'

စူးရူ အနည်းငယ် ကူရာကယ်ရာမဲ့နေမိသော်လည်း တစ်ဖက်တွင်မူ သူမသည်လည်း နောက်ထပ် ဘာဖြစ်လာမည်ကို အနည်းငယ် စိတ်လှုပ်ရှားစွာ မျှော်လင့်နေမိသည်။

အမှန်ပင်... အတင်းအဖျင်း သတင်းများကို စိတ်ဝင်စားခြင်းမှာ အမျိုးသမီးတို့၏ သဘာဝပင် ဖြစ်ပေသည်။

...

ယခုအချိန်တွင် ဂျိချန်းဖန်သည် ရှောင်ကျူးတောင်ထိပ်၏ တောင်တံခါးပြင်ပ၌ စိုးရိမ်တကြီး စောင့်ဆိုင်းနေသည်။ သူသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်မှာမူ ထိတ်လန့်နေပြီ ဖြစ်သည်။

နောက်ဆုံးတွင်... ကြာမြင့်စွာ စောင့်ဆိုင်းပြီးနောက် သတင်းပို့သွားသော စီနီယာအစ်မ ပြန်ရောက်လာသည်။

ဂျိချန်းဖန်၏ မျက်နှာမှာ ဝင်းပသွားကာ ရှေ့သို့ တိုး၍ မေးမြန်းရန် ပြင်လိုက်စဉ် တစ်ဖက်လူ၏ စိတ်မကောင်းဖြစ်နေသော မျက်နှာကို မြင်လိုက်ရသည်။

"ဟူး... ဂျူနီယာမောင်လေး ဂျိ၊ ဆရာမက မင်းကို တွေ့ချင်ပုံမရဘူး။ သူမက မင်းကို လာရာလမ်းအတိုင်း ပြန်သွားခိုင်းလိုက်တယ်"

စီနီယာအစ်မက စိတ်မကောင်းစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသော် ဂျိချန်းဖန်၏ နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားတော့သည်။

ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ.....

ဒါဆိုလည်း ဒီလိုပဲ ကစားချင်တာပေါ့ ဟုတ်လား.....

စီနီယာအစ်မ ရွှယ်ယွဲ့ရေ...

ဒါဆိုရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့တော့..... နောင်ကျရင် တွေ့ကြသေးတာပေါ့.....

ဂျိချန်းဖန်၏ အမူအရာမှာ အမျိုးမျိုး ပြောင်းလဲနေသည်။ နောက်ဆုံးတွင်မူ သူသည် ရှောင်ကျူးတောင်ထိပ်မှ ထွက်ခွာရန်သာ ရွေးချယ်လိုက်ရတော့သည်။ ယခုအချိန်တွင် သူသည် ဂရန်းမာစတာ စူးရူကိုသာ မျှော်လင့်ချက် ထားရတော့မည်။ စီနီယာအဒေါ်က အစွမ်းပြနိုင်ပါစေဟုသာ ဆုတောင်းရတော့မည်.....

ထို့အပြင် ကျင့်ပင်အာ၏ စရိုက်အရ သူမသည် လုရွှယ်ချီကို သွားရောက် ထိပ်တိုက်ရင်ဆိုင်ရလောက်အောင်ထိ မိုက်မဲမည် မဟုတ်ပါဘူးနော်.....

ဟုတ်တယ်မလား..... ဟုတ်တယ်မလား.....

All Chapters