← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း ၁၇၇ - ညဘက်တွင် ရှောင်ကျူးတောင်ထိပ်သို့ တိတ်တဆိတ် ကျူးကျော်ခြင်း

ယူကျင်းခန်းမ အတွင်း။

အားလုံးက ဂျိချန်းဖန်ကို တုန်လှုပ်ခြောက်ခြားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

သူတို့သည် အံ့အားသင့်သလို ခံစားရသော်လည်း တစ်ဖက်တွင်လည်း စိတ်အေးသွားကြပုံရသည်။

မှန်ပေသည်။

ဂျိချန်းဖန်၏ ကြောက်မက်ဖွယ်ကောင်းသော ပါရမီနှင့်ဆိုလျှင်...

ထိုက်ကျင်းနယ်ပယ်သို့ ဖောက်ထွက်နိုင်ခြင်းမှာ အံ့သြစရာ ကိစ္စတစ်ခု ဖြစ်နေပါဦးမည်လော။

ရှင်းနေသည်မှာ... မဟုတ်ပေ။

ဂျိချန်းဖန်အတွက်မူ ထိုက်ကျင်းနယ်ပယ်သို့ ရောက်ရှိခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်ပြီး၊ ကျင့်ကြံခြင်းဆိုသည်မှာ စားသောက်ရသလောက်ပင် လွယ်ကူနေသည် မဟုတ်ပါလား။

စူးရူ ၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။

သူမသည် ဂျိချန်းဖန်ကို ဝမ်းသာအားရ ကြည့်နေမိသည်။ သူတို့၏ တိုက်ကျူးတောင်ထိပ် မှ ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူတစ်ဦး အမှန်တကယ် ပေါ်ထွက်လာလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

သူမ၏ ဘေးတွင် တာအိုသခင်မ ရွှယ်ယွဲ့ သည်လည်း ဂျိချန်းဖန်ကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေပြီး သူမ၏ နှလုံးသားမှာလည်း တုန်လှုပ်နေရသည်။

ထိုက်ကျင်း…

ဒါက ဒဏ္ဍာရီလာ ထိုက်ကျင်းနယ်ပယ်ပဲ။

ပတ်ဝန်းကျင်ရှိ အခြားသော တောင်ထိပ်ခေါင်းဆောင်များ မှာလည်း တုန်လှုပ်နေကြသည်။

ထိုက်ကျင်းနယ်ပယ်...

ဂိုဏ်းချုပ် တောက်ရွှမ်းနှင့်ပါ ပေါင်းလိုက်လျှင်...

သူတို့၏ ကျင်းယွမ်ကလန် တွင် ထိုက်ကျင်းနယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး ရှိလာပြီ ဖြစ်သည်။

ဤကဲ့သို့ ခိုင်မာသော အခြေခံအုတ်မြစ်နှင့်ဆိုလျှင် ကျင်းယွမ်ကလန်သည် လောကကြီးကို စိုးမိုးနိုင်ရန် အလားအလာ အပြည့်ရှိနေပြီ ဖြစ်သည်။

ဤအခိုက်အတန့်တွင်...

မည်သူမျှ ဆက်လက် ကန့်ကွက်ခြင်း မပြုကြတော့ပေ။

အစပိုင်းတွင်မူ ဂျိချန်းဖန်သည် အလွန်ပင် ငယ်ရွယ်လွန်းသည်ဟု သူတို့ ထင်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေ သူသည် ဆယ်စုနှစ်တစ်ခုကျော်သာ ကျင့်ကြံရသေးသူ ဖြစ်ပြီး၊

သူတို့ တောင်ထိပ်ခေါင်းဆောင်များမှာမူ အသက်တစ်ရာကျော်နေကြသူများ ဖြစ်သည် မဟုတ်ပါလား။

သူတို့၏ အမြင်တွင်...

ဂျိချန်းဖန်သည် ကလေးတစ်ယောက်သာ ရှိသေးသည်။

ဤကဲ့သို့ ငယ်ရွယ်သော ကလေးတစ်ယောက်ကို ဂိုဏ်းချုပ် ခန့်အပ်ရန်မှာ အနည်းငယ် စိတ်မချရသလို ဖြစ်နေသည်။

သို့သော်လည်း...

ဂျိချန်းဖန်သည် ထိုက်ကျင်းနယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည့်အခါတွင်မူ ကန့်ကွက်မှုအားလုံးမှာ အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။

အစွမ်းကသာ အကောင်းဆုံး သက်သေပင်။

အကြွင်းမဲ့သော စွမ်းအားကို ရင်ဆိုင်ရသည့်အခါ မည်သည့် အားနည်းချက်ကိုမဆို လျစ်လျူရှုထားနိုင်ပေသည်။

ငယ်ရွယ်နေရင်ကော ဘာဖြစ်လဲ…

ဂျိချန်းဖန်က ဉာဏ်ရည်ထက်မြက်ပြီး ပါရမီရှိရုံသာမက ဂိုဏ်းချုပ်တစ်ဦး၌ ရှိသင့်သည့် ခန့်ညားထည်ဝါမှုမျိုးလည်း ရှိသည် မဟုတ်ပါလား။

တောက်ရွှမ်း က သူ၏ မုတ်ဆိတ်ကို အသာအယာ သပ်လိုက်သည်။ မည်သူမျှ ကန့်ကွက်ခြင်း မရှိသည်ကို မြင်ရသည့်အခါ သူသည် ဂျိချန်းဖန်ကို ကြည့်ကာ မေးလိုက်သည်

“ဂိုဏ်းချုပ် ဂျိချန်းဖန်... မင်းမှာကော တစ်ခုခု ပြောစရာ ရှိသေးလား”

၎င်းကို ကြားသော် ဂျိချန်းဖန်က ခေါင်းကို အသာအယာ ခါယမ်းလိုက်ပြီး တောက်ရွှမ်းကို ရိုသေစွာ ပြောလိုက်သည် “ဂိုဏ်းချုပ် စီနီယာ ဦးလေးကပဲ ဆုံးဖြတ်ပေးပါ၊ တပည့်မှာ ဘာကန့်ကွက်မှုမှ မရှိပါဘူး”

ဂိုဏ်းချုပ်ရာထူးကို ဘယ်အချိန်မှာ လွှဲယူရမလဲဆိုသည်မှာ သူ့အတွက်တော့ အတူတူပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ လက်ရှိအစွမ်းနှင့်ဆိုလျှင် လောကတွင် သူ့ကို ခြိမ်းခြောက်နိုင်သူ မရှိတော့ပေ။

သားရဲနတ်ဘုရား ပေါ်လာလျှင်ပင်...

သူ့ကို အလွယ်တကူ နှိမ်နင်းနိုင်မည်ဟု သူ ယုံကြည်ချက် ရှိသည်။

အမှန်တကယ်တွင်...

ဂျိချန်းဖန်သာ ရှစ်ပါးမိစ္ဆာ လျှို့ဝှက်မီးအခင်းအကျင်း ကို အပြည့်အဝ တတ်မြောက်သွားမည်ဆိုလျှင် သားရဲနတ်ဘုရားပင်လျှင် သူ့ကို ရင်ဆိုင်ရန် မလုံလောက်ပေ။

“ကောင်းပြီ”

တောက်ရွှမ်းက ခဏတာ စဉ်းစားလိုက်ပြီးနောက် ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်

“ဒါဆိုရင် ဂိုဏ်းချုပ်ရာထူး လွှဲပြောင်းဆက်ခံပွဲ အခမ်းအနားကို အခုကနေ သုံးလအကြာမှာ ကျင်းပမယ်။ သုံးလပြည့်ရင် ငါ တရားဝင် အနားယူပြီး ရာထူးကို လွှဲပေးမယ်...”

တောက်ရွှမ်း၏ အသံမှာ ကြည်လင် တည်ငြိမ်လှသည်။

အဘယ်ကြောင့် ဂိုဏ်းချုပ်ရာထူး ဆက်ခံပွဲကို သုံးလအကြာမှ ကျင်းပရန် သတ်မှတ်ရသနည်း။

၎င်း၏ နောက်ကွယ်တွင် ထူးခြားသော အဓိပ္ပာယ် ရှိနေသည်။

လောကရှိ ဖြောင့်မတ်သော လမ်းစဉ် ၏ ခေါင်းဆောင်အဖြစ် ကျင်းယွမ်ကလန်၏ ဂိုဏ်းချုပ်ရာထူးမှာ အလွန်ပင် အရေးကြီးလှသည်။

ရာထူးဆက်ခံပွဲ အခမ်းအနားတွင်...

သူတို့သည် ဖြောင့်မတ်သော လမ်းစဉ်ရှိ ဂိုဏ်းအသီးသီးကို ဖိတ်ကြားကာ အခမ်းအနားကို လာရောက် စောင့်ကြည့်စေရမည် ဖြစ်သည်။

ထို့ကြောင့်...

အစီအစဉ်များ ပြုလုပ်ရန် အချိန်အတိုင်းအတာတစ်ခု လိုအပ်သည်။ ဥပမာအားဖြင့် တပည့်များကို ဂိုဏ်းအသီးသီးသို့ လွှတ်ကာ ဖိတ်စာများ ပေးပို့ခြင်းနှင့် အခမ်းအနားသို့ လာရောက်ရန် ဖိတ်ကြားခြင်း စသည်တို့ ဖြစ်သည်...။

ဤကဲ့သို့ အသွားအပြန် လုပ်ငန်းစဉ်များမှာ သဘာဝအတိုင်းပင် အချိန်ယူရပေလိမ့်မည်။

သုံးလဆိုသည်မှာ အနေတော်ပင် ဖြစ်သည်။

၎င်းကို ကြားသော် ပတ်ဝန်းကျင်ရှိ တောင်ထိပ်ခေါင်းဆောင်များမှာ အနည်းငယ် အံ့သြသွားကြသည်။

တောက်ရွှမ်းသည် အဘယ်ကြောင့် ဂျိချန်းဖန်ထံသို့ ဂိုဏ်းချုပ်ရာထူးကို အလျင်အမြန် လွှဲပေးချင်နေရသနည်းဆိုသည်ကို သူတို့ နားမလည်ကြပေ။

သူ ရာထူးကို ငြီးငွေ့နေပြီလား…

အမှန်စင်စစ်...

ထိုအကြောင်းပြချက်မှာ အမှန်တကယ်ပင် ပါဝင်နေသည်။

ကျင်းယွမ်ကလန်၏ များပြားလှသော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းရသည်မှာ တောက်ရွှမ်းအတွက် ခေါင်းကိုက်စရာပင်။

အစပိုင်းတွင် ချန်စုန့် က ကူညီပေးခဲ့စဉ်က သူသည် ဘာမှလုပ်စရာမလိုဘဲ နေနိုင်ခဲ့သော်လည်း...

ယခုအခါ ချန်စုန့်က အငြိမ်းစားယူကာ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေပြီ ဖြစ်သည်။

သူ တစ်ယောက်တည်းသာ ကိစ္စအဝဝကို မအားမလပ် ကိုင်တွယ်နေရသဖြင့် စိတ်ပျက်လာပြီး ဂိုဏ်းချုပ်ရာထူးကို အမြန်ဆုံး လွှဲပေးချင်နေခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ ချန်စုန့်နှင့် ဝမ်ကျန့်ယီ တို့ နေ့စဉ်နှင့်အမျှ အပန်းဖြေနေကြသည်ကို မြင်ရသည်မှာ...

သူ တကယ်ကို အားကျမိသည် မဟုတ်ပါလား........

ရာထူးဆက်ခံမည့် အချိန်ကို အတည်ပြုပြီးနောက် တောက်ရွှမ်း၏ စိတ်အခြေအနေမှာ ပျော်ရွှင်နေပုံရသည်။

သူသည် ဂျိချန်းဖန်၏ ဘေးနားရှိ အမျိုးသမီးနှစ်ဦးကို တစ်ချက်ကြည့်ကာ၊ ဂျိချန်းဖန်တွင် လုပ်စရာများ ရှိနေဦးမည်ကို သိသဖြင့် ဘာမှ ဆက်မပြောတော့ပေ...။

သူသည် လက်ကို ဝှေ့ယမ်းကာ လူအားလုံးကို ပြန်ခိုင်းလိုက်သည်။

“ရွှယ်ချီ... တို့ ပြန်ကြရအောင်”

တာအိုသခင်မ ရွှယ်ယွဲ့ သည် တည်ငြိမ်သော လေသံဖြင့် လုရွှယ်ချီကို လှမ်းခေါ်လိုက်သည်။

၎င်းကို ကြားသော် လုရွှယ်ချီသည် ဂျိချန်းဖန်ကို မခွဲနိုင်မခွာရက်ဖြင့် ကြည့်လိုက်သော်လည်း၊ နောက်ဆုံးတွင်မူ စိတ်မကောင်းသော အမူအရာဖြင့် သူမ၏ ဆရာဘက်သို့ ပြန်သွားခဲ့ရသည်။

ဤမြင်ကွင်းကို ကြည့်ကာ ဂျိချန်းဖန် ဘာမှမပြောပေ။

သူသည် လုရွှယ်ချီကို အကြည့်တစ်ချက်ဖြင့်သာ အရိပ်အမြွက် ပြလိုက်သည်။

ဒီည ငါ့အတွက် တံခါးဖွင့်ထားပေးဖို့ မမေ့နဲ့ဆိုသည့် အဓိပ္ပာယ်ပင်...။

လုရွှယ်ချီ ခဏတာ ရပ်တန့်သွားသည်။

သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာကာ နီမြန်းသွားပြီး၊ မသိစိတ်ဖြင့် ခေါင်းငုံ့လိုက်ကာ တာအိုသခင်မ ရွှယ်ယွဲ့၏ နောက်မှ လိမ္မာစွာ လိုက်ပါသွားတော့သည်။

“ဂိုဏ်းချုပ် ဂျိချန်းဖန်... တို့လည်း ပြန်ကြရအောင်လေ”

စူးရူက ပြုံးလျက် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာကတော်”

ဂျိချန်းဖန်က အသာအယာ ခေါင်းညိတ်သည်။

သူသည် ကျင့်ပင်အာ ကို ဘေးနားမှ ခေါ်ဆောင်ကာ တိုက်ကျူးတောင်ထိပ်အဖွဲ့နှင့်အတူ တုန်းထျန်းတောင်ထိပ်မှ ထွက်ခွာလာခဲ့သည်။

...

...

တိုက်ကျူးတောင်ထိပ်သို့ ပြန်ရောက်သည့်အခါ...

ဂျိချန်းဖန်သည် ပထမဆုံးအနေဖြင့် သူ၏ စီနီယာအစ်ကိုများနှင့် ခဏတာ စကားစမြည် ပြောဆိုခဲ့ပြီး၊ ထို့နောက် ကိုးနှစ်တာ တံခါးပိတ်ကျင့်ကြံစဉ်က အတွေ့အကြုံများကို သူ၏ ဆရာနှင့် ဆရာကတော်တို့ကို ပြန်လည်ပြောပြခဲ့သည်။

မကြာမီ နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသည်။

ဂျိချန်းဖန်နှင့် အဖွဲ့သားများသည် လျိုကျင်းခန်းမ တွင် အတူတူ ညစာ စားခဲ့ကြသည်။ တုပိရှူး ၏ ချက်ပြုတ်မှု အရည်အချင်းမှာ ယခင်အတိုင်းပင် စားမဝင်လောက်အောင် ဆိုးရွားနေဆဲ ဖြစ်သည်။

ညစာစားပြီးနောက် လူတိုင်း အနားယူရန် ပြန်သွားကြသည်။

ဂျိချန်းဖန်သည် ကျင်းပင်အာ၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည် “ဒီည ငါ့အတွက် တံခါးဖွင့်ထားပေးဖို့ မမေ့နဲ့နော်။ ငါ မင်းရဲ့ အစ်မလု ဆီကို ခဏသွားပြီးမှ မင်းဆီ လာခဲ့မယ်...”

ကျင်းပင်အာ၏ စရိုက်မှာ ပို၍ နူးညံ့သည်။

သို့မဟုတ်လျှင် သူမသည် ပို၍ နားလည်မှု ရှိသည်ဟု ဆိုရမည်။

ထို့ကြောင့် သူမသည် ၎င်းကို ကြားပြီးနောက် မကျေမနပ်ဖြစ်ခြင်း မရှိဘဲ ပြုံးလျက် ခေါင်းညိတ်ပြခဲ့သည်။

“သခင်လေး....... ဒါဆို ကျွန်မ စောင့်နေပါ့မယ်နော်” ကျင်းပင်အာ၏ မျက်လုံးများမှာ လှိုင်းထနေသော ရေပြင်ကဲ့သို့ တောက်ပနေပြီး သူမ၏ ဆွဲဆောင်မှုရှိသော မျက်နှာလေးမှာ ပို၍ပင် မြူဆွယ်နေပုံရသည်။

ဂျိချန်းဖန် မျက်ခုံးအသာ ပင့်လိုက်မိသည်။

သူသည် ရှေ့မှ လူသားလေး၏ ပါးကို အသာအယာ ဆွဲလိုက်ပြီး “ငါ မင်းကို အခန်းအထိ လိုက်ပို့ပေးမယ်” ဟု ပြောလိုက်သည်။

“ဟုတ်ကဲ့.......” ကျင်းပင်အာက လိမ္မာစွာ ခေါင်းညိတ်သည်။

ဂျိချန်းဖန်သည် သူမကို ရွှမ်ချာဂိုဏ်းအထိ လိုက်ပို့ပေးခဲ့ပြီးနောက် ရှောင်ကျူးတောင်ထိပ် ဆီသို့ လျင်မြန်စွာ လှမ်းလာခဲ့သည်။

ညဦးယံ အချိန်သို့ ရောက်သည့်အခါ...

ဂျိချန်းဖန်သည် အသက်ကို အောင့်ထားကာ အာရုံစူးစိုက်လိုက်ပြီး၊ သူ၏ အငွေ့အသက်အားလုံးကို ဖုံးကွယ်ထားလိုက်သည်။

ထို့နောက် ရှောင်ကျူးတောင်ထိပ်မှ ကင်းလှည့်နေသော တပည့်များကို ရှောင်ကွင်းကာ နောက်ဆုံးတွင် လုရွှယ်ချီ၏ အခန်းကို အောင်မြင်စွာ ရှာတွေ့ခဲ့သည်...။

လှမ်းကြည့်လိုက်ရာ...

အခန်းတံခါးမှာ အမှန်တကယ်ပင် ဟနေသော နေရာလေးတစ်ခု ချန်ထားခဲ့သည်ကို တွေ့ရသည်။

ဂျိချန်းဖန် သိနားလည်စွာ ပြုံးလိုက်မိသည်။ သူ၏ ပုံရိပ်မှာ လက်ခနဲ ဖြစ်သွားပြီး အခန်းထဲသို့ ချက်ချင်း ဝင်လိုက်ကာ တံခါးကိုလည်း တိတ်တဆိတ် ပြန်ပိတ်လိုက်သည်။

…..

အခန်းအတွင်းရှိ လုရွှယ်ချီ၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။

သူမသည် ကိုယ်ကြပ်ဝတ်စုံလေးကို ဝတ်ထားပြီး၊ ဆံနွယ်များမှာလည်း အနည်းငယ် စိုစွတ်နေကာ သူမ၏ တစ်ကိုယ်လုံးမှ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။

သူမ ရေချိုးပြီးခါစ ဖြစ်ကြောင်း သိသာလှသည်။

ဂျိချန်းဖန် ရုတ်တရက် ပေါ်လာသည်ကို မြင်လိုက်ရသည့်အခါ...

လုရွှယ်ချီ ခဏတာ ဆွံ့အသွားသည်။

သို့သော် မကြာမီမှာပင် သူမ သတိပြန်ဝင်လာပြီး တစ်စုံတစ်ဦးက ရှာတွေ့သွားမည်ကို စိုးရိမ်သဖြင့် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်...။

“ဘာလို့ ဒီလောက် စောစော ရောက်လာတာလဲ”

လုရွှယ်ချီက တိုးတိုးလေး ကပ်မေးလိုက်သည်။

ဤမြင်ကွင်းကို ကြည့်ကာ ဂျိချန်းဖန် ရယ်ချင်စိတ်ကို အနိုင်နိုင် ထိန်းလိုက်ရသည်။

အမှန်အတိုင်း ပြောရလျှင် ဒီလို လုရွှယ်ချီ လေးက တကယ်ကို ချစ်ဖို့ကောင်းနေပေသည်.......

...

အခန်း ၁၇၈ - ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို တစ်ဖန်ပြန်၍ ပခုံးထမ်းတင်ခြင်း

“မင်းကို လွမ်းနေလို့လေ........” ဂျိချန်းဖန်က တိုးတိုးလေး ပြောလိုက်သည်။

သူသည် လုရွှယ်ချီ ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားပြီး သူမကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

“ရှူး...............” တစ်ချိန်တည်းမှာပင် ဂျိချန်းဖန်သည် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ နွေးထွေးသော လေစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး လုရွှယ်ချီ၏ စိုစွတ်နေသော ဆံနွယ်များကို ခြောက်သွေ့သွားစေသည်။

“ရှူး........... တိုးတိုးပြောပါ။”

“ကျွန်မရဲ့ ဆရာက ဘေးခန်းမှာတင် ရှိနေတာ။” လုရွှယ်ချီက ပျာပျာသလဲ ပြောလိုက်သည်။

၎င်းကို ကြားသော် ဂျိချန်းဖန်က နားလည်သလို ခေါင်းညိတ်လိုက်သည်။

သူသည် သူ၏ ရင်ခွင်ထဲသို့ လက်နှိုက်လိုက်ပြီး အစီအရင်အလံ တစ်ခုကို ထုတ်ယူကာ အခန်းအလယ်သို့ ပစ်လိုက်သည်။

“ဝှစ်.......” နောက်တစ်စက္ကန့်တွင် မမြင်နိုင်သော လှိုင်းတစ်ခု ပျံ့နှံ့သွားသည်။

အသံလုံ အစီအရင်တစ်ခုသည် အခန်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။

“အခု အဆင်ပြေသွားပြီ။”

“ငါတို့ စကားပြောတာကို တစ်ဖက်က ကြားမှာ စိုးရိမ်စရာ မလိုတော့ဘူး။” ဂျိချန်းဖန်က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။

သူသည် ကိုးနှစ်တာ တံခါးပိတ်ကျင့်ကြံစဉ်အတွင်း ရှစ်ပါးမိစ္ဆာ လျှို့ဝှက်မီးအခင်းအကျင်း ကို သုတေသနပြုခဲ့သလို၊

လက်တွေ့ကျသော အစီအရင်များစွာကိုလည်း လေ့လာခဲ့ရာ ဤအသံလုံ အစီအရင်မှာ တစ်ခုအပါအဝင် ဖြစ်သည်...။

လုရွှယ်ချီသည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိသည်။

သူမသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲတွင် လုံခြုံစွာ မှီနွဲ့လိုက်ပြီး မျက်လုံးများကို အသာအယာ ပိတ်ထားလိုက်ရာ၊ သူမ၏ ရှည်လျားသော မျက်တောင်လေးများမှာ အနည်းငယ် တုန်ယင်နေသည်။

ခဏအကြာတွင် သူမသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး ဂျိချန်းဖန်ကို စနောက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်သည်။

သူ၏ လက်များက သူမကိုယ်ပေါ်တွင် ရှိနေသည်ကို ခံစားရသော်လည်း နောက်ဆုံးတွင် သူမ ဘာမှမပြောတော့ပေ...။

မည်သို့ပင်ဆိုစေ သူတို့က စေ့စပ်ထားပြီးသား မဟုတ်ပါလော........။

အနည်းငယ်မျှ အသာစီးယူခြင်းက ဘာများဖြစ်သွားမှာမလို့လဲ။

ဂျိချန်းဖန်သည် လုရွှယ်ချီကို ပွေ့ဖက်လျက် ကုတင်ပေါ်တွင် အတူတူ ထိုင်လိုက်ကြသည်။ သူသည် သူ့ရင်ခွင်ထဲမှ လူသားလေးကို ကိုးနှစ်တာ တံခါးပိတ်ကျင့်ကြံမှုမှ ရရှိခဲ့သော အကျိုးကျေးဇူးများကို တိုးတိုးလေး ပြောပြနေမိသည်။

လုရွှယ်ချီက တိတ်ဆိတ်စွာ နားထောင်နေသည်။

သူမ၏ ကြည်လင်သော မျက်လုံးများထဲတွင် အဆုံးမဲ့သော နူးညံ့မှုများ တောက်ပနေပြီး၊ သူမ ရှေ့မှ ဖြူစင်သော ဝတ်စုံဝတ် လူငယ်လေးကို ကြင်နာစွာ စိုက်ကြည့်နေသည်။

မကြာမီ ဂျိချန်းဖန် စကားပြောခြင်းကို ရပ်လိုက်သည်။

သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ကာ သူ့ရင်ခွင်ထဲမှ လူသားလေးကို ကြည့်လိုက်ရာ၊ နှလုံးသားထဲတွင် ချစ်ခင်မြတ်နိုးစိတ်များ တဖွားဖွား ပေါ်ပေါက်လာသည်။

သူသည် တွေဝေခြင်းမရှိဘဲ ခေါင်းငုံ့လိုက်ကာ ထိုအနီရောင်နှုတ်ခမ်းလေးကို အပိုင်သိမ်းလိုက်ပြီး လုရွှယ်ချီ၏ ပြည့်စုံလွန်းသော မျက်နှာလေးကို လက်နှစ်ဖက်ဖြင့် အုပ်ကိုင်လိုက်သည်...။

“အင်း.......” လုရွှယ်ချီက တိုးတိုးလေး ညည်းတွားလိုက်သည်။

သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် ရှက်သွေးဖြာသွားသော်လည်း ဟန်မဆောင်ဘဲ သခင်လေး ၏ စိတ်အားထက်သန်မှုများကို အားကျမခံ ပြန်လည် တုံ့ပြန်လိုက်သည်။

“ဝှစ်.......” ခဏချင်းမှာပင် ကုတင်လိုက်ကာများ ကျဆင်းသွားသည်။

လုရွှယ်ချီ၏ အဝတ်အစားများမှာ တပိုင်းတစ ပြေလျော့နေပြီး၊ သူမ၏ နုနယ်သော ညှပ်ရိုးလေးများမှာ ဝတ်စုံအောက်မှ မရေမရာ ပေါ်ထွက်နေသည်။ သူမ၏ ဖြူစင်သော အတွင်းခံအောက်မှ ရင်အစုံမှာ အနည်းငယ် မြင့်တက်နေကာ သူ၏ မျက်စိရှေ့တွင် လပြည့်ဝန်းအလား တည်ရှိနေသည်...။

သူမ၏ လှပသော မျက်နှာလေးမှာ ရှက်သွေးဖြာနေပြီး၊ ရေပြင်ကဲ့သို့ ကြည်လင်သော မျက်လုံးများထဲတွင် အဆုံးမဲ့သော နူးညံ့မှုများ တောက်ပနေကာ သူမ၏ ပုံမှန် အေးစက်သော အမူအရာမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ဂျိချန်းဖန်သည် သူမနှင့်အတူ စိတ်အားထက်သန်သော အနမ်းတစ်ခုကို မျှဝေလိုက်သည်။

ခဏအကြာတွင် သူ၏ နှလုံးသားမှာ တဖြည်းဖြည်း ပြန်လည် တည်ငြိမ်သွားသည်။

အမှန်အတိုင်း ပြောရလျှင် သူသည် ရှေ့မှ လူသားလေးကို အမှန်တကယ် မြတ်နိုးမိခြင်း ဖြစ်သည်။ ဘာမှမလုပ်ရလျှင်ပင် သူမ၏ ဘေးနားတွင် ရှိနေချင်ရုံသာ ဖြစ်သည်...။

“ဟင်…” လုရွှယ်ချီသည် မျက်တောင် အနည်းငယ် ခတ်လိုက်သည်။

သူမသည် ဂျိချန်းဖန်ကို ဇဝေဇဝါဖြင့် ကြည့်ကာ ခေါင်းလေးကို စောင်းလိုက်သည်။ ဘာလို့ ရပ်သွားတာလဲဟု မေးနေသည့်အလား...။

၎င်းကို မြင်သော် ဂျိချန်းဖန်က နူးညံ့စွာ ပြုံးလိုက်သည်။

သူသည် လက်လှမ်းလိုက်ပြီး လုရွှယ်ချီ ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တိုးတိုးလေး ပြောလိုက်သည် .......

“မလောပါနဲ့ဦး၊ နောက်ထပ် တစ်နှစ်ကျော်ရင် တို့တွေ လက်ထပ်ကြတော့မှာပဲ။ ကျန်တာတွေကို အဲဒီအချိန်အထိ စောင့်ကြရအောင်...”

၎င်းကို ကြားသော် လုရွှယ်ချီ ခဏတာ ဆွံ့အသွားသည်။

သူမသည် ရှေ့မှ သခင်လေးကို အရူးအမူး စိုက်ကြည့်လိုက်ပြီး၊ နောက်ဆုံးတွင် သူ့ကို တင်းကြပ်စွာ ဖက်ထားကာ ခေါင်းကို အားပါပါ ညိတ်လိုက်သည် .......“အင်း”

ဂျိချန်းဖန်သည် သူမအတွက် ပြည့်စုံသော မင်္ဂလာပွဲတစ်ခု၊ သူမ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်သော မင်္ဂလာပွဲတစ်ခုကို ပေးချင်နေမှန်း လုရွှယ်ချီ စိတ်ထဲမှ သိနေသည်။

သူတို့ နှစ်ဦးမှာ ထိုအတိုင်းပင် ဖက်ထားကြသည်။

ဂျိချန်းဖန်က သူ၏ ကိုးနှစ်တာ တံခါးပိတ်ကျင့်ကြံမှုအကြောင်း ပြောပြပြီးနောက်၊ လုရွှယ်ချီကလည်း ထိုကိုးနှစ်အတွင်း သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြနေသည်။

အကျဉ်းချုပ်ရလျှင်.......ကျင့်ကြံသည်၊ ချစ်ရသူကိုစောင့်သည်၊ ကျင့်ကြံသည်၊ ချစ်ရသူကိုစောင့်သည် ပင်။

ညတိုင်းတွင် လုရွှယ်ချီသည် ဝမ့်ယွဲ့စင်္ကြံ သို့ တစ်ယောက်တည်း သွားကာ တုန်းထျန်းတောင်ထိပ် ဘက်သို့ တိတ်တဆိတ် လှမ်းကြည့်နေခဲ့သည်။

ချစ်ရသူကိုစောင့်နေသော ကျောက်ရုပ်လေးအလား...။

၎င်းကို ကြားသော် ဂျိချန်းဖန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဒီလို လူမျိုးကို ဘယ်သူက ငြင်းပယ်နိုင်ပါ့မလဲ။

သူသည် လုရွှယ်ချီ၏ ဆံနွယ်များကို အသာအယာ သပ်ပေးရင်း သူမကို ရင်ခွင်ထဲသို့ တင်းကြပ်စွာ ဆွဲသွင်းလိုက်သည်...။

သူတို့ နှစ်ဦးမှာ ညနက်သည့်အထိ ဤအတိုင်းပင် စကားပြောနေခဲ့ကြသည်။

အချိန်လင့်လာသည်ကို မြင်ရသည့်အခါ ဂျိချန်းဖန် ဆက်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေ ဤသည်မှာ ရှောင်ကျူးတောင်ထိပ် ဖြစ်ပြီး ကြာကြာနေလေလေ ရှာဖွေတွေ့ရှိခံရဖို့ လွယ်ကူလေလေ ဖြစ်သည် မဟုတ်ပါလား...။

“ရွှယ်ချီ... ငါ သွားသင့်ပြီ။” ဂျိချန်းဖန်က တိုးတိုးလေး ပြောလိုက်သည်။

အမှန်တော့ သူကိုယ်တိုင်လည်း သူ့ကိုယ်သူ မထိန်းနိုင်တော့မှာကို စိုးရိမ်နေမိခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေ လုရွှယ်ချီကဲ့သို့ ပြည့်စုံသော လူတစ်ဦးက သူ့ရင်ခွင်ထဲမှာ ရှိနေသည် မဟုတ်ပါလား။ သူသာ မထိန်းနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။

“ဟုတ်ကဲ့.......” လုရွှယ်ချီက မခွဲနိုင်မခွာရက် ပြောလိုက်သည်။

ဂျိချန်းဖန် ဤနေရာတွင် ကြာကြာနေလေလေ ပို၍ မလုံခြုံလေလေ ဖြစ်သည်ကို သူမလည်း သိသည်။ အထူးသဖြင့် သူမ၏ ဆရာမှာ သိပ်မဝေးသော နေရာတွင် ရှိနေသည် မဟုတ်ပါလား...။

သူမ၏ နှလုံးသားမှာလည်း အနည်းငယ် ထိတ်လန့်နေပြီး ရှာဖွေတွေ့ရှိခံရမည်ကို ကြောက်သဖြင့် ရင်ခုန်သံများ မြန်နေရသည်။

လုရွှယ်ချီသည် ဖြည်းဖြည်းချင်း ထလိုက်သည်။

သူမ၏ အေးဆေးလှပသော မျက်နှာလေးပေါ်တွင် နူးညံ့မှု အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး ဂျိချန်းဖန်၏ ဝတ်ရုံကို သပ်ရပ်အောင် ပြင်ပေးလိုက်ကာ၊ သူမ၏ ကြည်လင်သော မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေမိသည်...။

“လိမ္မာနော်.......”

“မနက်ဖြန်ကျရင် မင်းဆီကို ငါ ထပ်လာခဲ့မယ်။” ဂျိချန်းဖန်၏ မျက်နှာပေါ်တွင် နောက်ပြောင်သော အပြုံးတစ်ခု ပေါ်လာသည်။

၎င်းကို ကြားသော် လုရွှယ်ချီ၏ မျက်နှာလေး အနည်းငယ် နီမြန်းသွားပြီး အသာအယာ ခေါင်းညိတ်ပြသည် .......“အင်း။”

ဂျိချန်းဖန်သည် လက်ကို ဝှေ့ယမ်းကာ အသံလုံ အစီအရင်ကို ပြန်ရုပ်သိမ်းလိုက်သည်။

ထို့နောက် ရှေ့မှ အလှလေးကို နောက်ဆုံးအကြိမ် နမ်းလိုက်ပြီး ရှောင်ကျူးတောင်ထိပ်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်။

...

... ရှောင်ကျူးတောင်ထိပ်မှ ထွက်ခွာလာပြီးနောက် ဂျိချန်းဖန်သည် ရွှမ်ချာဂိုဏ်းဆီသို့ မရပ်မနား သွားခဲ့သည်။

ရွှမ်ချာဂိုဏ်းရှိ ရွှမ်ယင်းခန်းမ ၏ အပေါ်ဆုံးထပ်သို့ ရောက်သည့်အခါ ကျင့်ပင်အာ သည် ကုတင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တိတ်ဆိတ်စွာ ကျင့်ကြံနေသည်ကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

“ဝှစ်.......” ရင်းနှီးသော အငွေ့အသက် တစ်ခု ရုတ်တရက် ပေါ်လာသည်ကို ခံစားလိုက်ရသဖြင့် ကျင်းပင်အာသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

ဂျိချန်းဖန်ကို မြင်လိုက်ရသည့်အခါ သူမ၏ ရေပြင်ကဲ့သို့ ကြည်လင်သော မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်များ ချက်ချင်း ပေါ်လာတော့သည်။

“သခင်လေး....... ရောက်လာပြီလား.......” ကျင်းပင်အာသည် ဖြည်းဖြည်းချင်း ထလိုက်သည်။

သူမ၏ အဖြူရောင် ဝတ်စုံမှာ လွင့်နေပြီး ဆွဲဆောင်မှုရှိသော မျက်နှာလေးတွင် မြင့်မြတ်သော အသွင်အပြင် အချို့ ရှိနေသည်။

၎င်းက ဂျိချန်းဖန်ကို အံ့အားသင့်စေသည်။

ဟဲဟွမ်ဂိုဏ်း၏ သမားရိုးကျ ကျင့်ကြံခြင်း နည်းလမ်းမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု သူ ဝန်ခံရမည်။

သူမသည် အမှန်တကယ်ပင် ဖြောင့်မတ်သော လမ်းစဉ်မှ နတ်သမီးလေးတစ်ပါး နှင့် တူနေသည် မဟုတ်ပါလား...။

“ဒီကိုးနှစ်အတွင်း ဘယ်လိုနေလဲ” ဂျိချန်းဖန်သည် ကျင်းပင်အာကို သူ့ရင်ခွင်ထဲသို့ အသာအယာ ဆွဲသွင်းလိုက်ပြီး သူမ၏ နုနယ်သော ဆံနွယ်များကို သပ်ပေးရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

၎င်းကို ကြားသော် ကျင်းပင်အာသည် သူ၏ ရင်ခွင်ထဲတွင် မှီနွဲ့လိုက်ပြီး လိမ္မာစွာ ပြောလိုက်သည် .......

“ကျွန်မ ဘာမှ သိပ်မလုပ်ဖြစ်ပါဘူး။ တစ်ခါတလေကျရင် တိုက်ကျူးတောင်ထိပ် မှာ ရက်အနည်းငယ် သွားနေတယ်၊ တစ်ခါတလေကျရင် ရှောင်ကျူးတောင်ထိပ် ကို သွားလည်တယ်...”

“ရှောင်ကျူးတောင်ထိပ်ကို သွားလည်တယ်” ဂျိချန်းဖန်က သူမကို အံ့သြသလို ကြည့်ကာ မေးလိုက်သည် .......“အစ်မလု က မင်းအပေါ် ဘယ်လို ဆက်ဆံလဲ”

“အစ်မလုက အရမ်းကြင်နာပါတယ်၊ သူ့ရဲ့ သဘာဝက အနည်းငယ် အေးစက်နေရုံပါပဲ” ကျင်းပင်အာက တိုးတိုးလေး ပြောပြသည်။

လုရွှယ်ချီ၏ အေးစက်သော သဘာဝမှာ လူတိုင်းသိပြီးသား ဖြစ်သည်။

သူမ၏ နူးညံ့မှုမှာ ဂျိချန်းဖန် တစ်ဦးတည်းအတွက်သာ ဖြစ်သည်။

ဂျိချန်းဖန်သည် ကျင်းပင်အာ၏ ကျင့်ကြံမှုကို အာရုံခံလိုက်ပြီး ဇဝေဇဝါဖြင့် မေးလိုက်သည် .......“ကိုးနှစ်တောင် ကြာတာကို မင်းရဲ့ ကျင့်ကြံမှုက ဘာလို့ ရှန်ကျင်းနယ်ပယ် တတိယအဆင့် မှာပဲ ရှိနေသေးတာလဲ”

လုရွှယ်ချီဆိုလျှင် နှစ်ကိုယ်တူ ကျင့်ကြံခြင်း ကို အားမကိုးဘဲ ကျင့်ပင်အာကို မှီတော့မည့်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။

“...” ကျင့်ပင်အာ နှုတ်ခမ်းလေး ဆူသွားသည်။

သူမက အားငယ်သလို ပြောလိုက်သည် .......“ကျွန်မ သခင်လေးကို အရမ်းလွမ်းနေလို့လေ။”

လွန်ခဲ့သော ကိုးနှစ်က တစ်ကြိမ်တည်းသော နှစ်ပါးသွား ကျင့်ကြံခြင်း ကြောင့် သူမသည် ရှန်ကျင်းနယ်ပယ် ဒုတိယအဆင့်သို့ တိုက်ရိုက် အဆင့်တက်သွားခဲ့သည်။

ယခု ကိုးနှစ်ကြာပြီးနောက်တွင်မူ သူမသည် ရှန်ကျင်းနယ်ပယ် တတိယအဆင့်သို့သာ ရောက်ရှိသေးရာ ဤအရှိန်မှာ အမှန်တကယ်ပင် နှေးကွေးလွန်းသည်...။

မည်သို့ပင်ဆိုစေ သူမတွင်လည်း နားလည်ဆင်ခြင်ရန် နတ်စာအုပ် နှစ်တွဲ ရှိနေသည် မဟုတ်ပါလား။

သူမ၏ ကျင့်ကြံမှုနှုန်းမှာ ဤမျှ မနှေးသင့်ပေ။

ဂျိချန်းဖန် မျက်ခုံးအသာ ပင့်လိုက်မိသည်။

“မင်းက နှစ်ကိုယ်တူကျင့်ကြံခြင်းကနေ ကျင့်ကြံမှုတွေ တစ်ဟုန်ထိုး တက်လာဖူးတော့၊ အေးအေးဆေးဆေး ကျင့်ကြံပြီး တရားထိုင်ရတာကို အထင်သေးနေတာ မဟုတ်လား”

ကျင်းပင်အာ နှုတ်ခမ်းလေး ဆူလျက် ဘာမှ ပြန်မပြောပေ။

၎င်းမှာ အမှန်တရား ဖြစ်နေသောကြောင့်ပင်။

ဂျိချန်းဖန် အားမလိုအားမရဖြင့် သက်ပြင်းချလိုက်ပြီး .......“ဒီနည်းလမ်းကနေ ရတဲ့ ကျင့်ကြံမှုတွေက နောက်ဆုံးမှာတော့ အပေါ်ယံပဲ ဖြစ်လိမ့်မယ်။ ကိုယ်တိုင် ကျင့်ကြံအားထုတ်မှုကနေ ရတဲ့ ကျင့်ကြံမှုကမှ အစစ်အမှန် ဖြစ်တာ...”

“ထားလိုက်ပါတော့၊ ထားလိုက်ပါတော့။”

“ငါ မင်းကို ဘယ်လိုပဲ ပြောပြော၊ မင်း နားထောင်မှာ မဟုတ်ပါဘူး။” ဂျိချန်းဖန်သည် ဤကဲ့သို့ ပြုမူခြင်းမှာ မှားယွင်းကြောင်း ကျင်းပင်အာ နားလည်စေရန် လက်တွေ့ လုပ်ဆောင်ချက်ဖြင့် ပြသရန် ဆုံးဖြတ်လိုက်သည်။

သူမ နားလည်အောင် ဘယ်လိုလုပ်ရမလဲဆိုသည်မှာ ရိုးရှင်းပါသည်။

သူမကို နှစ်ကိုယ်တူကျင့်ကြံခြင်း ကို ငြီးငွေ့သွားအောင် လုပ်လိုက်ရုံပင်။

တစ်ခါတည်းနဲ့ အဝကြီး ပေးလိုက်ရင် ဖြစ်သွားမှာ မဟုတ်လား။

ဂျိချန်းဖန်သည် ရွှမ်ချာဂိုဏ်း၏ အနာဂတ်ကို တစ်ဖန်ပြန်၍ ပခုံးထမ်းတင်လိုက်လေသည်။

All Chapters