အခန်း (၁၆၇-၁၆၈)
Vol. 17 Ch. 167-168
အခန်း ၁၆၇ - ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို ပခုံးပေါ်တွင် ထမ်းတင်ထားခြင်း.......
“ကျွန်မကို... ကျင့်ကြံဖို့ ကူညီပေးစေချင်လို့ပါ။”
ထိုစကားကို ကြားလိုက်ရချိန်တွင် ဂျိချန်းဖန်သည် သူ့ကိုယ်သူ ဆက်လက် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ပေ။
သူသည် သူ၏ရင်ခွင်ထဲမှ မိန်းကလေးငယ်ကို မဆိုင်းမတွပင် ပွေ့ချီလိုက်ပြီးနောက် ခန်းမဆောင်ကြီးအတွင်းမှ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
သူ ပြန်လည်ပေါ်ထွက်လာချိန်တွင် ကျင့်ပင်အာကို ပွေ့ချီလျက် ခန်းမဆောင်ကြီး၏ အပေါ်ဆုံးထပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤနေရာမှာ တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခုဖြစ်ပြီး အသုံးအဆောင် အပြည့်အစုံ ရှိနေသည့်အပြင် ကျင့်ပင်အာ၏ ယခင်က ရှောင်ရှန်းဆောင် ရှိ အိပ်ခန်းနှင့် ပုံစံတူပင် ဖြစ်သည်။
အခန်း၏ အလယ်ဗဟိုတွင် ကြီးမားနူးညံ့သော ကုတင်ကြီးတစ်လုံး ရှိနေသည်။
ပန်းရောင် ကုတင်လိုက်ကာများမှာ အသာအယာ တွဲလောင်းကျနေပြီး အတွင်းဘက် မြင်ကွင်းကို အနည်းငယ် ဖုံးကွယ်ထားသော်လည်း အလှတရားအချို့ကိုမူ မှိန်ပျပျ မြင်တွေ့နေရသည်။
“ဘုန်း—”
ကျင့်ပင်အာသည် ကုတင်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ နှလုံးသားမှာ ဒိန်းဒိန်းတုန်နေပြီး ဖြစ်ပျက်တော့မည့် ကိစ္စများအတွက် စိုးရိမ်ပူပန်ခြင်း မရှိဘဲ မနေနိုင်ပေ။
သူမသည် ဂျိချန်းဖန်နှင့် အတူရှိနေခဲ့သည်မှာ ကြာပြီဖြစ်သလို အရာများစွာကိုလည်း အတူတူ ပြုလုပ်ခဲ့ဖူးသော်လည်း... ယနေ့သည် ထူးခြားနေသည်။
မိန်းကလေးများသည် သူတို့၏ ပထမဆုံးအကြိမ်ကို အလွန်ပင် တန်ဖိုးထားတတ်ကြပြီး သူမသည်လည်း ထိုနည်းတူပင် ဖြစ်သည်။
သို့သော်... မင်္ဂလာပွဲ မကျင်းပနိုင်ခြင်းက သူမအတွက် အနည်းငယ် နှမြောစရာ ဖြစ်နေမိသည်။ ဤသို့တွေးမိသည်နှင့် ကျင့်ပင်အာ၏ လှပသော မျက်နှာလေးတွင် ဝမ်းနည်းရိပ်အချို့ ပေါ်လာသည်။
ဟုတ်ပေသည်၊ သူမသည် ခမ်းနားသော မင်္ဂလာပွဲတစ်ခုကို တောင့်တသော်လည်း ၎င်းမှာ တောင့်တမှုသက်သက်သာ ဖြစ်သည်။
အချို့သောအရာများကို အလွန်အကျွံ မမျှော်လင့်သင့်ပေ။ ဘဝတစ်ခုလုံး အတူတူ ဖြတ်သန်းနိုင်သည်ကပင် အလွန်ကောင်းမွန်လှပြီ မဟုတ်လေလော.........
ကျင့်ပင်အာသည် လက်ကိုမြှောက်ကာ ရှေ့မှလူငယ်လေးကို ဖက်လိုက်သည်။ သူမသည် မျက်လုံးလေးများကို အသာအယာ မှိတ်ထားလိုက်ရာ ရှည်လျားသော မျက်တောင်လေးများမှာ တုန်ယင်နေပြီး အပြစ်ပြောစရာမရှိသော မျက်နှာလေးမှာ လုံးဝ နီမြန်းနေ၏။
သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာလည်း တုန်ယင်နေပြီး နှလုံးသားထဲတွင် မျှော်လင့်ချက်နှင့် ကြောက်ရွံ့မှုတို့ ရောယှက်နေသည်။
“ကျင့်ပင်အာ” နူးညံ့သော အသံတစ်ခု သူမ၏ နားစည်သို့ ရောက်လာသည်။
“အင်း” ကျင့်ပင်အာသည် သူမ၏ နှာခေါင်းလေးမှ တိုးတိုးလေး အသံပြုလိုက်သည်။ သူမ မျက်လုံးမဖွင့်သော်လည်း သူ ဘာလုပ်နေသည်ကို ခံစားသိရှိနေရသည်။
သန်မာသော လက်ကြီး၏ ထိတွေ့မှုက အလွန်ပင် ပြင်းထန်လှသည်။ မမြင်နိုင်သော နွေးထွေးမှုတစ်ခုမှာ ပျံ့နှံ့နေ၏။
“မင်းအတွက် မင်္ဂလာပွဲတစ်ခု ကျင်းပပေးရင်ရော ဘယ်လိုလဲ.......” ပြုံးရွှင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
“ဟင်.......” ကျင့်ပင်အာ ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ သူမသည် ရှေ့မှ လူငယ်လေးကို ဝမ်းသာအားရ ကြည့်ရင်း
“တကယ်လား.......” ဟု
မေးနေသည့်အလား မျက်လုံးလေးများကို ပုတ်ခတ်နေမိသည်။
ဂျိချန်းဖန်က အသာအယာ ပြုံးလိုက်သည်။
သူ၏ မျက်လုံးထဲတွင် လိုလားတောင့်တမှုများ ရှိနေသော်လည်း ၎င်းထက်ပိုသည်မှာ ကြင်နာမှုနှင့် နူးညံ့မှုတို့ ဖြစ်သည်။
“မင်း ဆန္ဒရှိရဲ့လား.......” ဂျိချန်းဖန်က တိုးတိုးလေး မေးလိုက်သည်။
၎င်းကို ကြားသော် ကျင့်ပင်အာ၏ နှုတ်ခမ်းလေးများမှာ အနည်းငယ် လှုပ်ခတ်သွားသည်။ သူမ မျက်လုံးများကို ပြန်မှိတ်လိုက်ရာ မျက်တောင်လေးများမှာ တုန်ယင်နေပြီး သူမ၏ အသံမှာ တိမ်ဝင်နေသော်လည်း အားပါလှသည် “ဆန္ဒရှိတာပေါ့....... သေချာပေါက် ဆန္ဒရှိတာပေါ့.......”
မင်္ဂလာပွဲ ကျင်းပခြင်းဖြင့် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်းကို နတ်ဘုရားနယ်မြေ တစ်ခုလုံးကို လူသိရှင်ကြား ကြေညာနိုင်မည် ဖြစ်သည်။
ကျင်းယွမ်ကလန်အတွင်းသာ မဟုတ်ဘဲ တစ်လောကလုံး သိသွားပေလိမ့်မည်။
ယခုအချိန်တွင် လောကသားများ သိသည်မှာ သူမသည် ဟုန်လူ ဓားနတ်ဘုရား နှင့် ပတ်သက်မှုရှိသည်ဟုသာ ဖြစ်သည်။
သို့သော် သူမ အလိုရှိသည်မှာ ဓားနတ်ဘုရား မဟုတ်ဘဲ ဂျိချန်းဖန် သာ ဖြစ်သည်...။
“ကောင်းပြီ။ ဒါဆိုရင် အနာဂတ်မှာ မင်းအတွက် မင်္ဂလာပွဲတစ်ခု ငါ ကျင်းပပေးပါ့မယ်။”
နူးညံ့သော အသံနှင့်အတူ ကျင့်ပင်အာသည် သူမ၏ ဝတ်စုံ ကြိုးများ ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။
ကြိုးလေးကို အသာအယာ ဆွဲလိုက်ရုံဖြင့် ရင်စိဝတ်စုံလေးမှာ ပြေကျသွားတော့သည်...။ ဖြူဝင်းသော အသားအရေမှာ ပေါ်ထွက်လာပြီး ရွှေရောင်အတွင်းခံ အင်္ကျီလေးမှာ မြင်တွေ့လာရသည်။
ဝတ်စုံမှာ ပြေကျသွားပြီး အတွင်းခံပေါ်တွင် ရွှေရောင်ငှက်ကလေးတစ်ကောင်ကို ပန်းထိုးထားသည်ကို တွေ့ရသည်။ ကျော့ရှင်းသော ခန္ဓာကိုယ်အလှနှင့်အတူ သင်းပျံ့သော ရနံ့များမှာ လွင့်ပျံလာသည်။
“ဝှစ်—”
သူမ၏ ဆံနွယ်များမှာ ပခုံးပေါ်သို့ ဝဲကျလာသည်။ ကျင့်ပင်အာသည် မျက်လုံးများကို တင်းကျပ်စွာ မှိတ်ထားဆဲ ဖြစ်သည်။
သူမ လက်မတစ်ဆစ်မျှပင် မလှုပ်ဝံ့ပေ။ သူမ ခံစားရသည်မှာ သူမ၏ နှလုံးသားမှာ ဒိန်းဒိန်းတုန်နေပြီး လက်တစ်ဖက်၏ ပွတ်သပ်မှုက သူမကို တဖြည်းဖြည်း တည်ငြိမ်သွားစေသည်။
“ဝှစ်—”
ဝတ်စုံမှာ ကုတင်ပေါ်သို့ လုံးဝ ကျဆင်းသွားတော့သည်။ မိန်းကလေး၏ မျက်လုံးများမှာ တင်းကျပ်စွာ ပိတ်ထားဆဲဖြစ်ပြီး သူမ၏ ဆံနွယ်များမှာ ရေတံခွန်ကဲ့သို့ ပခုံးပေါ်မှ စီးကျနေ၏။
ရှက်သွေးဖြန်းနေသော မျက်နှာ၊ လှပသော ညှပ်ရိုးလေးများနှင့်အတူ အောက်ဘက်တွင်... ရွှေရောင်အတွင်းခံလေးက အရာအားလုံးကို ဖုံးကွယ်ထားဆဲ ဖြစ်သည်။
သူမ၏ သွယ်လျသော ခြေတံလေးများမှာ တင်းကျပ်စွာ စေ့ထားပြီး လှပသော ခြေဖမိုးလေးများမှာ ဖြူစင်သော ခြေအိတ်လေးများ ဝတ်ဆင်ထားကာ ဖြူဝင်းသော ခြေသလုံးအလှမှာ ပေါ်လွင်နေသည်။
ဂျိချန်းဖန်သည် သူမကို နူးညံ့စွာ ထိတွေ့လိုက်သည်။
သူသည် လက်တစ်ဖက်ဖြင့် သူမ၏ မေးစေ့လေးကို ကိုင်မြှောက်လိုက်ပြီး နီမြန်းနေသော နှုတ်ခမ်းလေးကို သိမ်းပိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင်...
“အွန်း.......”
မိန်းကလေးထံမှ ချိုသာသော အသံလေး ထွက်ပေါ်လာသည်။
ပခုံးပေါ်တွင် ထမ်းထားသောအရာမှာ တာဝန်ဖြစ်စရာ မလိုပေ၊ ဒူးထောက်ခြင်းမှာလည်း အသနားခံခြင်း ဖြစ်စရာ မလိုပေ၊ နောက်ကျောကို ဓားနှင့်ထိုးခြင်းမှာလည်း နာကျင်စရာ မလိုပေ။
သို့သော် ဂျိချန်းဖန် ခံစားရသည်မှာ ယခု သူ ထမ်းထားသည်မှာ တာဝန်တစ်ခု ဖြစ်သည်ဟူ၍ ဖြစ်သည်။ သူ၏ သန်မာသော ပခုံးများမှာ ယနေ့တွင် ရွှမ်ချာဂိုဏ်း ၏ အနာဂတ်ကို ထမ်းထားရခြင်း ဖြစ်သည်။
သူတစ်ဦးတည်းသာလျှင် ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို တိုးတက်စည်ပင်အောင် ပြုလုပ်နိုင်ပေလိမ့်မည်...။
သူမ၏ သွယ်လျသော ခြေတံလေးများမှာ ဖြည်းညှင်းစွာ မြင့်တက်လာပြီး နှင်းပွင့်ကဲ့သို့ ဖြူဝင်းသော အသားအရေမှာ သူ၏ မျက်စိရှေ့တွင် ပေါ်ထွန်းလာသည်။ ဂျိချန်းဖန်သည် ထပ်မံ၍ မဆိုင်းမတွတော့ပေ။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ မှာ ဖြည်းညှင်းစွာ စုစည်းလာသည်။ လောကတွင် ထိပ်တန်း နှစ်ကိုယ်တူကျင့်စဉ် ခန္ဓာကိုယ် အမျိုးအစား ဖြစ်သဖြင့် အာနိသင်မှာ ချက်ချင်းပင် ထင်ရှားလာသည်။
ဂျိချန်းဖန်သည် ကျင့်ကြံမှုအနည်းငယ် တိုးတက်လာခြင်းကို ဂရုမစိုက်သော်လည်း ဤခံစားချက်ကိုမူ သူ အလွန်နှစ်သက်သည်။ ဤကဲ့သို့သော အကျိုးကျေးဇူးကို မည်သူမှ ငြင်းပယ်နိုင်မည် မဟုတ်ပေ.......။
“ဝီ ဝီ ဝီ….”
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ပြင်းထန်စွာ တုန်ခါနေသည်။
ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့၏ ကျင့်ကြံမှုမှာ ယခုအချိန်တွင် အလွန်လျင်မြန်စွာ တိုးတက်လာနေပြီး သူတို့၏ စိတ်အာရုံမှာလည်း ကျင့်ကြံမှု မြင့်တက်လာခြင်း၏ ‘ပျော်ရွှင်မှု’ တွင် နစ်မြုပ်နေကြသည်။
ဤကဲ့သို့သော ပျော်ရွှင်မှုမျိုးမှာ အမှန်တကယ်ပင် မေ့နိုင်ဖွယ် မရှိပေ။
ကျင့်ပင်အာသည် သူမ ဘယ်သောအခါမှ မေ့လိမ့်မည်မဟုတ်ဟု ခံစားရသည်။
သူမ၏ ယခင်က တစ်ဦးတည်း ကျင့်ကြံမှုမှာ ယခု ကျင့်ကြံမှု တိုးတက်နှုန်းနှင့် မည်သို့မျှ နှိုင်းယှဉ်နိုင်ပါမည်မဟုတ်ပေ.......။
သူမ ခုနစ်နှစ်၊ ရှစ်နှစ်တိုင်တိုင် ကျင့်ကြံမှ ရရှိမည့် ကျင့်ကြံမှုမျိုးကို ယခု ရရှိနေခြင်း ဖြစ်သည်။
“ဝုန်း—”
ကျယ်ပြောလှသော အရှိန်အဝါတစ်ခုမှာ တုန်ခါသွားသည်။ မမြင်နိုင်သော ဖိအားတစ်ခုမှာ ဖြည်းညှင်းစွာ ပျံ့နှံ့သွား၏။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာ ရူးသွပ်စွာ စုစည်းလာကြသည်။
ရှန်ကျင်း နယ်ပယ်။
ကျင့်ပင်အာသည် ရှန်ကျင်း နယ်ပယ်သို့ ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။ လောက၏ ထိပ်တန်း ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုင်ရှင်ဖြစ်သည်နှင့် အညီ အာနိသင်မှာ အလွန်ပင် ကောင်းမွန်လှသည်။
ဂျိချန်းဖန် တွေးလိုက်မိသည်မှာ ဤအာနိသင်သည် မည်သည့် နတ်ဆေးလုံးထက်မဆို ပို၍ အသုံးဝင်လှသည် ဟူ၍ ဖြစ်သည်။ ၎င်းမှာ အမှန်တကယ်ပင် မေ့နိုင်ဖွယ် မရှိပေ။
ဖြစ်နိုင်သည်မှာ နောင်တွင် သူ တစ်ဦးတည်း ကျင့်ကြံရန်ပင် ခက်ခဲသွားနိုင်သည်.........။
အခန်း ၁၆၈ - ငါးကလေးလား....... မင်း အသနားမခံမိဖို့ပဲ မျှော်လင့်တယ်.......
တစ်ရက်ဆိုသည်မှာ မည်မျှကြာသနည်း.......
တစ်ညလား....... တစ်နေ့လား.......
မှားပေသည်။
တစ်နေ့နှင့် တစ်ညပင် ဖြစ်သည်။
တစ်ရက်ဟု ဆိုရာတွင် တစ်နေ့နှင့် တစ်ညကို ရည်ညွှန်းခြင်း ဖြစ်သည်။
သုံးရက် ကြာပြီးနောက်...
ရွှမ်ချာဂိုဏ်း။
မြောင်ယင်းတောင်ထိပ်၊ ရွှမ်ယင်းခန်းမ၏ အပေါ်ဆုံးထပ်။
တိတ်ဆိတ် ငြိမ်သက်နေသော အိပ်ခန်းတစ်ခု အတွင်း၌ ဖြစ်သည်။
ပန်းနုရောင် ခြင်ထောင်လိုက်ကာများဖြင့် ဖုံးကွယ်ထားသော ကြီးမားနူးညံ့သည့် ကုတင်ကြီးပေါ်တွင် တစ်ဦးနှင့်တစ်ဦး ရစ်ပတ်နှောင်တွယ်နေသော လူရိပ်နှစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရသည်။
လေထုထဲတွင် ဖော်ပြ၍မရနိုင်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေ၏။
၎င်းမှာ အချိန်အတော်ကြာအောင် ပျံ့လွင့်နေခဲ့သည်။
“ဟူး..”
ဂျိချန်းဖန်သည် အသာအယာ သက်ပြင်းချလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ကာ နူးညံ့သော ကုတင်ပေါ်တွင် အေးချမ်းစွာ လှဲလျောင်းနေလိုက်သည်။
သူ၏ စိတ်ထဲတွင် ဘာမှမရှိဘဲ လွတ်လပ်နေပြီး နှလုံးသားမှာလည်း တည်ငြိမ်နေ၏။
ဤအခိုက်အတန့်တွင် သူသည် ရေခဲနှလုံးသားကျင့်စဉ် ကို အသုံးမပြုဘဲနှင့်ပင် ကျူးရှန်းဓား ကို အသုံးပြုနိုင်မည်ဟု ခံစားနေရသည်... အင်း...။
မည်သို့ပင်ဆိုစေ၊ ဤသည်မှာ သုံးရက်တိုင်တိုင် ကြာမြင့်ခဲ့သည် ဖြစ်သည်........။
သူ မည်မျှပင်ပန်းနေသည်ကို မည်သူမှ မသိနိုင်ပေ......။
သုံးရက်ဆက်တိုက် နှစ်ကိုယ်တူကျင့်စဉ် ကို ကျင့်ကြံခဲ့ရခြင်း ဖြစ်သည်။
ဂျိချန်းဖန်သည် သူ၏ ကျင့်ကြံမှုမှာ သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိခဲ့ပြီး ရှန်ကျင်း စတုတ္ထအဆင့် သို့ အောင်မြင်စွာ ဖောက်ထွက်နိုင်ခဲ့ပြီ ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား...
သူသည် အကျိုးအမြတ် အများဆုံးရရှိသူ မဟုတ်ပေ။
အကျိုးအမြတ် အများဆုံး ရရှိသူမှာမူ လောကတွင် အကောင်းဆုံး နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံနိုင်သည့် ထူးခြားသော ခန္ဓာကိုယ်ပိုင်ရှင် ကျင့်ပင်အာ ပင် ဖြစ်သည်။
ဤသို့ နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံခြင်းက သူမ၏ ကျင့်ကြံမှုကို အဆမတန် မြင့်တက်သွားစေခဲ့သည်။
သူမသည် မူလက ယူကျင်း နဝမအဆင့် မှ ရှန်ကျင်း ဒုတိယအဆင့် သို့ တိုက်ရိုက် ရောက်ရှိသွားခဲ့ရာ ၎င်းမှာ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင်။
အမှန်တရားမှာ...
နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံတိုင်း ဤမျှအထိ တိုးတက်မှုမျိုး ရရှိမည် မဟုတ်ပေ။
၎င်းမှာ အဓိကအားဖြင့် ကျင့်ပင်အာ၏ ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် ဖြစ်သလို သူမ၏ ပထမဆုံးအကြိမ် နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံမှုလည်း ဖြစ်သောကြောင့်...
ထိုမျှလောက် ထိရောက်မှုရှိခဲ့ခြင်း ဖြစ်သည်။
နောက်တစ်ကြိမ် ကျင့်ကြံသည့် အခါတွင်မူ ထိုအကျိုးကျေးဇူးမှာ သဘာဝအတိုင်း လျော့ပါးသွားပေလိမ့်မည်။
“ဟဲဟဲ။”
သူ့ဘေးနားမှ မိန်းကလေးတစ်ဦး၏ ဆွဲဆောင်မှုရှိသော ရယ်မောသံ ထွက်ပေါ်လာသည်။
မွှေးပျံ့သော ရနံ့သင်းပျံ့နေသည့် ဆံပင်တစ်ပင်က ဂျိချန်းဖန်၏ ပါးပြင်ကို လာရောက် ယားကျိယားကျိ လုပ်နေသည်။
သူသည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်သော်လည်း မျက်လုံးကိုမူ မှိတ်ထားဆဲဖြစ်ကာ ဘာမှ ပြန်မပြောခဲ့ပေ။
သို့သော် နောက်တစ်မိနစ်တွင်...
ကျင့်ပင်အာ၏ စကားလုံးများက သူ့ကို တိုက်ရိုက်ပင် ဒေါသထွက်သွားစေတော့သည်။
“ငါးကလေး၊ ငါးကလေးရေ”
“ဂျိချန်းဖန်က ငါးကလေးပဲ”
လှပသော မိန်းကလေးမှာ စောင်ကိုပတ်၍ ကုတင်ပေါ်တွင် လူးလှိမ့်နေပြီး သူမ၏ ဖြူဖွေးသော အသားအရေနှင့် နုနယ်သော ညှပ်ရိုးလေးမှာ စောင်အောက်တွင် ရေးရေးလေး မြင်နေရသည်။
သွယ်လျသော ခြေတံတစ်စုံကလည်း စောင်ကို ဆက်တိုက် ကန်နေ၏။
သူမ၏ ကျောက်စိမ်းကဲ့သို့ သေးငယ်သော ခြေဖဝါးလေးများမှာ အပြစ်ပြောစရာမရှိအောင်ပင် လှပလွန်းလှသည်။
မိန်းကလေး၏ ဆွဲဆောင်မှုရှိသော အသံမှာ တက်ကြွမှုများဖြင့် ပြည့်နှက်နေသည်။ သူမသည် ဆက်တိုက် လူးလှိမ့်နေရင်း ဂျိချန်းဖန်ကို စိန်ခေါ်သည့် အကြည့်မျိုး ပေးရန်လည်း မမေ့ခဲ့ပေ။
၎င်းမှာ “မင်း စွမ်းလား....... အားနည်းတဲ့ကောင်.......” ဟု ပြောနေသည့်အလားပင်။
“.....................”
ဂျိချန်းဖန်၏ မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာသည်။
သူသည် တိုက်ရိုက်ပင် ကိုယ်ကို လှည့်လိုက်ပြီး ကျင့်ပင်အာကို ထိုနေရာတွင်ပင် ဖိနှိပ်ထားလိုက်သည်။ သူမ၏ သနားစရာကောင်းသော ပုံစံကို ကြည့်ကာ သူက အနည်းငယ် ပင်ပန်းနေသော လေသံဖြင့် ပြောလိုက်သည်
“မင်းတို့ ဟဲ့ဟွမ် မူလလမ်းစဉ်ရဲ့ ကျင့်စဉ်က တကယ်ကို ပြဿနာရှိတာပဲ။ ဘာလို့ မင်းက တစ်ချိန်လုံး ကျင့်ကြံမှုထဲမှာပဲ အပြည့်အဝ နစ်မြောနေနိုင်ရတာလဲ..............”
“ငါကျတော့ ဘာလို့ စိတ်ပျံ့လွင့်နေရတာလဲ..............”
ကျင့်ပင်အာက မျက်တောင်လေး ခပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည် “ငါလည်း မသိဘူးလေ”
နှစ်ကိုယ်တူကျင့်စဉ် ကျင့်ကြံနေစဉ်အတွင်း...
သူမ၏ စိတ်သည် ကျင့်ကြံမှုထဲတွင် အပြည့်အဝ နစ်မြောနေသဖြင့် ဝိညာဉ်စွမ်းအင် နှင့် စွမ်းအားများက သူမ၏ ခန္ဓာကိုယ်ကို အဆက်မပြတ် အာဟာရ ဖြည့်တင်းပေးနေသောကြောင့် သူမအတွက် မည်သည့် မသက်မသာဖြစ်မှုမှ မရှိခဲ့ပေ...။
အခြားတစ်ဖက်တွင်မူ ဂျိချန်းဖန်မှာ...
၎င်းကို လမ်းညွှန်ရန် စိတ်အာရုံကို ခွဲထားရရုံသာမက ဝိညာဉ်စွမ်းအင်နှင့် စွမ်းအားများကို ဦးဆောင်ရန်အတွက်လည်း စိတ်ကို အနည်းငယ် အသုံးချနေရသဖြင့် စိတ်ပင်ပန်းမှု အတော်လေး များလှသည်။
သို့သော် မည်သို့ပင်ဆိုစေကာမူ...
သုံးရက်ဆက်တိုက် လုပ်ဆောင်နိုင်ခြင်းမှာ အမှန်တကယ်ပင် အားကောင်းလှပြီ ဖြစ်သည်။
သို့သော် ကျင့်ပင်အာက ထိုအချက်များကို ဂရုစိုက်ပါမည်လော..............
သူမ သိသည်မှာ ဂျိချန်းဖန် ပင်ပန်းနေပြီ ဆိုသည်ကိုသာ ဖြစ်သဖြင့် လက်ကို ခါးထောက်ကာ သူ့ကို ငါးကလေးဟု ထပ်ခါတလဲလဲ ခေါ်ပြီး ရမ်းကားစွာ ပြောဆိုနေခြင်း ဖြစ်သည်။
ဂျိချန်းဖန်ကတော့ လက်မခံနိုင်ပေ။
သူသည် ကျင့်ပင်အာ၏ လှပသော မျက်နှာလေးကို ဆွဲကိုင်ကာ သူမ၏ တောက်ပသော မျက်လုံးများကို ကြည့်ပြီး ရက်စက်သောပုံစံဖြင့် ပြောလိုက်သည်
“မင်း တကယ် ရဲရင်... ဒီတစ်ခါတော့ နှစ်ကိုယ်တူကျင့်စဉ် မကျင့်ဘဲ နေကြည့်မလား..............”
“ဘယ်သူက ငါးကလေးလဲဆိုတာ ကြည့်ရသေးတာပေါ့..............”
“ကောင်းပြီလေ.......” ကျင့်ပင်အာက ချက်ချင်းပင် သဘောတူလိုက်သည်။
ပြောရလျှင်...
သူမသည် အမှန်တကယ်ပင် အနည်းငယ် မာနကြီးလွန်းလှသည်။
နှစ်ကိုယ်တူကျင့်စဉ် ၏ ဝိညာဉ်စွမ်းအင်နှင့် စွမ်းအားများမှ အာဟာရ မရှိဘဲ သူမက ဘာဖြစ်နိုင်ပါမည်နည်း.......
သုံးရက်နေဖို့ နေနေသာသာ၊ သူမ နာရီဝက်ပင် တောင့်ခံနိုင်မည် မဟုတ်ပေ။
“ဝှစ်—”
ပြတင်းပေါက် အပြင်ဘက်မှ လေပြေညင်းတစ်ခု တိုက်ခတ်လာသည်။
နာရီဝက်ဟု ပြောခြင်းမှာ ချဲ့ကားခြင်း ဖြစ်နိုင်သည်။
မိနစ်အနည်းငယ်သာ ကုန်ဆုံးသွားခဲ့သည်။
စောစောက မာနကြီးနေသော ကျင့်ပင်အာသည် ဂျိချန်းဖန်၏ လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ခြင်းကို တိုက်ရိုက် ခံလိုက်ရသည်။
“ဝူးဝူးဝူး.......”
ကျင့်ပင်အာ ကြောက်သွားပြီ ဖြစ်သည်။
သူမ ထပ်ပြီး မာနမကြီးရဲတော့ပေ။
မိန်းကလေးမှာ ငိုသံစွက်နေသော အသံဖြင့် ဂျိချန်းဖန်ကို မျက်ရည်များကြားမှ သူမ၏ အမှားကို ဝန်ခံလိုက်သည်။
သူမ၏ မျက်လုံးများမှာ နီရဲနေပြီး ကြီးမားသော မတရားမှုကို ခံစားနေရသည့်အလား
“ဝူးဝူးဝူး”
“နောက်ဆို မလုပ်ရဲတော့ပါဘူး....... ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး.......”
“ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါတော့....... စီနီယာအစ်ကို ဂျိ”
“ဘယ်သူက ငါးကလေးလဲ.......” ဂျိချန်းဖန်က မောက်မာသော အမူအရာဖြင့် မေးလိုက်ရင်း ကျင့်ပင်အာကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ထားဆဲ ဖြစ်သည်။
ထိုနှစ်က ငါသည် ငါးကလေးကို လက်တစ်ဖက်တည်းဖြင့် ဖိနှိပ်ခဲ့ရာ ပြိုင်ဘက်ဟူသည် အဘယ်နည်းဟုပင် မသိခဲ့ချေ။
“ဝူးဝူးဝူး”
“ငါက ငါးကလေးပါ”
“ငါက ငါးကလေးပါ”
ကျင့်ပင်အာသည် နှုတ်ခမ်းလေးကို ဆူကာ ငိုကြွေးလိုက်သည်။
၎င်းကို မြင်သော် ဂျိချန်းဖန် စိတ်ကျေနပ်သွားပြီး သူမကို လွှတ်ပေးလိုက်သည်။
ဟဲဟဲ… နှစ်ကိုယ်တူကျင့်စဉ် ရဲ့ အထောက်အပံ့ မပါဘဲနဲ့ မင်းက ဘာလဲ ကျင့်ပင်အာ.......
ငါးကလေး သက်သက်ပါပဲ၊ ငါ့လို နတ်ဘုရားနယ်မြေရဲ့ တန်ခိုးရှင်ရှေ့မှာ ရမ်းကားရဲသေးတယ်ပေါ့..............
ကျင့်ပင်အာသည် မတရားခံရသည့် ပုံစံဖြင့် ထထိုင်လိုက်သည်။
သူမ၏ မျက်လုံးများမှာ ခုနက ငိုထားသည့်အတွက် အနည်းငယ် နီနေ၏။
သူမသည် သူမ၏ ခါးကို အသာအယာ နှိပ်လိုက်သည်။
လှပသော မျက်နှာလေးမှာ အနည်းငယ် ညှိုးငယ်နေပြီး နှုတ်ခမ်းလေးကို ဆူကာ ကုတင်ပေါ်မှ မလိုလားစွာ ဆင်းလိုက်သည်။
ထို့နောက် ကြမ်းပြင်ပေါ်တွင် ရှိနေသော ရွှေရောင် အတွင်းခံအင်္ကျီကို ကောက်ယူလိုက်ရာ ၎င်းပေါ်တွင် ထိုးထားသော ရွှေရောင်စာကလေးမှာ တစ်ဖန် ပြန်လည် မတ်တောင်လာပြန်သည်။
ကျင့်ပင်အာသည် ပါးလွှာသော အဝတ်တစ်ထည်ကိုသာ ပတ်ထားလိုက်သည်။
သူမသည် တုန်တုန်ရင်ရင်ဖြင့် ထရပ်ကာ နှုတ်ခမ်းကို အနည်းငယ် ကိုက်ပြီး နံရံကို မှီကာ ခက်ခက်ခဲခဲ အခန်းအပြင်သို့ လျှောက်သွားသည်။
“ဟဲဟဲ”
“ငါးကလေး”
သူမ၏ နောက်ကွယ်မှ လှောင်ပြောင်သံ ထွက်ပေါ်လာသည်။
ကျင့်ပင်အာသည် အနည်းငယ် ဒေါသထွက်ကာ နောက်သို့ လှည့်ကြည့်ပြီး ဂျိချန်းဖန်ကို စိုက်ကြည့်လိုက်သည်။
“ဝှစ်—”
လေပြေညင်းတစ်ခု တိုက်ခတ်သွားသည်။
ပန်းနုရောင် ခြင်ထောင်လိုက်ကာများမှာ အသာအယာ လွင့်သွားရာ ကုတင်၏ ထောင့်တစ်နေရာတွင် ဖြူဖွေးသော အိပ်ယာခင်းပေါ်၌ နုနယ်သော သွေးနီရောင် ပန်းပွင့်လေး တစ်ပွင့် ရှိနေသည်ကို တွေ့လိုက်ရသည်။
ကျင့်ပင်အာသည် သူမ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
သူမသည် အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ လက်မောင်းပေါ်ရှိ ဟိန်းသီး အမှတ်အသား မှာ ပျောက်ကွယ်သွားပြီ ဖြစ်ရာ သူမသည် အပျိုစင် မဟုတ်တော့ကြောင်း ဆိုလိုခြင်း ဖြစ်သည်။
အင်း... သူမ၏ အသွင်အပြင်မှာ ယခင်ကကဲ့သို့ ဆွဲဆောင်မှုရှိနေဆဲ ဖြစ်သော်လည်း...
တစ်စုံတစ်ခုသော အဓိပ္ပာယ်အရ...
သူမသည် အမှန်တကယ်ပင် အပျိုစင် တစ်ဦး မဟုတ်တော့ပေ။
ကျင့်ပင်အာသည် နံရံကို မှီကာ ရှေ့ဘက်ရှိ ရေချိုးကန်ဆီသို့ ယိုင်တိယိုင်တိုင် လျှောက်သွားသည်။
“ဆွပ်—”
သို့သော် ထိုစဉ်မှာပင် သန်မာသော လက်မောင်းတစ်ခုက သူမ၏ ခါးကို ရုတ်တရက် ဖက်တွဲလိုက်ပြီး သူမ၏ နားထဲတွင် နူးညံ့သော အသံတစ်ခု ပဲ့တင်ထပ်သွားသည်
“ငါးကလေး... မင်း မာနကြီးနေတုန်းပဲလား.......”
“ဟွန်း.......” ကျင့်ပင်အာက အသာအယာ နှာခေါင်းရှုံ့လိုက်ပြီး လူငယ်လေး၏ ရင်ခွင်ထဲတွင် ခေါင်းကို ငြိမ်သက်စွာ မြှုပ်ထားလိုက်သည်။
သူမ၏ မျက်နှာမှာ နီမြန်းနေပြီး ဘာစကားတစ်လုံးမှ မပြောတော့ပေ။
သူမသည် ဤမျှအထိ အသုံးမကျဖြစ်မည်ဟု မထင်ထားခဲ့ပေ......။
သူမသည် နာရီဝက်ပင် တောင့်မခံနိုင်ခဲ့ပေ.......
၎င်းမှာ အမှန်တကယ်ပင် ရှက်ဖို့ ကောင်းလှသည်။
“ဟဲဟဲ”
ဂျိချန်းဖန်က ခပ်တိုးတိုး ရယ်လိုက်သည်။
သူသည် မိန်းကလေးကို ရင်ခွင်ထဲ၌ ပွေ့ချီကာ ရှေ့ဘက်ရှိ ရေချိုးကန်သို့ ခေါ်ဆောင်သွားသည်။
ထိုနေရာတွင် ရေချိုးကန်ထဲ၌ ရေများ အဆင်သင့် ရှိနေပြီဖြစ်ရာ သူက သူ၏ စွမ်းအားဖြင့် ရေကို အနည်းငယ် နွေးသွားအောင်သာ လုပ်ရန် လိုအပ်သည်။